Online Bible

- Reklamy -


মথি লিখিত সুসমাচার 24 - Marma


ဝိပဿနာကျောင်း ပျက်စီးဖို့စာ အကြောင်း
( မာကု ၁၃:၁-၂ ၊ လုကာ ၂၁:၅-၆ )

1 ယေရှု ဝိပဿနာကျောင်းက ထွက်ရို့ ကြွရေခါ တပည့်ရို့စာ ဝိပဿနာကျောင်းမာ အဆင့်တိကို ပြဖို့အတွက် သူ့တို့ လာကတ်လီရေ။

2 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ကား ဒေသျှင့်တိကိုရာ မြင်ကတ်တေ။ ယေကေလည်း ငါ နင်ရို့ကို အမှန် ပြောရေ၊ နောက်က ဒေ ဝိပဿနာကျောင်းမာ ကျောက်လုံးတစ်လုံးအထက်က တစ်လုံးတင်ရို့ ဟိဖို့ မဟုတ်ပျာ၊ ဟိသမျ အားကုံး အဖြိုချခံရဖို့။”


ကမ္ဘာကုန်ဆုံးရေနိမာ ဖြစ်ပျက်လာဖို့စာ အကြောင်း
( မာကု ၁၃:၃-၁၃ ၊ လုကာ ၂၁:၇-၁၉ )

3 ယင်းနောက် ယေရှုစာ သံလွင်တောင်ထက်မာ တက်ရို့ ထိုင်လီရေ။ ယင်းခါ တပည့်ရို့ သက်သက် သူ့တို့ လာရို့ မီးကတ်လီရေ၊ “အသျှင် ကိုယ်တော် အကျွန်ရို့ကို ပြောပါ၊ ထို ဟိသမျ အားကုံးစာ ဇာခါ ဖြစ်ပျက်လာပါဖို့စာလည်း? အရာ ကိုယ်တော် ကြွလာဖို့စာအချိန်န ဒေ ကမ္ဘာကုန်ဆုံးဖို့စာအချိန် ရောက်လာဗျာဆိုစာကို အကျွန်ရို့ ဇာ နိမိတ်လက္ခဏာကို မြင်ရို့ သိရပါဖို့စာလည်း?”

4 ယေရှုစာ သူရို့ကို အဖြေပီးလီရေ၊ “နင်ရို့ကို တစ်ယောက်လည်း လိမ်ဖို့ မရလတ်အောင် နင်ရို့ သတိထားကတ်။

5 ငါ နင်ရို့ကို ဒေ စကားတိကို ပြောစာအကြောင်းကား လူအများကြီး ငါ့နာမည်န လာရို့၊ ‘ငါ ခရစ်တော် ဖြစ်တေ’ ဟို့ ပြောပြီးကေ လူအများကြီးကို လိမ်ကတ်လိမည်။

6 နင်ရို့စာ စစ်တိုက်စာအသံန စစ်တိုက်စာသတင်းကို ကြားရကတ်လိမည်။ ယေကေလည်း သတိထားကတ်! နင်ရို့ မကြောက်လီကတ်ကေ့၊ အကြောင်းကား အမှန် ထို ဟိသမျ အားကုံး ဖြစ်ပျက်လာဖို့၊ ယေကေလည်း ကမ္ဘာကုန်ဆုံးဖို့စာအချိန် ရောက်ဖို့ မဟုတ်သိ။

7 လူမျိုးတစ်မျိုးန တစ်မျိုး အရာ တစ်ပြည်န တစ်ပြည် စစ်တိုက်ကတ်လိမည်။ အရပ်အရပ်မာ ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လိမည် အရာ ငယင်ကြီးလုတ်လိမည်။

8 ယေကေလည်း ထိုသားမွီးဖွားစာ ဝေဒနာတိစာ စရေသိ။

9 ယင်းအချိန်ခါ လူရို့စာ နင်ရို့ကို ညှဉ်းဆဲဖို့အတွက်န အသီသတ်ဖို့အတွက် ဖမ်းပီးကတ်လိမည်။ အရာ နင်ရို့ ငါ့တပည့် ဖြစ်ကတ်တေအတွက်န ဟိသမျ လူမျိုးရို့စာ နင်ရို့ကို မုန်းကတ်လိမည်။

10 ယင်းအချိန်ခါ လူအများကြီး ကိုယ်ရို့မာ ကျုံခြင်းတရားကို စွန့်ကတ်လိမည်၊ တစ်ယောက်ကို တစ်ယောက် မုန်းကတ်လိမည် အရာ သစ္စာဖေါက်ကတ်လိမည်။

11 အယောင်ဆောင် ဘုရားသတင်းပို့သူ အများကြီး ရောက်လာကတ်လိမည် အရာ သူရို့စာ လူအများကြီးကို လိမ်ကတ်လိမည်။

12 လူဆိုးလူယုတ် များလာရေအတွက်န လူရို့မာ ချစ်ခြင်းမေတ္တာ ကင်းကတ်လိမည်။

13 ယေကေလည်း အဆုံးတိုင်အောင် တတိုင်းမမြိုင်းနီသူစာ ကယ်တင်ခြင်းကို ရလိမည်။

14 အရာ ဂေါင်းခင်နိုင်ငံတော်၏ အကြောင်း သတင်းကောင်းစာ ကမ္ဘာတစ်လုံးမာ ပြန့်ကျယ်လိမည် အရာ ဟိသမျ လူမျိုးရို့စာ ထိုသတင်းကောင်းကို ကြားရကတ်လိမည်။ ယင်းပြီးခါရာ ကမ္ဘာကုန်ဆုံးဖို့စာအချိန် ရောက်လာလိမည်။


ယေရုရှလင်မြို့ ပျက်စီးဖို့စာ အကြောင်း
( မာကု ၁၃:၁၄-၂၃ ၊ လုကာ ၂၁:၂၀-၂၄ )

15 “ယင်းခါ ဘုရားသတင်းပို့သူ ဒံယေလကနီရို့ ဟောပြောခစာ ဖျက်စီးတတ်စာ ရွန်စရာကို သန့်ရှင်းစာနေရာမာ ရပ်တည်ရို့ ဟိစာကို နင်ရို့ မြင်ရကတ်လိမည်။ (ဒေ ကျမ်းချက်ကို ဖတ်ဖူးသူစာ ကျမ်းချက်အဓိပ္ပါယ်ကို နားလည်စီ)။

16 ယင်းအချိန်ခါ ယုဒပြည်နယ်မာ ဟိသူရို့ တောင်တန်းနယ်တို့ ထွက်ဗြီးလီကတ်။

17 အရာ အိမ်ခေါင်ထက်မာ တက်ရို့ ဟိသူစာ ဝန်ဆန်ထုတ်ယူခဖို့အတွက် အောက်တို့ ဆင်းလာရို့ အိမ်ထဲတို့ မဝင်လီကေ့။

18 လယ်ပြင်မာ အလုပ်လုပ်နီသူစာ ကိုယ်ရုံ ယူဖို့အတွက် အိမ်တို့ ပြန်မလာလီကေ့။

19 ယင်းခါ ကိုယ်ဝန်သေမရို့န အသျှေကို ရင်ခွင်တင်ရို့ နို့တိုက်နီစာ မိန်းမရို့စာ ကောင်းကောင်း ကြောက်လန့်စရာ ဖီးဒုက္ခမာ ကျကတ်လိမည်!

20 ဆောင်းရာသီန သတင်းနိမာ နင်ရို့ ထွက်ဗြီးဖို့ မကျလတ်အောင် ဆုတောင်းကတ်။

21 အကြောင်းကား ကမ္ဘာစရေလှောက်ကပင် ဒေဂုတိုင်အောင် တစ်ခါလည်း မကျရောက်သိစာ ကြောက်လန့်စရာ ဖီးဒုက္ခ ကျရောက်လာလိမည်။ ဒေပိုင် ဖီးဒုက္ခ နောက်အနာဂါတ်မာ အရာတစ်ခါလည်း ကျရောက်လိမည် မဟုတ်။

22 ထိုနိရက်တိကို ထာဝရဘုရား တိုအောင် မလုပ်လီဆိုကေ တစ်ယောက်လည်း အသက်ရှင်လီကတ်ဖို့ မဟုတ်။ ယေကေလည်း ထာဝရဘုရားစာ ကိုယ် ရွီးကောက်ထားသူရို့အတွက် ထိုနိရက်တိကို တိုအောင် လုပ်လိမည်။

23 “ယင်းအချိန်ခါ အသူမဆို၊ ‘ကြည့်၊ ခရစ်တော် ဒေမာ ဟိရေ၊’ မဟုတ်ကေ ‘ထိုမာ ဟိရေ’ ဟို့ နင်ရို့ကို ပြောရေဆိုကေ နင်ရို့ မကျုံလီကတ်ကေ့။

24 အကြောင်းကား အယောင်ဆောင် ခရစ်တော်န အယောင်ဆောင် ဘုရားသတင်းပို့သူ အများကြီး ရောက်လာကတ်လိမည်။ အရာ သူရို့စာ ဖြစ်နိုင်ရေဆိုကေ ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရသူရို့ကိုလည်း လိမ်ဖို့ ရလတ်အောင်အတွက် အကြီးအကျယ် အံ့ဩဖွယ်အလုပ်န နိမိတ်လက္ခဏာအလုပ်တိကို လုပ်ရို့ ပြကတ်လိမည်။

25 သတိထားကတ်! ထို ဟိသမျ အားကုံး မဖြစ်ပျက်ခင်အယင်ကပင် ငါ နင်ရို့ကို ပြောထားလိုက်ယ။

26 “ယင်းအတွက်န အသူမဆို၊ ‘ခရစ်တော် သဲကန္တာရတောပြင်မာ ဟိရေ’ ဟို့ နင်ရို့ကို ပြောရေဆိုကေ နင်ရို့ ပြင်တို့ ထွက်ရို့ မလိုက်လီကတ်ကေ့။ အရာ အသူမဆို၊ ‘ခရစ်တော် အိမ်ထဲမာ ဟိရေ’ ဟို့ ပြောရေဆိုကေ နင်ရို့ မကျုံလီကတ်ကေ့။

27 အရှိဖက်ကနီရို့ အနောက်ဖက်တိုင်အောင် လျှပ်ပြက်တေခါ ဂေါင်းခင်မာ အရောင်ချင်းရေ။ ယင်းပိုင်တထန် မနုသသားတော် ကြွလာရေခါလည်း အရောင်ချင်းလိမည်။

28 အသီကောင် ဟိစာနေရာမာ င်းတတိ လာရို့ စုကတ်လိမည်။


မနုသသားတော် ဇာပိုင် ကြွလာဖို့လည်း?
( မာကု ၁၃:၂၄-၂၇ ၊ လုကာ ၂၁:၂၅-၂၈ )

29 “ထိုဒုက္ခ-ဝေဒနာကို ခံရပြီးရေချက်ချင်း နီစာ မှောင်မိုက်လိမည်၊ လစာ အလင်း ပီးလိမည် မဟုတ်ပျာ အရာ ကြယ်တိလည်း ဂေါင်းခင်က ကြွီကျလိမည်။ ဂေါင်းခင်မာ ထို ဟိသမျ အားကုံး တစ်နေရာမာတည်းမာ ဟိဖို့ မဟုတ်ပျာ။

30 ယင်းအချိန်ခါ မနုသသားတော် ကြွလာဖို့စာ နိမိတ်လက္ခဏာစာ ဂေါင်းခင်မာ ပေါ်လာလိမည်။ ယင်းသျှင့်ကို မြင်ရို့ ကမ္ဘာမာ ဟိသမျ လူရို့စာ ဝမ်းနည်းရို့ ငိုကတ်လိမည်။ အရာ သူရို့စာ မနုသသားတော်ကို မဟာဘုန်းတန်ခိုးကို ဆောင်ပြီးကေ မိုးရိပ်ထက်မာ တက်ရို့ ကြွလာစာကို မြင်ရကတ်လိမည်။

31 အရာ သူစာ ကျယ်နိုင်သရိ ဘောမှုတ်စာအသံန ကိုယ့်ဂေါင်းခင်နတ်သားရို့ကို ကမ္ဘာတို့ ရွှတ်လိုက်လိမည်။ ယင်းခါ ထိုဂေါင်းခင်နတ်သားရို့စာ ကမ္ဘာအရပ်လေးမျက်နှာမာဟိစာ သူ၏ ရွီးကောက်ခြင်းကို ခံရကတ်စာ ဟိသမျ လူရို့ကို တစ်နေရာတည်းမာ စုကတ်လိမည်။


သဖန်းပင်ကို ကြည့်ရို့ သင်ယူဖို့စာ အကြောင်း
( မာကု ၁၃:၂၈-၃၁ ၊ လုကာ ၂၁:၂၉-၃၃ )

32 “နင်ရို့ သဖန်းပင်ကို ကြည့်ရို့ သင်ယူကတ်။ သဖန်းပင်အခက်အလက်တိမာ ရွက်နုဆင်ရေခါ နီရာသီတက်လာဗျာဆိုစာကို နင်ရို့ သိရကတ်တေ။

33 ယင်းပိုင်တထန် ထို ဟိသမျ ဖြစ်ပျက်ခြင်းတိကို မြင်ရကတ်တေခါ မနုသသားတော် ကြွလာဖို့စာအချိန် ပါးဗျာဆိုစာကို၊ ယင်းထက်မက လမ်းခဝနားမာ ရောက်နီဗျာဆိုစာကို နင်ရို့ သိရကတ်လိမည်။

34 ငါ နင်ရို့ကို အမှန် ပြောရေ၊ ဒေခိုက်မာ လူရို့ မသီခင်အယင်က ထို ဟိသမျ အားကုံး ဖြစ်ပျက်လာလိမည်။

35 ဂေါင်းခင်န ကမ္ဘာကုန်ဆုံးကေလည်းသောက် ငါ့စကားတိ ထာဝရပတ်လုံး ဟိလိမည်။


မနုသသားတော် ဇာ အချိန်မာ ကြွလာဖို့လည်း?
( မာကု ၁၃:၃၂-၃၇ ၊ လုကာ ၁၇:၂၅-၃၆ )

36 “ထိုအချိန်န ထိုနိရက်ကို တစ်ယောက်လည်း မသိကတ် အရာ သားတော်န ဂေါင်းခင်နတ်သားရို့လည်း မသိကတ်၊ ယေကေလည်း အဖ တစ်ပါးတည်းရာ သိရေ။

37 နောဧလက်ထက်ခါ ဖြစ်ပျက်လီစာပိုင် မနုသသားတော် ကြွလာရေအချိန်မာလည်း ယင်းပိုင်တထန် ဖြစ်လိမည်။

38 ရီမင်းမကြီးခင်နိရက်အယင်က နောဧရို့ အိမ်သား သင်္ဘောမာ မတက်သကြား လူရို့စာ စားသောက်ကတ်လီရေ၊ အိမ်ထောင်ပြုကတ်လီရေ အရာ သားသမီးရို့ကို အိမ်ထောင်ချကတ်လီရေ။

39 သူရို့ အားကုံးသူ ရီမင်းကြီးရာမာ မပါသကြား တစ်ခုလည်း မသိရကတ်လီ။ မနုသသားတော် ကြွလာရေအချိန်မာလည်း ယင်းပိုင်တထန် ဖြစ်ပျက်လိမည်။

40 ယင်းခါ လယ်ပြင်မာ အလုပ်လုပ်နီစာ လူနှစ်ယောက်အထဲက တစ်ယောက်ကို ထားဘိုက်ခရို့ အခြားတစ်ယောက်ကို တင်ယူလိမည်။

41 အရာ ဆုံမာ စပါးထောင်းနီစာ မိန်းမနှစ်ယောက်အထဲက တစ်ယောက်ကို ထားဘိုက်ခရို့ အခြားတစ်ယောက်ကို တင်ယူလိမည်။

42 ယင်းအတွက်န နင်ရို့ သတိနနီကတ်၊ အကြောင်းကား နင်ရို့မာ အသျှင် ဇာနိဇာရက်မာ ကြွလာဖို့လည်းဆိုစာကို နင်ရို့ မသိကတ်။

43 ယေကေလည်း နင်ရို့ မှတ်ထားကတ်၊ အိမ်သျှင်စာ သူခိုး ဇာခါ လာဖို့လည်းဆိုစာကို သိဖို့ဆိုကေ မအိပ်ဘိုင်းန စောင့်နီဖို့ အရာ သူခိုးကို ကိုယ့်အိမ်တို့ ဝင်စီဖို့ မဟုတ်။

44 ယင်းအတွက်န နင်ရို့လည်း အဆင်သင့်နီကတ်၊ အကြောင်းကား မနုသသားတော်စာ နင်ရို့ မစဉ်းစားဘိုင်းန နီစာအချိန်မာ ကြွလာလိမည်။


ကျွန်နှစ်ယောက် ပုံဥပမာ
( လုကာ ၁၂:၄၁-၄၈ )

45 “အခြားကျွန်ရို့ကို အချိန်တိုင်း အစားအစာ ပီးဖို့အတွက် ကိုယ့်အပိုင်သျှင်က တာဝန် ရလီစာ သစ္စာန အလိမ္မာဟိစာ ကျွန် အသူလည်း?

46 ကိုယ့်အပိုင်သျှင် ရောက်လာရေခါ ကိုယ့်တာဝန်ကို သစ္စာန ထန်းဆောင်ရို့ တွိဖို့စာ ကျွန်စာ မင်္ဂလာဟိရေ။

47 ငါ နင်ရို့ကို အမှန် ပြောရေ၊ အပိုင်သျှင်စာ ကိုယ့်မာ ဟိသမျ အမွီဥစ္စာကို ကြည့်ရှုစောင့်သျှောက်ဖို့အတွက် ထိုကျွန်ကို တာဝန် ပီးလိမည်။

48-50 ယေကေလည်း ကိုင်လိုက်ဖိ၊ ထိုကျွန်စာ အယုတ် အရာ စိတ်မာ စိတ်မာ၊ ‘ငါ့အပိုင်သျှင် ပြန်လာဖို့ ကြာဖို့သိ’ ဟို့ ပြောရေဆိုကေ၊ ယင်းအတွက်န သူစာ ကိုယ့်အဖက်သား ကျွန်ရို့ကို ဘုတ်တေဆိုကေ အရာ အရက်သမားရို့နအတူ ထိုင်ရို့ စားသောက်တေဆိုကေ၊ ထိုကျွန် သတိမထား-မသိစာအချိန်န နိရက်မာ သူ့အပိုင်သျှင် ရောက်လာလိမည်။

51 ယင်းခါ အပိုင်သျှင်စာ သူ့ကို အတိုက် အတိုက် စိုင်းရို့ အယောင်ဆောင်ရို့ကို ဘိုက်ချဖို့စာနေရာတို့ ဘိုက်ချလိမည်။ ယင်းနေရာမာ လူရို့စာ ဝေဒနာကို ခံရရေအတွက်န သွားချင်းသွား ကြိတ်ပြီးကေ အော်ရို့ ငိုကတ်လိမည်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy