Online Bible

- Reklamy -


মথি লিখিত সুসমাচার 21 - Marma


ယေရှု ယေရုရှလင်မြို့တို့ ဝင်ခြင်း
( မာကု ၁၁:၁-၁၁ ၊ လုကာ ၁၉:၂၈-၄၀ ၊ ယောဟန် ၁၂:၁၂-၁၉ )

1 ယေရှုန သူ့တပည့်ရို့စာ ယေရုရှလင်မြို့နမနီးမဝီး သံလွင်တောင်ခြီရင်းမာဟိစာ ဗက်ဖာဂေရွာနားတို့ ရောက်ကတ်လီရေ။

2 ယင်းခါ သူစာ ကိုယ့်တပည့်နှစ်ယောက်ကို ဒေပိုင် ပြောရို့ ရွှတ်လိုက်လီရေ၊ “နင်ရို့ ထိုရှိကဟိစာ ရွာတို့ လားခီကတ်။ ယင်းမာ ရောက်တေခါ ဝန်ရွက်မြင်းတစ်ကောင်ကို ချိုင်ရို့ တွိကတ်လိမည် အရာ ယင်းအနားမာ အသျှေလည်းသောက် တစ်ကောင် ဟိလိမည်။ ယင်းဝန်ရွက်မြင်းနှစ်ကောင်စုံကို ဖြီရို့ ငါ့တို့ ယူခကတ်။

3 အသူမဆို နင်ရို့ကို မီးရေဆိုကေ၊ ‘ဒေ ဝန်ရွက်မြင်းသျှေကို အသျှင် အလိုဟိရေ’ ဟို့ ပြောခကတ်။ ယင်းခါ သူစာ ချက်ချင်း ရွှတ်ပီးလိမည်။”

4 ဘုရားသတင်းပို့သူကနီရို့ ဟော​ပြောခစာ စကားတိ ပြည့်စုံလာဖို့အတွက် ဒေပိုင် ဖြစ်ပျက်လာစာ ဖြစ်တေ။ ဘုရားသတင်းပို့သူစာ ဒေပိုင် ဟောပြောခလီရေ၊

5 “နင်ရို့ ယေရုရှလင်မြို့သားရို့ကို ပြောလိုက်ကတ်၊ ‘ကြည့်ကတ်၊ နင်ရို့မာ အသျှင်မင်းကြီး နင်ရို့တို့ ကြွလာနီရေ။ သူစာ နုညံ့ခြင်းစိတ်န ဝန်ရွက်မြင်းကို စီးရို့ ကြွလာနီရေ၊ သူစာ ဝန်ရွက်မြင်းအမမာသား ဝန်ရွက်မြင်းသျှေကို စီးရို့ ကြွလာနီရေ။’”

6 တပည့်ရို့စာ ယေရှု အာဏာချရေအတိုင်း လားရို့ လုပ်ကတ်လီရေ။

7 သူရို့စာ ဝန်ရွက်မြင်းအမန ဝန်ရွက်မြင်းသျှေကို ယူခရို့ နောက်ကုံးထက်မာ ကိုယ်ရို့ ကိုယ်ရုံကို ခင်းကတ်လီရေ။ ယင်းနောက် ယေရှုစာ ယင်းကိုယ်ရုံထက်မာ ထိုင်လီရေ။

8 ယင်းခါ လူအများကြီး ကိုယ်ရို့ ကိုယ်ရုံကို လမ်းမာ ခင်းကတ်လီရေ။ အရာ တစ်ချိုးလူရို့စာ အပင်အခက်အလက်တိကို ခွတ်ယူခရို့ လမ်းမာ ခင်းကတ်လီရေ။

9 ယေရှု နောက်က-ရှိက လိုက်ကတ်သူရို့စာ အော်ရို့ ပြောကတ်လီရေ၊ “ဒါဝိဒ်မင်း၏ သားတော် ဟောရှဏ္ဏ ဖြစ်ပါစီ! အသျှင်၏ နာမည်န ကြွလာသူစာ မင်္ဂလာ ဟိပါစီ! ဂေါင်းခင်ဘုံလည်း ဟောရှဏ္ဏ ဖြစ်ပါစီ!”

10 ယေရှု ယေရုရှလင်မြို့တို့ ဝင်ရေခါ မြို့လုံးပြတ် ရောင်းရင်းသပ်ရို့ ဖြစ်လီရေ။ ယင်းခါ အားကုံးသူ မီးကတ်လီရေ၊ “အဝေး ဒေသူ အသူလည်း?”

11 လူရို့စာ ပြောကတ်လီရေ၊ “ဒေသူ ယေရှု ဖြစ်တေ၊ သူစာ ဂါလိလဲပြည်နယ် နာဇရက်မြို့သျှေက ကြွလာစာ ဘုရားသတင်းပို့သူ ဖြစ်တေ။”


ငါ့အိမ်စာ ဆုတောင်းစာ အိမ် ဖြစ်ရဖို့
( မာကု ၁၁:၁၅-၁၉ ၊ လုကာ ၁၉:၄၅-၄၈ ၊ ယောဟန် ၂:၁၃-၂၂ )

12 ယင်းနောက် ယေရှုစာ ဝိပဿနာကျောင်းတို့ ဝင်ရေခါ အရောင်းအဝယ်လုပ်နီသူ တစ်ယောက်မကျန်ကို နှင်ထုတ်လိုက်လီရေ။ အရာ သူစာ တန်းကား ဖနီသူရို့ ခုံတိန ခေါ် ရောင်းနီသူရို့ ထိုင်ကတ်စာ ခုံတိကို ပြန်ဘိုက်လိုက်လီရေ။

13 အရာ သူစာ ပြောလီရေ၊ “ကျမ်းစာမာ ထာဝရဘုရား ပြောလီရေ၊ ‘ငါ့အိမ်စာ ဆုတောင်းစာအိမ် ဖြစ်ရဖို့။’ ယေကေလည်း နင်ရို့စာ ထာဝရဘုရား၏ အိမ်ကို ဒါးမြအိမ်ပိုင် လုပ်ထားကတ်တေ!”

14 ယင်းနောက် မျက်ကန်းရို့န အခြီသောင်ရို့စာ ဝိပဿနာကျောင်းထဲမာ ယေရှုတို့ လာကတ်လီရေ၊ အရာ ယေရှုစာ သူရို့ကို အကောင်း လုပ်လီရေ။

15 ယေရှု အံ့ဩဖွယ်အလုပ် လုပ်နီစာကို ယဇ်ပုရောဟိတ်အကြီးရို့န ကျမ်းဆရာရို့စာ မြင်ကတ်လီရေ။ အရာ သူရို့စာ ဝိပဿနာကျောင်းထဲမာ၊ “ဒါဝိဒ်မင်း၏ သားတော် ဟောရှဏ္ဏ ဖြစ်ပါစီ” ဟို့ အသျှေရို့ အားန အော်နီစာကို ကြားကတ်လီရေ။

16 သူရို့စာ ထိုအသျှေရို့ အော်ကတ်စာကို ကြားရေခါ စိတ်အနှောက်သျှက် ဖြစ်ရို့ ယေရှုကို ပြောကတ်လီရေ၊ “ထိုအသျှေရို့ ဇာ ပြောကတ်တေလည်းဆိုစာကို နင် မကြားလော?” ယေရှုစာ သူရို့ကို ပြောလီရေ၊ “ကြားရေ။ ကိုယ်ဘင်ရို့ ကျမ်းစာကို တစ်ခါလည်း မဖတ်ဖူးကတ်လော? ကျမ်းစာမာ ရွီးရို့ ဟိရေ၊ ‘ကိုယ်တော်စာ အသျှေရို့န နို့စို့သျှေရို့ကို ချီမွမ်းဖို့ သင်ပီးလီပါရေ။’”

17 ယင်းနောက် သူစာ ထိုဂေါင်းဆောင်ရို့ကို ထားဘိုက်ခရို့ ဗေသနိရွာတို့ ကြွလီရေ အရာ သူစာ ယင်းရွာမာ ညဉ့်အိပ်လီရေ။


သဖန်းပင်ကို ကျိန်ဆဲထည့်ခြင်း
( မာကု ၁၁:၁၂-၁၄ ၊ ၁၁:၂၀-၂၄ )

18 နောက်တစ်ရက်နိ မိုးသောက်က ယေရှုစာ ယေရုရှလင်မြို့တို့ ပြန်ရို့ ကြွလာလီရေ။ ယင်းခါ သူစာ လမ်းတစ်ပိုင်းမာ အဝမ်းဆာလီရေ။

19 အရာ သူစာ လမ်းနားမာ သဖန်းပင်တစ်ပင်ကို မြင်ရို့ ယင်းအပင်ရင်းတို့ ကြွလီရေ၊ ယေကေလည်း သူစာ ယင်းအပင်မာ အရွက်ကို ပယ်ရို့ အသီးတစ်လုံးလည်း မမြင်ရလီ။ ယင်းခါ သူစာ ယင်းအပင်ကို ပြောလီရေ၊ “နင့်မာ အရာတစ်ခါလည်း အသီးမသီးစီကေ့။” အရာ ယင်းအပင်စာ ချက်ချင်း ခြောက်လားခလီရေ။

20 ယင်းခါ တပည့်ရို့စာ ယင်းသျှင့်ကို မြင်ရို့ အံ့ဩပြီးကေ ပြောကတ်လီရေ၊ “ဒေ သဖန်းပင် ဇာပိုင်ပျင်ရို့ ဒေလှောက် အယင် ခြောက်လားခရေလည်း?”

21 ယေရှုစာ သူရို့ကို ပြောလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ နင်ရို့စာ မယုံသင်္ခါစိတ် မထားဘိုင်းန ကျုံကတ်တေဆိုကေ ငါ သဖန်းပင်ကို လုပ်စာပိုင်တထန် နင်ရို့လည်း လုပ်နိုင်ကတ်လိမည်။ သက်သက် ယင်းသျှင့် မဟုတ်သိ၊ ယင်းထက်ပင် ဒေ တောင်ကို၊ ‘ဒေ နေရာက ရွိရို့ ပင်လယ်မာ လားရို့ ကျခီ’ ဟို့ ပြောရေဆိုကေလည်း ဖြစ်လိမည်။

22 နင်ရို့စာ ကျုံခြင်းတရားန ဆုတောင်းရေဆိုကေ နင်ရို့ တောင်းစာတိကို ရကတ်လိမည်။”


ယေရှု၏ အခွင့်အာဏာကို စစ်ဆေးခြင်း
( မာကု ၁၁:၂၇-၃၃ ၊ လုကာ ၂၀:၁-၈ )

23 ယင်းနောက် ယေရှုစာ အရာတစ်ပြန် ဝိပဿနာကျောင်းတို့ ကြွလီရေ။ ယေရှုစာ ဝိပဿနာကျောင်းထဲမာ လူရို့ကို သွန်သင်ပီးနီလီရေခါ ယဇ်ပုရောဟိတ်အကြီးရို့န ဂေါင်းဆောင်ဝါကြီးရို့စာ သူ့တို့ လာရို့ မီးကတ်လီရေ၊ “နင် ဇာအခွင့်အာဏာန ဒေ အလုပ်တိကို လုပ်နီစာလည်း? အရာ နင့်ကို ဒေ အခွင့်အာဏာ အသူ ပီးစာလည်း?”

24 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ငါလည်းသောက် ကိုယ်ဘင်ရို့ကို စကားတစ်ခွန်း မီးမည်။ ကိုယ်ဘင်ရို့ ငါ့စကားကို အဖြေပီးနိုင်ရေဆိုကေ ငါ ဇာအခွင့်အာဏာန ဒေ အလုပ်တိကို လုပ်တေလည်းဆိုစာကို ငါလည်းသောက် ကိုယ်ဘင်ရို့ကို ပြောမည်။

25 ပြောကြည့်န၊ ရီနှစ်မင်္ဂလာ ပီးဖို့စာအခွင့်အာဏာ ယောဟန် အသူ့က ရလီစာလည်း? ထာဝရဘုရားကလော၊ မဟုတ်ကေ လူကလော?” ယင်းခါ သူရို့စာ ကိုယ်ရို့အချင်းချင်း တိုင်ဘင်ကတ်လီရေ၊ “ငါရို့စာ၊ ‘ထာဝရဘုရားက ရလီရေ’ ဟို့ ပြောရေဆိုကေ ယင်းသူ ငါရို့ကို၊ ‘ယင်းပိုင်ဆိုကေ ကိုယ်ဘင်ရို့ ဇာဖို့ ယောဟန်ကို မကျုံလီကတ်စာလည်း’ ဟို့ ပြောဖို့။

26 အရာ ငါရို့စာ၊ ‘လူက ရလီရေ’ ဟို့ ပြောရေဆိုကေ ငါရို့အတွက် ကြောက်လန့်စရာ ဟိရေ၊ အကြောင်းကား လူရို့ အားကုံးသူ ယောဟန်ကို ဘုရားသတင်းပို့သူတစ်ပါး ဖြစ်တေ ဟို့ ကျုံကတ်တေ။”

27 ယင်းအတွက်န သူရို့စာ ယေရှုကို အဖြေပီးကတ်လီရေ၊ “ငါရို့ မသိ။” ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ယင်းပိုင်ဆိုကေ ငါ ဇာအခွင့်အာဏာန ဒေ အလုပ်တိကို လုပ်တေလည်းဆိုစာကို ငါလည်းသောက် ကိုယ်ဘင်ရို့ကို မပြော။”


သားနှစ်ယောက် ပုံဥပမာ

28 ယင်းနောက် သူစာ ပြောလီရေ၊ “ကောင်းဗျာ၊ ကိုယ်ဘင်ရို့ ဇာပိုင် မှတ်ကတ်တေလည်း? ကိုင်လိုက်ဖိ၊ လူတစ်ယောက်မာ သားနှစ်ယောက် ဟိလီရေ။ ယင်းလူစာ သားအကြီးသူတို့ လားရို့ ပြောလီရေ၊ ‘အဝေး အဗုမောင်၊ နင် ဒေနိခါ စပျစ်ခင်းမာ လားရို့ အလုပ်လုပ်ခီ ကြားလော?’

29 ယင်းသားစာ ပြောလီရေ၊ ‘အကျွန် မလား။’ ယေကေလည်း သူစာ နောက်ဆုံးပြီးမာ စိတ်ပြောင်းလှဲရို့ အလုပ်တို့ လားခလီရေ။

30 ယင်းနောက် သူစာ သားအသျှေသူတို့ လားရို့ ယင်းပိုင်တထန် ပြောလီရေ။ သားအသျှေသူစာ ပြောလီရေ၊ ‘ဟုတ်ပါရေ ဘာဘာ၊ အကျွန် လားပါခိမည်၊’ ယေကေလည်း သူစာ မလားလီ။

31 ဒေ သားနှစ်ယောက်မာ အသူ အဖအလိုကို လိုက်နာလီရေလည်း?” ယင်းခါ ဘာသာရေး ဂေါင်းဆောင်ရို့စာ အဖြေပီးကတ်လီရေ၊ “သားအကြီးသူ လိုက်နာလီရေ။” ယေရှုစာ သူရို့ကို ပြောလီရေ၊ “ငါ ကိုယ်ဘင်ရို့ကို အမှန် ပြောရေ၊ ဖန်ဒါကောက်သမားရို့န ပြည်တန်းဆာမရို့စာ ကိုယ်ဘင်ရို့ထက် အယင် ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်နီကတ်ပျာ။

32 အကြောင်းကား ယောဟန်စာ ထာဝရဘုရား၏ အလိုတော်ကို လိုက်နာဖို့စာလမ်းကို ပြဖို့အတွက် ကိုယ်ဘင်ရို့တို့ ကြွလာလီရေ၊ အရာ ကိုယ်ဘင်ရို့စာ သူ့ကို မကျုံလီကတ်။ ယေကေလည်း ဖန်ဒါကောက်သမားရို့န ပြည်တန်းဆာမရို့စာ သူ့ကို ကျုံကတ်လီရေ။ ယင်းသျှင့်ကို မြင်ရို့အတိုင်းလည်း ကိုယ်ဘင်ရို့ စိတ်ပြောင်းလှဲရို့ သူ့ကို မကျုံလီကတ်။


စပျစ်ခင်းအပိုင်သျှင်န ဘက်ကာစားယူသူရို့ ပုံဥပမာ
( မာကု ၁၂:၁-၁၂ ၊ လုကာ ၂၀:၉-၁၉ )

33 “အရာတစ်ခု ပုံဥပမာ တင်ပြမည် နားထောင်ကတ်။ အိမ်သျှင်တစ်ယောက်စာ စပျစ်ခင်းတစ်ခင်း စိုက်ရို့ လေးဖက်လက်စိမာ ခြံဒါရန်လီရေ။ ယင်းနောက် သူစာ စပျစ်ရည် ညှိုက်ဖို့အတွက် တွင်းတစ်တွင်း တူးလီရေ အရာ စောင့်ဖို့အတွက် တဲတစ်ဆောင်အမြင့် ဆောက်လီရေ။ ယင်းနောက် သူစာ စပျစ်ခင်းကို လယ်သမား လိုင်းကေယောက်ဘားမာ ဘက်ကာစား အပ်ဘိုက်ခရို့ အခြားပြည်တို့ လားခလီရေ။

34 အရာ သူစာ စပျစ်သီး မှည့်ဖို့အချိန်ကျရေခါ စပျစ်သီး အဝီယူဖို့အတွက် ကိုယ့်ကျွန်ရို့ကို လယ်သမားရို့တို့ ရွှတ်လိုက်လီရေ။

35 ယေကေလည်း လယ်သမားရို့စာ သူ့ကျွန်ရို့အထဲက တစ်ယောက်ကို ဖမ်းရို့ ဘုတ်ကတ်လီရေ၊ တစ်ယောက်ကို အသီသတ်ဘိုက်ကတ်လီရေ အရာ နောက်ဆုံး တစ်ယောက်ကို ကျောက်လုံး ဘိုက်ကတ်လီရေ။

36 ယင်းနောက် သူစာ ပထမခေါက်ထက် အရာလည်း ပိုရို့ ကျွန်ရို့ကို ရွှတ်လိုက်လီရေ၊ ယေကေလည်း လယ်သမားရို့စာ ယင်းကျွန်ရို့ကိုလည်း အယင်ပိုင်တထန် လုပ်ကတ်လီရေ။

37 စပျစ်ခင်းအပိုင်သျှင်စာ နောက်ဆုံးပြီးမာ ကိုယ့်သားကို သူရို့တို့ ရွှတ်လိုက်လီရေ၊ အကြောင်းကား သူစာ မှတ်လီရေ၊ ‘သူရို့ အမှန် ငါ့သားကို ရိုသေကတ်လိမည်။’

38 ယေကေလည်း ယင်းလယ်သမားရို့စာ စပျစ်ခင်းအပိုင်သျှင်မာ သားကို မြင်ရို့ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ ‘တစ်ရက်နိ ဒေသူ အမွီဥစ္စာတိကို ပိုင်ဆိုင်လာဖို့။ ယင်းအတွက်န လား၊ ငါရို့ သူ့ကို အသီသတ်ဘိုက်လိုက်ကတ်မည်။ ယင်းပိုင်ဆိုကေ ယင်းသူ အဖမာဟိစာ အမွီဥစ္စာတိကို ငါရို့ ရကတ်ဖို့။’

39 ယင်းနောက် သူရို့စာ စပျစ်ခင်းအပိုင်သျှင် သားကို ဖမ်းရို့ စပျစ်ခင်းပြင်တို့ ထုတ်ယူလားပြီးကေ အသီသတ်ကတ်လီရေ။

40 ယင်းပိုင်ဆိုကေ စပျစ်ခင်းအပိုင်သျှင် ကိုယ်တိုင် စပျစ်ခင်းတို့ လာရေခါ ထိုလယ်သမားရို့ကို ဇာလုပ်ဖို့လည်း ပြောကြည့်န?”

41 ထိုဘာသာရေး ဂေါင်းဆောင်ရို့စာ အဖြေပီးကတ်လီရေ၊ “သူစာ လူဆိုးရို့ကို တစ်ခါတည်းန အသီဘိုက်လိုက်ဖို့ အရာ ယင်းစပျစ်ခင်းကို အချိန်တိုင်း စပျစ်သီး အဝီပီးဖို့စာ လယ်သမားရို့ဘားမာ ဘက်ကာစား အပ်ဘိုက်ခဖို့။”

42 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ကိုယ်ဘင်ရို့ ကျမ်းစာမာ တစ်ခါလည်း မဖတ်ဖူးကတ်လော? ကျမ်းစာမာ ရွီးရို့ ဟိရေ၊ ‘လက်သမားရို့ ပယ်ဘိုက်လိုက်စာ ကျောက်လုံးစာ ဒေါင့်ကတည်စာ အခြေခံကျောက်လုံး ဖြစ်လာရေ။ အသျှင်စာ ဒေ အလုပ်ကို လုပ်လီရေ၊ ဒေ အလုပ်စာ ငါရို့ မျက်စိမာ ကောင်းကောင်း အံ့ဩသဖွယ် ဖြစ်တေ။’

43 “ယင်းအတွက်န ငါ ကိုယ်ဘင်ရို့ကို ပြောရေ၊ ထာဝရဘုရား၏ နိုင်ငံတော်ကို ကိုယ်ဘင်ရို့က လုယူလိမည် အရာ ယင်း နိုင်ငံတော်န ထိုက်တန်စာ အကျင့်သီလ ဟိသူရို့ကို ပီးလိမည်။

44 အသူမဆို ထိုကျောက်လုံးထက်မာ ကျရေဆိုကေ ယင်းသူစာ အစိတ်အညှင်း ဖြစ်လားလိမည် အရာ ထိုကျောက်လုံးစာ အသူ့ဘားမာမဆို ကျရေဆိုကေ ယင်းသူလည်းသောက် တထွတ်ကြီလားလိမည်။”

45 ယဇ်ပုရောဟိတ်အကြီးရို့န ဖာရိရှဲအဖွဲ့သားရို့စာ ယေရှု ပုံဥပမာန သွန်သင်ပီးစာတိကို ကြားကတ်တေခါ ကိုယ်ရို့ အကြောင်းကို ပြောရေဆိုစာကို နားလည်ကတ်လီရေ။

46 ယင်းအတွက်န သူရို့စာ ယေရှုကို ဖမ်းဖို့ ကြည့်ကတ်လီရေ၊ ယေကေလည်း သူရို့စာ လူရို့ကို ကြောက်ကတ်လီရေ၊ အကြောင်းကား လူရို့စာ ယေရှုကို ဘုရားသတင်းပို့သူတစ်ပါး ဖြစ်တေ ဟို့ သတ်မှတ်လီကတ်တေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy