Online Bible

- Reklamy -


মথি লিখিত সুসমাচার 18 - Marma


ဂေါင်းခင်နိုင်ငံတော်မာ အကြီးဆုံး အသူလည်း?
( မာကု ၉:၃၃-၃၇ ၊ လုကာ ၉:၄၆-၄၈ )

1 ယင်းအချိန်ခါ တပည့်ရို့စာ ယေရှုတို့ လာရို့ မီးကတ်လီရေ၊ “အသျှင်၊ ဂေါင်းခင်နိုင်ငံတော်မာ အကြီးဆုံး အသူပါလည်း?”

2 ယင်းခါ ယေရှုစာ အသျှေတစ်ယောက်ကို ခေါ်ရို့ ကိုယ်ရို့အလယ်မာ ရပ်စီလီရေ၊

3 အရာ သူစာ ပြောလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ နင်ရို့ စိတ်ပြောင်းလှဲရို့ ဒေ အသျှေရို့ပိုင် ဖြစ်ကတ်ရဖို့။ ယင်းပိုင် မဟုတ်ဆိုကေ နင်ရို့ တစ်ခါလည်း ဂေါင်းခင်နိုင်ငံတော်တို့ ဝင်ရကတ်လိမည် မဟုတ်။

4 အသူမဆို ဒေ အသျှေပိုင် ကိုယ့်စိတ်နှလုံးကို နှိမ့်ချရေဆိုကေ ယင်းသူစာ ဂေါင်းခင်နိုင်ငံတော်မာ အားကုံးသူထက် အကြီးဆုံး ဖြစ်လိမည်။

5 အရာ အသူမဆို ငါ့နာမည်န ဒေ အသျှေပိုင် တစ်ယောက်ကို လက်ခံရေဆိုကေ သူစာ ငါ့ကို လက်ခံရေ။


အပြစ်လမ်းတို့ ဆောင်ယူလားခြင်း
( မာကု ၉:၄၂-၄၈ ၊ လုကာ ၁၇:၁-၂ )

6 “ယေကေလည်း အသူမဆို ငါ့ကို ကျုံကတ်စာ အသျှေရို့အထဲက တစ်ယောက်ကို အပြစ်လမ်းတို့ ဆောင်ယူလားရေဆိုကေ ယင်းသူ လိုင်ဖင်းမာ ကျောက်လုံးကြီးတစ်လုံးကို ဆွဲရို့ ပင်လယ်ထဲတို့ ဘိုက်ချခြင်းကို ခံရစာပင် သူ့အတွက် ပိုရို့ ကောင်းဖို့သိ။

7 အိုး လောက၊ နင့်အတွက် အမင်္ဂလာဟိရေ! အကြောင်းကား လူရို့ကို အပြစ်လမ်းတို့ ဆောင်ယူလားစရာ နင့်အထဲမာ အမျိုးမျိုး ဆိုးယုတ်ခြင်း ဟိရေ။ အမှန် ဒေ လောကမာ လူရို့ကို အပြစ်လမ်းတို့ ဆောင်ယူလားစရာ ဆိုးယုတ်ခြင်းတိ ဟိဖို့၊ ယေကေလည်း အခြားတစ်ယောက်ကို အပြစ်လမ်းတို့ ဆောင်ယူလားသူစာ အမင်္ဂလာဟိရေ။

8 “နင့်အလက် မဟုတ်ကေ နင့်အခြီစာ နင့်ကို အပြစ်လမ်းတို့ ဆောင်ယူလားရေဆိုကေ ယင်းသျှင့်ကို ပိုင်းရို့ ဝဲဘိုက်လိုက်။ အလက်နှစ်ဖက်န အခြီနှစ်ဖက်ကို ယူရို့ ထာဝရမီးအိုင်မာ ကျရဖို့စာထက် အခြီပိုင်း-အလက်ပိုင်း ဖြစ်ရို့ အသက်ရှင်ခြင်းကို ခံရဖို့စာပင် နင့်အတွက် ပိုရို့ ကောင်းဖို့သိ။

9 အရာ နင့် မျက်စိစာ နင့်ကို အပြစ်လမ်းတို့ ဆောင်ယူလားရေဆိုကေ ယင်းမျက်စိကို ထွတ်ရို့ ဝဲဘိုက်လိုက်။ မျက်စိနှစ်လုံးန ငရဲမီးအိုင်မာ ကျရဖို့စာထက် မျက်ကန်း ဖြစ်ရို့ အသက်ရှင်ခြင်းကို ခံရဖို့စာပင် နင့်အတွက် ပိုရို့ ကောင်းဖို့သိ။

10 “သတိထားကတ်၊ ဒေ အသျှေရို့အထဲက တစ်ယောက်ကိုလည်း နင်ရို့ အားမနာ မလုပ်ကတ်ကေ့။ ငါ နင်ရို့ကို ပြောရေ၊ သူရို့မာ ဂေါင်းခင်နတ်သားရို့စာ ငါ့ ဂေါင်းခင်ဘုံသျှင် အဖ၏ မျက်နှာကို အမြဲတိုင်း မြင်ရနီကတ်တေ။

11 ပျောက်လားခစာကို ရှာဖို့အတွက် မနုသသားတော် ကြွလာစာ ဖြစ်တေ။

12 “နင်ရို့ ဇာပိုင် မှတ်ကတ်တေလည်း? ကိုင်လိုက်ဖိ၊ လူတစ်ယောက်မာ သိုးဆိတ်အကောင်တစ်ရာ ဟိရေ။ ထိုသိုးဆိတ် အကောင်တစ်ရာအထဲက တစ်ကောင် ပျောက်လားခရေဆိုကေ သူစာ ကိုးဆယ်နကိုးကောင်ကို တောင်ထက်မာ ထားဘိုက်ခရို့ ပျောက်လားခစာ သိုးဆိတ်ကို ရှာဖို့ လားရေ မဟုတ်လော?

13 ငါ နင်ရို့ကို အမှန် ပြောရေ၊ ယင်းသူစာ ပျောက်လားခစာ သိုးဆိတ်ကို ရှာရို့ ရရေခါ ထိုကိုးဆယ်နကိုးကောင်ထက်ပင် ပျောက်လားခစာ သိုးဆိတ်တစ်ကောင်အတွက် အရာလည်း ပိုရို့ ပျော်ရေ။

14 ယင်းပိုင်တထန် နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖလည်းသောက် ဒေ အသျှေရို့အထဲက တစ်ယောက်ကိုလည်း မပျောက်စီချင်။


မတရားလုပ်စာ ကျုံသူညီအစ်ကိုန ဖြေရှင်းခြင်း
( လုကာ ၁၇:၃-၄ )

15 “နင့်မာ ညီအစ်ကိုစာ နင့်ကို ဆန့်ကျင်ရို့ မတရားလုပ်တေဆိုကေ ယင်းသူ နူးချင်းတည်း နီရေခါ နင် လားရို့ သူ့အပြစ်ကို ဖေါ်ပြခီ။ သူစာ နင့်စကားကို နားထောင်ရေဆိုကေ နင်စာ ကိုယ့်ညီအစ်ကိုကို ပြန်ရဗျာ။

16 ယေကေလည်း သူစာ နင့်စကားကို နားမထောင်ဆိုကေ အခြားနှစ်ယောက်ကို ခေါ်ယူလားလီ။ ယင်းပိုင်ဆိုကေ သက်သီခံနှစ်ယောက် မဟုတ်ကေ သုံးယောက် ပြောစာစကားအတိုင်း ဖြစ်ပျက်ခြင်းအားကုံး မှန်ရေဆိုစာကို သိရရေ။

17 အရာ သူစာ ထိုလူရို့ စကားကို နားမထောင်ဆိုကေ အသင်းတော်မာ လားရို့ တိုင်လီ။ အရာ သူစာ အသင်းတော် စကားကိုလည်း နားမထောင်ဆိုကေ နင် ယင်းသူကို ထာဝရဘုရားကို မသိသူပိုင် မဟုတ်ကေ ဖန်ဒါကောက်သမားပိုင် ဖြစ်တေ ဟို့ သတ်မှတ်လိုက်ဖိ။

18 “ငါ နင်ရို့ကို အမှန် ပြောရေ၊ နင်ရို့ ဇာ အကြောင်းအရာကိုမဆို ဒေ ကမ္ဘာမာ ဟန့်ရေဆိုကေ ဂေါင်းခင်ဘုံမာလည်း ဟန့်လိမည်၊ အရာ နင်ရို့ ဇာ အကြောင်းအရာကိုမဆို ဒေ ကမ္ဘာမာ အခွင့်ပီးရေဆိုကေ ဂေါင်းခင်ဘုံမာလည်း အခွင့်ပီးလိမည်။

19 “ငါ နင်ရို့ကို အရာလည်း ပြောရေ၊ နင်ရို့အထဲမာ နှစ်ယောက် တစ်ညီတည်းစိတ်န တစ်ခုတစ်ခု အကြောင်းကို ယူရို့ ဆုတောင်းရေဆိုကေ ငါ့ ဂေါင်းခင်ဘုံသျှင် အဖစာ နင်ရို့အတွက် လုပ်ပီးလိမည်။

20 အကြောင်းကား တပည့်ရို့အထဲက နှစ်ယောက် မဟုတ်ကေ သုံးယောက် ငါ့နာမည်န တစ်စုတည်းစုရေဆိုကေ ငါစာ ယင်းနေရာမာ သူရို့နအတူ ရောက်ရို့ ဟိရေ။”


ခွင့်မရွှတ်နိုင်စာ ကျွန်တစ်ယောက် ပုံဥပမာ

21 ယင်းခါ ပေတရုစာ ယေရှုတို့ လာရို့ မီးလီရေ၊ “အသျှင်၊ အကျွန့်မာ ညီအစ်ကို အကျွန့်ကို ဆန့်ကျင်ရို့ မတရားလုပ်တေဆိုကေ အကျွန် သူ့ကို ဇာမျှခေါက် ခွင့်ရွှတ်ပါဖို့စာလည်း? ခုနစ်ခေါက်ပါလော?”

22 ယေရှုစာ သူ့ကို အဖြေပီးလီရေ၊ “ငါ နင့်ကို ခုနစ်ခေါက်တောက် ခွင့်ရွှတ်ရဖို့ ပြောစာ မဟုတ်၊ ယေကေလည်း အခေါက် ခုနစ်ဆယ်န ခုနစ်လီတိုင်အောင် ခွင့်ရွှတ်ရဖို့ ဟို့ ငါ ပြောစာ ဖြစ်တေ။

23 “ယင်းအတွက်န ဂေါင်းခင်နိုင်ငံတော်စာ ဒေပိုင် မင်းတစ်ပါးနတူရေ။ ယင်းမင်းစာ ကိုယ့်ကျွန်ရို့က စာရင်းရှင်းဖို့ တောင်းလီရေ။

24 သူစာ စာရင်းရှင်းဖို့ စလီရေခါ ထိုကျွန်ရို့အထဲက တန်းကား အများကြီး ဆပ်ဖို့ ဟိသူတစ်ယောက်ကို ကိုယ့်ရှိတို့ ခေါ်ယူခလီရေ။

25 သူ့မာ အကြွီးဆပ်ဖို့စာ အစွမ်းသတ္တိ မဟိလီ။ ယင်းခါ သူ့အပိုင်သျှင်စာ ယင်းသူကို၊ ယင်းသူမာ မယားကို၊ ယင်းသူမာ သားသမီးရို့ကို အရာ ဟိသမျ ပစ္စည်းဥစ္စာကို ရောင်းရို့ အကြွီးဆပ်ဖို့ အာဏာချလီရေ။

26 ယေကေလည်း ယင်းကျွန်စာ မြေပြင်မာ ဒူးထောက်ပြီးကေ ကိုယ့်အပိုင်သျှင်အခြီကို ကိုင်ရို့ ပြောလီရေ၊ ‘အိုး အသျှင်၊ အကျွန့်ကို သည်းခံပါဖိ။ အကျွန် ဟိသမျ အကြွီးကို ဆပ်ပါမည်။’

27 ယင်းခါ အပိုင်သျှင်စာ ယင်းကျွန်ကို သနားရို့ ရွှတ်လိုက်လီရေ အရာ သူ့မာ ဆပ်ဖို့ဟိစာ အကြွီးတိကို ခွင့်ရွှတ်လိုက်လီရေ။

28 ယေကေလည်း ယင်းကျွန်စာ ပြင်တို့ ထွက်လားခရေခါ သူ့အဖက်သား တစ်ယောက်ကို တွိလီရေ။ သူစာ ကိုယ့်အဖက်သားက ငွေသားတန်းကားတစ်ရာ အကြွီး ရဖို့ ဟိလီရေ။ ယင်းခါ သူစာ သူ့ကို လိုင်စိဖျောရို့ ပြောလီရေ၊ ‘နင် ငါ့က ချီးယူခစာ တန်းကားကို ဆပ်။’

29 ယင်းခါ သူ့အဖက်သားစာ သူ့အခြီရင်းမာ ဒူးထောက်ရို့ တောင်းပန်လီရေ၊ ‘ငါ့ကို တစ်ချက် သည်းခံဖိ။ ငါ ဟိသမျ အကြွီးကို ဆပ်မည်။’

30 ယေကေလည်း သူစာ သဖေါမတူလီ။ ယင်းထက်ပင် သူစာ အကြွီး မဆပ်သကြား ကိုယ့်အဖက်သားကို ထောင်မာ ထည့်ထားလီရေ။

31 ယင်းပိုင် ဖြစ်ပျက်ခြင်းတိကို မြင်ရို့ အခြားကျွန်ရို့စာ ကောင်းကောင်း စိတ်ဆိုးကတ်လီရေ။ အရာ သူရို့စာ ကိုယ်ရို့ အပိုင်သျှင်တို့ လားရို့ ယင်းအကြောင်းအရာကို ပြောပြကတ်လီရေ။

32 ယင်းခါ အပိုင်သျှင်စာ ထိုကျွန်ကို ခေါ်ယူခရို့ ပြောလီရေ၊ ‘အဝေး ကျွန်ယုတ်! နင် ငါ့ကို တောင်းပန်ရေအတွက်န ငါ နင့်မာ ဟိသမျ အကြွီးကို ခွင့်ရွှတ်လိုက်လီရေ။

33 ငါ နင့်ကို သနားစာပိုင် နင်လည်း နင့်အဖက်သား ကျွန်ကို သနားဖို့ သင့်ရေ မဟုတ်လော?’

34 ယင်းနောက် အပိုင်သျှင်စာ မန်တက်ရို့ ယင်းသူမာ ဟိသမျ အကြွီးကို မဆပ်သကြား ဒါဏ်ပီးဖို့အတွက် ယင်းသူကို ထောင်စောင့်သားရို့အလက်မာ တင်အပ်လိုက်လီရေ။

35 ယင်းပိုင်တထန် နင်ရို့ အားကုံးသူ ကိုယ်ရို့မာ ညီအစ်ကိုကို စိတ်နှလုံးကပင် ခွင့်မရွှတ်ဆိုကေ ငါ့ ဂေါင်းခင်ဘုံသျှင် အဖလည်း နင်ရို့ကို ယင်းပိုင် လုပ်လိမည်။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy