Online Bible

- Reklamy -


মথি লিখিত সুসমাচার 22 - Marma


လက်ဆောင်ပွဲ ပုံဥပမာ
( လုကာ ၁၄:၁၅-၂၄ )

1 ယင်းနောက် ယေရှုစာ ထိုဘာသာရေး ဂေါင်းဆောင်ရို့ကို သွန်သင်ပီးဖို့အတွက် အရာတစ်ခု ပုံဥပမာ တင်ပြလီရေ၊

2 “ဂေါင်းခင်နိုင်ငံတော်စာ ကိုယ့်သားအတွက် လက်ဆောင်ပွဲကို အဆင်သင့် လုပ်ထားစာ မင်းတစ်ပါးနတူရေ။

3 ထိုမင်းစာ ယင်းလက်ဆောင်ပွဲမာ ပွဲစားခေါ်ထားသူရို့ကို ခေါ်ယူခဖို့အတွက် ကိုယ့်ကျွန်ရို့ကို ရွှတ်လိုက်လီရေ၊ ယေကေလည်း လူရို့စာ လာဖို့ မလိုကတ်လီ။

4 ယင်းခါ သူစာ အရာတစ်ပြန် ပွဲစားခေါ်ထားသူရို့တို့ အခြားကျွန်ရို့ကို ဒေပိုင် ပြောရို့ ရွှတ်လိုက်လီရေ၊ ‘ကြည့်ကတ်၊ နွားတွီးကြီးန တတုံ့ဖဖျို့ နွားသျှေတိကို လှီးရို့ ငါ စားပွဲ အဆင်သင့် လုပ်ထားဗျာ။ ဒေဂု အားကုံးစာ အဆင်သင့် ဖြစ်ပျာ၊ ကိုယ်ဘင်ရို့ လာကတ်ဖိ။’

5 ယေကေလည်း ပွဲစားခေါ်ထားသူရို့စာ ထိုကျွန်ရို့ စကားကို နားမထောင်ဘိုင်းန တစ်ယောက် ကိုယ့်လယ်တို့ လားခလီရေ အရာ တစ်ယောက် ကိုယ့်အလုပ်တို့ လားခလီရေ။

6 အရာ ကျန်သူရို့ အားကုံးသူ ထိုကျွန်ရို့ကို ဖမ်းရို့ အသရေရှုတ်ချကတ်လီရေ အရာ ညှဉ်းဆဲရို့ အသီသတ်ကတ်လီရေ။

7 ယင်းခါ မင်းစာ ကောင်းကောင်း မန်တက်လီရေ။ ယင်းအတွက်န သူစာ ကိုယ့်စစ်သရွဲရို့ကို ရွှတ်လိုက်ရို့ ထိုလူသတ်သမားရို့ကို ဖျက်စီးဘိုက်လိုက်လီရေ အရာ သူရို့ နီထိုင်စာ မြို့ကိုလည်း မီးတိုက်ဘိုက်လီရေ။

8 ယင်းနောက် သူစာ ကိုယ့်ကျွန်ရို့ကို ပြောလီရေ၊ ‘စားပွဲ အားကုံးစာ အဆင်သင့် ဖြစ်ပျာ၊ ယေကေလည်း ပွဲစားခေါ်ထားသူရို့စာ ဒေ စားပွဲကို စားဖို့ မထိုက်တန်ကတ်။

9 ယင်းအတွက်န နင်ရို့ လမ်းတိမာ လားရို့ တွိစာလူတစ်ယောက်မကျန်ကို ဒေ စားပွဲတို့ ခေါ်ယူခကတ်။’

10 ယင်းခါ ထိုကျွန်ရို့စာ လမ်းခွဆုံတိုင်းမာ လားရို့ လူဆိုး-လူကောင်း လူတစ်ယောက်မကျန်ကို ခေါ်ယူခကတ်လီရေ။ ယင်းခါ လက်ဆောင်ပွဲ ချစာအိမ်မာ အာဂန္တု တတင်းပြည့်လားခလီရေ။

11-12 “ယင်းနောက် မင်းစာ အာဂန္တုရို့ကို ကြည့်ဖို့အတွက် အိမ်ထဲတို့ ဝင်လီရေ။ ယင်းခါ သူစာ လက်ဆောင်ပွဲမာ ဝတ်စာအဝတ် မပါဘိုင်းန လူတစ်ယောက်ကို မြင်ရလီရေ။ ထိုမင်းစာ သူ့ကို ပြောလီရေ၊ ‘အဝေး မိတ်ဆွေ၊ လက်ဆောင်ပွဲမာ ဝတ်စာအဝတ်ကို မဝတ်ဘိုင်းန နင် ဒေတို့ ဇာပိုင်ပျင်ရို့ ဝင်လတ်စာလည်း?’ ယေကေလည်း သူစာ တစ်ခုလည်း အဖြေပီးဖို့ မနိုင်လီ။

13 ယင်းခါ ထိုမင်းစာ ပြုဇုသူရို့ကို ပြောလီရေ၊ ‘ဒေသူကို အခြီအလက် ချိုင်ရို့ ပြင်က အမိုက်မှောင်တို့ ဝဲချလိုက်ကတ်။ ယင်းနေရာမာ လူရို့စာ ဝေဒနာကို ခံရရေအတွက်န သွားချင်းသွား ကြိတ်ပြီးကေ အော်ရို့ ငိုကတ်လိမည်။’”

14 ပုံဥပမာ တင်ပြရို့ ပြီးရေခါ ယေရှုစာ ပြောလီရေ၊ “ယင်းအတွက်န ငါ ပြောရေ၊ ခေါ်ခြင်းကို ခံရသူ များကေလည်းသောက် ရွီးကောက်ခြင်းကို ခံရသူ ကောင်းကောင်း နည်းရေ။”


ဖန်ဒါပီးဖို့စာ အကြောင်း
( မာကု ၁၂:၁၃-၁၇ ၊ လုကာ ၂၀:၂၀-၂၆ )

15 ယင်းခါ ဖာရိရှဲအဖွဲ့သားရို့စာ ယင်းနေရာက ထွက်လားခပြီးကေ ယေရှုကို ဇာပိုင်ပျင်ရို့ အပြစ်မာ ချဖို့ ရဖို့လည်း ဆိုပြီးကေ တိုင်ဘင်ကတ်လီရေ။

16 သူရို့စာ ဟေရုဒ်မင်း တပည့်လိုင်းကေယောက်န ကိုယ်ရို့ တပည့်လိုင်းကေယောက်ကို ယေရှုတို့ ရွှတ်လိုက်ကတ်လီရေ။ အရာ သူရို့စာ ယေရှုကို ပြောကတ်လီရေ၊ “ဆရာ၊ ကိုယ်ဘင် သူတော်ကောင်း တစ်ယောက် ဖြစ်တေဆိုစာကို အကျွန်ရို့ သိပါရေ။ မှန်ကန်စာနည်းန ထာဝရဘုရား၏ တရားတော်ကို ကိုယ်ဘင် သွန်သင်ပီးနီပါရေ။ အရာ လူရို့ ကိုယ်ဘင် အကြောင်းကို ယူရို့ ဇာ ပြောရေ မပြောဆိုစာကို ကိုယ်ဘင် ဂရုမစိုက်ပါ၊ အကြောင်းကား ကိုယ်ဘင် လူမျက်နှာကို ကြည့်ရို့ တရားမစစ်ပါ။

17 ယင်းပိုင်ဆိုကေ ကိုယ်ဘင် ဇာပိုင် မှတ်ပါရေလည်း? မောရှေ၏ ပညှတ်တရားအတိုင်း ရောမဧကရာဇ်မင်းကို ဖန်ဒါပီးဖို့ သင့်ပါရေလော? ကိုယ်ဘင် အကျွန်ရို့ကို ပြောပါ။”

18 ယင်းခါ ယေရှုစာ သူရို့မာ မကောင်းစာ ရွယ်မှတ်ချက်ကို သိရို့ ပြောလီရေ၊ “အယောင်ဆောင်ရို့! ကိုယ်ဘင်ရို့ ငါ့ကို ဇာဖို့ စုံစမ်းကတ်စာလည်း?

19 ဖန်ဒါပီးဖို့စာ ငွေသားတန်းကား တစ်ချပ် ငါ့ကို ပြခလိုက်။” ယေရှု စကားကို ကြားရို့ သူရို့စာ ငွေသားတန်းကား တစ်ချပ်ကို ယေရှုတို့ ယူလာကတ်လီရေ။

20 ယေရှုစာ သူရို့ကို ပြောလီရေ၊ “ဒေ တန်းကားမာ အသူ့ ရုပ်ပုံန အသူ့နာမည် ဟိရေလည်း?”

21 သူရို့စာ ပြောကတ်လီရေ၊ “ရောမဧကရာဇ်မင်း ရုပ်ပုံန ရောမဧကရာဇ်မင်း နာမည် ဟိပါရေ။” ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ရောမဧကရာဇ်မင်းန ဆိုင်စာကို ရောမဧကရာဇ်မင်းကို ပီးကတ် အရာ ထာဝရဘုရားန ဆိုင်စာကို ထာဝရဘုရားကို ပီးကတ်။”

22 ယေရှု စကားကို ကြားရို့ သူရို့စာ အံ့ဩပြီးကေ ယေရှုကို ထားရို့ လားခကတ်လီရေ။


အိမ်ထောင်မပြုဖို့စာ အကြောင်း
( မာကု ၁၂:၁၈-၂၇ ၊ လုကာ ၂၀:၂၇-၄၀ )

23 ယင်းနိတစ်ရက်တည်းမာ ဇဒ္ဒုကဲအဖွဲ့သား လိုင်းကေယောက်လည်း ယေရှုတို့ လာကတ်လီရေ။ သူရို့စာ သီရာက ပြန်ရှင်ထမြောင့်ခြင်း အကြောင်းကို မကျုံကတ်။

24 သူရို့စာ ယေရှုကို မီးကတ်လီရေ၊ “ဆရာ၊ မောရှေ ပြောခလီပါရေ၊ ‘အသူမဆို အိမ်ထောင်ပြုပြီးရေနောက် သားသမီး မမြင်ဘိုင်းန သီလားခရေဆိုကေ သူ့မာ ကျန်ဟိလိုက်စာ မယားကို သူ့မာညီ နစပ်ရို့ အစ်ကိုသေ အစိုင်ကို ဆက်ရဖို့။’

25 အကျွန်ရို့ ရွာမာ ညီအစ်ကို ခုနစ်ယောက် ဟိလီပါရေ။ အစ်ကိုသေအကြီးသူစာ အိမ်ထောင်ပြုပြီးရေနောက် သားသမီး မမြင်ဘိုင်းန သီလားခလီပါရေ။ ယင်းအတွက်န သူ့မာ ညီအလတ်သူစာ အစ်ကိုသေ မယားကို နစပ်လီပါရေ။

26 ယင်းပိုင် ညီအလတ်သူ၊ အငယ်သူကပင်စရို့ ညီအစ်ကိုခုနစ်ယောက်စုံ ထိုမိန်းမကို နစပ်ကတ်လီပါရေ။

27 နောက်ဆုံးပြီးမာ နောက်ဆုံးပြီးမာ ထိုမဆမလည်း သီလားခလီပါရေ။

28 ယင်းပိုင်ဆိုကေ သူရို့ သီရာက ပြန်ရှင်ထမြောင့်ကတ်တေခါ ထိုမိန်းမစာ အသူ့ မယား ဖြစ်ပါဖို့လည်း? အကြောင်းကား သူရို့ အားကုံးသူ ထိုမိန်းမကို နစပ်ခကတ်လီပါရေ။”

29 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ကိုယ်ဘင်ရို့ ကျမ်းစာကိုလည်း နားမလည်ကတ် အရာ ထာဝရဘုရား၏ တန်ခိုး အကြောင်းကိုလည်း မသိကတ်။ ယင်းအတွက်န ကိုယ်ဘင်ရို့ အယူအဆမှားနီကတ်တေ။

30 လူရို့ သီရာက ပြန်ရှင်ထမြောင့်ပြီးရေနောက် ဂေါင်းခင်နတ်သားရို့ပိုင် ဖြစ်ကတ်ဖို့။ သူရို့စာ အိမ်ထောင်မနီကတ်ပျာ အရာ သူရို့ကို အိမ်ထောင်လည်း မချကတ်ပျာ။

31-32 ထာဝရဘုရားစာ လူရို့ သီရာက ပြန်ရှင်ထမြောင့်ဖို့စာ အကြောင်းကို ကိုယ်ဘင်ရို့ဘားမာ ပြောလီရေ၊ ‘ငါစာ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ ဘုရား ဖြစ်တေ။’ ယင်းအကြောင်းကို ကိုယ်ဘင်ရို့ ကျမ်းစာမာ မဖတ်ဖူးကတ်လော? ထာဝရဘုရားစာ အရှင်ဟိသူရို့မာ ဘုရား ဖြစ်တေ၊ ယေကေလည်း သီရို့ဟိသူရို့မာ ဘုရား မဟုတ်။”

33 လူရို့စာ ယေရှု သွန်သင်ချက်ကို ကြားရို့ အံ့ဩကတ်လီရေ။


အရေးကြီးဆုံး ပညှတ်ချက်
( မာကု ၁၂:၂၈-၃၄ )

34 ယေရှု စကားတိကို ဇဒ္ဒုကဲအဖွဲ့သားရို့ တစ်ခွန်းလည်း ဖြေဖို့မနိုင်ကတ်လီဆိုစာကို ဖာရိရှဲအဖွဲ့သားရို့စာ ကြားရကတ်လီရေ။ ယင်းအတွက်န သူရို့စာ တစ်စုတည်း စုပြီးကေ ယေရှုတို့ လာကတ်လီရေ။

35 သူရို့အထဲက ကျမ်းဆရာတစ်ယောက်စာ ယေရှုကို စုံစမ်းဖို့အတွက် မီးလီရေ၊

36 “ဆရာ၊ မောရှေ၏ ပညှတ်တရားအထဲမာ အားကုံးစာထက် အကြီးဆုံး ပညှတ်ချက် ဇာသျှင့်ပါလည်း?”

37 ယင်းခါ ယေရှုစာ သူ့ကို ပြောလီရေ၊ “‘နင်ရို့စာ ကိုယ်ရို့မာ ဟိသမျ နှလုံး၊ ဟိသမျ အသက် အရာ ဟိသမျ စိတ်န နင်ရို့ အသျှင်ထာဝရဘုရားကို ချစ်ကတ်ရဖို့။’

38 ဒေသျှင့်စာ အားကုံးစာထက် အကြီးဆုံးန အရေးကြီးဆုံး ပညှတ်ချက် ဖြစ်တေ။

39 ယင်းနောက် ဒုတိယ အရေးကြီးဆုံး ပညှတ်ချက် ဖြစ်တေကား၊ ‘နင့် အိမ်နားပါးသားကို ကိုယ့်ကိုပိုင် ချစ်ရဖို့။’

40 မောရှေ၏ ဟိသမျ ပညှတ်တရားန ဘုရားသတင်းပို့သူရို့ ရွီးထားခစာ ဟိသမျ ကျမ်းတိစာ ဒေ ပညှတ်ချက်နှစ်ခုက လာရေ။”


ခရစ်တော် အသူ့ သားလည်း?
( မာကု ၁၂:၃၅-၃၇ ၊ လုကာ ၂၀:၄၁-၄၄ )

41 ဖာရိရှဲအဖွဲ့သားရို့ တစ်စုတည်းစုရို့ နီကတ်တေခါ ယေရှုစာ သူရို့ကို မီးလီရေ၊

42 “ခရစ်တော် အကြောင်းကို ကိုယ်ဘင်ရို့ ဇာပိုင် မှတ်ကတ်တေလည်း? ခရစ်တော် အသူ့ သားလည်း?” သူရို့စာ ယေရှုကို အဖြေပီးကတ်လီရေ၊ “ဒါဝိဒ်မင်း၏ သားတော် ဖြစ်ပါရေ။”

43 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ယင်းပိုင်ဆိုကေ ဒါဝိဒ်မင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆောင်ယူခြင်းကို ခံရပြီးကေ ခရစ်တော်ကို ဇာဖို့ အသျှင် ဟို့ ခေါ်လီစာလည်း?

44 သူစာ ပြောလီရေ၊ ‘အသျှင်စာ ငါ့အသျှင်ကို ပြောလီရေ၊ ငါ နင့် ရန်သူရို့ကို နင့် တန်ခိုးအောက်မာ မထားသကြား နင် ငါ့ညာဖက်က ထိုင်နီ။’

45 “ဒါဝိဒ်မင်းစာ ခရစ်တော်ကို အသျှင် ဟို့ ခေါ်လီရေဆိုကေ ခရစ်တော် ဇာပိုင်ပျင်ရို့ ဒါဝိဒ်မင်း၏ သားတော် ဖြစ်နိုင်ရေလည်း?”

46 ယင်းခါ တစ်ယောက်လည်း သူ့ကို စကားတစ်ခွန်းပင် အဖြေပီးဖို့ မနိုင်လီကတ်။ အရာ ယင်းနိကပင်စရို့ သူ့ကို တစ်ယောက်လည်း မီးဖို့ မဝံ့ကတ်လီပျာ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy