Online Bible

- Reklamy -

মার্ক 10 - Marma


လင်မယား ခွါဖို့စာ အကြောင်းကို သွန်သင်ခြင်း
( မဿဲ ၅:၃၁-၃၂ ၊ ၁၉:၁-၁၀ ၊ လုကာ ၁၆:၁၈ )

1 ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ ကပေရနောင်မြို့သျှေက ထွက်ရို့ ယုဒပြည်နယ်န ယော်ဒန်ချောင်းကမ်းတစ်ဖက်တို့ ကူးလီရေ။ ယင်းခါ အရာတစ်ပြန် လူအများကြီး ယေရှုအနားတို့ လာရို့ စုကတ်လီရေ။ အရာ ယေရှုစာ ကိုယ့်အလည့်အတိုင်း လူရို့ကို သွန်သင်ပီးဖို့ စလီရေ။

2 ယင်းအချိန်ခါ ဖာရိရှဲအဖွဲ့သား လိုင်းကေယောက် ယေရှုကို စုံစမ်းဖို့အတွက် လာရို့ မီးကတ်လီရေ၊ “ဆရာ၊ မောရှေ၏ ပညှတ်တရားမာ အသူ့ကိုမဆို မယားကို ခွါဖို့ အခွင့် ပီးပါရေလော?”

3 ယေရှုစာ သူရို့ကို ပြောလီရေ၊ “မောရှေ ကိုယ်ဘင်ရို့ကို ဇာ ပညှတ်ချက် ပီးလီရေလည်း?”

4 ယင်းခါ သူရို့စာ ပြောကတ်လီရေ၊ “ခွါစာ ပီးရို့ ကိုယ့်မယားကို ခွါဖို့အတွက် မောရှေ အခွင့်ပီးလီပါရေ။”

5 ယေရှုစာ သူရို့ကို ပြောလီရေ၊ “ကိုယ်ဘင်ရို့မာ စိတ်နှလုံး ကျန်းရေအတွက်န မောရှေ ကိုယ်ဘင်ရို့ကို ဒေပိုင် ပညှတ်ချက် ပီးလီစာ ဖြစ်တေ။

6 ယေကေလည်း ကျမ်းစာမာ ဒေပိုင် ရွီးရို့ ဟိရေ၊ ‘ပထမ ဖန်ဆင်းဖို့ စရေခါ ထာဝရဘုရားစာ ယောက်ျားန မိန်းမကို ဖန်ဆင်းလီရေ။

7 ယင်းအတွက်န ယောက်ျားစာ ကိုယ့်အမိအဖကို စွန့်ရို့ ကိုယ့်မယားန ပေါင်းရို့ နီလိမည်၊

8 အရာ သူရို့နှစ်ယောက် တစ်ကိုယ်တည်း ဖြစ်ကတ်လိမည်။’ ယင်းအတွက်န သူရို့စာ နှစ်ယောက် မဟုတ်ပျာ၊ တစ်ကိုယ်တည်း ဖြစ်ကတ်ပျာ။

9 ယင်းအတွက်န ထာဝရဘုရား တစ်ကိုယ်တည်း ပေါင်းပီးစာကို လူရို့ မခွါရ။”

10 ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ အိမ်ထဲတို့ ဝင်ကတ်လီရေ။ ယင်းခါ တပည့်ရို့စာ အရာတစ်ပြန် ယေရှုကို ထိုအကြောင်းကို ယူရို့ မီးကတ်လီရေ။

11 သူစာ တပည့်ရို့ကို ပြောလီရေ၊ “အသူမဆို ကိုယ့်မယားကို ခွါရို့ အခြားမိန်းမတစ်ယောက်ကို နစပ်တေဆိုကေ သူစာ ကိုယ့်မယားကို ဆန့်ကျင်ရို့ ကာမဂုဏ် ပြစ်မှားရေ။

12 အရာ မိန်းမစာ ကိုယ့်လင်ကို ခွါရို့ အခြားယောက်ျားတစ်ယောက်ကို နစပ်တေဆိုကေ သူလည်းသောက် ကာမဂုဏ် ပြစ်မှားရေ။”


အသျှေရို့ကို ယေရှု ပဿိပီးခြင်း
( မဿဲ ၁၉:၁၃-၁၅ ၊ လုကာ ၁၈:၁၅-၁၇ )

13 ယင်းနောက် အသျှေရို့ အဂေါင်းမာ အလက်တင်ရို့ ပဿိပီးပတ်စီအတွက် လူရို့စာ ကိုယ်ရို့မာ သားသမီးရို့ကို ယေရှုတို့ ယူလာကတ်လီရေ။ ယေကေလည်း တပည့်ရို့စာ လူရို့ကို ဟောက်ကတ်လီရေ။

14 ယင်းသျှင့်ကို မြင်ရို့ ယေရှုစာ မန်ပါရို့ တပည့်ရို့ကို ပြောလီရေ၊ “အသျှေရို့ကို ငါ့တို့ လာဖို့ ပီးကတ်။ သူရို့ကို မဟန့်ကတ်ကေ့၊ အကြောင်းကား ထာဝရဘုရား၏ နိုင်ငံတော်စာ ဒေ အသျှေရို့ပိုင် လူရို့အတွက်ရာ ဖြစ်တေ။

15 ငါ ကိုယ်ဘင်ရို့ကို အမှန် ပြောရေ၊ အသူမဆို အသျှေရို့ပိုင် ထာဝရဘုရား၏ နိုင်ငံတော်ကို လက်မခံဆိုကေ သူစာ တစ်ခါလည်း ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ရလိမည် မဟုတ်။”

16 ယင်းနောက် ယေရှုစာ ထိုအသျှေရို့ကို ရွက်လီရေ အရာ သူရို့ အဂေါင်းမာ အလက်တင်ရို့ ပဿိ ပီးလီရေ။


သူဌေးတစ်ယောက် အကြောင်း
( မဿဲ ၁၉:၁၆-၃၀ ၊ လုကာ ၁၈:၁၈-၃၀ )

17 ယေရှု အရာတစ်ပြန် လမ်းမာ ထွက်ရို့ ကြွရေခါ လူတစ်ယောက်စာ သူ့တို့ ဗြီးလာလီရေ အရာ သူ့ရှိက ဒူးထောက်ရို့ ပြောလီရေ၊ “ဆရာ၊ ကိုယ်ဘင်ကား လူကောင်းတစ်ယောက် ဖြစ်ပါရေ။ အကျွန့်ကို ပြောပါ၊ ထာဝရအသက်ကို ရဖို့အတွက် အကျွန် ဇာ လုပ်ရပါဖို့လည်း?”

18 ယေရှုစာ သူ့ကို ပြောလီရေ၊ “ငါ့ကို ဇာဖို့ လူကောင်း ပြောစာလည်း? ထာဝရဘုရားကို ပယ်ရို့ တစ်ယောက်လည်း လူကောင်း မဟုတ်။

19 နင်ကား၊ ‘လူအသက်ကို မသတ်ရ၊ ကာမဂုဏ် မလိုက်စားရ၊ မခိုးရ၊ မုတ်သား သက်သီ မပီးရ၊ မလိမ်စားရ အရာ အမိအဖကို ရိုသေလေးစားရဖို့’ ဟို့ ပြောထားစာ ပညှတ်ချက်တိကို နားလည်ရေ။”

20 သူစာ ယေရှုကို ပြောလီရေ၊ “ဆရာ၊ အကျွန် အသျှေကပင် ထိုပညှတ်ချက်တိကို လိုက်နာရို့ လာပါဗျာ။”

21 ယင်းခါ ယေရှုစာ ချစ်ခြင်းမေတ္တာစိတ်န သူ့ဖက်တို့ ကြည့်ရို့ ပြောလီရေ၊ “နင့်မာ လုပ်ဖို့စာ တစ်ခု ကျန်သိရေ။ လားလီ၊ နင့်မာ ဟိသမျ အမွီဥစ္စာကို ရောင်းရို့ ဆင်းရဲသားရို့ကို လှူဘိုက်ခီ။ ယင်းပိုင်ဆိုကေ နင် ဂေါင်းခင်ဘုံမာ ဥစ္စာဘဏ္ဍာကို ရလိမည်။ ယင်းနောက် ပြန်လာရို့ ငါ့တပည့် ဖြစ်ခလိုက်။”

22 ထိုစကားကို ကြားရို့ သူစာ မျက်နှာညှိုးလားခလီရေ အရာ စိတ်ဆိုးရို့ ပြန်လားခလီရေ၊ အကြောင်းကား သူ့မာ အမွီဥစ္စာ အများကြီး ဟိလီရေ။

23 ယင်းခါ ယေရှုစာ လေးဖက်လက်စိတို့ ကြည့်ရို့ တပည့်ရို့ကို ပြောလီရေ၊ “သူဌေးရို့အတွက် ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ဖို့ ကောင်းကောင်း ခက်ခဲရေ!”

24 တပည့်ရို့စာ ယေရှု စကားကို ကြားရို့ အံ့ဩကတ်လီရေ။ ယေရှုစာ အရာတစ်ပြန် သူရို့ကို ပြောလီရေ၊ “ငါ့ သားသမီးရို့၊ အမွီဥစ္စာကို အားကိုးသူရို့အတွက် ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ဖို့ ကောင်းကောင်း ခက်ခဲရေ!

25 သူဌေးရို့ ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ဖို့စာထက် ကုလားအုပ်တစ်ကောင် အပ်နဖားက ဝင်လားဖို့စာပင် ရွယ်သိရေ။”

26 ယင်းခါ တပည့်ရို့စာ အရာလည်း အံ့ဩပြီးကေ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ “ယင်းပိုင်ဆိုကေ အသူ ကယ်တင်ခြင်းကို ရနိုင်ဖို့လည်း?”

27 ယေရှုစာ သူရို့တို့ ကြည့်ရို့ ပြောလီရေ၊ “ဒေ အလုပ်စာ လူအတွက် မဖြစ်နိုင်၊ ယေကေလည်း ထာဝရဘုရားအတွက် ဖြစ်နိုင်ရေ၊ အကြောင်းကား သူစာ ဟိသမျ အားကုံးကို လုပ်နိုင်ရေ။”

28 ပေတရုစာ သူ့ကို ပြောလီရေ၊ “ကြည့်ပါ၊ အကျွန်ရို့ကား ဟိသမျ အားကုံးကို စွန့်ဘိုက်ခရို့ ကိုယ်တော်၏ တပည့် ဖြစ်ကတ်ပါဗျာ။”

29-30 ယေရှုစာ အဖြေပီးလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ ငါ့အကြောင်းန အရာ ထာဝရဘုရား၏ သတင်းကောင်း ဟောပြောစာအကြောင်းန အိမ်-ယာ၊ ညီအစ်ကိုမောင်နမှ၊ အမိအဖ၊ သားသမီး အရာ လယ်မြေကို စွန့်ရို့ လာသူစာ ဒေ ဘဝမာ အဆတစ်ရာ ပြန်ရလိမည်။ သူစာ ညှဉ်းဆဲခြင်းကို ခံရလိမည်၊ ယေကေလည်း ဒေ ဘဝမာ အိမ်-ယာ၊ ညီအစ်ကိုမောင်နမှ၊ အမိအဖ၊ သားသမီး အရာ လယ်မြေလည်း အဆတစ်ရာ ရလိမည် အရာ သူစာ နောင်ဘဝမာ ထာဝရအသက်ကို ရလိမည်။”

31 ယေကေလည်း ဒေ ဘဝမာ အမြင့်ဆုံးနေရာကို ရသူရို့စာ နောင်ဘဝမာ အနိမ့်ဆုံးနေရာကို ရကတ်လိမည်။ အရာ ဒေ ဘဝမာ အနိမ့်ဆုံးနေရာကို ရသူရို့စာ နောင်ဘဝမာ အမြင့်ဆုံးနေရာကို ရကတ်လိမည်။


ကိုယ်သီဖို့စာ အကြောင်းကို တတိယခေါက် ပြောပြခြင်း
( မဿဲ ၂၀:၁၇-၁၉ ၊ လုကာ ၁၈:၃၁-၃၄ )

32 ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ ယေရုရှလင်မြို့တို့ ခရီးထွက်ကတ်လီရေ။ ယေရှုစာ တပည့်ရို့ ရှိက ရှိက ကြွလီရေ။ အရာ တပည့်ရို့စာ အံ့ဩပြီးကေ ယေရှုနအတူ လိုက်ကတ်လီရေ၊ ယေကေလည်း သူရို့ နောက်က လာကတ်သူရို့စာ အကြောက်စိတ်န လိုက်ကတ်လီရေ။ ယင်းခါ ယေရှုစာ အရာတစ်ပြန် ကိုယ့်တပည့် တစ်ဆယ့်နှစ်ယောက်ကို တစ်ဖက်တို့ ခေါ်ရို့ ကိုယ်ခံရဖို့စာ အကြောင်းအရာတိကို ပြောပြလီရေ။

33 သူစာ တပည့်ရို့ကို ပြောလီရေ၊ “နားထောင်ကတ်၊ ငါရို့ ယေရုရှလင်မြို့တို့ လားကတ်စာ ဖြစ်တေ။ ထိုမြို့မာ လူရို့စာ မနုသသားတော်ကို ဖမ်းရို့ ယဇ်ပုရောဟိတ်အကြီးရို့န ကျမ်းဆရာရို့အလက်မာ အပ်ကတ်လိမည်။ သူရို့စာ သူ့ကို တရားစစ်ဆေးရို့ သီဒါဏ်ပီးဖို့ ဆုံးဖြတ်ပြီးကေ ယုဒမဟုတ်သူရို့အလက်မာ တင်အပ်ကတ်လိမည်။

34 ယုဒမဟုတ်သူရို့စာ သူ့ကို ရယ်သွန်းပြုကတ်လိမည်၊ သူ့ခန္ဓာမာ တန်းဆီးဘိုက်ကတ်လိမည်၊ သူ့ကို ရရိပေါ်အောင် စက်ကျာကြိုးန ဘုတ်ကတ်လိမည် အရာ သူ့ကို အသီသတ်ကတ်လိမည်။ ယေကေလည်း သူစာ သုံးရက်နိမာ သီရာက ပြန်ရှင်ထမြောင့်လိမည်။”


ညီအစ်ကိုနှစ်ယောက် တောင်းဆိုချက်
( မဿဲ ၂၀:၂၀-၂၈ )

35 ယင်းနောက် ဇေဗေဒဲသား ယာကုပ်န ယောဟန်စာ ယေရှုတို့ လားရို့ ပြောကတ်လီရေ၊ “ဆရာ၊ အကျွန်ရို့ တောင်းဆိုချက်အတိုင်း ကိုယ်ဘင် လုပ်ပီးဖို့စာကို အကျွန်ရို့ လိုချင်ပါရေ။”

36 ယေရှုစာ သူရို့ကို မီးလီရေ၊ “နင်ရို့ ဇာ လိုစာလည်း ပြောကတ်၊ နင်ရို့အတွက် ငါ ဇာ လုပ်ရဖို့လည်း?”

37 သူရို့စာ ပြောကတ်လီရေ၊ “ကိုယ်ဘင် ဘုန်းတန်ခိုးန နိုင်ငံတော်ကို အုပ်ချုပ်တေခါ အကျွန်ရို့ နှစ်ယောက်ကို ကိုယ်ဘင် ညာဖက်က တစ်ယောက် အရာ ဘယ်ဖက်က တစ်ယောက် ထိုင်ဖို့အခွင့် ပီးပါ။”

38 ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ ဇာကို တောင်းကတ်တေလည်းဆိုစာကို မသိကတ်။ ငါ ခံရဖို့စာ ဒုက္ခ-ဝေဒနာကို နင်ရို့ ခံနိုင်ကတ်ဖို့လော? အရာ ငါ ခံယူဖို့စာ ရီနှစ်မင်္ဂလာကို နင်ရို့ ခံယူနိုင်ကတ်ဖို့လော?”

39 သူရို့စာ အဖြေပီးကတ်လီရေ၊ “ခံနိုင်ပါရေ။” ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ အမှန် ငါ ခံရဖို့စာ ဒုက္ခ-ဝေဒနာကို ခံရကတ်လိမည် အရာ ငါ ခံယူဖို့စာ ရီနှစ်မင်္ဂလာကိုလည်း နင်ရို့ ခံယူကတ်လိမည်။

40 ယေကေလည်း ငါ့ညာဖက်န ငါ့ဘယ်ဖက်က ထိုင်ဖို့ ပီးဖို့စာ အခွင့်အာဏာ ငါ့မာ မဟိ။ ထိုနေရာစာ ထာဝရဘုရား အယင်ကပင် အဆင်သင့် လုပ်ထားသူရို့အတွက်ရာ ဖြစ်တေ။”

41 ထိုစကားတိကို ကြားရို့ အခြားတပည့်ဆယ်ယောက်စာ ယာကုပ်န ယောဟန်ကို မန်ပါကတ်လီရေ။

42 ယင်းခါ ယေရှုစာ တပည့် အားကုံးသူကို ခေါ်ရို့ ပြောလီရေ၊ “ယုဒမဟုတ်သူရို့မာ အုပ်ချုပ်သူရို့စာ တန်ခိုးအာဏာန သူရို့ကို အုပ်ချုပ်ကတ်တေဆိုစာကို နင်ရို့ သိကတ်တေ၊ အရာ သူရို့မာ ဂေါင်းဆောင်ရို့စာ သူရို့ကို အာဏာချကတ်တေဆိုစာကိုလည်း နင်ရို့ သိကတ်တေ။

43 ယေကေလည်း နင်ရို့အထဲမာ ယင်းပိုင် ဖြစ်ဖို့ မသင့်။ ယင်းထက်ပင် နင်ရို့အထဲမာ အကြီးဖြစ်ချင်သူစာ နင်ရို့ကို ပြုဇုသူ ဖြစ်ရဖို့၊

44 အရာ နင်ရို့အထဲမာ အကြီးမြတ်ဆုံးဖြစ်ချင်သူစာ အားကုံးသူဘားမာ ကျွန်ခံရဖို့။

45 မှတ်ထားကတ်၊ မနုသသားတော်စာ ပြုဇုခြင်းကို ခံရဖို့အတွက် ကြွလာစာ မဟုတ်၊ ယေကေလည်း ပြုဇုဖို့အတွက် ကြွလာစာ ဖြစ်တေ အရာ ကိုယ့်အသက်ကို စွန့်ရို့ လူအများကြီးကို ကယ်ဆယ်ဖို့အတွက် ကြွလာစာ ဖြစ်တေ။”


မျက်ကန်းတစ်ယောက် အကောင်းဖြစ်ခြင်း
( မဿဲ ၂၀:၂၉-၃၄ ၊ လုကာ ၁၈:၃၅-၄၃ )

46 ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ ယေရိခေါမြို့တို့ ကြွကတ်လီရေ။ အရာ သူရို့စာ လူအများကြီးနအတူ ယေရိခေါမြို့က ထွက်ရို့ ကြွကတ်တေခါ တိမဲသား ဗာတိမဲနာမည်န မျက်ကန်းတစ်ယောက်စာ လမ်းနားမာ ထိုင်ပြီးကေ အလှူခံရို့ ဟိလီရေ။

47 နာဇရက်မြို့သျှေသား ယေရှု ကြွလာရေဆိုစာကို ကြားရို့ ထိုမျက်ကန်းစာ အော်ရို့ ပြောလီရေ၊ “အိုး ဒါဝိဒ်မင်း၏ သားတော် ယေရှု၊ အကျွန့်ကို သနားပါ!”

48 ယင်းခါ လူအများကြီး သူ့ကို ဟောက်ရို့ တိန်းရို့ နီဖို့ ခိုင်းကတ်လီရေ။ ယေကေလည်း သူစာ အရာလည်း အားန အော်ရို့ ခေါ်လီရေ၊ “အိုး ဒါဝိဒ်မင်း၏ သားတော်၊ အကျွန့်ကို သနားပါ!”

49 ယေရှုစာ တန့်ရို့ ပြောလီရေ၊ “ယင်းသူကို ခေါ်လိုက်။” လူရို့စာ ထိုမျက်ကန်းကို ခေါ်ရို့ ပြောကတ်လီရေ၊ “မကြောက်ကေ့၊ ထ။ ယေရှု နင့်ကို ခေါ်ရေ။”

50 ယင်းခါ သူစာ ကိုယ့်ကိုယ်ရုံကို ချွတ်ဘိုက်ခရို့ ခုန်ရို့ ထပြီးကေ ယေရှုတို့ လားလီရေ။

51 ယေရှုစာ သူ့ကို မီးလီရေ၊ “နင် ဇာ လိုစာလည်း? နင့်အတွက် ငါ ဇာလုပ်ရဖို့လည်း?” သူစာ အဖြေပီးလီရေ၊ “ဆရာ၊ အကျွန့်မာ မျက်စိ ပြန်ရို့ မြင်ချင်ပါရေ။”

52 ယင်းခါ ယေရှုစာ ပြောလီရေ၊ “လားလီ၊ နင် ကျုံရေအတွက်န နင့်မာ မျက်စိ မြင်ရဗျာ။” ယေရှု ပြောရေချက်ချင်း ထိုလူမာ မျက်စိ မြင်ရလီရေ အရာ သူစာ ယင်းလမ်းအနှူး ယေရှုနောက်က လိုက်လီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy