Online Bible

- Reklamy -


মথি লিখিত সুসমাচার 4 - Marma


ယေရှုကို အပြစ်မာ ချဖို့ ကြိုးစားခြင်း
( မာကု ၁:၁၂-၁၃ ၊ လုကာ ၄:၁-၁၃ )

1 ယင်းနောက် မာရ်နတ် ယေရှုကို အပြစ်မာ ချဖို့ ကြိုးစားပတ်စီအတွက် သန့်ရှင်းသောဝိညာဉ်တော်စာ ယေရှုကို သဲကန္တာရတောပြင်တို့ ယူလားခလီရေ။

2 သဲကန္တာရတောပြင်မာ ရက်ပေါင်း လေးဆယ်ပတ်လုံး အစားရှောင်ရို့ ပြီးရေခါ သူစာ အဝမ်းဆာလီရေ။

3 ယင်းခါ မာရ်နတ်စာ လာရို့ သူ့ကို ပြောလီရေ၊ “နင် အမှန် ထာဝရဘုရား၏ သားတော် ဖြစ်တေဆိုကေ ဒေ ကျောက်လုံးတိကို ပေါင်မုန့် ဖြစ်လတ်အောင် အာဏာချလိုက်။”

4 ယေကေလည်း ယေရှုစာ အဖြေပီးလီရေ၊ “‘လူစာ သက်သက် ပေါင်မုန့် စားရို့ အသက်မရှင်၊ ယေကေလည်း ထာဝရဘုရား၏ ဟိသမျ စကားတော်နရာ အသက်ရှင်ရေ’ ဟို့ ကျမ်းစာမာ ရွီးရို့ ဟိရေ။”

5 ယင်းနောက် မာရ်နတ်စာ ယေရှုကို သန့်ရှင်းစာ ယေရုရှလင်မြို့တို့ ဆောင်ယူလားခလီရေ အရာ သူ့ကို ဝိပဿနာကျောင်းထိပ်ဖျားမာ ရပ်စီလီရေ။

6 အရာ သူစာ ယေရှုကို ပြောလီရေ၊ “နင် အမှန် ထာဝရဘုရား၏ သားတော် ဖြစ်တေဆိုကေ အထက်ကနီရို့ အောက်တို့ ခုံဆင်းပြ၊ အကြောင်းကား၊ ‘နင့်ကို ကာကွယ်ဖို့အတွက် ထာဝရဘုရားစာ ကိုယ့်ဂေါင်းခင်နတ်သားရို့ကို အာဏာချလိမည်၊ အရာ နင့်မာ အခြီ ကျောက်လုံးမာ အက်ကျရို့ အနာမရလတ်အောင် သူရို့စာ နင့်ကို အလက် ခံထားကတ်လိမည်’ ဟို့ ကျမ်းစာမာ ရွီးရို့ ဟိရေ။”

7 ယင်းခါ ယေရှုစာ မာရ်နတ်ကို ပြောလီရေ၊ “‘နင် ကိုယ့်အသျှင်ထာဝရဘုရားကို မစုံစမ်းကေ့’ ဟို့လည်း ကျမ်းစာမာ ရွီးရို့ ဟိရေ။”

8 အရာတစ်ပြန် မာရ်နတ်စာ ယေရှုကို ကောင်းကောင်း တောင်အမြင့်ကြီး တစ်တောင်တို့ ဆောင်ယူလားခလီရေ အရာ လောကမာ ဟိသမျ တိုင်းနိုင်ငံတိန ပစ္စည်း-ဥစ္စာတိကို ပြရို့ ပြောလီရေ၊

9 “နင် ငါ့ကို ဒူးထောက်ရို့ ရှိခိုးရေဆိုကေ အရာ ငါ့ကို အသျှင် ဖြစ်တေ ဟို့ ဝန်ခံရေဆိုကေ ဒေ ဟိသမျ အားကုံးကို ငါ နင့်ကို ပီးဖို့။”

10 ယင်းခါ ယေရှုစာ သူ့ကို ဟောက်ရို့ ပြောလီရေ၊ “အဝေး မာရ်နတ်၊ ဒေဂု ငါ့နိုင်ဗြင်းက ပျောက်လီ! အကြောင်းကား၊ ‘နင် သက်သက် နင့် အသျှင်ထာဝရဘုရားကိုရာ ရှိခိုးရဖို့၊ အရာ သူတစ်ပါးတည်းကိုရာ ဝတ်ပြုကိုးကွယ်ရဖို့’ ဟို့ ကျမ်းစာမာ ရွီးရို့ ဟိရေ။”

11 ယင်းခါ မာရ်နတ်စာ ယေရှုကို ထားရို့ လားခလီရေ၊ အရာ ဂေါင်းခင်နတ်သားရို့စာ လာရို့ ယေရှုကို ကျွေးမွေးပြုဇုကတ်လီရေ။


ယေရှု သာသနာပြုဖို့ စခြင်း
( မာကု ၁:၁၄-၁၅ ၊ လုကာ ၄:၁၄-၁၅ )

12 ယင်းနောက် ယေရှုစာ ရီနှစ်မင်္ဂလာပီးသူ ယောဟန် အဖမ်းခံရေဆိုစာကို ကြားလီရေခါ ဂါလိလဲပြည်နယ်တို့ ကြွလီရေ။

13 အရာ သူစာ နာဇရက်မြို့သျှေက ထွက်ရို့ ဂါလိလဲမြစ်ကမ်းနားမာဟိစာ ကပေရနောင်မြို့သျှေတို့ လားရို့ နီလီရေ။ ကပေရနောင်မြို့သျှေစာ ဇာဗုလုန်အရပ်န နဿလိအရပ်မာ ဟိလီရေ။

14 ဘုရားသတင်းပို့သူ ဟေရှာယ ဟောပြောခစာ စကားတိ ပြည့်စုံဖို့အတွက် ဒေပိုင် ဖြစ်ပျက်လာစာ ဖြစ်တေ။ ဟေရှာယစာ ဟောပြောခလီရေ၊

15-16 “အမိုက်မှောင်ထဲမာ ဟိသူရို့စာ မဟာအလင်းကို မြင်ရကတ်ပျာ၊ အရာ သီခြင်းတရား၏ အရိပ်အောက်မာ ဟိသူရို့ဘားမာ အလင်းရောင် ကျရောက်ပျာ။ ထိုလူရို့စာ ဇာဗုလုန်အရပ်၊ နဿလိအရပ်၊ မြစ်ကမ်းနားတစ်သျှောက်လုံး၊ ယော်ဒန်ချောင်းအနောက်ကမ်း၊ အရာ ယုဒမဟုတ်သူရို့ ဟိကတ်စာ ဂါလိလဲပြည်နယ်မာ နီထိုင်ကတ်တေ။”

17 ယင်းချိန်ကပင်စရို့ ယေရှုစာ ဒေပိုင် ဟောပြောလီရေ၊ “ကိုယ်ဘင်ရို့ အပြစ်က စိတ်လှည့်ရို့ လာကတ်ဖိ၊ အကြောင်းကား ဂေါင်းခင်နိုင်ငံတော် အပါးမာ ရောက်နီဗျာ။”


ပထမ တပည့် ရွီးကောက်ခြင်း
( မာကု ၁:၁၆-၂၀ ၊ လုကာ ၅:၁-၁၁ )

18 တစ်ရက်နိ ယေရှုစာ ဂါလိလဲမြစ်ကမ်းနားအနှူး သျှောက်ရို့ ကြွလီရေ။ ယင်းခါ ရှိမုန်-ပေတရုန သူ့မာ ညီအန္ဒြေကို တွိလီရေ။ သူရို့စာ မြစ်မာ ပိုက်တန်းရို့ ဟိကတ်လီရေ၊ အကြောင်းကား သူရို့ နှစ်ယောက်စာ ပိုက်သမား ဟိကတ်လီရေ။

19 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ငါ့နောက်က လိုက်ကတ်။ ငါ နင်ရို့ကို လူဆွယ်သမား ပိုက်သေ လုပ်မည်။”

20 ယင်းခါ ချက်ချင်း သူရို့စာ ပိုက်တိကို ထားဘိုက်ခရို့ ယေရှု နောက်က လိုက်ကတ်လီရေ။

21 ယင်းနောက် ယေရှုစာ ယင်းနေရာကနီရို့ အရာတစ်ဖဲ့ ရှိတို့ ကြွရေခါ ဇေဗေဒဲမာသား ယာကုပ်န ယောဟန်ကို တွိလီရေ။ သူရို့ညီအစ်ကို နှစ်ယောက်စာ ကိုယ်ရို့ အဖနအတူ လောင်းမာ ထိုင်ရို့ ပိုက်ကို အဆင်သင့် လုပ်ရို့ ဟိကတ်လီရေ။ ယင်းခါ ယေရှုစာ သူရို့ ညီအစ်ကို နှစ်ယောက်ကိုလည်း ခေါ်လီရေ။

22 ယင်းခါ ချက်ချင်း သူရို့စာ ကိုယ်ရို့လောင်းန အဖကို ထားဘိုက်ခရို့ ယေရှု နောက်က လိုက်ကတ်လီရေ။


အမျိုးမျိုး ရောဂါသေရို့ကို အကောင်းလုပ်ခြင်း
( လုကာ ၆:၁၇-၁၉ )

23 ယင်းနောက် ယေရှုစာ ဂါလိလဲပြည်နယ်မာ ဟိသမျ နေရာမာ လည်ရို့ ယုဒလူမျိုးရို့ တရားဇရပ်တိမာ သွန်သင်ပီးလီရေ အရာ ဂေါင်းခင်နိုင်ငံတော်၏ သတင်းကောင်းကို ဟောပြောလီရေ။ ယင်းသျှင့်ကိုအပယ် သူစာ လူရို့မာ ဟိသမျ ရောဂါတိကို ကောင်းအောင် လုပ်လီရေ။

24 ယင်းအတွက်န ယေရှု အကြောင်းကို ရှုရိပြည်နယ် တစ်လုံးသား ကြားရကတ်လီရေ။ ယင်းခါ လူရို့စာ ဟိသမျ ရောဂါသေရို့ကို ယူရို့ ယေရှုတို့ လာကတ်လီရေ။ ထိုရောဂါသေရို့စာ အမျိုးမျိုး ရောဂါစွဲပြီးကေ ဝေဒနာကို ခံရသူရို့၊ နတ်ဆိုးကိုင်သူရို့၊ ဝက်ရူးနာစွဲသူရို့ အရာ တစ်စိတ်နာရောဂါသေရို့ ဖြစ်ကတ်တေ။ ယေရှုစာ သူရို့ အားကုံးသူကို အကောင်း လုပ်လီရေ။

25 အရာ လူအများကြီး ယေရှု နောက်က လိုက်ကတ်လီရေ။ ထိုလူရို့စာ ဂါလိလဲပြည်နယ်၊ ဒေကာပေါလိပြည်နယ်၊ ယေရုရှလင်မြို့၊ ယုဒပြည်နယ် အရာ ယော်ဒန်ချောင်းကမ်းတစ်ဖက်က လာကတ်စာ လူရို့ ဖြစ်ကတ်တေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy