ইব্রীয় 8 - Marmaယေရှုရာ ငါရို့မာ မဟာယဇ်ပုရောဟိတ် 1 ငါရို့ ပြောစာစကားတိအထဲက အရေးကြီးဆုံး အကြောင်းအရာ ဖြစ်တေကား၊ ငါရို့မာ မဟာယဇ်ပုရောဟိတ်တစ်ပါး ဟိရေ။ သူစာ ဂေါင်းခင်ဘုံမာ မြင့်မြတ်စာ ထာဝရဘုရား၏ ပလ္လင်တော် ညာဖက်က ထိုင်ရို့ ဟိရေ။ 2 ငါရို့မာ မဟာယဇ်ပုရောဟိတ်စာ ဒေဂု မဟာသန့်ရှင်းစာနေရာမာ ထာဝရဘုရားကို ဝတ်ပြုနီရေ။ ယင်းနေရာစာ ဝတ်ပြုကိုးကွယ်စာ တဲခုတ် အစစ် ဖြစ်တေ။ ယင်းတဲခုတ်စာ လူအလက်န ဆောက်စာ တဲခုတ် မဟုတ်၊ ထာဝရဘုရား ကိုယ်တိုင် ဆောက်စာ တဲခုတ် ဖြစ်တေ။ 3 မဟာယဇ်ပုရောဟိတ် တစ်ယောက်မကျန် ယဇ်ကောင်ကို ယူရို့ ယဇ်ပူဇော်ဖို့စာန အခြားဝန်တိကို ထာဝရဘုရားဘားမာ လှူဖို့အတွက် ခန့်ထားခြင်းကို ခံရရေ။ ယင်းအတွက်န ငါရို့မာ ဒေ မဟာယဇ်ပုရောဟိတ်လည်းသောက် ထာဝရဘုရားဘားမာ တစ်ခုမသာ ယဇ်ပူဇော်ရရေ။ 4 ငါရို့မာ မဟာယဇ်ပုရောဟိတ်စာ ဒေ ကမ္ဘာမာ ဟိလီဖို့ဆိုကေ တစ်ခါလည်း ယဇ်ပုရောဟိတ် ဖြစ်လီဖို့ မဟုတ်၊ အကြောင်းကား မောရှေ၏ ပညှတ်တရားအတိုင်း ထာဝရဘုရားဘားမာ ယဇ်ပူဇော်ဖို့အတွက် ဒေ ကမ္ဘာမာ ယဇ်ပုရောဟိတ် ဟိကတ်တေ။ 5 ယေကေလည်း ယဇ်ပုရောဟိတ်ရို့ လုပ်လီကတ်စာ အလုပ်တိစာ ဂေါင်းခင်ဘုံမာဟိစာ အလုပ်ပုံဇံန အရိပ် ဖြစ်တေ။ ယင်းအတွက်န မောရှေစာ သန့်ရှင်းစာ တဲခုတ်ကို ဆောက်ဖို့အတွက် ပျင်လီရေခါ ထာဝရဘုရားစာ သူ့ကို သတိပီးရို့ ပြောလီရေ၊ “ကြည့်၊ ငါ နင့်ကို သိနာတောင်ထက်မာ ပြလီစာပုံဇံပိုင် တစ်ပုံဇံတည်း ဆောက်ရဖို့။” 6 ယေကေလည်း ဒေဂု လုပ်ဖို့အတွက် ယေရှုကို အပ်ပီးစာ သာသနာအလုပ်တိစာ ထိုယဇ်ပုရောဟိတ်ရို့ အလုပ်ထက် ပိုရို့ ကြီးမြတ်တေ။ ထာဝရဘုရားစာ ယေရှုကနီရို့ လူရို့န စာချုပ်အသစ်တစ်ခု ထိုးလီရေ။ ထိုစာချုပ်အသစ်စာ စာချုပ်အဟောင်းထက် ပိုရို့ ကြီးမြတ်တေ၊ အကြောင်းကား ဒေ စာချုပ်အသစ်စာ ကြီးမြတ်စာ ဂတိတော်ထက်မာ တည်ရေ။ 7 အကြောင်းကား ပထမ စာချုပ် အပြစ်တင်ခြင်းန ကင်းလီဖို့ဆိုကေ ဒုတိယ စာချုပ်ကို လိုလီဖို့ မဟုတ်။ 8 ယေကေလည်း ထာဝရဘုရားစာ ကိုယ့်လူရို့ကို အပြစ်တင်ရို့ ပြောလီရေ၊ “ကြည့်၊ ဣသရေလလူရို့န ယုဒလူရို့အတွက် ငါ စာချုပ်အသစ်တစ်ခု ထိုးဖို့စာအချိန် ရောက်လာလိမည်။ 9 ထိုစာချုပ်အသစ်စာ သူရို့ အဖိုးအဖီးအစိုင်လာရို့အတွက် ငါ ထိုးလီစာ စာချုပ်အဟောင်းန မတူ။ သူရို့ အဖိုးအဖီးအစိုင်လာရို့ကို ငါ ကိုယ်တိုင် ဦးဆောင်ရို့ အီဂျစ်ပြည်က ထုတ်ယူခလီရေ။ ယင်းနိမာ ငါ သူရို့အတွက် စာချုပ်တစ်ခု ထိုးလီရေ၊ ယေကေလည်း သူရို့စာ ထိုစာချုပ်ကို မလိုက်နာလီကတ်။ ယင်းအတွက်န ငါ သူရို့ကို အရေးမစိုက်ဘိုင်းန နီလီရေ။” 10 အသျှင်စာ အရာလည်း ပြောလီရေ၊ “နောက်အနာဂါတ်မာ ဣသရေလလူရို့အတွက် ငါ ဒေပိုင် စာချုပ်အသစ်တစ်ခု ထိုးဖို့။ ငါ သူရို့ စိတ်မာ ကိုယ့်ပညှတ်တရားကို သွင်းထားဖို့၊ အရာ သူရို့ နှလုံးသားမာ ငါ ကိုယ့်ပညှတ်တရားကို ရွီးထားဖို့။ ငါ သူရို့မာ ထာဝရဘုရား ဖြစ်ဖို့၊ အရာ သူရို့စာ ငါ့လူ ဖြစ်ကတ်လိမည်။ 11 ကိုယ့်အိမ်နားပါးသားရို့န ကိုယ့်ညီအစ်ကိုမောင်နမှရို့ကို၊ ‘အသျှင်ထာဝရဘုရားကို သိကတ်’ ဟို့ တစ်ယောက်လည်း သွန်သင်ပီးလိမည် မဟုတ်၊ အကြောင်းကား အကြီး-အသျှေ အားကုံးသူ ငါ့ကို သိကတ်လိမည်။ 12 ယင်းအတွက်န ငါ သူရို့မာ မတရားအလုပ်တိကို ခွင့်ရွှတ်ဖို့၊ အရာ သူရို့မာ အပြစ်တိကို ငါ တစ်ခါလည်း မှတ်ရို့ မထားဗျာ။” 13 ထာဝရဘုရားစာ ဒေ စာချုပ်ကို အသစ် ဟို့ ကျော်ညာလီရေ အရာ ပထမ စာချုပ်ကို အသုံးမဝင်ရအောင် လုပ်လီရေ။ ဟောင်းနွမ်းလားခစာဝန်တိစာ အသုံးမဝင်ဗျာ အရာ ထိုဝန်တိစာ အများမကြာခင် ကွယ်ပျောက်လားလိမည်။ |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.