ယောဟန် 1 - Marmaစကားတော် ကိုယ်တိုင် ထာဝရဘုရား ဖြစ်ခြင်း 1 ပထမဆုံးခါ စကားတော် ဟိလီရေ။ ထိုစကားတော်စာ ထာဝရဘုရားနအတူ ဟိလီရေ အရာ ထိုစကားတော် ကိုယ်တိုင် ထာဝရဘုရား ဟိလီရေ။ 2 အရာ ထိုစကားတော်စာ ပထမဆုံးခါ ထာဝရဘုရားနအတူ ဟိလီရေ။ 3 ထာဝရဘုရားစာ ထိုစကားတော်န ဟိသမျ အားကုံးကို ဖန်ဆင်းလီရေ။ ထိုစကားတော် မပါဘိုင်းန ဖန်ဆင်းစာ တစ်ခုလည်း မဟိ။ 4 ထိုစကားတော်မာ အသက် ဟိလီရေ အရာ ထိုအသက်စာ ကမ္ဘာမာ လူရို့အတွက် အလင်း ဖြစ်တေ။ 5 ထိုအလင်းစာ အမိုက်အမှောင်မာ ထွန်းတောက်နီရေ။ အမိုက်အမှောင်စာ အလင်းကို ချုပ်ရို့မထားနိုင်လီ။ အလင်းအကြောင်းကို သက်သီပီးဖို့ လာခြင်း 6 ထာဝရဘုရားစာ ယောဟန်နာမည်န လူတစ်ယောက်ကို ရွှတ်လိုက်လီရေ။ 7 အလင်းအကြောင်းကို လူရို့ အားကုံးသူ ကြားရို့ ကျုံကတ်ပတ်စီအတွက် ယောဟန်စာ အလင်းအကြောင်းကို သက်သီပီးဖို့ လာလီရေ။ 8 ယောဟန် ကိုယ်တိုင် အလင်း မဟုတ်၊ ယေကေလည်း သူစာ အလင်း အကြောင်းကို သက်သီပီးဖို့အတွက် လာလီစာ ဖြစ်တေ။ ထာဝရဘုရား၏ သားသမီးဖြစ်ခွင့်ကို ခံရခြင်း 9 ထိုစကားတော်စာ အလင်းအစစ် ဖြစ်တေ၊ အကြောင်းကား သူစာ ဒေ လောကတို့ ကြွလာရို့ လူတိုင်းကို အလင်း ပီးလီရေ။ 10 ထာဝရဘုရားစာ ထိုစကားတော်န ဒေ လောကကို ဖန်ဆင်းလီရေ။ အရာ ထိုစကားတော်လည်း ဒေ လောကမာ ဟိလီရေ၊ ယေကေလည်း ဒေ လောကသားရို့စာ သူ့ကို မသိကတ်လီ။ 11 သူစာ ဒေ လောကမာ ကိုယ့်လူရို့တို့ ကြွလာလီရေ၊ ယေကေလည်း သူရို့စာ သူ့ကို လက်မခံကတ်လီ။ 12 ယေကေလည်း သူ့ကို ကျုံရို့ လက်ခံကတ်စာ လူရို့ အားကုံးသူကို သူစာ ထာဝရဘုရား၏ သားသမီးဖြစ်ခွင့်ကို ပီးလီရေ။ 13 ထိုသားသမီးရို့စာ လူအသွီးသားနစပ်ရို့ မွီးဖွားစာ သားသမီး မဟုတ် အရာ လူအလိုဆန္ဒအတိုင်း မွီးဖွားစာ သားသမီးလည်း မဟုတ်။ ယေကေလည်း ထာဝရဘုရား၏ တန်ခိုးန မွီးဖွားစာ သားသမီး ဖြစ်ကတ်တေ။ စကားတော်စာ လူ့ဇာတိအဖြစ် မွီးဖွားခြင်း 14 ထိုစကားတော်စာ လူ့ဇာတိအဖြစ် မွီးဖွားခြင်းကို ခံယူပြီးကေ ကျေးဇူးတော်န မှန်ကန်ခြင်း ပြည့်စုံရို့ ငါရို့နအတူ နီထိုင်လီရေ။ သားတော်၏ ဘုန်းတန်ခိုးကို ငါရို့ မြင်ဖူးကတ်ပျာ။ သားတော်စာ ထိုဘုန်းတန်ခိုးကို အဖက ရလီရေ။ 15 ယောဟန်စာ ထိုသားတော် အကြောင်းကို အားန အော်ရို့ သက်သီ ပီးလီရေ၊ “‘ငါ့နောက်က ကြွလာသူစာ ငါ မမွီးဖွားခင်အယင်ကပင် ဟိလီရေ။ ယင်းအတွက်န သူစာ ငါ့ထက် ကြီးမြတ်သူတစ်ပါး ဖြစ်တေ’ ဟို့ ငါ သူ့အကြောင်းကို အယင် နင်ရို့ဘားမာ ပြောပြလီရေ။” 16 ထိုသားတော်မာ ကျေးဇူးတော်န မှန်ကန်ခြင်းတရား အပြည့်အစုံ ဟိလီရေ။ ယင်းအတွက်န သူစာ ငါရို့ အားကုံးသူကို ပဿိ အများကြီး ပီးလီရေ။ 17 ထာဝရဘုရားစာ မောရှေကနီရို့ ပညှတ်တရားကို ပီးလီရေ၊ ယေကေလည်း သူစာ ယေရှုခရစ်တော်ကနီရို့ရာ ကျေးဇူးတော်န မှန်ကန်ခြင်းတရားကို ဖေါ်ပြလီရေ။ 18 ထာဝရဘုရားကို တစ်ယောက်လည်း တစ်ခါပင် မမြင်ဖူးကတ်၊ ယေကေလည်း အဖ၏ ရင်ခွင်မာဟိစာ တစ်ပါးတည်း သားတော်စာ ထာဝရဘုရားကို လူရို့ဘားမာ ဖေါ်ပြလီရေ။ ထိုသားတော် ကိုယ်တိုင် ထာဝရဘုရား ဖြစ်တေ။ ရီနှစ်မင်္ဂလာပီးသူ ယောဟန် သက်သီပီးခြင်း ( မဿဲ ၃:၁၁ ၊ မာကု ၁:၆-၈ ၊ လုကာ ၃:၁၅-၁၆ ) 19 ယောဟန် ပီးလီစာ သက်သီ ဖြစ်တေကား ဒေပိုင်၊ ယေရုရှလင်မြို့က ယုဒဂေါင်းဆောင်ရို့စာ ယဇ်ပုရောဟိတ် လိုင်းကေယောက်န လေဝိအမျိုးအနွယ်သား လိုင်းကေယောက်ကို ယောဟန်တို့ ရွှတ်လိုက်ကတ်လီရေ။ အရာ သူရို့စာ ယောဟန်ကို မီးကတ်လီရေ၊ “ကိုယ်ဘင် အသူပါလည်း?” 20 ယောဟန်စာ ဖုံးရွှက်ရို့ မထားဘိုင်းန ပပွင့်လလင်း အဖြေပီးလီရေ၊ “ငါ ခရစ်တော် မဟုတ်။” 21 ယင်းခါ သူရို့စာ ယောဟန်ကို မီးကတ်လီရေ၊ “ကိုယ်ဘင် ခရစ်တော် မဟုတ်ကေ အသူပါလည်း? ဘုရားသတင်းပို့သူ ဧလိယပါလော?” ယောဟန်စာ အဖြေပီးလီရေ၊ “ငါ ဧလိယလည်း မဟုတ်။” သူရို့စာ အရာလည်း မီးကတ်လီရေ၊ “ယင်းပိုင်ဆိုကေ ကိုယ်ဘင် ထိုကြီးမြတ်စာ ဘုရားသတင်းပို့သူပါလော?” ယောဟန်စာ အဖြေပီးလီရေ၊ “ငါ ထိုဘုရားသတင်းပို့သူလည်း မဟုတ်။” 22 ယင်းခါ သူရို့စာ ယောဟန်ကို ပြောကတ်လီရေ၊ “ယင်းပိုင်ဆိုကေ ကိုယ်ဘင် အသူလည်းဆိုစာကို အကျွန်ရို့ကို ပြောပါ၊ အကြောင်းကား အကျွန်ရို့ ပြန်လားရို့ အကျွန်ရို့ကို ရွှတ်လိုက်သူရို့ဘားမာ ပြောပြရပါဖို့။ ကိုယ်ဘင် ကိုယ့်ကိုကိုယ် ဇာမှတ်ပါရေလည်းဆိုစာကို အကျွန်ရို့ကို တစ်ခေါက် ပြောပါ။” 23 ဘုရားသတင်းပို့သူ ဟေရှာယ ဟောပြောခလီစာ စကားကို ယောဟန်စာ ပြောလီရေ၊ “‘နင်ရို့ အသျှင်၏ လမ်းကို ပပြောင့် လုပ်ကတ်’ ဟို့ ငါ သဲကန္တာရတောပြင်မာ အော်ရို့ ပြောနီသူ စကားသံ ဖြစ်တေ။” 24 ထိုလူရို့ကို ဖာရိရှဲအဖွဲ့သားရို့က ရွှတ်လိုက်လီစာ ဖြစ်တေ။ သူရို့စာ ယောဟန်ကို အရာတစ်ပြန် မီးကတ်လီရေ၊ 25 “ကိုယ်ဘင် ခရစ်တော်လည်း မဟုတ်ပါ၊ ဘုရားသတင်းပို့သူ ဧလိယလည်း မဟုတ်ပါ၊ ထိုကြီးမြတ်စာ ဘုရားသတင်းပို့သူလည်း မဟုတ်ပါ။ ယင်းပိုင်ဆိုကေ ကိုယ်ဘင် ဇာဖို့ ရီနှစ်မင်္ဂလာ ပီးနီပါစာလည်း?” 26 ယင်းခါ ယောဟန်စာ သူရို့ကို အဖြေပီးလီရေ၊ “ငါစာ လူရို့ကို ရီမာ ရီနှစ်မင်္ဂလာ ပီးနီရေ၊ ယေကေလည်း နင်ရို့ မသိစာ လူတစ်ယောက် နင်ရို့အထဲမာ ဟိရေ။ 27 သူစာ ငါ့နောက်က ကြွလာကေလည်း ငါ့ထက် ကြီးမြတ်တေ။ ငါစာ သူ့အခြီမာစီးစာ ဖနပ်ကြိုးကို တိုင်အောင်ပင် ဖြီဖို့ မထိုက်တန်။” 28 ယော်ဒန်ချောင်း ကမ်းတစ်ဖက်က ဗေသနိရွာမာ ယောဟန် ရီနှစ်မင်္ဂလာပီးစာ နေရာမာ ဒေ ဟိသမျ အကြောင်းအရာ ဖြစ်လီရေ။ ထာဝရဘုရား၏ သိုးဆိတ်သျှေ 29 နောက်တစ်ရက်နိ ယောဟန်စာ ယေရှုကို ကိုယ့်တို့ ကြွလာစာကို မြင်ရို့ ပြောလီရေ၊ “ထာဝရဘုရား၏ သိုးဆိတ်သျှေကို ကြည့်လိုက်ကတ်။ သူစာ လောကသားရို့ အပြစ်ကို ခွင့်ရွှတ်ဖို့သူ ဖြစ်တေ။ 30 ‘ငါ့ နောက်က ကြွလာသူစာ ငါ မမွီးဖွားခင်အယင်ကပင် ဟိလီရေ။ ယင်းအတွက်န သူစာ ငါ့ထက် ကြီးမြတ်သူတစ်ပါး ဖြစ်တေ’ ဟို့ ငါ သူ့အကြောင်းကို အယင် နင်ရို့ဘားမာ ပြောပြလီရေ။ 31 ငါ ပထမခါ ယေရှု အသူလည်းဆိုစာကို မသိလီ၊ ယေကေလည်း ဣသရေလလူမျိုးရို့စာ သူ့ကို ခရစ်တော် ဖြစ်တေဆိုစာကို သိကတ်ပတ်စီအတွက် ငါ ရီမာ ရီနှစ်မင်္ဂလာ ပီးနီရေ။” 32 ယင်းနောက် ယောဟန်စာ သက်သီပီးရို့ ပြောလီရေ၊ “သန့်ရှင်းသောဝိညာဉ်တော် ဂေါင်းခင်ဘုံက ခေါ်အရုပ်ပိုင် ဆင်းလာရို့ ယေရှုဘားမာ နားစာကို ငါ မြင်လီရေ။ 33 ယေရှု အသူလည်းဆိုစာကို ငါ ပထမခါ မသိလီ၊ ယေကေလည်း ငါ့ကို ရီမာ ရီနှစ်မင်္ဂလာ ပီးဖို့ ရွှတ်လိုက်စာ ထာဝရဘုရားစာ ငါ့ကို ပြောပြလီရေ။ ထာဝရဘုရား ပြောလီစာကား၊ ‘သန့်ရှင်းသောဝိညာဉ်တော် ဆင်းလာရို့ လူတယောက် ခန္ဓာမာ နားစာကို နင် မြင်ရလိမည်။ သူစာ လူရို့ကို သန့်ရှင်းသောဝိညာဉ်တော်န ရီနှစ်မင်္ဂလာ ပီးလိမည်။’ ယင်းခါရာ ယေရှုကို ခရစ်တော် ဖြစ်တေ ဟို့ ငါ သိရလီရေ။ 34 ယင်းအတွက်န ငါ မြင်ရေအတိုင်း ယေရှုခရစ်တော်စာ ထာဝရဘုရား၏ သားတော် ဖြစ်တေဆိုစာကို ငါ သက်သီ ပီးနီရေ။” ယေရှု ပထမ တပည့် ခေါ်ခြင်း 35 နောက်တစ်ရက်နိ ယောဟန်စာ သူ့တပည့် နှစ်ယောက်နအတူ ရပ်ရို့ ဟိလီရေ။ 36 ယင်းချိန်ခါ သူစာ ယေရှု ကြွလာစာကို မြင်ရို့ ပြောလီရေ၊ “ထာဝရဘုရား၏ သိုးဆိတ်သျှေကို ကြည့်လိုက်ကတ်။” 37 ထိုတပည့်နှစ်ယောက် ယောဟန် စကားကို ကြားရို့ ယေရှု နောက်ထိုက် လိုက်ကတ်လီရေ။ 38 ယေရှုစာ နောက်တို့ လှည့်ကြည့်ရေခါ သူရို့နှစ်ယောက် ကိုယ့်တို့ လိုက်လာစာကို မြင်ရို့ ပြောလီရေ၊ “နင်ရို့ ဇာရှာကတ်စာလည်း?” ယင်းခါ ယောဟန် တပည့်ရို့စာ ပြောကတ်လီရေ၊ “ရဗ္ဗိ၊ ကိုယ်တော် ဇာမာနီပါရေလည်း?” ရဗ္ဗိ အဓိပ္ပါယ်ကား ဆရာ ဖြစ်တေ။ 39 ယေရှုစာ သူရို့နှစ်ယောက်ကို ပြောလီရေ၊ “လာရို့ ကြည့်ခလိုက်ကတ်။” ယင်းခါ သူရို့နှစ်ယောက်စာ ယေရှု နီစာနေရာတို့ လားရို့ ကြည့်ကတ်လီရေ အရာ သူရို့စာ ယင်းနိ ယေရှုနအတူ နီကတ်လီရေ။ ယင်းအချိန်စာ ညဇာဖက် လေးနာရီလှောက် ဟိလီရေ။ 40 ယေရှု နောက်ထိုက် လိုက်လားခကတ်စာ ယောဟန် တပည့်နှစ်ယောက်မာ တစ်ယောက်နာမည်စာ အန္ဒြေ ဖြစ်တေ။ သူစာ ရှိမုန်-ပေတရုမာညီ ဖြစ်တေ။ 41 အန္ဒြေစာ ပထမဆုံး ကိုယ့်အစ်ကိုသေ ရှိမုန်ကို ရှာရို့ တွိရေခါ ပြောလီရေ၊ “ငါရို့ အသျှင်မေရှိယကို ရှာရို့ တွိခဗျာ။” (မေရှိယ အဓိပ္ပါယ်ကား ခရစ်တော် ဖြစ်တေ၊ အရာ ထာဝရဘုရား ဂတိခံထားစာ မင်းလည်း ဖြစ်တေ)။ 42 ယင်းနောက် အန္ဒြေစာ ရှိမုန်ကို ယေရှုတို့ ခေါ်ယူခလီရေ။ ယေရှုစာ ရှိမုန်ကို ကြည့်ရို့ ပြောလီရေ၊ “နင်စာ ယောနမာသား ရှိမုန် ဖြစ်တေ၊ ယေကေလည်း နင့်ကို ကေဖ ဟို့ နာမည်အသစ် မှည့်ဖို့။” (ကေဖ အဓိပ္ပါယ်ကား ပေတရု ဖြစ်တေ၊ အရာ ပေတရု အဓိပ္ပါယ်ကား ကျောက်လုံး ဖြစ်တေ)။ ဖိလိပ္ပုန နာသနေလကို တပည့်အဖြစ် ခေါ်ခြင်း 43 နောက်တစ်ရက်နိ ယေရှုစာ ဂါလိလဲပြည်နယ်တို့ ကြွဖို့ ကြည့်လီရေ။ ယင်းခါ သူစာ ဖိလိပ္ပုတို့ လားရို့ ပြောလီရေ၊ “ငါ့နောက်က လိုက်။” 44 ဖိလိပ္ပုစာ ဗက်ဇဲဒရွာသား ဖြစ်တေ။ အန္ဒြေန ပေတရုလည်း ယင်းရွာသား ဖြစ်ကတ်တေ။ 45 ဖိလိပ္ပုစာ နာသနေလကို တွိရို့ ပြောလီရေ၊ “မောရှေ၏ ပညှတ်တရားန ဘုရားသတင်းပို့သူရို့ ကျမ်းတိမာ လူတစ်ယောက် ကြွလာဖို့စာ အကြောင်းကို ရွီးရို့ ထားခလီရေ။ ယင်းလူကို ငါရို့ တွိခကတ်ပျာ အရာ သူစာ နာဇရက်မြို့သျှေက ယောသပ်မာသား ယေရှု ဖြစ်တေ။” 46 ယေကေလည်း နာသနေလစာ ဖိလိပ္ပုကို ပြောလီရေ၊ “နာဇရက်မြို့သျှေထဲက ဇာတစ်ခု အကောင်း ဖြစ်ပေါ်လာနိုင်ရေလည်း?” ယင်းခါ ဖိလိပ္ပုစာ သူ့ကို ပြောလီရေ၊ “လာရို့ ကြည့်ခလိုက်။” 47 ယေရှုစာ နာသနေလ လာစာကို မြင်ရို့ သူ့အကြောင်းကို ပြောလီရေ၊ “ထိုမာ ဣသရေလလူမျိုး အစစ် တစ်ယောက်ကို ကြည့်လိုက်ကတ်။ သူ့စိတ်မာ တစ်ခုလည်း လိမ်လှည့်ခြင်းန ပျာစားခြင်း မဟိ။” 48 နာသနေလစာ ယေရှုကို မီးလီရေ၊ “ကိုယ်တော် အကျွန့်ကို ဇာပိုင်ပျင်ရို့ သိပါရေလည်း?” ယင်းခါ ယေရှုစာ အဖြေပီးလီရေ၊ “နင့်ကို ဖိလိပ္ပု မခေါ်ခင်အယင်ကပင် နင် သဖန်းပင်အောက်က ထိုင်နီစာကို ငါ မြင်လီရေ။” 49 ယင်းခါ နာသနေလစာ ပြောလီရေ၊ “ရဗ္ဗိ၊ ကိုယ်တော် အမှန် ထာဝရဘုရား၏ သားတော် ဖြစ်ပါရေ အရာ ဣသရေလလူမျိုးရို့မာလည်း မင်းတစ်ပါး ဖြစ်ပါရေ။” 50 ယေရှုစာ ပြောလီရေ၊ “ငါ နင့်ကို သဖန်းပင် အောက်က မြင်လီရေ ဟို့ ပြောပြရေအတွက်န နင် ငါ့ကို ကျုံစာလော? ယင်းထက်ပင် အရာလည်း အများကြီး ကြီးမြတ်စာ အလုပ်တိကို နင် မြင်ရလိမည်။” 51 ယင်းနောက် ယေရှုစာ အရာလည်း ပြောလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ နင်ရို့ ဂေါင်းခင်ဘုံ ပွင့်ရို့ ဟိစာကို မြင်ရကတ်လိမည်။ အရာ ထာဝရဘုရား၏ ဂေါင်းခင်နတ်သားရို့ မနုသသားတော်ကနီရို့ အဆင်းအတက် လုပ်စာကို မြင်ရကတ်လိမည်။” |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.