Online Bible

- Reklamy -

လုကာ 20 - Marma


ယေရှု၏ အခွင့်အာဏာကို စစ်ဆေးခြင်း
( မဿဲ ၂၁:၂၃-၂၇ ၊ မာကု ၁၁:၂၇-၃၃ )

1-2 တစ်ရက်နိ ယေရှုစာ ဝိပဿနာကျောင်းမာ လူရို့ကို သွန်သင်ပီးရို့ ဟိလီရေ။ ယင်းခါ ယဇ်ပုရောဟိတ်အကြီးရို့၊ ကျမ်းဆရာရို့ အရာ ဂေါင်းဆောင်ဝါကြီးရို့စာ လာရို့ ယေရှုကို မီးကတ်လီရေ၊ “နင် ဇာအခွင့်အာဏာန ဒေ အလုပ်တိကို လုပ်နီစာလည်း အရာ နင့်ကို ဒေ အခွင့်အာဏာ အသူ ပီးစာလည်းဆိုစာကို ငါရို့ကို ပြောပြ။”

3 ယေရှုစာ သူရို့ကို အဖြေပီးလီရေ၊ “ငါလည်းသောက် ကိုယ်ဘင်ရို့ကို စကားတစ်ခွန်း မီးမည်။

4 ပြောကြည့်န၊ ရီနှစ်မင်္ဂလာ ပီးဖို့စာအခွင့်အာဏာ ယောဟန် အသူ့က ရလီစာလည်း? ထာဝရဘုရားကလော၊ မဟုတ်ကေ လူကလော?”

5 ယင်းခါ သူရို့စာ ကိုယ်ရို့အချင်းချင်း တိုင်ဘင်ကတ်လီရေ၊ “ငါရို့စာ၊ ‘ထာဝရဘုရားက ရလီရေ’ ဟို့ ပြောရေဆိုကေ ယင်းသူ ငါရို့ကို၊ ‘ယင်းပိုင်ဆိုကေ ကိုယ်ဘင်ရို့ ဇာဖို့ ယောဟန်ကို မကျုံလီကတ်စာလည်း’ ဟို့ ပြောဖို့။

6 ယေကေလည်း ငါရို့စာ၊ ‘လူက ရလီရေ’ ဟို့ ပြောရေဆိုကေ လူရို့စာ ငါရို့ကို ကျောက်လုံး ဘိုက်ကတ်ဖို့၊ အကြောင်းကား သူရို့စာ ယောဟန်ကို ဘုရားသတင်းပို့သူတစ်ပါး ဖြစ်တေ ဟို့ ကျုံကတ်တေ။”

7 ယင်းအတွက်န သူရို့စာ ပြောကတ်လီရေ၊ “ထိုအခွင့်အာဏာ ဇာက ရလီရေလည်းဆိုစာကို ငါရို့ မသိ။”

8 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ယင်းပိုင်ဆိုကေ ငါ ဇာအခွင့်အာဏာန ဒေ အလုပ်တိကို လုပ်တေလည်းဆိုစာကို ငါလည်းသောက် ကိုယ်ဘင်ရို့ကို မပြော။”


စပျစ်ခင်းအပိုင်သျှင်န ဘက်ကာစားယူသူရို့ ပုံဥပမာ
( မဿဲ ၂၁:၃၃-၄၆ ၊ မာကု ၁၂:၁-၁၂ )

9 ယင်းနောက် ယေရှုစာ လူရို့ကို သွန်သင်ပီးဖို့အတွက် ဒေပိုင် ပုံဥပမာတစ်ခု တင်ပြလီရေ၊ “လူတစ်ယောက်စာ စပျစ်ခင်းတစ်ခင်း စိုက်လီရေ အရာ ထိုစပျစ်ခင်းကို လယ်သမားရို့ဘားမာ ဘက်ကာစား အပ်ဘိုက်ခရို့ ရက်ပေါင်းများစွာ နီဖို့အတွက် အခြားပြည်တို့ လားခလီရေ။

10 ယင်းနောက် သူစာ စပျစ်သီးမှည့်ဖို့ အချိန်ကျရေခါ စပျစ်သီး အဝီယူဖို့အတွက် ကိုယ့်မာ ကျွန်တစ်ယောက်ကို လယ်သမားရို့တို့ ရွှတ်လိုက်လီရေ။ ယေကေလည်း လယ်သမားရို့စာ သူ့ကို ဘုတ်ရို့သတ်ရို့ လက်ခစည်းသသန့် ပြန်ရွှတ်လိုက်ကတ်လီရေ။

11 ယင်းခါ သူစာ အခြားတစ်ယောက် ကျွန်ကို ရွှတ်လိုက်လီရေ၊ ယေကေလည်း လယ်သမားရို့စာ သူ့ကိုလည်းသောက် ဘုတ်ပြီးကေ အသရေခွဲရို့ လက်ခစည်းသသန့် ပြန်ရွှတ်လိုက်ကတ်လီရေ။

12 ယင်းနောက် သူစာ တတိယ ကျွန်တစ်ယောက်ကို ရွှတ်လိုက်လီရေ၊ ယေကေလည်း လယ်သမားရို့စာ သူ့ကိုလည်းသောက် ရရိထိန်ရို့ နှင်ရွှတ်လိုက်ကတ်လီရေ။

13 “ယင်းခါ စပျစ်ခင်း အပိုင်သျှင်စာ ပြောလီရေ၊ ‘ဒေဂု ငါ ဇာ လုပ်ရဖို့ရောင်? အေး ကောင်းဗျာ၊ ငါ့မာ အချစ်ဆုံး သားကို ရွှတ်လိုက်ဖို့ဗျာ။ ထိုလယ်သမားရို့စာ အမှန် သူ့ကို ရိုသေကတ်လိမည်။’

14 “ယေကေလည်း လယ်သမားရို့စာ သူ့ကို မြင်ရေခါ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ ‘တစ်ရက်နိ ဒေသူ အမွီဥစ္စာတိကို ပိုင်ဆိုင်လာဖို့။ လား၊ သူ့အမွီဥစ္စာတိကို ငါရို့ ပိုင်ဆိုင်လတ်အောင် ငါရို့ သူ့ကို အသီသတ်ဘိုက်လိုက်ကတ်မည်။’

15 ယင်းနောက် သူရို့စာ သူ့ကို ဖမ်းရို့ စပျစ်ခင်းပြင်တို့ ထုတ်ယူလားပြီးကေ အသီသတ်ကတ်လီရေ။ “ဒေဂု စပျစ်ခင်း အပိုင်သျှင် ထိုလယ်သမားရို့ကို ဇာ လုပ်ဖို့လည်း?

16 သူစာ လာရို့ ထိုလယ်သမားရို့ကို အသီသတ်ဘိုက်လိမည် အရာ စပျစ်ခင်းကို အခြားလူရို့ဘားမာ ဘက်ကာစား အပ်ဘိုက်ခလိမည်။” လူရို့စာ ယေရှု ပြောစာစကားကို ကြားရို့ ပြောကတ်လီရေ၊ “ယင်းပိုင် မဖြစ်ပါစီကေ့!”

17 ယင်းခါ ယေရှုစာ သူရို့တို့ ကြည့်ရို့ ပြောလီရေ၊ “ယင်းပိုင်ဆိုကေ ကျမ်းစာမာ၊ ‘လက်သမားရို့ ပယ်ဘိုက်လိုက်စာ ကျောက်လုံးစာ ဒေါင့်ကတည်စာ အခြေခံကျောက်လုံး ဖြစ်လာရေ’ ဟို့ ရွီးထားစာ စကား အဓိပ္ပါယ် ဇာလည်း?

18 အသူမဆို ထိုကျောက်လုံးထက်မာ ကျရေဆိုကေ ယင်းသူစာ အစိတ်အညှင်း ဖြစ်လားလိမည် အရာ ထိုကျောက်လုံးစာ အသူ့ဘားမာမဆို ကျရေဆိုကေ ယင်းသူလည်းသောက် တထွတ်ကြီလားလိမည်။”

19 ယင်းခါ ကျမ်းဆရာရို့န ယဇ်ပုရောဟိတ်အကြီးရို့စာ ယေရှု ကိုယ်ရို့ကို ဆန့်ကျင်ရို့ စကား ပြောရေဆိုစာကို နားလည်ကတ်လီရေ။ ယင်းအတွက်န သူရို့စာ ယေရှုကို ဖမ်းဖို့ ကြည့်ကတ်လီရေ၊ ယေကေလည်း သူရို့စာ လူရို့ကို ကြောက်ကတ်လီရေ။


ဖန်ဒါပီးဖို့စာ အကြောင်း
( မဿဲ ၂၂:၁၅-၂၂ ၊ မာကု ၁၂:၁၃-၁၇ )

20 ယင်းခါ ကျမ်းဆရာရို့န ယဇ်ပုရောဟိတ်အကြီးရို့စာ ယေရှုကို မျက်စိ ချထားဖို့အတွက် သူ့နောက်က လူသျှို ရွှတ်လိုက်ကတ်လီရေ။ အရာ ယေရှု ပြောစာစကားတိမာ အမှားပါရေဆိုကေ ယေရှုကို ဖမ်းရို့ အုပ်ချုပ်သူကြီးအလက်မာ တင်အပ်ဖို့ ရလတ်အောင် ထိုလူသျှိုရို့စာ လူကောင်းပိုင် ဟန်ဆောင်ကတ်လီရေ။

21 ယင်းအတွက်န သူရို့စာ ယေရှုကို ပြောကတ်လီရေ၊ “ဆရာ၊ ကိုယ်ဘင် စကားန ကိုယ်ဘင် သွန်သင်ချက်တိ မှန်ရေဆိုစာကို အကျွန်ရို့ သိပါရေ။ ကိုယ်ဘင် အားကုံးသူကို တရားမျှတခြင်း ထားပါရေ အရာ မှန်ကန်ခြင်းနည်းန ထာဝရဘုရား၏ တရားလမ်းစဉ် အကြောင်းကို သွန်သင်ပီးနီရေဆိုစာကိုလည်း အကျွန်ရို့ သိပါရေ။

22 ကောင်းရေ၊ မောရှေ၏ ပညှတ်တရားအတိုင်း ရောမဧကရာဇ်မင်းကို ဖန်ဒါပီးဖို့ သင့်ပါရေလော?”

23 ယေရှုစာ သူရို့ အလိမ်ကို သိရို့ ပြောလီရေ၊

24 “ငါ့ကို ငွေသားတန်းကား တစ်ချပ် ပြခလိုက်။ ဒေ တန်းကားမာ အသူ့ရုပ်ပုံန အသူ့နာမည် ဟိရေလည်း?” သူရို့စာ ပြောကတ်လီရေ၊ “ရောမဧကရာဇ်မင်း ရုပ်ပုံန ရောမဧကရာဇ်မင်း နာမည် ဟိပါရေ။”

25 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ယင်းပိုင်ဆိုကေ ရောမဧကရာဇ်မင်းန ဆိုင်စာကို ရောမဧကရာဇ်မင်းကို ပီးကတ် အရာ ထာဝရဘုရားန ဆိုင်စာကို ထာဝရဘုရားကို ပီးကတ်။”

26 ထိုလူသျှိုရို့စာ လူရို့ ရှိက ယေရှု ပြောလီစာ စကားတိမာ အမှား ရှာရို့ မရကတ်လီ။ ယင်းထက်ပင် သူရို့စာ ယေရှု၏ အဖြေကို ကြားရို့ အံ့ဩပြီးကေ တိန်းလားခကတ်လီရေ။


အိမ်ထောင်မပြုဖို့စာ အကြောင်း
( မဿဲ ၂၂:၂၃-၃၃ ၊ မာကု ၁၂:၁၈-၂၇ )

27 ယင်းနောက် ဇဒ္ဒုကဲအဖွဲ့သားရို့အထဲက လိုင်းကေယောက် ယေရှုတို့ လာကတ်လီရေ။ ဇဒ္ဒုကဲအဖွဲ့သားရို့မာ သီရာက ပြန်ရှင်ထမြောင့်ခြင်းဆိုစာ တစ်ခုလည်း မဟိ။

28 သူရို့စာ ယေရှုကို မီးကတ်လီရေ၊ “ဆရာ၊ အကျွန်ရို့အတွက် မောရှေ ဒေပိုင် ရွီးထားခပါရေ၊ ‘အသူမဆို အိမ်ထောင်ပြုပြီးရေနောက် သားသမီး မမြင်ဘိုင်းန သီလားခရေဆိုကေ သူ့မာ ကျန်ဟိလိုက်စာ မယားကို သူ့မာညီ နစပ်ရို့ အစ်ကိုသေ အစိုင်ကို ဆက်ရဖို့။’

29 ကောင်းရေ၊ ကိုင်လိုက်ဖိ၊ အိမ်တစ်အိမ်မာ ညီအစ်ကို ခုနစ်ယောက် ဟိလီပါရေ။ အစ်ကိုသေအကြီးသူစာ အိမ်ထောင်ပြုပြီးရေနောက် သားသမီး မမြင်ဘိုင်းန သီလားခလီပါရေ။

30-31 ယင်းနောက် ထိုမဆမကို ညီအလတ်သူ နစပ်လီပါရေ အရာ ယင်းနောက် ညီအငယ်သူ နစပ်လီပါရေ။ ယင်းပိုင် ညီအစ်ကိုခုနစ်ယောက်စုံ သားသမီး မမြင်ဘိုင်းန သီလားခကတ်လီပါရေ။

32 နောက်ဆုံးပြီးမာ ထိုမဆမလည်း သီလားခလီပါရေ။

33 ယင်းပိုင်ဆိုကေ သူရို့ သီရာက ပြန်ရှင်ထမြောင့်ကတ်တေခါ ထိုမိန်းမစာ အသူ့ မယား ဖြစ်ပါဖို့လည်း? အကြောင်းကား ညီအစ်ကိုခုနစ်ယောက်စုံ ထိုမိန်းမကို နစပ်ခကတ်လီပါရေ။”

34 ယေရှုစာ သူရို့ကို ပြောလီရေ၊ “ဒေ ဘဝမာ လူရို့စာ အိမ်ထောင်နီကတ်တေ အရာ သူရို့ကို အိမ်ထောင်လည်း ချကတ်တေ။

35 ယေကေလည်း သီရာက ပြန်ရှင်ထမြောင့်ဖို့ ထိုက်တန်သူရို့စာ အိမ်ထောင်မနီကတ်ပျာ အရာ သူရို့ကို အိမ်ထောင်လည်း မချကတ်ပျာ။

36 သူရို့စာ ဂေါင်းခင်နတ်သားရို့နတူကတ်တေအတွက်န သီခြင်းတရားနကင်းကတ်ပျာ။ အရာ သူရို့စာ သီရာက ပြန်ရှင်ထမြောင့်လီကတ်တေအတွက်န ထာဝရဘုရား၏ သားသမီး ဖြစ်ကတ်ပျာ။

37 မီးတောက်နီစာ အုပ်ခြုံ အကြောင်းနပတ်သပ်ရို့ ရွီးထားစာ နေရာမာ၊ သီသူရို့ အမှန် ပြန်ရှင်ထမြောင့်ရေ ဆိုပြီးကေ မောရှေ ဖေါ်ပြလီရေ။ မောရှေစာ အသျှင်ကို၊ ‘အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ ဘုရား အရာ ယာကုပ်၏ ဘုရား’ ဟို့ ခေါ်လီရေ။

38 ယေကေလည်း ထာဝရဘုရားစာ သီသူရို့မာ ဘုရား မဟုတ်၊ အသက်အရှင် ဟိသူရို့မာရာ ဘုရား ဖြစ်တေ၊ အကြောင်းကား ထာဝရဘုရား၏ လူရို့ အားကုံးသူ အသက်အရှင် ဟိကတ်တေ။”

39 ယင်းခါ ကျမ်းဆရာ လိုင်းကေယောက်စာ ပြောကတ်လီရေ၊ “ဆရာ၊ ကိုယ်ဘင် ပြောစာစကား မှန်ပါရေ!”

40 ယင်းနောက် သူရို့စာ ယေရှုကို စကားတစ်ခွန်းလည်း မီးဖို့ မဝံ့ကတ်လီပျာ။


ခရစ်တော်စာ ဒါဝိဒ်မင်း၏ သားတော်လော?
( မဿဲ ၂၂:၄၁-၂၃:၃၆ ၊ မာကု ၁၂:၃၅-၄၀ )

41 ယေရှုစာ ထိုကျမ်းဆရာရို့ကို မီးလီရေ၊ “ခရစ်တော်ကို ဒါဝိဒ်မင်း၏ သားတော် ဖြစ်တေ ဟို့ လူရို့ ဇာပိုင်ပျင်ရို့ ပြောကတ်စာလည်း?

42-43 အကြောင်းကား ဆာလံကျမ်းမာ ဒါဝိဒ်မင်း ကိုယ်တိုင် ဒေပိုင် ပြောလီရေ၊ ‘အသျှင်စာ ငါ့အသျှင်ကို ပြောလီရေ၊ ငါ နင့် ရန်သူရို့ကို နင့် တန်ခိုးအောက်မာ မထားသကြား နင် ငါ့ညာဖက်က ထိုင်နီ။’

44 “ဒါဝိဒ်မင်းကား ခရစ်တော်ကို အသျှင် ဟို့ ခေါ်လီရေ။ ယင်းပိုင်ဆိုကေ ခရစ်တော် ဇာပိုင်ပျင်ရို့ ဒါဝိဒ်မင်း၏ သားတော် ဖြစ်နိုင်ရေလည်း?”


ကျမ်းဆရာရို့ကို ရှောင်ဖို့စာ အကြောင်း
( မဿဲ ၂၃:၅-၇ ၊ မာကု ၁၂:၃၈-၄၀ )

45 လူရို့ သူ့စကားကို နားထောင်ရို့ နီလီကတ်တေခါ ယေရှုစာ ကိုယ့်တပည့်ရို့ကို ပြောလီရေ၊

46 “ကျမ်းဆရာရို့ကို ရှောင်ကတ်။ သူရို့စာ ရှည်နိုင်သရိ အင်္ကျီတိကို ဝတ်ရို့ လည်နီဖို့စာကို နှစ်သက်ကတ်တေ အရာ ဈီးဆိုင်တိမာ လူရို့က ရိုသေခြင်း ရဖို့စာကို နှစ်သက်ကတ်တေ။ အရာ သူရို့စာ တရားဇရပ်တိန ပွဲသဖင်တိမာ အမြင့်မြတ်ဆုံးနေရာမာ ထိုင်ဖို့စာကို နှစ်သက်ကတ်တေ။

47 တစ်ဖက်က သူရို့စာ လူရို့က ချီမွမ်းခြင်းကို ရဖို့အတွက် ရှည်နိုင်သရိ ဆုကို တောင်းနီကတ်တေ၊ အရာတစ်ဖက်က မဆမရို့ ပစ္စည်း-ဥစ္စာတိကို အားဒမ လုယူနီကတ်တေ။ ဒေ လူရို့စာ အရာလည်း အများကြီး အပြစ်ဒါဏ် ခံရကတ်လိမည်။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy