Online Bible

- Reklamy -

လုကာ 8 - Marma


ယေရှုန တပည့်ရို့ကို ကူညီသူရို့

1 ယင်းနောက် ယေရှုစာ မြို့ရွာတိမာ လည်ရို့ ထာဝရဘုရား၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောလီရေ။

2 သူနအတူ သူ့မာ တပည့်တစ်ဆယ့်နှစ်ယောက်န မိန်းမ လိုင်းကေယောက်လည်း ပါကတ်လီရေ။ ဒေ မိန်းမရို့စာ နတ်ဆိုးကိုင်စာက ကောင်းသူရို့န ရောဂါစွဲစာက ကောင်းသူရို့ ဖြစ်ကတ်တေ။ သူရို့ ဖြစ်တေကား၊ နတ်ဆိုးခုနစ်ကောင် ကိုင်စာက ကောင်းသူ မာဂဒလမြို့သမ မာရိ၊

3 ဟေရုဒ်မင်း၏ အိမ်ထောင်ကို ကြည့်ရှုစောင့်သျှောက်သူ ခုဇမာ မယား ယောဟန္န၊ ရှုရှန္န အရာ အခြား မိန်းမ အများကြီး ဟိကတ်သိရေ။ သူရို့စာ ကိုယ်ရို့ ဇရစ်ခင်းရို့ ယေရှုန သူ့တပည့်ရို့ကို ကျွေးမွေးပြုဇုလီကတ်တေ။


လယ်သမားတစ်ယောက် ပုံဥပမာ
( မဿဲ ၁၃:၁-၉ ၊ မာကု ၄:၁-၉ )

4 ယင်းအချိန်ခါ အမျိုးမျိုး မြို့ရွာတိက လူအများကြီး ယေရှုတို့ လာကတ်လီရေ။ ယင်းခါ သူစာ လူရို့ကို သွန်သင်ပီးဖို့အတွက် ဒေပိုင် ပုံဥပမာ တင်ပြလီရေ၊

5 “လယ်သမားတစ်ယောက် လယ်မာ မျိုးစိကြဲဖို့ လားခလီရေ။ ထိုမျိုးစိတိကို ကြဲရေခါ တစ်ချိုးမျိုးစိတိစာ လမ်းနားမာ ကျလီရေ။ ယင်းအတွက်န လူရို့စာ ထိုမျိုးစိတိကို ကျော်ရို့ နင်းရို့ လားကတ်လီရေ အရာ ငှက်တိ လာရို့ စားဘိုက်ကတ်လီရေ။

6 အရာ တစ်ချိုးမျိုးစိတိစာ ကျောက်နရောစာမြေမာ ကျရို့ အညှောင့် အယင် ထွက်လာလီရေ၊ ယေကေလည်း မြေဩဇာ မရရေအတွက်န အညှောင့်တိ ခြောက်လားခလီရေ။

7 အရာ တစ်ချိုးမျိုးစိတိစာ စူးခြုံတောမာ ကျလီရေ။ ယင်းအတွက်န ပျိုးပင်သျှေတိနအတူ စူးပင်တိလည်း ကြီးလာလီရေ အရာ စူးပင်တိစာ ပျိုးပင်သျှေတိကို ဖိထားလီရေ။

8 အရာ တစ်ချိုးမျိုးစိတိစာ မြေအကောင်းမာ ကျလီရေ အရာ ပျိုးပင်သျှေ ပေါက်ရို့ ကြီးလာရေခါ အဆတစ်ရာ အသီးသီးလီရေ။” ပုံဥပမာ တင်ပြရို့ ပြီးရေခါ သူစာ အားန ပြောလီရေ၊ “ငါ့စကားကို နားထောင်ချင်သူရို့ နားထောင်ကတ်။”


ပုံဥပမာ ရွယ်မှတ်ချက်
( မဿဲ ၁၃:၁၀-၁၇ ၊ မာကု ၄:၁၀-၁၂ )

9 ယင်းနောက် တပည့်ရို့စာ ယေရှုကို ပုံဥပမာ အဓိပ္ပါယ်ကို မီးကတ်လီရေ။

10 ယင်းခါ ယေရှုစာ ပြောလီရေ၊ “ထာဝရဘုရား၏ နိုင်ငံတော် ဖုံးရွှက်စာ မှန်ကန်ခြင်း အဓိပ္ပါယ်တိကို နင်ရို့ကို သိဖို့အခွင့်ပီးဗျာ၊ ယေကေလည်း အခြားလူရို့စာ ကြည့်ကေလည်း မမြင်ရအောင် အရာ ကြားကေလည်း နားမလည်ရအောင် ငါ ပုံဥပမာ တင်ပြရို့ သူရို့ကို သွန်သင်ပီးရေ။


လယ်သမား ပုံဥပမာ အဓိပ္ပါယ်ကို ရှင်းပြခြင်း
( မဿဲ ၁၃:၁၈-၂၃ ၊ မာကု ၄:၁၃-၂၀ )

11 “ပုံဥပမာ အဓိပ္ပါယ်စာ ဒေပိုင်၊ မျိုးစိတိစာ ထာဝရဘုရား၏ စကားတော် ဖြစ်တေ။

12 လမ်းနားမာ ကျစာမျိုးစိတိစာ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကတ်စာ လူတစ်မျိုးနတူကတ်တေ။ သူရို့စာ ထိုစကားတော်ကို ကြားရို့အတိုင်းလည်း မာရ်နတ် လာရို့ သူရို့ စိတ်နှလုံးက စကားတော်ကို နုတ်ယူလားခရေ၊ အကြောင်းကား မာရ်နတ်စာ သူရို့ကို ကျုံခြင်းတရားကနီရို့ ကယ်တင်ခြင်းကို မရစီချင်။

13 “အရာ ကျောက်နရောစာမြေမာ ကျစာမျိုးစိတိစာ ထိုစကားတော်ကို နားထောင်ကတ်စာ လူတစ်မျိုးနတူကတ်တေ။ သူရို့စာ ထိုစကားတော်ကို ကြားရေချက်ချင်း ဝမ်းသာရို့ လက်ခံကတ်တေ၊ ယေကေလည်း ထိုစကားတော်စာ သူရို့ စိတ်နှလုံးမာ အမြစ် အလှပ မထိုးနိုင်။ ယင်းအတွက်န သူရို့စာ တစ်ရက်နှစ်ရက်တောက်ရာ ကျုံကတ်တေ၊ ယေကေလည်း သူရို့စာ စုံစမ်းခြင်းကို ခံရရေခါ နောက်ဆုတ်လားခကတ်တေ။

14 “စူးခြုံတောမာ ကျစာမျိုးစိတိစာ ထိုစကားတော်ကို နားထောင်ကတ်စာ အခြားလူတစ်မျိုးနတူကတ်တေ။ သူရို့စာ ထိုစကားတော်ကို ကြားရို့အတိုင်းလည်း သူရို့မာ အိမ်ထောင်ရေး စဉ်းစားခြင်း၊ ပစ္စည်း-ဥစ္စာကို တွယ်တာခြင်း အရာ စဉ့်စိမ်ချမ်းသာခြင်းစာ သူရို့ကို ဖိထားရေ။ ယင်းအတွက်န သူရို့ ဘဝမာ ကောင်းစာ အသီးတိ မသီးနိုင်။

15 “မြေအကောင်းမာ ကျစာမျိုးစိတိစာ ထိုစကားတော်ကို နားထောင်ကတ်စာ အရာလည်း အခြားလူတစ်မျိုးနတူကတ်တေ။ သူရို့စာ ထိုစကားတော်ကို ကြားရေအတိုင်း ရိုးသားခြင်းန နုညံ့ခြင်းစိတ်ကို ထားရို့ နနောင်းတည်းထားကတ်တေ အရာ သူရို့စာ တတိုင်းမမြိုင်း နီထိုင်ရို့ ကောင်းစာအသီးကို သီးကတ်တေ။”


ဆီမီးခွက် ပုံဥပမာ
( မဿဲ ၅:၁၄-၁၆ ၊ မာကု ၄:၂၁-၂၃ ၊ လုကာ ၁၁:၃၃-၃၆ )

16 “ဆီမီးခွက်ကို ထွန်းရို့ တစ်ယောက်လည်း တောင်းချုပ်ရို့ မထား၊ မဟုတ်ကေ အိပ်ခုံအောက်က မထား။ ယင်းထက်ပင် အိမ်ထဲတို့ ဝင်လာသူရို့ အလင်းကို ရကတ်ပတ်စီအတွက် ဆီမီးခွက်ကို ခုံထက်မာရာ တင်ထားရေ၊

17 အကြောင်းကား မပေါ်ထွန်းလတ်အောင် ဖုံးရွှက်ထားစာ အကြောင်းအရာ တစ်ခုလည်း မဟိ။ အရာ မသိနိုင်လတ်အောင်၊ မဟုတ်ကေ မပေါ်ထွန်းလတ်အောင် ဖုံးရွှက်ထားစာ အကြောင်းအရာ တစ်ခုလည်း မဟိ။

18 ယင်းအတွက်န ဇာပိုင် ကြားရကတ်တေလည်းဆိုစာကို နင်ရို့ စိတ်ဝင်စားကတ်၊ အကြောင်းကား လလုံလောက် ဟိသူကို အရာလည်း ပိုရို့ သွန်ပီးဖို့သိ၊ ယေကေလည်း တစ်ခုလည်း မဟိသူက သူ့မာ ဟိစာတိကိုပင် လုယူဖို့သိ။”


ကျုံသူရို့ရာ ယေရှု၏ မိသားစု အစစ်
( မဿဲ ၁၂:၄၆-၅၀ ၊ မာကု ၃:၃၁-၃၅ )

19 ယင်းနောက် ယေရှု အမိန ညီရို့စာ ယေရှုတို့ လာကတ်လီရေ၊ ယေကေလည်း လူပရိတ်သတ် များရေအတွက်န သူရို့စာ ယေရှုန အတွိခံဖို့ မရကတ်လီ။

20 ယင်းခါ လူတစ်ယောက် လာရို့ ယေရှုကို ပြောလီရေ၊ “ဆရာ၊ ကိုယ်ဘင်မာ အမိန ညီရို့ ကိုယ်ဘင်န အတွိခံဖို့အတွက် ပြင်က ရပ်ရို့ စောင့်နီကတ်ပါရေ။”

21 ယေကေလည်း ယေရှုစာ လူရို့ကို ပြောလီရေ၊ “ထာဝရဘုရား၏ စကားတော်ကို ကြားရေအတိုင်း လိုက်နာသူရို့စာ ငါ့အမိန ငါ့ညီရို့ ဖြစ်ကတ်တေ။”


လီမုန်တိုင်းကို တန့်စီခြင်း
( မဿဲ ၈:၂၃-၂၇ ၊ မာကု ၄:၃၅-၄၁ )

22 တစ်ရက်နိ ယေရှုစာ ကိုယ့်တပည့်ရို့ကို ယူရို့ လောင်းတစ်စင်းမာ တက်လီရေ။ အရာ သူစာ တပည့်ရို့ကို ပြောလီရေ၊ “လား၊ ငါရို့ မြစ်ကမ်းတစ်ဖက်တို့ ကူးကတ်မည်။” ယင်းခါ တပည့်ရို့စာ လောင်းကို ဖြီကတ်လီရေ။

23 သူရို့ လောင်းလှော်ရို့ လားစဉ် လားစဉ် ယေရှုစာ အိပ်မောကျလီရေ။ ယင်းအချိန်ခါ ဗြုန်းခနိုင်းပျင်ရို့ မြစ်မာ လီမုန်တိုင်း တိုက်လာလီရေ အရာ လောင်းမာ ရီပြည့်တက်လီရေ။ ယင်းခါ သူရို့စာ ကောင်းကောင်း ဖီးဒုက္ခမာ ကျကတ်လီရေ။

24 သူရို့စာ ယေရှုအနားတို့ လားရို့ သူ့ကို နှိုးကတ်လီရေ၊ “အသျှင်၊ အသျှင်၊ အကျွန်ရို့ သီရပါဖို့ဗျာ!” ယင်းခါ ယေရှုစာ ထရို့ လီန ရီလှိုင်းလုံးကို ဟောက်လီရေ။ အရာ ချက်ချင်း လီန ရီလှိုင်းလုံးစာ တန့်လားခလီရေ အရာ ဟိသမျ အားကုံး ငြိမ်းလားခလီရေ။

25 သူစာ တပည့်ရို့ကို ပြောလီရေ၊ “နင်ရို့မာ ကျုံခြင်းတရား ဇာမာလည်း?” တပည့်ရို့စာ ကြောက်ပြီးကေ အံ့ဩရို့ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ “ဒေလူ အသူလည်းဝေး? လီန ရီကိုတိုင်အောင်ပင် အာဏာချကေ သူ့စကားကို နားထောင်ကတ်တေကား!”


နတ်ဆိုးကိုင်သူတစ်ယောက် အကောင်းဖြစ်ခြင်း
( မဿဲ ၈:၂၈-၃၄ ၊ မာကု ၅:၁-၂၀ )

26 ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ ဂါလိလဲမြစ်ကမ်းတစ်ဖက်က ဂါဒရလူမျိုးရို့ နီထိုင်စာ အရပ်တို့ ကူးလီရေ။

27 သူစာ လောင်းက ဆင်းရေခါ ထိုမြို့သားတစ်ယောက် ယေရှုတို့ လာလီရေ။ ထိုလူကို နတ်ဆိုး အများကြီး ကိုင်ရို့ ဟိလီရေ။ ယင်းအတွက်န ရက်ပေါင်းများစွာ သူစာ အဝတ်အစား မဝတ်ဘိုင်းန နီလီရေ အရာ သူစာ အိမ်မာ မနီဘိုင်းန သင်္ချိုင်းမာစီ လားရို့ နီလီရေ။

28-29 ယေရှုစာ နတ်ဆိုးကို ထိုလူခန္ဓာက ထွက်လားဖို့ အာဏာချလီရေ။ ယင်းအတွက်န သူစာ ယေရှုကို မြင်ရေခါ အားန အော်လီရေ အရာ ယေရှု ရှိက ဒူးထောက်ရို့ အားန ပြောလီရေ၊ “မြင့်မြတ်စာ ထာဝရဘုရား၏ သားတော် ယေရှု၊ ကိုယ်ဘင် အကျွန်န ဇာ ဆိုင်ပါစာလည်း? ကျေးဇူးပြုရို့ ကိုယ်ဘင် အကျွန့်ကို ဝေဒနာ မပီးပါကေ့။” ရက်ပေါင်းများစွာ အယင်ကပင် နတ်ဆိုးစာ ထိုလူကို အပြန်ပြန် တည်းထားလီရေ။ ထိုလူအခြီန အလက်ကို သံကျိုက်ကြိုးန ချိုင်ရို့ စောင့်ထားကတ်ကေလည်းသောက် သူစာ ထိုသံကျိုက်ကြိုးကို ဖြတ်ဘိုက်လိုက်လီရေ။ အရာ နတ်ဆိုးစာ သူ့ကို တတိန်းဆဆိတ် နေရာတို့ ဆောင်ယူလားလီရေ။

30 ယေရှုစာ သူ့ကို မီးလီရေ၊ “နင့် နာမည် ဇာလည်း?” သူစာ၊ “သရွဲ” ဟို့ အဖြေပီးလီရေ၊ အကြောင်းကား သူ့ခန္ဓာမာ နတ်ဆိုး အများကြီး ဝင်ရို့ ဟိကတ်လီရေ။

31 ယင်းခါ ယေရှုစာ သူရို့ကို အရှူတစ်ရာနက်စာတွင်းတို့ မဘိုက်ချလတ်အောင် ထိုနတ်ဆိုးတိစာ ယေရှုကို အညှိုးခံရို့ တောင်းပန်ကတ်လီရေ။

32-33 ယင်းအချိန်ခါ တောင်ခယောကာမာ ဝက်အရွီကြီးတစ်ရွီ အစာစားရို့ ဟိလီရေ။ နတ်ဆိုးတိစာ ယေရှုကို ထိုဝက်တိဘားမာ ဝင်ဖို့ အခွင့်တောင်းကတ်လီရေ။ ယေရှု အခွင့်ပီးရေခါ သူရို့စာ ထိုလူခန္ဓာက ထွက်ရို့ ဝက်တိဘားမာ ဝင်ကတ်လီရေ။ ယင်းခါ ဝက်တိစာ မြစ်ကမ်းနားတို့ တစ်ဟုန်တည်း ဗြီးဆင်းရို့ ရီမာ နစ်ရို့ သီလားခလီရေ။

34 ထိုဖြစ်ပျက်ခြင်းကို မြင်ရေခါ ဝက်ကျောင်းသားရို့စာ ဗြီးလားရို့ ထိုရွာသားရို့န အပါးနီးဝန်းကျင်မာ ဟိသမျ လူရို့ဘားမာ ပြောပြကတ်လီရေ။

35 ယင်းခါ ဇာ ဖြစ်တေလည်းဆိုစာကို ကြည့်ဖို့အတွက် လူရို့စာ ထွက်လာကတ်လီရေ။ သူရို့စာ ယေရှုအနားတို့ ရောက်ကတ်တေခါ နတ်ဆိုးကိုင်စာက ကောင်းသူစာ အဝတ်အစား ဝတ်ရို့ အကောင်းမွန်းစာ ယေရှု အခြီရင်းမာ ထိုင်ရို့ မြင်ရကတ်လီရေ။ ယင်းသျှင့်ကို မြင်ရို့ သူရို့စာ ကြောက်ကတ်လီရေ။

36 ထိုဖြစ်ပျက်ခြင်းကို မြင်လီသူရို့စာ ထိုလူရို့ဘားမာ လားရို့ နတ်ဆိုးကိုင်သူ ဇာပိုင် ကောင်းလီရေလည်းဆိုစာကို ပြောပြကတ်လီရေ။

37 ယင်းခါ ဂါဒရလူမျိုးရို့ အရပ်က ဟိသမျ လူရို့စာ ယင်းနေရာက ထွက်လားပတ်စီအတွက် ယေရှုကို တောင်းပန်ကတ်လီရေ၊ အကြောင်းကား သူရို့စာ ကောင်းကောင်း ကြောက်ကတ်လီရေ။ ယင်းခါ ယေရှုစာ ပြန်ကြွဖို့အတွက် လောင်းမာ တက်လီရေ။

38 နတ်ဆိုးကိုင်စာက ကောင်းသူစာ ယေရှုနအတူ လိုက်ဖို့အတွက် တောင်းပန်လီရေ။ ယေကေလည်း ယေရှုစာ သူ့ကို ဒေပိုင် ပြောရို့ အိမ်တို့ ရွှတ်လိုက်လီရေ၊

39 “နင် အိမ်တို့ ပြန်လားလီ၊ အရာ နင့်အတွက် ထာဝရဘုရား ဇာလှောက် ကြီးကျယ်စာ အလုပ်လုပ်လီရေလည်းဆိုစာကို နင် ပြောပြလီ။” ယင်းခါ ထိုသူစာ မြို့ထဲတို့ လားရို့ သူ့အတွက် ယေရှု ဇာလှောက် ကြီးကျယ်စာ အလုပ်လုပ်လီရေလည်းဆိုစာ အကြောင်းကို ဟိသမျ နေရာမာ လည်ရို့ ပြောပြလီရေ။


မိန်းမနှစ်ယောက် အကောင်းဖြစ်ခြင်း
( မဿဲ ၉:၁၈-၂၆ ၊ မာကု ၅:၂၁-၄၃ )

40 ယေရှုစာ မြစ်ကမ်းတစ်ဖက်တို့ ပြန်ရို့ ကြွလာရေခါ ယင်းနေရာမာ လူရို့စာ ပျော်ရို့ သူ့ကို လက်ခံကတ်လီရေ၊ အကြောင်းကား သူရို့စာ ယေရှုကို စောင့်ရို့ ဟိကတ်လီရေ။

41 ယင်းနောက် ယာဣရုနာမည်န တရားဇရပ်မာ ဂေါင်းဆောင်တစ်ယောက်စာ ယေရှုတို့ လာလီရေ။ အရာ သူစာ ယေရှုကို ကိုယ့်အိမ်တို့ လာဖို့အတွက် အခြီရင်းမာ ဒူးထောက်ရို့ တောင်းပန်လီရေ၊

42 အကြောင်းကား သူ့မာ တစ်ဆယ့်နှစ်နှစ်အရွှယ် သမီးသျှေတစ်ယောက်စာ သီဖို့စာပိုင် ဖြစ်ရို့ ဟိလီရေ။ သူ့မာ ထိုသမီးသျှေတစ်ယောက်တည်းရာ ဟိလီရေ။ ယေရှု သူ့အိမ်တို့ ကြွလီရေခါ လေးဖက်လက်စိမာ ဟိကတ်စာ လူပရိတ်သတ်ရို့စာ တိုးရို့တွန်းရို့ ဟိကတ်လီရေ။

43 သူရို့အထဲမာ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးကျရောဂါ ဖြစ်နီစာ မိန်းမတစ်ယောက် ဟိလီရေ။ သူစာ ဟိသမျ တန်းကား-ဖွေသျှာ အကုန်ခံရို့ ဆီးဆရာဘားမာ ဆီးကြည့်လီရေ၊ ယေကေလည်း သူ့ကို တစ်ယောက်လည်း ကောင်းအောင် မလုပ်နိုင်ကတ်လီ။

44 သူစာ နောက်က လာရို့ ယေရှု ကိုယ်ရုံစွမ်ကို ကိုင်လီရေ အရာ ချက်ချင်း သူ့မာ သွီးကျရောဂါစာ ကောင်းလားခလီရေ။

45 ယင်းခါ ယေရှုစာ မီးလီရေ၊ “ငါ့ကို အသူ ကိုင်လီစာလည်း?” အားကုံးသူ ငြင်းကတ်တေခါ ပေတရုန သူ့အဖက်သားရို့စာ ယေရှုကို ပြောကတ်လီရေ၊ “ဆရာ၊ ကိုယ်ဘင် လေးဖက်လက်စိမာ ဟိကတ်စာ လူပရိတ်သတ်ရို့စာ တိုးရို့တွန်းရို့ ကိုယ်ဘင်ဘားမာ အက်ကျကတ်ပါရေ။”

46 ယေကေလည်း ယေရှုစာ ပြောလီရေ၊ “အသူမဆိုတစ်ယောက် ငါ့ကို ကိုင်ရေဆိုစာကို ငါ သိရေ၊ အကြောင်းကား ငါ့က တန်ခိုး ထွက်လားခစာကို ငါ သိလိုက်တေ။”

47 ထိုမိန်းမစာ တစ်ခုပိုင်လည်း ဖုံးရွှက်ရို့ မတိန်ဆိုစာကို သိရေခါ တုန်ရို့ တုန်ရို့ ယေရှု ရှိက အပြားဝပ်လီရေ။ ယင်းနောက် သူစာ အားကုံးသူ ရှိက ယေရှုကို ဇာ အကြောင်းန ကိုင်လီရေလည်းဆိုစာကို အရာ ကိုယ် ဇာပိုင်ပျင်ရို့ ချက်ချင်း ကောင်းလီရေလည်းဆိုစာကို ယေရှုကို ပြောပြလီရေ။

48 ယင်းခါ ယေရှုစာ ထိုမိန်းမကို ပြောလီရေ၊ “အယွေ၊ အယွေ ကျုံရေအတွက်န အယွေမာ ရောဂါကောင်းလားခဗျာ။ စိတ်အီးချမ်းသာန ပြန်လားလီဖိ။”

49 ယေရှု စကားပြောနီတုံးမာ ထိုဂေါင်းဆောင်အိမ်က လူတစ်ယောက် လာရို့ ပြောလီရေ၊ “ကိုယ်ဘင်မာ သမီးသျှေ သီလားခပါဗျာ။ ဆရာကို ဒုက္ခ မထည့်ပါကေ့ဖိ။”

50 ထိုစကားကို ကြားရို့ ယေရှုစာ ယာဣရုကို ပြောလီရေ၊ “မကြောက်ကေ့၊ ကျုံခြင်းတရားကိုရာ ထား။ ယင်းပိုင်ဆိုကေ ကိုယ်ဘင် သမီးသျှေ ပြန်ရှင်လိမည်။”

51 ယေရှုစာ ယာဣရုအိမ်မာ ရောက်တေခါ ပေတရု၊ ယောဟန်၊ ယာကုပ် အရာ မိန်းမသျှေ အမိအဖကို ပယ်ရို့ အခြားတစ်ယောက်ကိုလည်း အိမ်ထဲတို့ ဝင်ဖို့ မပီးလီ။

52 အားကုံးသူ ထိုမိန်းမသျှေအတွက် ဝမ်းနည်းခြင်း ပြန်ရို့ ငိုနီကတ်လီရေ။ ယင်းခါ ယေရှုစာ ပြောလီရေ၊ “မငိုကတ်ကေ့ဖိ။ ဒေ မိန်းမသျှေ မသီသိ၊ အိပ်နီစာရာ။”

53 ယင်းခါ လူရို့စာ သူ့ကို ရယ်သွန်းပြုကတ်လီရေ၊ အကြောင်းကား မိန်းမသျှေ သီလားခဗျာဆိုစာကို သူရို့ သိလီကတ်တေ။

54 ယေကေလည်း ယေရှုစာ မိန်းမသျှေအလက်ကို ကိုင်ရို့ ခေါ်လီရေ၊ “သမီးသျှေ၊ ထဖိ။”

55 ယင်းခါ ထိုမိန်းမသျှေစာ အသက် ပြန်ရှင်လီရေ အရာ သူစာ ချက်ချင်း ထရို့ ရပ်လီရေ။ ယင်းခါ ယေရှုစာ ထိုမိန်းမသျှေကို တစ်ခုမသာ စားစရာ ပီးဖို့ ခိုင်းလီရေ။

56 ထိုမိန်းမသျှေမာ အမိအဖရို့စာ ကောင်းကောင်း အံ့ဩကတ်လီရေ၊ ယေကေလည်း ထိုဖြစ်ပျက်ခြင်း အကြောင်းအရာကို တစ်ယောက်ဘားမာလည်း မပြောလတ်အောင် ယေရှုစာ သူရို့ကို ဟန့်ဘိုက်ခလီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy