Online Bible

- Reklamy -

মার্ক 13 - Marma


ဝိပဿနာကျောင်း ပျက်စီးဖို့စာ အကြောင်း
( မဿဲ ၂၄:၁-၂ ၊ လုကာ ၂၁:၅-၆ )

1 ယေရှု ဝိပဿနာကျောင်းက ထွက်ရို့ ကြွရေခါ တပည့်တစ်ယောက်စာ သူ့ကို ပြောလီရေ၊ “ဆရာ၊ ဒေ ကျောက်လုံးတိ ဇာလှောက် ကြီးရေလည်း အရာ ကျောက်ကူအဆင့်တိ ဇာလှောက် လှပရေလည်းဆိုစာကို ကြည့်လိုက်ပါ!”

2 ယေရှုစာ သူ့ကို ပြောလီရေ၊ “နင်ကား ဒေ ကျောက်ကူအဆင့်တိကိုရာ မြင်ရေ၊ ယေကေလည်း နောက်က ဒေ ကျောက်ကူအဆင့်တိမာ ကျောက်လုံးတစ်လုံးအထက်က တစ်လုံးတင်ရို့ ဟိဖို့ မဟုတ်ပျာ၊ ဟိသမျ အားကုံး အဖြိုချခံရဖို့။”


ကမ္ဘာကုန်ဆုံးရေနိမာ ဖြစ်ပျက်လာဖို့စာ အကြောင်း
( မဿဲ ၁၀:၁၆-၂၃ ၊ ၂၄:၃-၁၄ ၊ လုကာ ၂၁:၇-၁၉ )

3 ယင်းနောက် ယေရှုစာ သံလွင်တောင်ထက်မာ ဝိပဿနာကျောင်းဖက်တို့ ရှိပြုရို့ ထိုင်နီလီရေ။ ယင်းခါ သက်သက် ပေတရု၊ ယာကုပ်၊ ယောဟန် အရာ အန္ဒြေ သူ့တို့ လာရို့ မီးကတ်လီရေ၊

4 “ဆရာ၊ ဒေ ဟိသမျ အားကုံး ဇာခါ ဖြစ်ပျက်လာပါဖို့စာလည်း? အရာ ဒေ ဟိသမျ အားကုံး ပြည့်စုံဖို့စာအချိန် ရောက်လာဗျာဆိုစာကို ဇာ နိမိတ်လက္ခဏာကို မြင်ရို့ အကျွန်ရို့ သိရပါဖို့စာလည်း?”

5 ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ကို တစ်ယောက်လည်း လိမ်ဖို့ မရလတ်အောင် နင်ရို့ သတိထားကတ်။

6 လူအများကြီး ငါ့နာမည်န လာရို့၊ ‘ငါ ထိုအသျှင် ဖြစ်တေ’ ဟို့ ပြောပြီးကေ လူအများကြီးကို လိမ်ကတ်လိမည်။

7 နင်ရို့ စစ်တိုက်စာအသံန စစ်တိုက်စာသတင်းကို ကြားရကတ်လိမည်၊ ယေကေလည်း နင်ရို့ မကြောက်လီကတ်ကေ့! အကြောင်းကား အမှန် ထို ဟိသမျ အားကုံး ဖြစ်ပျက်လာဖို့၊ ယေကေလည်း ကမ္ဘာကုန်ဆုံးဖို့စာအချိန် ရောက်ဖို့ မဟုတ်သိ။

8 လူမျိုးတစ်မျိုးန တစ်မျိုး အရာ တစ်ပြည်န တစ်ပြည် စစ်တိုက်ကတ်လိမည်။ အရပ်အရပ်မာ ငယင်ကြီးလုတ်လိမည် အရာ ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လိမည်။ ယေကေလည်း ထိုဒုက္ခ-ဝေဒနာတိစာ စရေသိ။

9 “နင်ရို့ သတိထားကတ်။ လူရို့စာ နင်ရို့ကို ဖမ်းရို့ တရားယုံးမာ အပ်ကတ်လိမည်၊ အရာ သူရို့စာ ကိုယ်ရို့ တရားဇရပ်တို့ ယူလားရို့ နင်ရို့ကို ကြိမ်ဒါဏ် ပီးကတ်လိမည်။ နင်ရို့ ငါ့အကြောင်းန အုပ်ချုပ်သူရို့န မင်းရို့ ရှိက ရပ်ဖို့ ကျကတ်လိမည်။ ယင်းခါ နင်ရို့စာ သူရို့ ရှိက ငါ့အကြောင်းကို သက်သီပီးဖို့ ကျကတ်လိမည်။

10 ပထမဆုံး ဟိသမျ လူမျိုးရို့ဘားမာ သတင်းကောင်းကို ဟောပြောရလိမည်။

11 ယေကေလည်း လူရို့စာ နင်ရို့ကို တရားစစ်ဆေးဖို့အတွက် ဖမ်းယူလားရေခါ နင်ရို့ ဇာ ပြောရဖို့လည်းဆိုစာကို မစဉ်းစားလီကတ်ကေ့။ ယင်းချိန်မာ နင်ရို့ စိတ်မာ တွက်ရစာ စကားတိကို နင်ရို့ ပြောလီကတ်၊ အကြောင်းကား နင်ရို့ ပြောဖို့စာ စကားတိစာ နင်ရို့ အလိုအတိုင်း ပြောဖို့စာ မဟုတ်၊ ယေကေလည်း သန့်ရှင်းသောဝိညာဉ်တော် ကိုယ်တိုင် ပြောဖို့စာ ဖြစ်တေ။

12 “ယင်းခါ ညီအစ်ကိုချင်း တစ်ယောက်ကို တစ်ယောက် သတ်ဖို့အတွက် ဖမ်းပီးကတ်လိမည်၊ အရာ အဖလည်း ကိုယ့်သားကို သတ်ဖို့အတွက် ဖမ်းပီးလိမည်။ သားသမီးရို့စာ အမိအဖကို ရန်ဖက်ပြုရို့ အသီသတ်စီကတ်လိမည်။

13 အရာ နင်ရို့ ငါ့တပည့် ဖြစ်ကတ်တေအတွက်န ဟိသမျ လူမျိုးရို့စာ နင်ရို့ကို မုန်းကတ်လိမည်၊ ယေကေလည်း အဆုံးတိုင်အောင် တတိုင်းမမြိုင်းနီသူစာ ကယ်တင်ခြင်းကို ရလိမည်။


ယေရုရှလင်မြို့ ပျက်စီးဖို့စာ အကြောင်း
( မဿဲ ၂၄:၁၅-၂၈ ၊ လုကာ ၁၇:၂၀-၂၄ ၊ ၂၁:၂၀-၂၄ )

14 “ဖျက်စီးတတ်စာ ရွန်စရာကို မဟိသင့်စာနေရာမာ ရပ်တည်ရို့ ဟိစာကို နင်ရို့ မြင်ရကတ်လိမည်။ (ဒေ ကျမ်းချက်ကို ဖတ်ဖူးသူစာ ကျမ်းချက်အဓိပ္ပါယ်ကို နားလည်စီ)။ ယင်းအချိန်ခါ ယုဒပြည်နယ်မာ ဟိသူရို့ တောင်တန်းနယ်တို့ ထွက်ဗြီးလီကတ်။

15 အရာ အိမ်ခေါင်ထက်မာ တက်ရို့ ဟိသူစာ ဝန်ဆန်ထုတ်ယူခဖို့အတွက် အောက်တို့ ဆင်းလာရို့ အိမ်ထဲတို့ မဝင်လီကေ့။

16 လယ်ပြင်မာ အလုပ်လုပ်နီသူစာ ကိုယ်ရုံ ယူဖို့အတွက် အိမ်တို့ ပြန်မလာလီကေ့။

17 ယင်းခါ ကိုယ်ဝန်သေမရို့န အသျှေကို ရင်ခွင်တင်ရို့ နို့တိုက်နီစာ မိန်းမရို့စာ ကောင်းကောင်း ကြောက်လန့်စရာ ဖီးဒုက္ခမာ ကျကတ်လိမည်!

18 ဆောင်းရာသီမာ မကျလတ်အောင် နင်ရို့ ဆုတောင်းကတ်၊

19 အကြောင်းကား ယင်းအချိန်ခါ ကမ္ဘာစရေလှောက်ကပင် ဒေဂုတိုင်အောင် တစ်ခါလည်း မကျရောက်သိစာ ကြောက်လန့်စရာ ဖီးဒုက္ခ ကျရောက်လာလိမည်။ ဒေပိုင် ဖီးဒုက္ခ နောက်အနာဂါတ်မာ အရာတစ်ခါလည်း ကျရောက်လိမည် မဟုတ်။

20 ထိုနိရက်တိကို အသျှင် တိုအောင် မလုပ်လီဆိုကေ တစ်ယောက်လည်း အသက်ရှင်လီကတ်ဖို့ မဟုတ်။ ယေကေလည်း ထာဝရဘုရားစာ ကိုယ် ရွီးကောက်ထားသူရို့အတွက် ထိုနိရက်တိကို တိုအောင် လုပ်လီရေ။

21 “ယင်းအချိန်ခါ အသူမဆို၊ ‘ကြည့်၊ ခရစ်တော် ဒေမာ ဟိရေ၊’ မဟုတ်ကေ ‘ထိုမာ ဟိရေ’ ဟို့ နင်ရို့ကို ပြောရေဆိုကေ နင်ရို့ မကျုံလီကတ်ကေ့၊

22 အကြောင်းကား အယောင်ဆောင် ခရစ်တော်ရို့န အယောင်ဆောင် ဘုရားသတင်းပို့သူရို့ ရောက်လာကတ်လိမည်။ အရာ သူရို့စာ ဖြစ်နိုင်ရေဆိုကေ ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရသူရို့ကို လိမ်ဖို့ ရလတ်အောင်အတွက် အများကြီး အံ့ဩဖွယ်အလုပ်န နိမိတ်လက္ခဏာ အလုပ်တိကို လုပ်ရို့ ပြကတ်လိမည်။

23 ယေကေလည်း နင်ရို့ သတိထားကတ်! ထို ဟိသမျ အားကုံး မဖြစ်ပျက်ခင်အယင်ကပင် ငါ နင်ရို့ကို ပြောထားလိုက်ယ။


မနုသသားတော် ဇာပိုင် ကြွလာဖို့လည်း?
( မဿဲ ၂၄:၂၉-၃၁ ၊ ၂၄:၃၆-၄၄ ၊ လုကာ ၂၁:၂၅-၂၈ )

24 “ယင်းအချိန်ခါ ဒုက္ခ-ဝေဒနာကို ခံရပြီးရေနောက် နီစာ မှိုင်းလားလိမည်၊ လစာ အလင်း ပီးလိမည် မဟုတ်ပျာ၊

25 အရာ ကြယ်တိလည်း ဂေါင်းခင်က ကြွီကျလိမည်။ ဂေါင်းခင်မာ ထို ဟိသမျ အားကုံး တစ်နေရာမာတည်းမာ ဟိဖို့ မဟုတ်ပျာ။

26 ယင်းအချိန်ခါ လူရို့စာ မနုသသားတော်ကို မဟာတန်ခိုးန ဘုန်းရောင်ခြေတော်ကို ဆောင်ရို့ မိုးရိပ်ထက်မာ တက်ရို့ ကြွလာစာကို မြင်ရကတ်လိမည်။

27 ယင်းခါ သူစာ ကိုယ့်ဂေါင်းခင်နတ်သားရို့ကို ရွှတ်လိုက်ရို့ ကမ္ဘာအရပ်လေးမျက်နှာမာဟိစာ ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရကတ်စာ ဟိသမျ လူရို့ကို တစ်နေရာတည်းမာ စုလိမည်။


သဖန်းပင်ကို ကြည့်ရို့ သင်ယူဖို့စာ အကြောင်း
( မဿဲ ၂၄:၃၂-၃၅ ၊ လုကာ ၂၁:၂၉-၃၃ )

28 “နင်ရို့ သဖန်းပင်ကို ကြည့်ရို့ သင်ယူကတ်။ သဖန်းပင်အခက်အလက်တိမာ ရွက်နုဆင်ရေခါ နီရာသီတက်လာဗျာဆိုစာကို နင်ရို့ သိရကတ်တေ။

29 ယင်းပိုင်တထန် ထို ဟိသမျ ဖြစ်ပျက်နီစာကို မြင်ရကတ်တေခါ မနုသသားတော် ကြွလာဖို့စာအချိန် ပါးဗျာဆိုစာကို၊ ယင်းထက်မက လမ်းခဝနားမာ ရောက်နီဗျာဆိုစာကို နင်ရို့ သိရကတ်လိမည်။

30 ငါ နင်ရို့ကို အမှန် ပြောရေ၊ ဒေခိုက်မာ လူရို့ မသီခင်အယင်က ထို ဟိသမျ အားကုံး ဖြစ်ပျက်လာလိမည်။

31 ဂေါင်းခင်န ကမ္ဘာကုန်ဆုံးကေလည်းသောက် ငါ့စကားတိ ထာဝရပတ်လုံး ဟိလိမည်။


မနုသသားတော် ဇာ အချိန်မာ ကြွလာဖို့လည်း?
( မဿဲ ၂၄:၂၃-၂၈ ၊ ၂၄:၃၆-၄၁ ၊ လုကာ ၁၇:၂၅-၃၆ )

32 “ထိုအချိန်န ထိုနိရက်ကို တစ်ယောက်လည်း မသိကတ် အရာ သားတော်န ဂေါင်းခင်နတ်သားရို့လည်း မသိကတ်၊ ယေကေလည်း အဖ တစ်ပါးတည်းရာ သိရေ။

33 ထိုနိရက် ဇာခါ ရောက်လာဖို့လည်းဆိုစာကို နင်ရို့ မသိကတ်။ ယင်းအတွက်န နင်ရို့ သတိထားကတ်! အရာ အနိုးနီရို့ ဆုတောင်းကတ်။

34 ထိုနိရက်စာ အခြားပြည်တို့ ခရီးထွက်ဖို့စာ လူတစ်ယောက်နတူလိမည်။ သူစာ ကိုယ့်အိမ်က ထွက်မလားခင်အယင်က ကျွန်ရို့အလက်မာ ဟိသမျ တာဝန်ကို အပ်ဘိုက်ခလီရေ။ ကျွန်တစ်ယောက်မကျန်ကို အလုပ်တာဝန် ပီးလီရေ အရာ လမ်းခဝစောင့်ကို အနိုးနီဖို့ ခိုင်းလီရေ။

35 နင်ရို့လည်း ယင်းပိုင် အနိုးနီကတ်၊ အကြောင်းကား အိမ်သျှင်စာ နီဝင်လုတ်မာ လာဖို့လော၊ ညဉ့်သိုင်ခေါင်မာ လာဖို့လော၊ မိုးလင်းလုတ်မာ လာဖို့လော၊ မဟုတ်ကေ မိုးသောက်စောစောက လာဖို့လောဆိုစာကို နင်ရို့ မသိကတ်။

36 ယင်းအတွက်န အိမ်သျှင် ဗြုန်းခနိုင်းပျင်ရို့ ရောက်လာရေခါ နင်ရို့ကို အိပ်ရို့ မမြင်ရစီကေ့။

37 ငါ နင်ရို့ကို ပြောစာစကားကို အားကုံးသူကို ပြောရေ၊ သတိန စောင့်နီကတ်။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy