Online Bible

- Reklamy -

လုကာ 21 - Marma


ဆင်းရဲစာ မဆမတစ်ယောက် အလှူထည့်ခြင်း
( မာကု ၁၂:၄၁-၄၄ )

1 ယင်းနောက် ယေရှုစာ ဝိပဿနာကျောင်းမာဟိစာ ဌာပ္ပနာဗူးမာ သူဌေးရို့ တန်းကား လှူကတ်စာကို မျက်စိချရို့ ကြည့်နီလီရေ။

2 အရာ သူစာ ဆင်းရဲစာ မဆမတစ်ယောက် လာရို့ ဖွေသျှာနှစ်ချပ် လှူစာကို မြင်လီရေ။

3 ယင်းခါ ယေရှုစာ ကိုယ့်တပည့်ရို့ကို ပြောလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ ဒေ ဆင်းရဲစာ မဆမစာ အခြား ဟိသမျ လူရို့ထက် ပိုရို့ လှူဘိုက်ခရေ၊

4 အကြောင်းကား အခြား ဟိသမျ လူရို့စာ ကိုယ်ရို့မာ ပစ္စည်း-ဥစ္စာ အပိုဟိစာက ယူရို့ လှူဘိုက်ခကတ်တေ၊ ယေကေလည်း ဒေ မဆမစာ ဆင်းရဲကေလည်းသောက် အသက်အရှင် ဟိရေခါ စားဖို့ထားစာ ဟိသမျ အားကုံးကို လှူဘိုက်ခရေ။”


ဝိပဿနာကျောင်း ပျက်စီးဖို့စာ အကြောင်း
( မဿဲ ၂၄:၁-၂ ၊ မာကု ၁၃:၁-၂ )

5 တပည့်ရို့အထဲက လိုင်းကေယောက် ဝိပဿနာကျောင်း အကြောင်းကို ယူရို့ ပြောနီကတ်လီရေ၊ “ဒေ ဝိပဿနာကျောင်းကို ကောင်းကောင်း လှနိုင်သရိ ကျောက်လုံးတိန လှူထားစာ အမျိုးမျိုး ဝန်တိကို ယူရို့ ဆင်ထားရေ။”

6 ယင်းခါ ယေရှုစာ ပြောလီရေ၊ “နင်ရို့ကား ဒေ ကျောက်ကူအဆင့်တိကိုရာ မြင်ကတ်တေ၊ ယေကေလည်း တစ်ရက်နိ ဒေ ကျောက်ကူအဆင့်တိမာ ကျောက်လုံးတစ်လုံးအထက်က တစ်လုံးတင်ရို့ ဟိဖို့ မဟုတ်ပျာ၊ ဟိသမျ အားကုံး အဖြိုချခံရဖို့။”


ကမ္ဘာကုန်ဆုံးရေနိမာ ဖြစ်ပျက်လာဖို့စာ အကြောင်း
( မဿဲ ၁၀:၁၆-၂၃ ၊ ၂၄:၃-၁၄ ၊ မာကု ၁၃:၃-၁၃ )

7 တပည့်ရို့စာ ယေရှုကို မီးကတ်လီရေ၊ “ဆရာ၊ ဒေ ဟိသမျ အားကုံး ဇာခါ ဖြစ်ပျက်လာပါဖို့စာလည်း? အရာ ဒေ ဟိသမျ အားကုံး ဖြစ်ပျက်ဖို့စာအချိန် ရောက်လာဗျာဆိုစာကို ဇာ နိမိတ်လက္ခဏာကို မြင်ရို့ အကျွန်ရို့ သိရပါဖို့စာလည်း?”

8 ယေရှုစာ အဖြေပီးလီရေ၊ “နင်ရို့ကို တစ်ယောက်လည်း လိမ်ဖို့ မရလတ်အောင် နင်ရို့ သတိထားကတ်၊ အကြောင်းကား လူအများကြီး ငါ့နာမည်န လာရို့၊ ‘ငါ ခရစ်တော် ဖြစ်တေ’ အရာ ‘အချိန် ရောက်လာဗျာ’ ဟို့ ပြောကတ်လိမည်။ ယေကေလည်း နင်ရို့ သူရို့ နောက်က မလိုက်လီကတ်ကေ့။

9 နင်ရို့ တစ်ပြည်န တစ်ပြည် စစ်တိုက်စာ သတင်းကို ကြားရကတ်လိမည် အရာ ပြည်တွင်းထဲမာ အစိုးရကို ဆန့်ကျင်ရို့ စစ်တိုက်စာ သတင်းကို ကြားရကတ်လိမည်။ ယင်းခါ နင်ရို့ မကြောက်လီကတ်ကေ့! အကြောင်းကား ပထမဆုံး ထို ဟိသမျ အားကုံး ဖြစ်ပျက်လာလိမည်၊ ယေကေလည်း ချက်ချင်း ကမ္ဘာကုန်ဆုံးဖို့စာအချိန် ရောက်ဖို့ မဟုတ်သိ။”

10 ယင်းနောက် ယေရှုစာ သူရို့ကို ပြောလီရေ၊ “လူမျိုးတစ်မျိုးန တစ်မျိုး အရာ တစ်ပြည်န တစ်ပြည် စစ်တိုက်ကတ်လိမည်။

11 ငယင်ကြီးလုတ်လိမည်၊ အရပ်အရပ်မာ ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လိမည် အရာ အရွယ်သျှေန လူအများကြီးဘားမာ ကူးစာရောဂါ ကျရောက်လိမည်။ အရာ ဂေါင်းခင်မာ ကောင်းကောင်း ကြောက်လန့်စရာ ဖြစ်ပျက်ခြင်းန နိမိတ်လက္ခဏာတိ ပေါ်လာလိမည်။

12 “ယေကေလည်း ထို ဟိသမျ အားကုံး မဖြစ်ပျက်ခင်အယင်က လူရို့စာ နင်ရို့ကို ဖမ်းရို့ ညှဉ်းဆဲကတ်လိမည်။ သူရို့စာ တရားစစ်ဆေးဖို့အတွက် နင်ရို့ကို တရားဇရပ်တို့ ယူလားကတ်လိမည် အရာ ထောင်မာ ထည့်ကတ်လိမည်။ လူရို့စာ ငါ့အကြောင်းန နင်ရို့ကို မင်းရို့န အုပ်ချုပ်သူရို့ ရှိတို့ ယူလားကတ်လိမည်။

13 ယင်းခါ ငါ့အကြောင်းကို သက်သီပီးဖို့အတွက် နင်ရို့မာ အခွင့်ရေး ရကတ်လိမည်။

14 ယင်းအတွက်န နင်ရို့ ဇာပိုင် အဖြေပီးရဖို့လည်းဆိုစာကို အယင်ကပင် စဉ်းစားရို့ မထား ဆိုပြီးကေ ဒေဂုပင် နင်ရို့ စိတ်မာ ဆုံးဖြတ်ဘိုက်လိုက်ကတ်၊

15 အကြောင်းကား ငါ နင်ရို့ကို စကားန အကြံညာဏ် ပီးဖို့။ ယင်းပိုင်ဆိုကေ နင်ရို့မာ ရန်သူရို့စာ နင်ရို့ကို တားဆီးဖို့ နိုင်ကတ်လိမည် မဟုတ် အရာ ငြင်းဖို့လည်း နိုင်ကတ်လိမည် မဟုတ်။

16 နင်ရို့မာ အမိအဖ၊ ညီအစ်ကို၊ မိတ်ဆွေ အရာ အမျိုးအဆွီရို့စာ နင်ရို့ကို လူရို့အလက်မာ ဖမ်းပီးကတ်လိမည်။ ယင်းထက်မက သူရို့စာ နင်ရို့အထဲက တစ်ယောက်တစ်ရီကို အသီသတ်ကတ်လိမည်။

17 နင်ရို့ ငါ့တပည့် ဖြစ်ကတ်တေအတွက်န ဟိသမျ လူမျိုးရို့စာ နင်ရို့ကို မုန်းကတ်လိမည်၊

18 ယေကေလည်း နင်ရို့ အဂေါင်းက ဆံပင်တစ်ပင်လည်း ပျက်စီးလိမည် မဟုတ်။

19 နင်ရို့ တတိုင်းမမြိုင်း နီကတ်တေဆိုကေ နင်ရို့မာ မှန်ကန်စာ အသက်ကို အပြည့်စုံ ရကတ်လိမည်။


ယေရုရှလင်မြို့ ပျက်စီးဖို့စာ အကြောင်း
( မဿဲ ၂၄:၁၅-၂၈ ၊ မာကု ၁၃:၁၄-၂၃ )

20 “စစ်သားရို့ ယေရုရှလင်မြို့ကို ဝန်းထားစာကို နင်ရို့ မြင်ကတ်တေခါ ယေရုရှလင်မြို့ ပျက်စီးဖို့စာအချိန် ရောက်လာဗျာဆိုစာကို သိရကတ်လိမည်။

21 ယင်းအချိန်ခါ ယုဒပြည်နယ်မာ ဟိသူရို့ တောင်တန်းနယ်တို့ ထွက်ဗြီးလီကတ်။ မြို့ထဲမာ ဟိသူရို့ မြို့ပြင်တို့ ထွက်ဗြီးလီကတ်။ ရွာမာ ဟိသူရို့ မြို့ထဲတို့ မဝင်လီကတ်ကေ့၊

22 အကြောင်းကား ထိုနိရက်တိစာ အပြစ်ဒါဏ် ခံရဖို့စာနိရက် ဖြစ်တေ။ ယင်းနိမာ ကျမ်းစာမာ ရွီးရို့ဟိစာ စကားတိ ပြည့်စုံလာလိမည်။

23 ယင်းခါ ကိုယ်ဝန်သေမရို့န အသျှေကို ရင်ခွင်တင်ရို့ နို့တိုက်နီစာ မိန်းမရို့စာ ကောင်းကောင်း ကြောက်လန့်စရာ ဖီးဒုက္ခမာ ကျကတ်လိမည်။ ယုဒပြည်တွင်းထဲမာ ကောင်းကောင်း ကြောက်လန့်စရာ ဖီးဒုက္ခ ကျရောက်လိမည် အရာ ပြည်သားရို့စာ ထာဝရဘုရား၏ အပြစ်ဒါဏ်ကို ခံရကတ်လိမည်။

24 တစ်ချိုးလူရို့စာ ဒါးရှည်န ထိုးရို့ အသတ်ခံရကတ်လိမည် အရာ ကျန်ဟိသူရို့စာ ထောင်ကျသားအဖြစ် ဟိသမျ ယုဒမဟုတ်သူရို့အထဲမာ ကွဲကြင်းရို့ နီရကတ်လိမည်။ ယုဒမဟုတ်သူရို့စာ ကိုယ်ရို့မာ အုပ်စိုးစာအချိန် မကုန်သကြား ယေရုရှလင်မြို့ကို အခြီန နင်းထားကတ်လိမည်။


မနုသသားတော် အယင်အမြန် ကြွလာဖို့စာ အကြောင်း
( မဿဲ ၂၄:၂၉-၃၁ ၊ ၂၄:၃၆-၄၄ ၊ မာကု ၁၃:၂၄-၂၇ ၊ ၁၃:၃၂-၃၇ )

25 “ယင်းခါ နီ၊ လ၊ ကြယ်တိအထဲမာ နိမိတ်လက္ခဏာ အများကြီး ပေါ်လာလိမည်။ အရာ သမုဒ္ဒရာ ပင်လယ်က အသံအကြောင်းန အရာ ရီလှိုင်းလုံး ကြမ်းရေအကြောင်းန ကမ္ဘာမာ ဟိသမျ လူမျိုးရို့စာ ကောင်းကောင်း မနီသောင့်မနီသာ ဖြစ်ကတ်လိမည်။

26 လောကမာ ဇာ ဖြစ်ပျက်လာရေလည်းဆိုစာကို စဉ်းစားရို့ လူရို့စာ မောကတ်လိမည်၊ အကြောင်းကား ဂေါင်းခင်မာ နီ၊ လ၊ ကြယ်တိစာ ကိုယ့်နေရာမာကိုယ် ဟိဖို့ မဟုတ်ပျာ။

27 ယင်းအချိန်ခါ သူရို့စာ မနုသသားတော်ကို မဟာတန်ခိုးန ဘုန်းရောင်ခြေတော်ကို ဆောင်ရို့ မိုးရိပ်ထက်မာ တက်ရို့ ကြွလာစာကို မြင်ရကတ်လိမည်။

28 ထို ဟိသမျ အားကုံး ဖြစ်ပျက်ဖို့ စရေခါ နင်ရို့ ထရို့ ရပ်လီကတ် အရာ အဂေါင်းဖေါ်ရို့ မော်ကြည့်လီကတ်၊ အကြောင်းကား နင်ရို့မာ ကယ်တင်ခြင်း ရဖို့စာအချိန် ရောက်လာဗျာ။”


သဖန်းပင်ကို ကြည့်ရို့ သင်ယူဖို့စာ အကြောင်း
( မဿဲ ၂၄:၃၂-၃၅ ၊ မာကု ၁၃:၂၈-၃၁ )

29 ယင်းနောက် ယေရှုစာ ကိုယ့်တပည့်ရို့ကို သွန်သင်ပီးဖို့အတွက် ပုံဥပမာတစ်ခု တင်ပြလီရေ၊ “သဖန်းပင်န အခြားအပင်တိကို ကြည့်ကတ်။

30 အပင်တိမာ ရွက်နုဆင်စာကို မြင်ရေခါ နီရာသီတက်လာဗျာဆိုစာကို နင်ရို့ သိကတ်တေ။

31 ယင်းပိုင်တထန် ထို ဟိသမျ အားကုံး ဖြစ်ပျက်စာကို မြင်ရကတ်တေခါ ထာဝရဘုရား၏ နိုင်ငံတော် အပါးမာ ရောက်နီဗျာဆိုစာကို နင်ရို့ သိရကတ်လိမည်။

32 ငါ နင်ရို့ကို အမှန် ပြောရေ၊ ဒေခိုက်မာ လူရို့ မသီခင်အယင်က ထို ဟိသမျ အားကုံး ဖြစ်ပျက်လာလိမည်။

33 ဂေါင်းခင်န ကမ္ဘာကုန်ဆုံးကေလည်းသောက် ငါ့စကားတိ ထာဝရပတ်လုံး ဟိလိမည်။


အမြဲတိုင်း အနိုးနီရို့ ဆုတောင်းကတ်

34-35 “နင်ရို့ သတိထားကတ်၊ အကျင့်ပျက်ခြင်း၊ ယစ်မုန်းခြင်း အရာ အိမ်ထောင်ရေး စဉ်းစားခြင်း အကြောင်းန နင်ရို့မာ စိတ်နှလုံး ပင်ပန်းရို့ အားမညောစီကတ်ကေ့။ ယင်းပိုင် မဟုတ်ဆိုကေ ဗြုန်းခနိုင်းပျင်ရို့ ခုတ်ပိစာပိုင် ထိုနိရက်စာ နင်ရို့ဘားမာ ကျရောက်လိမည်၊ ယင်းထက်မက ကမ္ဘာမာ ဟိသမျ လူရို့ဘားမာ ကျရောက်လိမည်။

36 ယင်းအတွက်န နင်ရို့ အမြဲတိုင်း အနိုးနီရို့ ဆုတောင်းကတ်။ ယင်းပိုင်ဆိုကေ ဖြစ်ပျက်လာဖို့စာတိကို နင်ရို့ အောင်မြင်ဖို့အတွက် အရာ မနုသသားတော် ရှိက ရပ်ဖို့အတွက် နင်ရို့ စိတ်နှလုံးမာ အားခွန် ရကတ်လိမည်။”

37 ယင်းအချိန်ခါ ယေရှုစာ နိတိုင်း ဝိပဿနာကျောင်းမာ သွန်သင်ပီးရို့ နီလီရေ၊ ယေကေလည်း ညဉ့်တိုင်ကေ သံလွင်တောင်တို့ တက်ရို့ နီလီရေ။

38 ဟိသမျ လူရို့စာ သူ၏ တရားတော်ကို နားထောင်ဖို့အတွက် မိုးသောက်စောစောကပင် ထရို့ ဝိပဿနာကျောင်းတို့ လာကတ်လီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy