Online Bible

- Reklamy -


মথি লিখিত সুসমাচার 5 - Marma


တောင်ထက်မာ ယေရှု သွန်သင်ပီးခြင်း မင်္ဂလာဟိသူရို့ အကြောင်း
( လုကာ ၆:၂၀-၂၃ )

1 ယေရှုစာ လူအများကြီးကို မြင်ရေခါ တောင်တို့ တက်ရို့ ထိုင်လီရေ။ အရာ တပည့်ရို့စာ သူ့တို့ လာကတ်လီရေ။

2 ယင်းခါ သူစာ တပည့်ရို့ကို ဒေပိုင် သွန်သင်ပီးလီရေ၊

3 “စိတ်နှလုံး ဆင်းရဲသူရို့စာ မင်္ဂလာ ဟိကတ်တေ၊ အကြောင်းကား ဂေါင်းခင်နိုင်ငံတော်စာ သူရို့ နိုင်ငံ ဖြစ်တေ။

4 ဝမ်းနည်းသူရို့စာ မင်္ဂလာ ဟိကတ်တေ၊ အကြောင်းကား သူရို့စာ စိတ်အီးချမ်းသာ ရကတ်လိမည်။

5 နုညံ့ခြင်းစိတ် ဟိသူရို့စာ မင်္ဂလာ ဟိကတ်တေ၊ အကြောင်းကား သူရို့စာ ထာဝရဘုရား ဂတိခံထားစာ ပြည်ကို ရကတ်လိမည်။

6 ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့အတွက် တောင်းတသူရို့စာ မင်္ဂလာ ဟိကတ်တေ၊ အကြောင်းကား သူရို့ တောင်းတခြင်း ပြည့်စုံလိမည်။

7 လူကို သနားကြင်နာသူရို့စာ မင်္ဂလာ ဟိကတ်တေ၊ အကြောင်းကား သူရို့စာ သနားကြင်နာခြင်းကို ခံရကတ်လိမည်။

8 စိတ်နှလုံး စင်ကြယ်သူရို့စာ မင်္ဂလာ ဟိကတ်တေ၊ အကြောင်းကား သူရို့စာ ထာဝရဘုရားကို မြင်ရကတ်လိမည်။

9 လူရို့အထဲမာ ရန်ငြိမ်းအောင် လုပ်ဖို့အတွက် ကြိုးစားသူရို့စာ မင်္ဂလာ ဟိကတ်တေ၊ အကြောင်းကား သူရို့စာ ထာဝရဘုရား၏ သားသမီး ဟို့ အခေါ် ခံရကတ်လိမည်။

10 ထာဝရဘုရား၏ အလိုတော်အတိုင်း လုပ်ကိုင်ရေအတွက်န ညှဉ်းဆဲခြင်းကို ခံရသူရို့စာ မင်္ဂလာ ဟိကတ်တေ၊ အကြောင်းကား ဂေါင်းခင်နိုင်ငံတော်စာ သူရို့ နိုင်ငံ ဖြစ်တေ။

11 “နင်ရို့ ငါ့အကြောင်းန လူရို့ဘားမာ အသရေရှုတ်ချခြင်း၊ ညှဉ်းဆဲခြင်း အရာ မဟုတ်မမှန်စာ စစ်စွဲခြင်းကို ခံရရေခါ မင်္ဂလာ ဟိကတ်တေ။

12 နင်ရို့ ပျော်ကတ် အရာ ဝမ်းသာကတ်၊ အကြောင်းကား နင်ရို့အတွက် ဂေါင်းခင်ဘုံမာ မဟာဆုမြတ် ဟိရေ။ နင်ရို့ထက် အယင်က ရောက်လာလီကတ်စာ ဘုရားသတင်းပို့သူရို့ကိုလည်း လူရို့ ယင်းပိုင် ညှဉ်းဆဲလီကတ်တေ။


ဆားန အလင်းပိုင် ဖြစ်ခြင်း
( မာကု ၄:၂၁-၂၃ ၊ ၉:၅၀ ၊ လုကာ ၈:၁၆-၁၈ ၊ ၁၁:၃၃-၃၆ ၊ ၁၄:၃၄-၃၅ )

13 “နင်ရို့စာ ဒေ လောက၏ ဆားနတူကတ်တေ၊ ယေကေလည်း ဆားမာ အငန်ဓါတ် ပျက်လားခရေဆိုကေ ယင်းအငန်ဓါတ်ကို အရာတစ်ပြန် ဇာပိုင်ပျင်ရို့ ရနိုင်ဖို့သိလည်း? ထိုဆားစာ တစ်ခုပိုင်လည်း အသုံးမဝင်ဗျာ။ အရာ ထိုဆားစာ သက်သက် ပြင်တို့ ဝဲဘိုက်ခြင်းန လူရို့ အခြီန နင်းခြင်းကိုရာ ခံဖို့ထိုက်တန်ရေ။

14 “နင်ရို့စာ ဒေ လောက၏ အလင်းနတူကတ်တေ။ တောင်ထက်မာ တည်စာမြို့ကို တစ်ခါလည်း ကွယ်ရို့ မထားနိုင်။

15 ဆီမီးခွက်ကို ထွန်းရို့ တစ်ယောက်လည်း တောင်းချုပ်ရို့ မထား။ ယင်းထက်ပင် အိမ်ထဲတို့ ဝင်လာသူရို့ အလင်းကို ရကတ်ပတ်စီအတွက် ဆီမီးခွက်ကို ခုံထက်မာရာ တင်ထားရေ။

16 ယင်းပိုင်တထန် နင်ရို့စာ ကိုယ်ရို့မာ အလင်းကို လူရို့ ရှိက ထွန်းတောက်စီကတ်။ ယင်းပိုင်ဆိုကေ လူရို့စာ နင်ရို့မာ ကောင်းမြတ်စာ အလုပ်ကို မြင်ရို့ နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖ၏ ဘုန်းတန်ခိုးကို ချီမွမ်းကတ်လိမည်။


မောရှေ၏ ပညှတ်တရား အကြောင်း

17 “မောရှေ၏ ပညှတ်တရားန ဘုရားသတင်းပို့သူရို့ ရွီးထားခစာ ကျမ်းတိကို ငါ ပယ်ဘိုက်ဖို့အတွက် လာစာ ဟို့ မမှတ်ကတ်ကေ့။ ယင်းသျှင့်တိကို ပယ်ဘိုက်ဖို့အတွက် ငါ လာစာ မဟုတ်၊ ယေကေလည်း ပြည့်စုံအောင် လုပ်ဖို့အတွက် ငါ လာစာ ဖြစ်တေ။

18 ငါ နင်ရို့ကို အမှန် ပြောရေ၊ ဂေါင်းခင်န ကမ္ဘာ ဟိသရိကာလပတ်လုံး ဒေ ပညှတ်တရားအထဲက အက္ခရာသျှေတစ်လုံးလည်း ပျောက်ရမည် မဟုတ်။ ယင်းထက်ပင် ဟိသမျ ပညှတ်တရား ပြည့်စုံရဖို့။

19 ယင်းအတွက်န ဒေ ပညှတ်တရားအထဲက အသျှေဆုံး ပညှတ်ချက်တစ်ခုကို အသူမဆို ကိုယ် မလိုက်နာဘိုင်းန အခြားတစ်ယောက်ကို မလိုက်နာဖို့အတွက် သွန်သင်ပီးရေဆိုကေ ယင်းသူစာ ဂေါင်းခင်နိုင်ငံတော်မာ အားကုံးသူထက် အသျှေဆုံး ဖြစ်လိမည်။ ယေကေလည်း အသူမဆို ဒေ ပညှတ်တရားကို ကိုယ် လိုက်နာရို့ အခြားတစ်ယောက်ကိုလည်း လိုက်နာဖို့အတွက် သွန်သင်ပီးရေဆိုကေ ယင်းသူစာ ဂေါင်းခင်နိုင်ငံတော်မာ အကြီးဆုံးတစ်ယောက် ဖြစ်လိမည်။

20 အကြောင်းကား ငါ နင်ရို့ကို အမှန် ပြောရေ၊ ကျမ်းဆရာရို့န ဖာရိရှဲအဖွဲ့သားရို့ထက် နင်ရို့ အများ ရိုးသားကတ်ရဖို့။ ယင်းပိုင် မဟုတ်ဆိုကေ နင်ရို့စာ ဂေါင်းခင်နိုင်ငံတော်တို့ ဝင်ရကတ်လိမည် မဟုတ်။


အငြိုဒေါသ အကြောင်း

21 “‘လူအသက်ကို မသတ်ရ၊ လူအသက်ကို သတ်သူစာ တရားသူကြီး ရှိက တရားစစ်ဆေးခြင်းကို ခံရရေ’ ဟို့ အယင်ကခါ ငါရို့ အဖိုးအဖီးအစိုင်လာရို့ကို ပီးလီစာ ပညှတ်ချက်ကို နင်ရို့ ကြားဖူးကတ်ပျာ။

22 ယေကေလည်း ငါ နင်ရို့ကို အမှန် ပြောရေ၊ အသူမဆို ကိုယ့်ညီအစ်ကိုကို အငြိုဒေါသထားရေဆိုကေ ယင်းသူစာ တရားသူကြီး ရှိက တရားစစ်ဆေးခြင်းကို ခံရလိမည်။ အရာ အသူမဆို ကိုယ့် ညီအစ်ကိုကို ‘နင် ပညာတုံး’ ဟို့ ပြောရေဆိုကေ ယင်းသူစာ မဟာတိုင်ဘင်အဖွဲ့သားရို့ ရှိက တရားစစ်ဆေးခြင်းကို ခံရလိမည်။ အရာ အသူမဆို ကိုယ့်ညီအစ်ကိုကို ‘နင် အရူး’ ဟို့ ပြောရေဆိုကေ ယင်းသူစာ ငရဲမီးအိုင်မာ ဘိုက်ချခြင်းကို ခံရလိမည်။

23-24 “ယင်းအတွက်န နင့် ပူဇော်သက္ကာတိကို ယဇ်ပလ္လင်မာ တင်ရို့ ထာဝရဘုရားဘားမာ ပူဇော်ရေခါ နင့်မာ ညီအစ်ကိုစာ နင့်ကို ဆန့်ကျင်ရို့ စကားပြောစရာ ဟိရေ ဟို့ တွက်ရရေဆိုကေ ထိုပူဇော်သက္ကာတိကို ယဇ်ပလ္လင် ရှိက ထားဘိုက်ခရို့ လားလီ။ ပထမဆုံး နင့် ညီအစ်ကိုန ဖြေရှင်းခီအုန့်သိ၊ ယင်းပြီးခါရာ လာရို့ ထိုပူဇော်သက္ကာတိကို ပူဇော်ခလိုက်။

25 အသူမဆို နင့်ကို ဆန့်ကျင်ရို့ တရားသူကြီးဘားမာ တရားစွဲချင်ရေဆိုကေ ယင်းသူ တရားယုံးတို့ မလားခင်အယင်က နင် အယင် လားရို့ သူန ဖြေရှင်းဘိုက်ခီ။ ယင်းပိုင် မဟုတ်ဆိုကေ သူစာ နင့်ကို တရားသူကြီးဘားမာ တင်အပ်လိမည်။ တရားသူကြီး တစ်ပြန် နင့်ကို ရဲသားဘားမာ တင်အပ်လိမည်။ အရာ ရဲသားစာ နင့်ကို ထောင်မာ ထည့်လိမည်။

26 ငါ နင့်ကို အမှန် ပြောရေ၊ အယော်တန်းကား မပီးသကြား နင် တစ်ခါလည်း ထောင်က ရွတ်လိမည် မဟုတ်။


ကာမဂုဏ်အပြစ် အကြောင်း
( မဿဲ ၁၉:၉ ၊ မာကု ၁၀:၂-၁၂ ၊ လုကာ ၁၆:၁၈ )

27 “‘ကာမဂုဏ်ကို မလိုက်စားရ’ ဟို့ အယင်ကခါ ပီးလီစာ ပညှတ်ချက်ကို နင်ရို့ ကြားဖူးကတ်ပျာ။

28 ယေကေလည်း ငါ နင်ရို့ကို ပြောရေ၊ အသူမဆို မိန်းမတစ်ယောက်ကို ကိလေသာမျက်စိန ကြည့်ရေဆိုကေ သူစာ စိတ်မာ စိတ်မာ ထိုမိန်းမန ကာမဂုဏ် ပြစ်မှားရေ။

29 နင့်မာ ညာဖက်မျက်စိစာ နင့်ကို အပြစ်လမ်းတို့ ဆောင်ယူလားရေဆိုကေ ယင်းမျက်စိကို ထွတ်ရို့ ဝဲဘိုက်လိုက်။ နင့် ခန္ဓာတစ်ကိုယ်လုံး ငရဲမီးအိုင်မာ ကျရဖို့စာထက် မျက်စိတစ်လုံး ပျက်ရဖို့စာပင် နင့်အတွက် ပိုရို့ ကောင်းဖို့သိ။

30 အရာ နင့်မာ ညာဖက်အလက်စာ နင့်ကို အပြစ်လမ်းတို့ ဆောင်ယူလားရေဆိုကေ ယင်းအလက်ကို ပိုင်းရို့ ဝဲဘိုက်လိုက်။ နင့် ခန္ဓာတစ်ကိုယ်လုံး ငရဲမီးအိုင်မာ ကျရဖို့စာထက် အလက်တစ်ဖက် ပျက်ရဖို့စာပင် နင့်အတွက် ပိုရို့ ကောင်းဖို့သိ။

31 “‘အသူမဆို ကိုယ့်မယားကို ခွါရေဆိုကေ သူစာ သူ့ကို ခွါစာ ပီးရဖို့’ ဟို့ ပီးလီစာ ပညှတ်ချက်ကို နင်ရို့ ကြားဖူးကတ်ပျာ။

32 ယေကေလည်း ငါ နင်ရို့ကို ပြောရေ၊ အသူမဆို ကာမဂုဏ် ပြစ်မှားခြင်းကို ပယ်ရို့ အခြားအကြောင်းန ကိုယ့်မယားကို ခွါရေဆိုကေ သူစာ ကိုယ့်မယားကို ကာမဂုဏ် ပြစ်မှားခြင်းမာ ချရေ။ အရာ အသူမဆို ခွါဘိုက်လိုက်စာ မိန်းမကို နစပ်တေဆိုကေ သူလည်းသောက် ထိုမိန်းမန ကာမဂုဏ် ပြစ်မှားရေ။


အကျိန်သစ္စာ ကိုင်ခြင်း

33 “‘အကျိန်သစ္စာကို မဖျက်ရ၊ ယင်းထက်ပင် ထာဝရဘုရားဘားမာ ခံထားစာ ဂတိသစ္စာ အားကုံးကို နင် ပြည့်စုံအောင် လုပ်ရဖို့’ ဟို့ ပီးလီစာ ပညှတ်ချက်ကို နင်ရို့ ကြားဖူးကတ်ပျာ။

34 ယေကေလည်း ငါ နင်ရို့ကို ပြောရေ၊ နင်ရို့ အသျှင်းလည်း အကျိန်သစ္စာ မကိုင်ရ။ ဂေါင်းခင်ဘုံကို တိုင်တန်းရို့ အကျိန်သစ္စာ မကိုင်ရ၊ အကြောင်းကား ဂေါင်းခင်ဘုံစာ ထာဝရဘုရား၏ ပလ္လင်တော် ဖြစ်တေ။

35 ကမ္ဘာကို တိုင်တန်းရို့ အကျိန်သစ္စာ မကိုင်ရ၊ အကြောင်းကား ကမ္ဘာစာ ထာဝရဘုရား၏ အခြီချဖို့စာနေရာ ဖြစ်တေ။ အရာ ယေရုရှလင်မြို့ကို တိုင်တန်းရို့ အကျိန်သစ္စာ မကိုင်ရ၊ အကြောင်းကား ထိုမြို့စာ အသျှင်မင်းကြီးမြို့ ဖြစ်တေ။

36 အရာ နင်ရို့ အဂေါင်းမာ အလက်တင်ရို့ အကျိန်သစ္စာ မကိုင်ရ၊ အကြောင်းကား နင်ရို့စာ ကိုယ်ရို့မာ ဆံပင်တစ်ပင်ကိုလည်း အမဲ-အဖြူ လုပ်ဖို့ မနိုင်ကတ်။

37 ယင်းအတွက်န နင်ရို့စာ ‘ဟုတ်တေဆိုကေ ဟုတ်တေ အရာ မဟုတ်ဆိုကေ မဟုတ်’ ဟို့ ပပွင့်လလင်း ပြောကတ်။ ယင်းထက်ပိုစာ စကားတိစာ မာရ်နတ်က လာရေ။


လက်စားဆပ်ဖို့စာ အကြောင်း
( လုကာ ၆:၂၉-၃၀ )

38 “‘မျက်စိတက်စား မျက်စိ အရာ သွားတက်စား သွား’ ဟို့ ပီးလီစာ ပညှတ်ချက်ကို နင်ရို့ ကြားဖူးကတ်ပျာ။

39 ယေကေလည်း ငါ နင်ရို့ကို ပြောရေ၊ အသူမဆို နင်ရို့ကို ဆန့်ကျင်ရို့ မကောင်းလုပ်တေဆိုကေ နင်ရို့ ယင်းသူကို လက်စားမဆပ်ကတ်ကေ့။ ယင်းထက်ပင် အသူမဆို နင့် ညာဖက်ပါးကို သတ်တေဆိုကေ ဘယ်ဖက်ပါးကိုလည်း သတ်ပတ်စီ လှည့်ပီးလိုက်။

40 အသူမဆို နင့် အင်္ကျီကို ယူဖို့အတွက် တရားစွဲချင်ရေဆိုကေ ယင်းသူကို နင့် ကိုယ်ရုံကိုလည်း ချွတ်ပီးလိုက်။

41 အသူမဆို နင့်ကို အားဒမ သူ့ဝန်ထုပ်ကို ရွက်ရို့ တစ်မိုင်ခရီးတိုင်အောင် လားဖို့ ခိုင်းရေဆိုကေ နင် ယင်းသူနအတူ နှစ်မိုင်ခရီးတိုင်အောင် လားလီ။

42 အရာ အသူမဆို နင့်က တစ်ခုမသာ တောင်းရေဆိုကေ နင် သူ့ကို ထုတ်ပီးလိုက်၊ အရာ အသူမဆို နင့်က တစ်ခုမသာ ချီးငှားရေဆိုကေ နင် ယင်းသူကို မငြင်းဘိုင်းန ထုတ်ပီးလိုက်။


ရန်သူကို ချစ်ရဖို့စာ အကြောင်း
( လုကာ ၆:၂၇-၂၈ ၊ ၆:၃၂-၃၆ )

43 “‘နင့် အိမ်နားပါးသားကို ချစ်ရဖို့ အရာ နင့် ရန်သူကို မုန်းရဖို့’ ဟို့ ပီးလီစာ ပညှတ်ချက်ကိုလည်း နင်ရို့ ကြားဖူးကတ်ပျာ။

44 ယေကေလည်း ငါ နင်ရို့ကို ပြောရေ၊ နင်ရို့စာ ကိုယ်ရို့မာ ရန်သူရို့ကိုလည်း ချစ်ကတ် အရာ နင်ရို့ကို ညှဉ်းဆဲသူရို့အတွက် ထာဝရဘုရားဘားမာ ဆုတောင်းပီးကတ်။

45 ယင်းပိုင်ဆိုကေ နင်ရို့စာ နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖ၏ သားသမီး ဖြစ်ကတ်လိမည်။ ထာဝရဘုရားစာ လူဆိုး-လူကောင်း အားကုံးသူကို နီအလင်းရောင် ပီးရေ အရာ ရိုးသားသူ-မရိုးသားသူ အားကုံးသူကို မိုးချပီးရေ။

46 နင်ရို့စာ သက်သက် ကိုယ်ရို့ကို ချစ်သူရို့ကိုရာ ချစ်ကတ်တေဆိုကေ နင်ရို့ ဇာ ဆုကို ရကတ်ဖို့စာလည်း? ဖန်ဒါကောက်သမားရို့လည်း ယင်းပိုင် လုပ်နီကတ်တေ။

47 အရာ နင်ရို့စာ သက်သက် ကိုယ့်လူရို့ကိုရာ နှုတ်ဆက်ကတ်တေဆိုကေ အခြားလူရို့ထက် ဇာပိုင် ခွဲခြားမှု ဟိရေလည်း? ထာဝရဘုရားကို မသိသူရို့လည်း ယင်းပိုင် လုပ်နီကတ်တေ။

48 ယင်းအတွက်န ငါ ပြောမည်၊ နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖ အပြည့်အစုံ စင်ကြယ်စာပိုင် နင်ရို့လည်း အပြည့်အစုံ စင်ကြယ်ကတ်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy