လုကာ 15 - Marmaပျောက်လားခစာ သိုးဆိတ် ပုံဥပမာ ( မဿဲ ၁၈:၁၀-၁၄ ) 1 တစ်ရက်နိ ဖန်ဒါကောက်သမားရို့န လူဆိုးရို့ အားကုံးသူ ယေရှု စကားကို နားထောင်ဖို့အတွက် သူ့တို့ လာကတ်လီရေ။ 2 ယင်းအတွက်န ဖာရိရှဲအဖွဲ့သားရို့န ကျမ်းဆရာရို့စာ မနှစ်သက်ဖြစ်ရို့ အပြစ်တင်စကား ပြောကတ်လီရေ၊ “ဒေ လူကား လူဆိုးရို့န ပေါင်းဖေါ်ရေ၊ ယင်းထက်မက သူရို့နအတူ စားသောက်တေ။” 3 ယင်းခါ ယေရှုစာ သူရို့ကို သွန်သင်ပီးဖို့အတွက် ဒေပိုင် ပုံဥပမာ တင်ပြလီရေ၊ 4 “ကိုင်လိုက်ဖိ၊ ကိုယ်ဘင်ရို့အထဲက လူတစ်ယောက်မာ သိုးဆိတ် အကောင်တစ်ရာ ဟိရေ။ ထိုသိုးဆိတ် အကောင်တစ်ရာအထဲက တစ်ကောင် ပျောက်လားခရေဆိုကေ သူစာ ကျန်စာ ကိုးဆယ်နကိုးကောင်ကို လယ်ပြင်မာ ထားဘိုက်ခရို့ ထိုတစ်ကောင်ကို ရှာရို့ မရသကြား လိုက်ရို့ ရှာနီရေ မဟုတ်လော? 5 သူစာ ထိုတစ်ကောင်ကို ရှာရို့ ရရေခါ ပျော်ပြီးကေ ကိုယ့်ပက်ခုံးမာ တင်ယူခရေ။ 6 ယင်းနောက် သူစာ အိမ်တို့ ပြန်လာရို့ ကိုယ့်မိတ်ဆွေရို့န အိမ်နားပါးသားရို့ကို ခေါ်ရို့ ပြောရေ၊ ‘ငါ့မာ ပျောက်လားခစာ သိုးဆိတ်ကို ရှာရို့ ရခီဗျာ။ ယင်းအတွက်န ငါနအတူ ပျော်ခလိုက်ကတ်။’ 7 ငါ ကိုယ်ဘင်ရို့ကို ပြောရေ၊ ယင်းပိုင်တထန် အပြစ်က စိတ်လှည့်ရို့ လာဖို့ အလိုမဟိ ဟို့ မှတ်ကတ်စာ ကိုးဆယ်နကိုးယောက် သူတော်ကောင်းထက်ပင် လူဆိုးတစ်ယောက် အပြစ်က စိတ်လှည့်ရို့ လာရေဆိုကေ ဂေါင်းခင်ဘုံမာ အရာလည်း ပိုရို့ ပျော်ရေ။ ပျောက်လားခစာ ငွေသားတန်းကား ပုံဥပမာ 8 “အရာတစ်ပြန် ကိုင်လိုက်ဖိ၊ မိန်းမတစ်ယောက်မာ ငွေသားတန်းကားဆယ်ချပ် ဟိရေ။ ထိုငွေသားတန်းကားဆယ်ချပ်အထဲက တစ်ချပ် ပျောက်လားခရေဆိုကေ သူစာ ဆီမီးထွန်းပြီးကေ မရသကြား အိမ်လှည်းရို့ အရေးစိုက်ရို့ ရှာနီရေ မဟုတ်လော? 9 သူစာ ထိုတန်းကားကို ရှာရို့ ရရေခါ ကိုယ့်မိတ်ဆွေရို့န အိမ်နားပါးသားရို့ကို ခေါ်ရို့ ပြောရေ၊ ‘ငါ့မာ ပျောက်လားခစာ ငွေသားတန်းကားကို ရှာရို့ ရခီဗျာ။ ယင်းအတွက်န ငါနအတူ ပျော်ခလိုက်ကတ်။’ 10 ငါ ကိုယ်ဘင်ရို့ကို ပြောရေ၊ ယင်းပိုင်တထန် လူဆိုးတစ်ယောက် အပြစ်က စိတ်လှည့်ရို့ လာရေဆိုကေ ထာဝရဘုရား၏ ဂေါင်းခင်နတ်သားရို့စာ ပျော်ကတ်တေ။” ပျောက်လားခစာ သားတစ်ယောက် ပုံဥပမာ 11 ယင်းနောက် ယေရှုစာ ပြောလီရေ၊ “လူတစ်ယောက်မာ သားနှစ်ယောက် ဟိလီရေ။ 12 သားအသျှေသူစာ ကိုယ့်အဖကို ပြောလီရေ၊ ‘အဘာ၊ အကျွန် ရသင့်စာ အမွီဥစ္စာကို ဒေဂု အကျွန့်ကို ဝီပီးဖိ။’ ယင်းခါ အဖစာ ကိုယ့်မာ အမွီဥစ္စာတိကို သားနှစ်ယောက်ကို ဝီပီးလိုက်လီရေ။ 13 လိုင်းကေရက် ကြာရေခါ သားအသျှေသူစာ အမွီဥစ္စာကို ရောင်းပြီးကေ တန်းကား-ဖွေသျှာကို ယူရို့ အဝီးမာဟိစာ အခြားတစ်ပြည်တို့ လားခလီရေ။ သူစာ ထိုပြည်မာ အပျော်လိုက်စားရို့ တန်းကား-ဖွေသျှာ အားကုံးကို ဖြုန်းဘိုက်လိုက်လီရေ။ 14 သူ့မာ ဟိသမျ တန်းကား ကုန်လားခရေခါ ထိုပြည်မာ ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လီရေ။ ယင်းအတွက်န သူစာ ကောင်းကောင်း ဆင်းရဲလီရေ။ 15 ယင်းခါ သူစာ ထိုပြည်မာ လူတစ်ယောက်တို့ လားရို့ အလုပ် တောင်းလီရေ။ အရာ ထိုလူစာ သူ့ကို ဝက်ကျောင်းဖို့အတွက် လယ်ပြင်တို့ ရွှတ်လိုက်လီရေ။ 16 ယင်းခါ သူစာ ဝက်စားစာ အစာကိုတိုင်အောင်ပင် စားချင်ဖို့ စိတ်ရောက်လီရေ၊ အကြောင်းကား သူ့ကို အစားအစာ ပီးသူတစ်ယောက်လည်း မဟိလီ။ 17 “အဆုံးပြီးမာ သူစာ နောင်တရရို့ ကိုယ့်ကိုကိုယ် ပြောလီရေ၊ ‘ငါ့အဖမာ အငှားသား အများကြီး ဟိရေ အရာ သူရို့စာ ဝအောင် စားရနီကတ်တေ၊ ယေကေလည်း ငါကား ဒေ နေရာမာ ငတ်ရို့ သီဖို့ ပျင်နီဗျာ။ 18 ငါ ထရို့ အဘာတို့ လားပြီးကေ ဒေပိုင် ပြောဖို့ဗျာ၊ “အဘာ၊ ထာဝရဘုရားန အဘာကို ပုန်ကန်ရို့ အကျွန် ပြစ်မှားဘိုက်လိုက်ပျာ။ 19 အကျွန် အဘာမာ သား ဟို့ အခေါ်ခံဖို့ မထိုက်တန်ဗျာ။ အကျွန့်ကို ထိုအငှားသားရို့အထဲက တစ်ယောက်ကိုပိုင် ထားဖိ။”’ 20 “ယင်းနောက် သူစာ ထရို့ ကိုယ့်အဖတို့ ပြန်လားခလီရေ။ သူအဝီးက လာစာကို မြင်ရေခါကပင် သူ့အဖစာ သူ့ကို ကောင်းကောင်း သနားလီရေ အရာ အဖစာ ဗြီးလားရို့ ကိုယ့်သားကို ဖက်ရို့ နမ်းလီရေ။ 21 ယင်းခါ သားစာ ပြောလီရေ၊ ‘အဘာ၊ ထာဝရဘုရားန အဘာကို ပုန်ကန်ရို့ အကျွန် ပြစ်မှားဘိုက်လိုက်ပျာ။ အကျွန် အဘာမာ သား ဟို့ အခေါ်ခံဖို့ မထိုက်တန်ဗျာ။’ 22 “ယေကေလည်း သူ့အဖစာ ကိုယ့်ကျွန်ရို့ကို ပြောလီရေ၊ ‘အယင်အမြန် အကောင်းဆုံးအင်္ကျီကို ယူခရို့ သူ့ဘားမာ ဝတ်ပီးလိုက်ကတ် အရာ သူ့အလက်မာ လက်စွပ်န သူ့အခြီမာ ဖနပ် စီးပီးလိုက်ကတ်။ 23 အရာ တတုံဖဖျို့ နွားသျှေတစ်ကောင် ယူခရို့ လှီးကတ်။ လာကတ်၊ ငါရို့ စားရို့သောက်ရို့ ပျော်ကတ်မည်၊ 24 ငါ့မာ ဒေ သားစာ သီလားခလီရေ၊ ယေကေလည်း ဒေဂု ပြန်ရှင်ဗျာ! သူစာ ပျောက်လားခလီရေ၊ ယေကေလည်း ဒေဂု ပြန်ရခီဗျာ!’ ယင်းနောက် သူရို့စာ စားရို့သောက်ရို့ ပျော်ကတ်လီရေ။ 25 “သူရို့ စားရို့သောက်ရို့ ပျော်နီကတ်တုံးမာ သားအကြီးသူစာ လယ်ပြင်မာ ဟိလီရေ။ သူစာ အိမ်နားတို့ ရောက်တေခါ တီးသံ-ကသံကို ကြားရလီရေ။ 26 ယင်းခါ သူစာ ကျွန်တစ်ယောက်ကို ခေါ်ရို့ မီးလီရေ၊ ‘ဒေ အခြင်းအရာကား ဇာလည်း?’ 27 “ကျွန်စာ သူ့ကို အဖြေပီးလီရေ၊ ‘ကိုယ်ဘင်မာ ညီသျှေ ပြန်ရောက်ပါဗျာ။ ကိုယ်ဘင်မာ ညီသျှေ ကျကျန်းမမာ ပြန်ရောက်တေအတွက်န ကိုယ်ဘင်မာ အဖ တတုံဖဖျို့ နွားသျှေတစ်ကောင် လှီးရို့ စားပွဲ ပီးပါရေ။’ 28 “ယင်းခါ သားအကြီးသူစာ မန်တက်ရို့ အိမ်ထဲတို့ ဝင်ဖို့ မလိုလီ။ ယင်းအတွက်န သူ့အဖစာ ပြင်တို့ ထွက်လာရို့ သူ့ကို အိမ်ထဲတို့ ဝင်ဖို့အတွက် အလိုလိုက်လီရေ။ 29 သူစာ ကိုယ့်အဖကို ပြောလီရေ၊ ‘ကြည့်၊ အကျွန် နှစ်ပေါင်းများစွာ အဘာကို ကျွေးမွေးပြုဇုရို့ လာဗျာ။ အကျွန် တစ်ခါလည်း အဘာ စကားကို မဖယ်သိ။ ယေကေလည်း အကျွန် ကိုယ့်မိတ်ဆွေရို့န စားရို့သောက်ရို့ ပျော်ဖို့အတွက် အဘာ အကျွန့်ကို တစ်ခါလည်း ဆိတ်သျှေတစ်ကောင်ပင် မပီးသိ။ 30 ယေကေလည်း အဘာမာ ဒေ သားစာ ပြည်တန်းဆာမရို့န ပျော်ရို့ အဘာ တန်းကား-ဖွေသျှာ အားကုံးကို ဖြုန်းဘိုက်ခီဗျာ။ အရာ ဒေဂု သူရောက်လာရေခါ အဘာ သူ့အတွက် တတုံဖဖျို့ နွားသျှေတစ်ကောင် လှီးရို့ စားပွဲ ပီးရေ!’ 31 “သူ့အဖစာ ပြောလီရေ၊ ‘အဗုမောင်၊ နင်ကား အမြဲတိုင်း ငါနအတူ ဟိရေ။ အရာ ငါ့မာဟိစာ အမွီဥစ္စာ အားကုံးကိုလည်း နင် ပိုင်ဆိုင်ရေ။ 32 မန်ပါဖို့စာထက်ပင် ငါရို့မာ စားရို့သောက်ရို့ ပျော်ဖို့ သင့်ရေ၊ အကြောင်းကား နင့်မာ ဒေ ညီသျှေစာ သီလားခရို့ ပြန်ရှင်ဗျာ အရာ ပျောက်လားခရို့ ပြန်ရခီဗျာ။’” |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.