Online Bible

- Reklamy -

လုကာ 18 - Marma


တရားသူကြီးန မဆမ ပုံဥပမာ

1-2 တပည့်ရို့ အမြဲတိုင်း ဆုတောင်းလတ်အောင် အရာ စိတ်မပျက်လတ်အောင် သွန်သင်ပီးဖို့အတွက် ယေရှုစာ ဒေပိုင် ပုံဥပမာတစ်ခု တင်ပြလီရေ၊ “မြို့တစ်မြို့မာ တရားသူကြီး တစ်ယောက် ဟိလီရေ။ သူစာ ထာဝရဘုရားကိုလည်း မကြောက် အရာ လူကိုလည်း အားမနာ။

3 ထိုမြို့မာ မဆမတစ်ယောက် ဟိလီရေ။ ထိုမဆမစာ အပြန်ပြန် လာရို့ တရားသူကြီးကို ပြောလီရေ၊ ‘အကျွန့် တရားစွဲဖက်ကို အကျွန် အနိုင်ရလတ်အောင် တရားသဖြင့် စစ်ဆေးပီးပါ။’

4 တရားသူကြီးစာ ထိုမိန်းမ စကားကို နားမထောင်ဘိုင်းန လိုင်းကေရက် နီလီရေ။ ယေကေလည်း နောက်ဆုံးပြီးမာ စိတ်မာ စိတ်မာ ပြောလီရေ၊ ‘ငါ ထာဝရဘုရားကိုလည်း မကြောက် အရာ လူကိုလည်း အားမနာ၊

5 ယေကေလည်း ဒေ မဆမစာ ငါ့ကို နှောက်သျှက်တေအတွက်န သူ အနိုင်ရလတ်အောင် ငါ တရားသဖြင့် စစ်ဆေးပီးဖို့ဗျာ။ ယင်းပိုင် မဟုတ်ဆိုကေ သူစာ အပြန်ပြန် လာရို့ ငါ့ကို နှောက်သျှက်ဖို့ အရာ ငါလည်းသောက် ပင်ပန်းဖို့။’”

6 ယင်းနောက် အသျှင်စာ အရာလည်း ပြောလီရေ၊ “တရားသဖြင့် စစ်ဆေးသူ မဟုတ်ကေလည်း တရားသူကြီး ဇာ ပြောလီရေလည်းဆိုစာကို စဉ်းစားကြည့်ကတ်။

7 အရာ ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရသူရို့စာ ထာဝရဘုရားဘားမာ ညဉ့်ပါ-ရက်ပါ ဆုတောင်းနီကတ်တေဆိုကေ ထာဝရဘုရား သူရို့အတွက် တရားသဖြင့် စစ်ဆေးဖို့ မဟုတ်လော? သူစာ တရားသဖြင့် စစ်ဆေးဖို့စာကို အကြာ ထားဖို့လော?

8 ငါ နင်ရို့ကို ပြောရေ၊ သူစာ အယင်အမြန် သူရို့ဖက်က တရားသဖြင့် စစ်ဆေးလိမည်။ ယေကေလည်း မနုသသားတော် ကြွလာရေခါ ဒေ ကမ္ဘာမာ ကျုံခြင်းတရားကို မြင်ရဖို့လော?”


ဖာရိရှဲအဖွဲ့သားန ဖန်ဒါကောက်သမား ပုံဥပမာ

9 ကိုယ်ရို့ကို သူတော်ကောင်း မှတ်ရို့ အခြားလူရို့ကို အားမနာလုပ်သူရို့ကို သွန်သင်ပီးဖို့အတွက် ယေရှုစာ ဒေပိုင် ပုံဥပမာတစ်ခု တင်ပြလီရေ၊

10 “လူနှစ်ယောက် ဆုတောင်းဖို့အတွက် ဝိပဿနာကျောင်းတို့ လားခကတ်လီရေ။ သူရို့နှစ်ယောက်မာ တစ်ယောက်စာ ဖာရိရှဲအဖွဲ့သား၊ အခြားတစ်ယောက်စာ ဖန်ဒါကောက်သမား ဟိလီရေ။

11 ထိုဖာရိရှဲအဖွဲ့သားစာ ရပ်ပြီးကေ ကိုယ့်အကြောင်းကို ယူရို့ ဒေပိုင် ဆုတောင်းလီရေ၊ ‘အိုး ထာဝရဘုရား၊ အကျွန် ကိုယ်တော်ကို ကျေးဇူးတင်ပါစာကား၊ အကျွန် အခြားလူရို့ပိုင် လိမ်စားသူ၊ မရိုးသားသူ အရာ ကာမဂုဏ် လိုက်စားသူ မဟုတ်ပါ၊ ယင်းထက်မက အကျွန်စာ ထိုဖန်ဒါကောက်သမားပိုင်လည်း မဟုတ်ပါ။

12 အကျွန် တစ်ပတ်မာ နှစ်ခေါက်စီ အစားရှောင်ပါရေ၊ အရာ အကျွန့်မာ ဟိသမျ လုပ်ရို့ ရစာတိက ဆယ်ဖို့တစ်ဖို့ ကိုယ်တော်ကို လှူပါရေ။’

13 ယေကေလည်း ဖန်ဒါကောက်သမားစာ တစ်ဖဲ့ အဝီးမာ ရပ်ရို့ ဟိလီရေ။ သူစာ ဂေါင်းခင်တို့ မော်ကြည့်ဖို့ပင် မဝံ့လီ။ သူစာ ဝမ်းနည်းရို့ ပြောလီရေ၊ ‘အိုး ထာဝရဘုရား! အကျွန်ကား အပြစ်သေတစ်ယောက် ဖြစ်ပါရေ! အကျွန့်ကို သနားပါ!’

14 “ငါ နင်ရို့ကို ပြောရေ၊ ထိုဖန်ဒါကောက်သမားစာ သူတော်ကောင်းအဖြစ် သတ်မှတ်ခြင်းကို ခံရရို့ အိမ်တို့ ပြန်လားခလီရေ၊ ယေကေလည်း ဖာရိရှဲအဖွဲ့သားစာ သူတော်ကောင်းအဖြစ် သတ်မှတ်ခြင်းကို မခံရလီ။ အကြောင်းကား ကိုယ့်ကို ချီးမြှောင့်သူစာ နှိမ့်ချခြင်းကို ခံရလိမည် အရာ ကိုယ့်ကို နှိမ့်ချသူစာ ချီးမြှောင့်ခြင်းကို ခံရလိမည်။”


အသျှေရို့ အကြောင်းကို ယူရို့ သွန်သင်ခြင်း
( မဿဲ ၁၉:၁၃-၁၅ ၊ မာကု ၁၀:၁၃-၁၆ )

15 အသျှေရို့ အဂေါင်းမာ အလက်တင်ရို့ ပဿိ ပီးပတ်စီအတွက် လူရို့စာ ကိုယ်ရို့မာ သားသမီးရို့ကို ယေရှုတို့ ယူလာကတ်လီရေ။ ယေကေလည်း တပည့်ရို့စာ ယင်းသျှင့်ကို မြင်ရို့ လူရို့ကို ဟောက်ကတ်လီရေ။

16 ယေကေလည်း ယေရှုစာ ထိုအသျှေရို့ကို ကိုယ့်အနားတို့ ခေါ်လီရေ။ ယင်းနောက် သူစာ တပည့်ရို့ကို ပြောလီရေ၊ “အသျှေရို့ကို ငါ့တို့ လာဖို့ ပီးကတ်။ သူရို့ကို မဟန့်ကတ်ကေ့၊ အကြောင်းကား ထာဝရဘုရား၏ နိုင်ငံတော်စာ ဒေ အသျှေရို့ပိုင် လူရို့အတွက်ရာ ဖြစ်တေ။

17 ငါ နင်ရို့ကို အမှန် ပြောရေ၊ အသူမဆို အသျှေရို့ပိုင် ထာဝရဘုရား၏ နိုင်ငံတော်ကို လက်မခံဆိုကေ သူစာ တစ်ခါလည်း ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ရလိမည် မဟုတ်။”


သူဌေးတစ်ယောက် အကြောင်း
( မဿဲ ၁၉:၁၆-၃၀ ၊ မာကု ၁၀:၁၇-၃၁ )

18 ယုဒလူမျိုးရို့မာ ဂေါင်းဆောင်တစ်ယောက်စာ ယေရှုကို မီးလီရေ၊ “ဆရာ၊ ကိုယ်ဘင်ကား လူကောင်းတစ်ယောက် ဖြစ်ပါရေ။ အကျွန့်ကို ပြောပါ၊ ထာဝရအသက်ကို ရဖို့အတွက် အကျွန် ဇာ လုပ်ရပါဖို့လည်း?”

19 ယေရှုစာ သူ့ကို ပြောလီရေ၊ “ငါ့ကို ဇာဖို့ လူကောင်း ပြောစာလည်း? ထာဝရဘုရား တစ်ပါးတည်းကို ပယ်ရို့ လူကောင်း တစ်ယောက်လည်း မဟိ။

20 ကိုယ်ဘင်ကား ပညှတ်ချက်တိကို သိရေ၊ ‘ကာမဂုဏ် မလိုက်စားရ၊ လူအသက်ကို မသတ်ရ၊ မခိုးရ၊ မုတ်သား သက်သီ မပီးရ အရာ နင့် အမိအဖကို ရိုသေလေးစားရဖို့။’”

21 ထိုဂေါင်းဆောင်စာ ပြောလီရေ၊ “အကျွန် အသျှေကပင် ထို ဟိသမျ အားကုံးကို လိုက်နာရို့ လာပါဗျာ။”

22 ထိုစကားကို ကြားရို့ ယေရှုစာ သူ့ကို ပြောလီရေ၊ “ကိုယ်ဘင်မာ ဒေဂုလည်း အလုပ်တစ်ခု ကျန်သိရေ။ ကိုယ်ဘင်မာ ဟိသမျ အမွီဥစ္စာကို ရောင်းရို့ ဆင်းရဲသားရို့ကို လှူဘိုက်ခီ။ ယင်းပိုင်ဆိုကေ ကိုယ်ဘင် ဂေါင်းခင်ဘုံမာ ဥစ္စာဘဏ္ဍာကို ရလိမည်။ ယင်းနောက် ပြန်လာရို့ ငါ့တပည့် ဖြစ်ခလိုက်။”

23 ယေရှု စကားကို ကြားရို့ ထိုဂေါင်းဆောင်စာ ကောင်းကောင်း စိတ်ဆိုးလီရေ၊ အကြောင်းကား သူစာ ကောင်းကောင်း ချမ်းသာလီရေ။

24 ယေရှုစာ ထိုဂေါင်းဆောင်တို့ ကြည့်ရို့ ပြောလီရေ၊ “သူဌေးရို့အတွက် ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ဖို့ ကောင်းကောင်း ခက်ခဲရေ!

25 သူဌေးရို့ ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ဖို့စာထက် ကုလားအုပ်တစ်ကောင် အပ်နဖားက ဝင်လားဖို့စာပင် ရွယ်သိရေ။”

26 ယေရှု စကားကို ကြားသူရို့စာ ပြောကတ်လီရေ၊ “ယင်းပိုင်ဆိုကေ အသူ ကယ်တင်ခြင်းကို ရနိုင်ပါဖို့လည်း?”

27 ယေရှုစာ ပြောလီရေ၊ “လူအတွက် မဖြစ်နိုင်စာတိ ထာဝရဘုရားအတွက် ဖြစ်နိုင်ရေ။”

28 ယင်းခါ ပေတရုစာ ပြောလီရေ၊ “အကျွန်ရို့ကား ဟိသမျ အားကုံးကို စွန့်ဘိုက်ခရို့ ကိုယ်တော်၏ တပည့် ဖြစ်ကတ်ပါဗျာ။”

29-30 ယေရှုစာ ကိုယ့်တပည့်ရို့ကို ပြောလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ ထာဝရဘုရား၏ နိုင်ငံတော်အတွက် အိမ်-ယာ၊ မယား၊ ညီအစ်ကိုမောင်နမှ အရာ သားသမီးရို့ကို စွန့်ရို့ လာသူရို့ အားကုံးသူ ဒေ ဘဝမာ အများကြီး ရကတ်လိမည်၊ အရာ သူရို့စာ နောင်ဘဝမာ ထာဝရအသက်ကို ရကတ်လိမည်။”


ကိုယ်သီဖို့စာ အကြောင်းကို တတိယခေါက် ပြောပြခြင်း
( မဿဲ ၂၀:၁၇-၁၉ ၊ မာကု ၁၀:၃၂-၃၄ )

31 ယေရှုစာ ကိုယ့်တပည့် တစ်ဆယ့်နှစ်ယောက်ကို တစ်ဖက်တို့ ခေါ်ယူရို့ ပြောလီရေ၊ “နားထောင်ကတ်၊ ငါရို့ ယေရုရှလင်မြို့တို့ လားကတ်စာ ဖြစ်တေ။ မနုသသားတော် အကြောင်းနပတ်သပ်ရို့ ဘုရားသတင်းပို့သူရို့ ရွီးထားခစာ အားကုံး ပြည့်စုံလာလိမည်။

32 လူရို့စာ သူ့ကို ယုဒမဟုတ်သူရို့အလက်မာ တင်အပ်ကတ်လိမည်၊ သရော်ကတ်လိမည်၊ အသရေရှုတ်ချကတ်လိမည် အရာ သူ့ခန္ဓာမာ တန်းဆီးဘိုက်ကတ်လိမည်။

33 လူရို့စာ သူ့ကို ရရိပေါ်အောင် စက်ကျာကြိုးန ဘုတ်ရို့ ပြီးရေခါ အသီသတ်ကတ်လိမည် အရာ သူစာ သုံးရက်နိမာ သီရာက ပြန်ရှင်ထမြောင့်လိမည်။”

34 ယေကေလည်း တပည့်ရို့စာ ထိုစကားတိကို နားမလည်လီကတ်။ ထိုစကားအဓိပ္ပါယ်ကို သူရို့က ဖုံးရွှက်ရို့ ထားလီရေအတွက်န ယေရှု ဇာ ပြောလီရေလည်းဆိုစာကို သူရို့ နားမလည်လီကတ်စာ ဖြစ်တေ။


မျက်ကန်းတစ်ယောက် အကောင်းဖြစ်ခြင်း
( မဿဲ ၂၀:၂၉-၃၄ ၊ မာကု ၁၀:၄၆-၅၂ )

35 ယေရှုန သူ့တပည့်ရို့စာ ယေရိခေါမြို့နားတို့ ရောက်ကတ်တေခါ မျက်ကန်းတစ်ယောက် လမ်းနားမာ ထိုင်ပြီးကေ အလှူခံရို့ ဟိလီရေ။

36 သူစာ လူအများကြီး အသံကို ကြားရို့ ဇာ ဖြစ်တေလည်း ဆိုပြီးကေ မီးကြည့်လီရေ။

37 နာဇရက်မြို့သျှေသား ယေရှု ထိုလမ်းကနီရို့ ကြွရေဆိုစာကို လူရို့စာ သူ့ကို ပြောပြကတ်လီရေ။

38 ယင်းခါ သူစာ အားန အော်ရို့ ပြောလီရေ၊ “အိုး ဒါဝိဒ်မင်း၏ သားတော် ယေရှု၊ အကျွန့်ကို သနားပါ!”

39 လူပရိတ်သတ် ရှိက ဟိလီသူရို့စာ သူ့ကို ဟောက်ပြီးကေ တိန်းရို့ နီဖို့ ခိုင်းကတ်လီရေ။ ယေကေလည်း သူစာ အရာလည်း အားန အော်ရို့ ခေါ်လီရေ၊ “အိုး ဒါဝိဒ်မင်း၏ သားတော်၊ အကျွန့်ကို သနားပါ!”

40 ယေရှုစာ တန့်ရို့ ထိုမျက်ကန်းကို ကိုယ့်အနားတို့ ယူခဖို့ ခိုင်းလီရေ။ သူစာ အနားတို့ ရောက်တေခါ ယေရှုစာ မီးလီရေ၊

41 “နင် ဇာ လိုစာလည်း? နင့်အတွက် ငါ ဇာ လုပ်ရဖို့လည်း?” သူစာ အဖြေပီးလီရေ၊ “အသျှင်၊ အကျွန့်မာ မျက်စိ မြင်ချင်ပါရေ။”

42 ယေရှုစာ သူ့ကို ပြောလီရေ၊ “နင့် မျက်စိ မြင်ရစီ! နင် ကျုံရေအတွက်န နင့်မာ မျက်စိ မြင်ရဗျာ။”

43 ထိုလူမာ မျက်စိစာ ချက်ချင်း မြင်ရလီရေ အရာ သူစာ ထာဝရဘုရားကို ချီမွမ်းရို့ ယေရှု နောက်က လိုက်လီရေ။ ယင်းသျှင့်ကို မြင်ရို့ ဟိသမျ လူရို့စာ ထာဝရဘုရားကို ချီမွမ်းကတ်လီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy