Online Bible

- Reklamy -


মথি লিখিত সুসমাচার 8 - Marma


အနူရောဂါသေတစ်ယောက် အကောင်းဖြစ်ခြင်း
( မာကု ၁:၄၀-၄၅ ၊ လုကာ ၅:၁၂-၁၆ )

1 အသျှင်ယေရှု တောင်ထက်က ဆင်းလာရေခါ လူအများကြီး သူ့နောက်က လိုက်ကတ်လီရေ။

2 ယင်းခါ အနူရောဂါသေတစ်ယောက်စာ လာပြီးကေ ယေရှုကို ရှိခိုးရို့ ပြောလီရေ၊ “အသျှင်၊ ကိုယ်တော် လိုရေဆိုကေ အကျွန့်ကို သန့်စင်အောင် လုပ်နိုင်ပါရေ။”

3 အရာ ယေရှုစာ သူ့ကို ကိုင်ရို့ ပြောလီရေ၊ “ဟုတ်တေ၊ ငါ လိုရေ။ နင် သန့်စင်စီ။” ယင်းခါ ချက်ချင်း သူ့မာ အနူရောဂါစာ ကောင်းလားခလီရေ။

4 ယေရှုစာ သူ့ကို ပြောလီရေ၊ “ကြည့်၊ ဒေ အကြောင်းကို တစ်ယောက်ဘားမာလည်း မပြောလီကေ့။ ယေကေလည်း ယဇ်ပုရောဟိတ်ဘားမာ လားရို့ နင့် ခန္ဓာကို ပြခီ အရာ မောရှေ၏ ပညှတ်ချက်အတိုင်း ထာဝရဘုရားဘားမာ ယဇ်ပူဇော်ခီ။ ယင်းပိုင်ဆိုကေ နင့်မာ ရောဂါကောင်းလားခဗျာဆိုစာကို လူရို့ မြင်ရကတ်လိမည်။”


စစ်ဗိုလ်မာ ကျွန် အကောင်းဖြစ်ခြင်း
( လုကာ ၇:၁-၁၀ )

5 ယင်းနောက် ယေရှုစာ ကပေရနောင်မြို့သျှေတို့ ကြွလီရေ။ ယင်းခါ ရောမစစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်တစ်ယောက် သူ့တို့ လာရို့ တောင်းပန်လီရေ၊

6 “အသျှင်၊ အကျွန့်မာ ကျွန်တစ်ယောက် တစ်စိတ်နာရောဂါဖြစ်ရို့ အိပ်ရာမာ လဲရို့ ဟိပါရေ၊ သူစာ ကောင်းကောင်း ဝေဒနာကို ခံနီရပါရေ။”

7 ယင်းခါ ယေရှုစာ စစ်ဗိုလ်ကို ပြောလီရေ၊ “ငါ လားရို့ ယင်းသူကို ကောင်းအောင် လုပ်မည်။”

8 သူစာ ယေရှုကို ပြောလီရေ၊ “အသျှင်၊ အကျွန် ကိုယ်တော်ကို အိမ်တင်ခံဖို့ မထိုက်တန်ပါ။ ကိုယ်တော် သက်သက် နှုတ်တော်နရာ ပြောပါ။ ယင်းပိုင်ဆိုကေ အကျွန့် ကျွန်မာ ရောဂါကောင်းပါလိမည်။

9 ကိုယ်တော်၏ တန်ခိုးအာဏာ အကြောင်းကို အကျွန် သိပါရေ၊ အကြောင်းကား အကျွန်လည်း အခြားတစ်ယောက် စကားကို လိုက်နာရပါရေ အရာ စစ်သားရို့စာ အကျွန့်စကားကို လိုက်နာရပါရေ။ အကျွန် တစ်ယောက်ကို ‘လားခီ’ ဟို့ ပြောရေဆိုကေ သူစာ လားခပါရေ။ အခြားတစ်ယောက်ကို ‘လာလတ်’ ဟို့ ပြောရေဆိုကေ သူစာ လာပါရေ။ အရာ အကျွန့်မာ ကျွန်ကို ‘ဒေသျှင့် လုပ်’ ဟို့ ပြောရေဆိုကေ သူစာ လုပ်ပါရေ။”

10 သူ့စကားကို ကြားရို့ ယေရှုစာ အံ့ဩလီရေ။ အရာ သူစာ ကိုယ့်နောက်က လိုက်ကတ်သူရို့ကို ပြောလီရေ၊ “ငါ ကိုယ်ဘင်ရို့ကို အမှန် ပြောရေ၊ ဣသရေလလူမျိုးအထဲက တစ်ယောက်မာလည်း ဒေလှောက် ကြီးကျယ်စာ ကျုံခြင်းတရားကို ငါ မမြင်ဖူးသိ။

11 ငါ ကိုယ်ဘင်ရို့ကို အမှန် ပြောရေ၊ အရှိဖက်န အနောက်ဖက်က လူအများကြီး လာကတ်လိမည်၊ အရာ သူရို့စာ အာဗြဟံ၊ ဣဇာက် အရာ ယာကုပ်နအတူ ဂေါင်းခင်နိုင်ငံတော်မာ စားသောက်ဖို့ ထိုင်ကတ်လိမည်။

12 ယေကေလည်း ဣသရေလလူမျိုးအထဲက ဂေါင်းခင်နိုင်ငံတော်တို့ ဝင်ရဖို့စကား ဟိလီသူရို့စာ ငရဲပြည်မာ အမိုက်မှောင်ထဲတို့ ဘိုက်ချခြင်းကို ခံရကတ်လိမည်။ ယင်းနေရာမာ လူရို့စာ ဝေဒနာကို ခံရရေအတွက်န သွားချင်းသွား ကြိတ်ပြီးကေ အော်ရို့ ငိုကတ်လိမည်။”

13 ယင်းနောက် ယေရှုစာ သူ့ကို ပြောလီရေ၊ “ကိုယ်ဘင် လားလီ။ ကိုယ်ဘင် ကျုံရေအတိုင်း ဖြစ်လိမည်။” ယင်းခါ ချက်ချင်း သူ့မာ ကျွန်စာ ကောင်းလားခလီရေ။


ရောဂါသေ အများကြီး အကောင်းဖြစ်ခြင်း
( မာကု ၁:၂၉-၃၄ ၊ လုကာ ၄:၃၈-၄၁ )

14 ယင်းနောက် ယေရှုစာ ပေတရု အိမ်တို့ ကြွလီရေခါ ပေတရုမာ ယောက္ခမအမသူစာ အဖျားကြီးတက်ရို့ အိပ်ရာမာ လဲရို့ ဟိစာကို မြင်လီရေ။

15 ယေရှုစာ သူ့ဘားမာ အလက်တင်ရေချက်ချင်း အဖျားကောင်းလားခလီရေ။ အရာ သူစာ အိပ်ရာက ထရို့ ယေရှု စားသောက်ဖို့အတွက် စီစဉ်လီရေ။

16 ယင်းနိ နီဝင်လာရေခါ လူရို့စာ နတ်ဆိုးကိုင်စာ လူအများကြီးကို ယေရှုတို့ ယူလာကတ်လီရေ။ ယင်းခါ ယေရှုစာ နှုတ်ထွက်စကားန ထိုနတ်ဆိုးတိကို နှင်ထုတ်လီရေ အရာ ဟိသမျ မကျန်းမာသူရို့ကိုလည်း ကျန်းမာအောင် လုပ်လီရေ။

17 အကြောင်းကား ဘုရားသတင်းပို့သူ ဟေရှာယ ဟောပြောခစာ စကားတိ ပြည့်စုံလာဖို့အတွက် ဒေပိုင် ဖြစ်ပျက်လာစာ ဖြစ်တေ။ ဘုရားသတင်းပို့သူ ဟေရှာယစာ ဒေပိုင် ဟောပြောခလီရေ၊ “သူစာ ငါရို့မာ ဟိသမျ ဝေဒနာကို တင်ယူလားခဗျာ၊ အရာ ဟိသမျ အနာရောဂါကို ပျောက်ကင်းအောင် လုပ်ဘိုက်လိုက်ပျာ။”


တပည့်အစစ် ဖြစ်ရဖို့စာ အကြောင်း
( လုကာ ၉:၅၇-၆၂ )

18 အရာ ယေရှုစာ ကိုယ့်လေးဖက်လက်စိမာ လူပရိတ်သတ်အများကြီး စုလာကတ်စာကို မြင်ရို့ တပည့်ရို့ကို မြစ်ကမ်းတစ်ဖက်တို့ ကူးဖို့ ခိုင်းလီရေ။

19 ယင်းခါ ကျမ်းဆရာတစ်ယောက်စာ ယေရှုတို့ လာရို့ ပြောလီရေ၊ “ဆရာ၊ ကိုယ်ဘင် လားစာနေရာတို့ အကျွန်လည်း လိုက်ပါဖို့။”

20 ယေရှုစာ သူ့ကို ပြောလီရေ၊ “ခဲဝါမာ တွင်းဟိရေ အရာ ငှက်မာလည်း တင်းဟိရေ။ ယေကေလည်း မနုသသားတော်မာ အဂေါင်းချစရာ တစ်ရပ်မာလည်း မဟိ။”

21 တပည့်ရို့အထဲက တစ်ယောက်စာ လာရို့ ယေရှုကို ပြောလီရေ၊ “အသျှင်၊ အကျွန် အယင်ဆုံး လားရို့ အကျွန့် အဖကို သင်္ဂြိုဟ်ဖို့ အခွင့်ပီးပါ။”

22 ယေရှုစာ သူ့ကို ပြောလီရေ၊ “လူသီရို့စာ ကိုယ်ရို့မာ လူသီရို့ကို သင်္ဂြိုဟ်ကတ်ပတ်စီ၊ ယေကေလည်း နင် ငါ့နောက်က လိုက်။”


လီမုန်တိုင်းကို တန့်စီခြင်း
( မာကု ၄:၃၅-၄၁ ၊ လုကာ ၈:၂၂-၂၅ )

23 ယင်းနောက် ယေရှုစာ လောင်းတစ်စင်းမာ တက်လီရေ အရာ တပည့်ရို့လည်း သူနအတူ လိုက်လားခကတ်လီရေ။

24 လောင်းစာ မြစ်အလယ်မာ ရောက်လီရေခါ ဗြုန်းခနိုင်းပျင်ရို့ လီမုန်တိုင်းကြီးတစ်ခု တိုက်လာလီရေ။ ယင်းခါ ရီလှိုင်းလုံးကြီးရေအတွက်န ယင်းလောင်းစာ ရီမာ မြုတ်ဖို့ ပျင်လီရေ၊ ယေကေလည်း ယေရှုစာ လောင်းမာ အိပ်မောကျရို့ ဟိလီရေ။

25 ယင်းခါ တပည့်ရို့စာ လားရို့ ယေရှုကို နှိုးကတ်လီရေ၊ “အသျှင်၊ အကျွန်ရို့ကို ကယ်ဆယ်ပါ။ အကျွန်ရို့ သီရပါဖို့ဗျာ!”

26 ယင်းခါ သူစာ တပည့်ရို့ကို ပြောလီရေ၊ “အဝေး ကျုံခြင်းတရား အားနည်းသူရို့၊ နင်ရို့ ဇာဖို့ ဒေလှောက် ကြောက်ကတ်စာလည်း?” ယင်းနောက် သူစာ ထရို့ လီန ရီလှိုင်းလုံးကို အားန ဟောက်ရို့ တန့်စီလီရေ။ ယင်းခါရာ ဟိသမျ အားကုံး ငြိမ်းလားခလီရေ။

27 အရာ တပည့်ရို့စာ အံ့ဩရို့ ပြောကတ်လီရေ၊ “ဒေလူ ဇာပိုင်ဇတ် လူလည်း? လီန ရီလှိုင်းလုံး တိုင်အောင်ပင် သူ့စကားကို နားထောင်ရေကား!”


နတ်ဆိုးကိုင်သူနှစ်ယောက် အကောင်းဖြစ်ခြင်း
( မာကု ၅:၁-၂၀ ၊ လုကာ ၈:၂၆-၃၉ )

28 ယင်းနောက် ယေရှု မြစ်ကမ်းတစ်ဖက်ကဟိစာ ဂါဒရလူမျိုးရို့ နီထိုင်စာ အရပ်တို့ ကြွလီရေ။ ယင်းခါ နတ်ဆိုးကိုင်စာ လူနှစ်ယောက် သင်္ချိုင်းက ထွက်ရို့ ယေရှုတို့ လာကတ်လီရေ။ သူရို့စာ ကောင်းကောင်း ကြောက်လန့်ဖွယ်ရာ ဟိကတ်လီရေ။ ယင်းအတွက်န ယင်းလမ်းက တစ်ယောက်လည်း လားဖို့ မဝံ့ကတ်လီ။

29 သူရို့စာ အားန အော်ရို့ ပြောကတ်လီရေ၊ “အိုး ထာဝရဘုရား၏ သားတော်၊ ကိုယ်ဘင် အကျွန်ရို့န ဇာ ဆိုင်ပါစာလည်း? ကိုယ်ဘင် အချိန်မတိုင်ခါပင် အကျွန်ရို့ကို ဝေဒနာ ပီးဖို့အတွက် ဒေ နေရာတို့ ကြွလာပါစာလော?”

30 ယင်းခါ သူရို့န မနီးမဝီး ဝက်အရွီကြီးတစ်ရွီ အစာစားရို့ ဟိလီရေ။

31 နတ်ဆိုးရို့စာ ယေရှုကို တောင်းပန်ကတ်လီရေ၊ “ကိုယ်ဘင် အကျွန်ရို့ကို နှင်ထုတ်ချင်ရေဆိုကေ ထိုဝက်တိဘားမာ ဝင်ဖို့အခွင့် ပီးပါ။”

32 ယေရှုစာ သူရို့ကို ပြောလီရေ၊ “ယင်းပိုင်ဆိုကေ လားလီ။” ယင်းခါ နတ်ဆိုးတိစာ ထိုလူနှစ်ယောက်က ထွက်ရို့ ဝက်တိဘားမာ ဝင်ကတ်လီရေ။ ယင်းအတွက်န ထိုဝက်တိစာ မြစ်ကမ်းနားတို့ တစ်ဟုန်တည်း ဗြီးဆင်းရို့ ရီမာ နစ်ရို့ သီလားခလီရေ။

33 ယင်းခါ ဝက်ကျောင်းသားရို့စာ ရွာတို့ ဗြီးလားရို့ ဖြစ်ပျက်ခြင်းတိကို လူရို့ဘားမာ ပြောပြကတ်လီရေ။ အရေးကြီးဆုံး ဖြစ်တေကား၊ ထိုနတ်ဆိုးကိုင်စာ လူနှစ်ယောက် အကြောင်းကို ပြောပြကတ်လီရေ။

34 ယင်းခါ ယေရှုန အတွိခံဖို့အတွက် ရွာပြတ်သား ထွက်လာကတ်လီရေ။ အရာ သူရို့စာ ယေရှုန တွိကတ်တေခါ ကိုယ်ရို့အရပ်က ထွက်လားပတ်စီအတွက် ယေရှုကို တောင်းပန်ကတ်လီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy