Online Bible

- Reklamy -

মার্ক 12 - Marma


စပျစ်ခင်းအပိုင်သျှင်န ဘက်ကာစားယူသူရို့ ပုံဥပမာ
( မဿဲ ၂၁:၃၃-၄၆ ၊ လုကာ ၂၀:၉-၁၉ )

1 ယင်းနောက် ယေရှုစာ ပုံဥပမာန လူရို့ကို သွန်သင်ပီးဖို့ စလီရေ။ သူစာ ပြောလီရေ၊ “လူတစ်ယောက်စာ စပျစ်ခင်းတစ်ခင်း စိုက်ရို့ လေးဖက်လက်စိမာ ခြံဒါရန်လီရေ။ ယင်းနောက် သူစာ စပျစ်ရည် ညှိုက်ဖို့အတွက် တွင်းတစ်တွင်း တူးလီရေ အရာ စောင့်ဖို့အတွက် တဲတစ်ဆောင်အမြင့် ဆောက်လီရေ။ ယင်းနောက် သူစာ စပျစ်ခင်းကို လယ်သမား လိုင်းကေယောက်ဘားမာ ဘက်ကာစား အပ်ဘိုက်ခရို့ အခြားပြည်တို့ လားခလီရေ။

2 အရာ သူစာ စပျစ်သီး မှည့်ဖို့အချိန်ကျရေခါ စပျစ်သီး အဝီယူဖို့အတွက် ကိုယ့်မာ ကျွန်တစ်ယောက်ကို လယ်သမားရို့တို့ ရွှတ်လိုက်လီရေ။

3 ယေကေလည်း လယ်သမားရို့စာ ထိုကျွန်ကို ဖမ်းရို့ ဘုတ်ကတ်လီရေ အရာ သူ့ကို လက်ခစည်းသသန့် ရွှတ်လိုက်ကတ်လီရေ။

4 ယင်းခါ စပျစ်ခင်းအပိုင်သျှင်စာ အခြားတစ်ယောက် ကျွန်ကို လယ်သမားရို့တို့ ရွှတ်လိုက်လီရေ။ သူရို့စာ ထိုကျွန်ကို အဂေါင်း ကွဲအောင် ဘုတ်ရို့ အရှက်ချကတ်လီရေ။

5 ယေကေလည်း အပိုင်သျှင်စာ အခြားတစ်ယောက် ကျွန်ကို ရွှတ်လိုက်လီရေ။ အရာ လယ်သမားရို့စာ သူ့ကို အသီသတ်ကတ်လီရေ။ ယင်းနောက် အပိုင်သျှင်စာ အရာလည်း ကျွန် အများကြီး ရွှတ်လိုက်လီရေ၊ ယေကေလည်း ထိုကျွန်ရို့အထဲက တစ်ယောက်တစ်ရီကို ဘုတ်ကတ်လီရေ အရာ တစ်ယောက်တစ်ရီကို အသီသတ်ကတ်လီရေ။

6 “ယင်းခါ အပိုင်သျှင်မာ အချစ်ဆုံး သားတစ်ယောက်တည်းရာ ကျန်ဟိလိုက်လီရေ။ နောက်ဆုံးပြီးမာ သူစာ ကိုယ့်မာဟိစာ သားတစ်ယောက်တည်းကို ရွှတ်လိုက်လီရေ အရာ သူစာ မှတ်လီရေ၊ ‘သူရို့ အမှန် ငါ့သားကို ရိုသေကတ်လိမည်။’

7 ယေကေလည်း ထိုလယ်သမားရို့စာ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ ‘တစ်ရက်နိ ဒေသူ အမွီဥစ္စာတိကို ပိုင်ဆိုင်လာဖို့။ လား၊ ငါရို့ သူ့ကို အသီသတ်ဘိုက်လိုက်ကတ်မည်။ ယင်းပိုင်ဆိုကေ အမွီဥစ္စာတိကို ငါရို့ ပိုင်ဆိုင်ကတ်ဖို့။’

8 သူရို့စာ စပျစ်ခင်းအပိုင်သျှင် သားကို ဖမ်းရို့ အသီသတ်ကတ်လီရေ အရာ စပျစ်ခင်းပြင်တို့ ဘိုက်ချလိုက်ကတ်လီရေ။

9 ယင်းပိုင်ဆိုကေ စပျစ်ခင်းအပိုင်သျှင် ဇာလုပ်ဖို့လည်း ပြောကြည့်န? သူစာ လာရို့ ထိုလယ်သမားရို့ကို အသီသတ်ပြီးကေ စပျစ်ခင်းကို အခြားလယ်သမားရို့ဘားမာ ဘက်ကာစား အပ်ဘိုက်ခဖို့။

10 ကိုယ်ဘင်ရို့ ကျမ်းစာမာ မဖတ်ဖူးကတ်လော? ကျမ်းစာမာ ရွီးရို့ ဟိရေ၊ ‘လက်သမားရို့ ပယ်ဘိုက်လိုက်စာ ကျောက်လုံးစာ ဒေါင့်ကတည်စာ အခြေခံကျောက်လုံး ဖြစ်လာရေ။

11 အသျှင်စာ ဒေ အလုပ်ကို လုပ်လီရေ၊ ဒေ အလုပ်စာ ငါရို့ မျက်စိမာ ကောင်းကောင်း အံ့ဩသဖွယ် ဖြစ်တေ။’”

12 ယင်းခါ ဘာသာရေး ဂေါင်းဆောင်ရို့စာ ယေရှုကို ဖမ်းဖို့ ကြည့်ကတ်လီရေ၊ အကြောင်းကား ယေရှု ကိုယ်ရို့ကို ဆန့်ကျင်ရို့ ပုံဥပမာန စကား ပြောရေဆိုစာကို နားလည်ကတ်လီရေ။ ယေကေလည်း သူရို့စာ လူရို့ကို ကြောက်တေအတွက်န ယေရှုကို ထားရို့ လားခကတ်လီရေ။


ဖန်ဒါပီးဖို့စာ အကြောင်း
( မဿဲ ၂၂:၁၅-၂၂ ၊ လုကာ ၂၀:၂၀-၂၆ )

13 ယင်းနောက် ဘာသာရေး ဂေါင်းဆောင်ရို့စာ ယေရှုကို အမှားဖမ်းဖို့အတွက် ဖာရိရှဲအဖွဲ့သား လိုင်းကေယောက်န ဟေရုဒ်မင်း တပည့် လိုင်းကေယောက်ကို ရွှတ်လိုက်ကတ်လီရေ။

14 သူရို့စာ ယေရှုတို့ လာရို့ ပြောကတ်လီရေ၊ “ဆရာ၊ ကိုယ်ဘင် သူတော်ကောင်း တစ်ယောက် ဖြစ်တေဆိုစာကို အကျွန်ရို့ သိပါရေ။ လူရို့ ကိုယ်ဘင် အကြောင်းကို ယူရို့ ဇာ ပြောရေ မပြောဆိုစာကို ကိုယ်ဘင် ဂရုမစိုက်ပါ၊ အကြောင်းကား ကိုယ်ဘင် လူမျက်နှာကို ကြည့်ရို့ တရားမစစ်ပါ။ မှန်ကန်စာနည်းန ထာဝရဘုရား၏ တရားတော်ကို ကိုယ်ဘင် သွန်သင်ပီးနီပါရေ။ ဒေဂု ကိုယ်ဘင် အကျွန်ရို့ကို ပြောပါ၊ မောရှေ၏ ပညှတ်တရားအတိုင်း ရောမဧကရာဇ်မင်းကို ဖန်ဒါပီးဖို့ သင့်ပါရေလော?

15 အကျွန်ရို့ သူ့ကို ဖန်ဒါပီးပါဖို့လော မပီးပါလော?” ယေရှုစာ သူရို့ အလိမ်ကို သိရို့ ပြောလီရေ၊ “ကိုယ်ဘင်ရို့ ငါ့ကို ဇာဖို့ စုံစမ်းကတ်စာလည်း? ငါ့ကို ငွေသားတန်းကား တစ်ချပ် ပြခလိုက်။”

16 သူရို့ ငွေသားတန်းကား တစ်ချပ် ယူလာရေခါ ယေရှုစာ သူရို့ကို မီးလီရေ၊ “ဒေ တန်းကားမာ အသူ့ ရုပ်ပုံန အသူ့နာမည် ဟိရေလည်း?” သူရို့စာ အဖြေပီးကတ်လီရေ၊ “ရောမဧကရာဇ်မင်း ရုပ်ပုံန ရောမဧကရာဇ်မင်း နာမည် ဟိပါရေ။”

17 ယေရှုစာ သူရို့ကို ပြောလီရေ၊ “ရောမဧကရာဇ်မင်းန ဆိုင်စာကို ရောမဧကရာဇ်မင်းကို ပီးကတ် အရာ ထာဝရဘုရားန ဆိုင်စာကို ထာဝရဘုရားကို ပီးကတ်။” ယေရှု စကားကို ကြားရို့ သူရို့စာ အံ့ဩကတ်လီရေ။


အိမ်ထောင်မပြုဖို့စာ အကြောင်း
( မဿဲ ၂၂:၂၃-၃၃ ၊ လုကာ ၂၀:၂၇-၄၀ )

18 ယင်းနောက် ဇဒ္ဒုကဲအဖွဲ့သား လိုင်းကေယောက် ယေရှုတို့ လာကတ်လီရေ။ သူရို့စာ သီရာက ပြန်ရှင်ထမြောင့်ခြင်း အကြောင်းကို မကျုံကတ်။

19 ယင်းအတွက်န သူရို့စာ ယေရှုကို မီးကတ်လီရေ၊ “ဆရာ၊ မောရှေ အကျွန်ရို့အတွက် ဒေပိုင် ရွီးထားခပါရေ၊ ‘အသူမဆို အိမ်ထောင်ပြုပြီးရေနောက် သားသမီး မမြင်ဘိုင်းန သီလားခရေဆိုကေ သူ့မာ ကျန်ဟိလိုက်စာ မယားကို သူ့မာညီ နစပ်ရို့ အစ်ကိုသေ အစိုင်ကို ဆက်ရဖို့။’

20 ကောင်းရေ၊ အိမ်တစ်အိမ်မာ ညီအစ်ကို ခုနစ်ယောက် ဟိလီပါရေ။ အစ်ကိုသေအကြီးသူစာ အိမ်ထောင်ပြုပြီးရေနောက် သားသမီး မမြင်ဘိုင်းန သီလားခလီပါရေ။

21 ယင်းခါ သူ့မာ ညီအလတ်သူစာ အစ်ကိုသေ မယား မဆမကို နစပ်လီပါရေ၊ ယေကေလည်း သူလည်းသောက် သားသမီး မမြင်ဘိုင်းန သီလားခလီပါရေ။ ညီအငယ်သူလည်း ယင်းပိုင် သီလားခလီပါရေ။

22 ယင်းပိုင် ညီအစ်ကိုခုနစ်ယောက်စုံ သားသမီး မမြင်ဘိုင်းန သီလားခကတ်လီပါရေ။ နောက်ဆုံးပြီးမာ ထိုမဆမလည်း သီလားခလီပါရေ။

23 ယင်းပိုင်ဆိုကေ သူရို့ သီရာက ပြန်ရှင်ထမြောင့်ကတ်တေခါ ထိုမိန်းမစာ အသူ့ မယား ဖြစ်ပါဖို့လည်း? အကြောင်းကား ညီအစ်ကိုခုနစ်ယောက်စုံ ထိုမိန်းမကို နစပ်ခကတ်လီပါရေ။”

24 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ကိုယ်ဘင်ရို့ ကျမ်းစာကိုလည်း နားမလည်ကတ် အရာ ထာဝရဘုရား၏ တန်ခိုး အကြောင်းကိုလည်း မသိကတ်။ ယင်းအတွက်န ကိုယ်ဘင်ရို့ အယူအဆမှားနီကတ်တေ။

25 လူရို့ သီရာက ပြန်ရှင်ထမြောင့်ကတ်တေခါ ဂေါင်းခင်နတ်သားရို့ပိုင် ဖြစ်ကတ်ဖို့။ သူရို့စာ အိမ်ထောင်မနီကတ်ပျာ အရာ သူရို့ကို အိမ်ထောင်လည်း မချကတ်ပျာ။

26-27 သီသူရို့ ပြန်ရှင်ထမြောင့်ဖို့စာ အကြောင်းနပတ်သပ်ရို့ မောရှေ ရွီးထားခစာ မီးတောက်နီစာ အုပ်ခြုံ အကြောင်းကို မဖတ်ဖူးကတ်လော? ထာဝရဘုရားစာ မောရှေကို ပြောလီရေ၊ ‘ငါစာ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ ဘုရား ဖြစ်တေ။’ ထာဝရဘုရားစာ အရှင်ဟိသူရို့မာ ဘုရား ဖြစ်တေ၊ သီရို့ဟိသူရို့မာ ဘုရား မဟုတ်။ ကိုယ်ဘင်ရို့ ကောင်းကောင်း အယူအဆမှားနီကတ်တေ။”


အရေးကြီးဆုံး ပညှတ်ချက်
( မဿဲ ၂၂:၃၄-၄၀ )

28 ကျမ်းဆရာ တစ်ယောက်စာ ယင်းနေရာတို့ ရောက်လာရို့ သူရို့ အငြင်းအခုံ ဖြစ်နီကတ်စာကို ကြားလီရေ။ ယေရှု ဇဒ္ဒုကဲအဖွဲ့သားရို့ကို ထိုက်တန်စာ စကားန အဖြေပီးလီရေဆိုစာကို သူစာ မြင်လီရေ။ ယင်းအတွက်န သူစာ ယေရှုကို မီးလီရေ၊ “မောရှေ ပီးခစာ ပညှတ်ချက်အထဲမာ အားကုံးစာထက် အရေးကြီးဆုံး ပညှတ်ချက် ဇာသျှင့်ပါလည်း?”

29 ယေရှုစာ အဖြေပီးလီရေ၊ “အားကုံးစာထက် အရေးကြီးဆုံး ပညှတ်ချက် ဖြစ်တေကား၊ ‘ဣသရေလလူမျိုးရို့၊ နင်ရို့ နားထောင်ကတ်၊ ငါရို့မာ ထာဝရဘုရားဆိုစာ တစ်ပါးတည်းရာ ဟိရေ။

30 နင်ရို့စာ ကိုယ်ရို့မာ ဟိသမျ နှလုံး၊ ဟိသမျ အသက်၊ ဟိသမျ အားခွန် အရာ ဟိသမျ စိတ်န နင်ရို့ အသျှင်ထာဝရဘုရားကို ချစ်ကတ်ရဖို့။’

31 ယင်းနောက် အရေးကြီးဆုံး ပညှတ်ချက် ဖြစ်တေကား၊ ‘နင့် အိမ်နားပါးသားကို ကိုယ့်ကိုပိုင် ချစ်ရဖို့။’ ဒေ ပညှတ်ချက်နှစ်ခုထက် ကြီးစာ ပညှတ်ချက် အရာတစ်ခုလည်း မဟိဗျာ။”

32 ယင်းခါ ထိုကျမ်းဆရာစာ ပြောလီရေ၊ “ဆရာ ပြောစာစကား မှန်ပါရေ၊ ထာဝရဘုရားဆိုစာ တစ်ပါးတည်းရာ ဟိပါရေ။ သူ့ကို ပယ်ရို့ အရာ ဘုရား တစ်ပါးလည်း မဟိပါဗျာ။

33 ဟိသမျ နှလုံး၊ ဟိသမျ ညာဏ်ပညာ အရာ ဟိသမျ အားခွန်န သူ့ကို ချစ်ခြင်း အရာ အိမ်နားပါးသားကို ကိုယ့်ကိုပိုင် ချစ်ခြင်းစာ တိရစ္ဆာန်န အခြားဝန်တိကို ယဇ်ပူဇော်စာထက်ပင် ပိုရို့ ကောင်းမြတ်ပါရေ။”

34 ယေရှုစာ ထိုကျမ်းဆရာကို လိမ္မာသူတစ်ယောက်ပိုင် အဖြေပီးစာကို မြင်ရို့ သူ့ကို ပြောလီရေ၊ “ကိုယ်ဘင် ထာဝရဘုရား၏ နိုင်ငံတော်န အများ မဝီးဗျာ။” ယင်းခါကပင် အရာ တစ်ယောက်လည်း ယေရှုကို စကားတစ်ခွန်းလည်း မီးဖို့ မဝံ့ကတ်လီပျာ။


ခရစ်တော် အသူ့ သားလည်း?
( မဿဲ ၂၂:၄၁-၂၃:၃၆ ၊ လုကာ ၂၀:၄၁-၄၄ )

35 ယေရှု ဝိပဿနာကျောင်းမာ သွန်သင်ပီးရေခါ လူရို့ကို မီးလီရေ၊ “ခရစ်တော်ကို ဒါဝိဒ်မင်း၏ သားတော် ဖြစ်တေ ဟို့ ကျမ်းဆရာရို့ ဇာပိုင်ပျင်ရို့ ပြောကတ်စာလည်း?

36 ဒါဝိဒ်မင်းစာ သန့်ရှင်းသောဝိညာဉ်တော်၏ ဆောင်ယူခြင်းကို ခံရပြီးကေ ပြောလီရေ၊ ‘အသျှင်စာ ငါ့အသျှင်ကို ပြောလီရေ၊ ငါ နင့် ရန်သူရို့ကို နင့် တန်ခိုးအောက်မာ မထားသကြား နင် ငါ့ညာဖက်က ထိုင်နီ။’

37 “ဒါဝိဒ်မင်း ကိုယ်တိုင် ခရစ်တော်ကို အသျှင် ဟို့ ခေါ်လီရေဆိုကေ ခရစ်တော် ဇာပိုင်ပျင်ရို့ ဒါဝိဒ်မင်း၏ သားတော် ဖြစ်နိုင်ရေလည်း?” ယင်းခါ လူအများကြီး စိတ်အပျော်န နားထောင်ရို့ နီကတ်လီရေ။


ကျမ်းဆရာရို့ကို ရှောင်ဖို့စာ အကြောင်း
( မဿဲ ၂၃:၅-၇ ၊ လုကာ ၂၀:၄၅-၄၇ )

38 သူစာ သွန်သင်ပီးနီစဉ် ပြောလီရေ၊ “ကျမ်းဆရာရို့ကို ရှောင်ကတ်။ သူရို့စာ ရှည်နိုင်သရိ အင်္ကျီတိကို ဝတ်ရို့ လည်နီဖို့စာကို လိုကတ်တေ အရာ ဈီးဆိုင်တိမာ လူရို့က ရိုသေခြင်း ရဖို့စာကို လိုကတ်တေ။

39 အရာ သူရို့စာ တရားဇရပ်တိန ပွဲသဖင်တိမာ အမြင့်မြတ်ဆုံးနေရာမာ ထိုင်ဖို့စာကို နှစ်သက်ကတ်တေ။

40 တစ်ဖက်က သူရို့စာ လူရို့က ချီမွမ်းခြင်းကို ရဖို့အတွက် ရှည်နိုင်သရိ ဆုကို တောင်းနီကတ်တေ အရာတစ်ဖက်က မဆမရို့ ပစ္စည်း-ဥစ္စာတိကို အားဒမ လုယူနီကတ်တေ။ ဒေ လူရို့စာ အရာလည်း အများကြီး အပြစ်ဒါဏ် ခံရကတ်လိမည်။”


ဆင်းရဲစာ မဆမတစ်ယောက် အလှူထည့်ခြင်း
( လုကာ ၂၁:၁-၄ )

41 ယင်းနောက် ယေရှုစာ ဝိပဿနာကျောင်းမာဟိစာ ဌာပ္ပနာဗူးမာ သူဌေးရို့ တန်းကား လှူကတ်စာကို မျက်စိချရို့ ကြည့်နီလီရေ။ ယင်းခါ သူဌေး အများကြီး တန်းကား-ဖွေသျှာ အများကြီး လှူကတ်လီရေ။

42 ယင်းနောက် ဆင်းရဲစာ မဆမတစ်ယောက် လာရို့ ဖွေသျှာနှစ်ချပ် လှူလီရေ။

43 ယင်းခါ ယေရှုစာ ကိုယ့်တပည့်ရို့ကို ခေါ်ရို့ ပြောလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ ဒေ ဆင်းရဲစာ မဆမစာ အခြား ဟိသမျ လူရို့ထက် ပိုရို့ လှူဘိုက်ခရေ။

44 သူဌေးရို့စာ ကိုယ်ရို့မာ ပစ္စည်း-ဥစ္စာ အပိုဟိစာက ယူရို့ လှူဘိုက်ခကတ်တေ၊ ယေကေလည်း ဒေ မဆမစာ ဆင်းရဲကေလည်းသောက် အသက်အရှင် ဟိရေခါ စားဖို့ထားစာ ဟိသမျ အားကုံးကို လှူဘိုက်ခရေ။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy