Online Bible

- Reklamy -

ইব্রীয় 3 - Marma


မောရှေထက် ယေရှု ကြီးမြတ်ခြင်း

1 ယင်းအတွက်န သန့်ရှင်းစာ ညီအစ်ကိုမောင်နမှရို့၊ နင်ရို့ အားကုံးသူ ထာဝရဘုရား၏ ခေါ်ခြင်းကို ခံရကတ်ပျာ။ နင်ရို့ ယေရှု အကြောင်းကို ကောင်းကောင်း စိတ်ဝင်စားကတ်။ ထာဝရဘုရားစာ ယေရှုကို ငါရို့တို့ ရွှတ်လိုက်လီရေ။ ယေရှုစာ မဟာယဇ်ပုရောဟိတ်တစ်ပါး ဖြစ်တေ။ ငါရို့ သူ့ကို ကျုံကတ်တေ။

2 ထာဝရဘုရားစာ ယေရှုကို မဟာယဇ်ပုရောဟိတ် အရာမာ ခန့်ထားလီရေ။ မောရှေစာ ထာဝရဘုရား၏ မိသားစုအထဲမာ သစ္စာအပြည့်န ဟိသမျ တာဝန်ကို ထန်းဆောင်လီရေ။ ယင်းပိုင်တထန် ယေရှုလည်းသောက် ထာဝရဘုရား၏ ရှိမာ သစ္စာ ဟိလီရေ။

3 အိမ်ဆောက်သူစာ အိမ်ထက် ပိုရို့ အများကြီး ချီမွမ်းခြင်းကို ခံရရေ။ ယင်းပိုင်တထန် ယေရှုလည်းသောက် မောရှေထက် ပိုရို့ အများကြီး ဘုန်းတန်ခိုးကို ခံရဖို့ ထိုက်တန်ရေ။

4 အိမ်တိုင်းကို တစ်ယောက် မဟုတ်ကေ တစ်ယောက် ဆောက်ကတ်တေ၊ ယေကေလည်း ဟိသမျ အားကုံးကို ထာဝရဘုရား ဆောက်လီရေ။

5 မောရှေစာ သစ္စာဟိစာ ကျွန်တစ်ယောက်အဖြစ် ထာဝရဘုရား၏ မိသားစုကို ပြုဇုလီရေ။ အရာ နောက်အနာဂါတ်မာ ထာဝရဘုရား ဟောပြောဖို့စာ အကြောင်းတိကို သူစာ လူရို့ဘားမာ ပြောပြလီရေ။

6 ယေကေလည်း ခရစ်တော်စာ သားတော်အဖြစ် ထာဝရဘုရား၏ မိသားစုကို သစ္စာအပြည့်န အုပ်ချုပ်ထားရေ။ ငါရို့ ကျုံသူရို့ရာ ထာဝရဘုရား၏ မိသားစု ဖြစ်ကတ်တေ။ ငါရို့စာ ရဲဝံ့သတ္တိန ပျော်ပါးခြင်းကို ထားရို့ အဆုံးတိုင်အောင် ထာဝရဘုရားကို မျှော်လင်းရို့ နီရေဆိုကေ ငါရို့ အမှန် ထာဝရဘုရား၏ မိသားစု ဖြစ်ကတ်တေ။


ထာဝရဘုရား၏ လူရို့ အနားရဖို့စာ အကြောင်း

7-8 ယင်းအတွက်န သန့်ရှင်းသောဝိညာဉ်တော်စာ ပြောလီရေ၊ “ဒေနိ နင်ရို့ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကတ်တေဆိုကေ နင်ရို့မာ အဖိုးအဖီးအစိုင်လာရို့ပိုင် နင်ရို့ စိတ်နှလုံးကို မကျန်းစီကေ့! သူရို့စာ ငါ့ကို ဆန့်ကျင်ဖက် လုပ်လီကတ်တေ၊ အရာ သူရို့စာ သဲကန္တာရတောပြင်မာ ငါ့ကို စုံစမ်းလီကတ်တေ။

9 နင်ရို့မာ အဖိုးအဖီးအစိုင်လာရို့စာ သဲကန္တာရတောပြင်မာ ဟိကတ်လီရေ၊ အရာ သူရို့စာ နှစ်ပေါင်းလေးဆယ်ပတ်လုံး ငါ့အလုပ်တိကို မြင်ကတ်လီရေ။ ယေကေလည်း သူရို့စာ ငါ့သည်းခံခြင်းကို စုံစမ်းလီကတ်တေ။

10 ငါ ဒေါသထွက်ရို့ သူရို့ကို ပြောလီရေ၊ ‘ဒေသူရို့မာ စိတ်နှလုံး အမြဲတိုင်း မှားယွင်းစာလမ်းမာ ဟိရေ၊ သူရို့ တစ်ခါလည်း ငါ့လမ်းကို မသိလီကတ်။’

11 ယင်းအတွက်န ငါ ဒေါသထွက်ပြီးကေ အကျိန်ကိုင်ရို့ ပြောလီရေ၊ ‘သူရို့ တစ်ခါလည်း ငါ့အနားယူစာနေရာတို့ ဝင်ရကတ်လိမည် မဟုတ်။’”

12 ငါ့ ညီအစ်ကိုမောင်နမှရို့၊ နင်ရို့ သတိထားကတ်! နင်ရို့အထဲမာ တစ်ယောက်လည်း မယုံသင်္ခါစိတ်န ဆိုးယုတ်စာစိတ် မဟိစီကေ့။ ယင်းပိုင်ဇတ် စိတ်စာ အသက်သျှင် ထာဝရဘုရားန ဝီးကွာစီရေ။

13 ယင်းထက်ပင် နင်ရို့ အသက်အရှင် ဟိသရိကာလာပတ်လုံး နိတိုင်း နင်ရို့ တစ်ယောက်ကို တစ်ယောက် အားပီးကူညီနီကတ်။ ယင်းပိုင်ဆိုကေ နင်ရို့ စိတ်နှလုံးစာ အပြစ်လိမ်လှည့်ခြင်းမာ ကျရို့ ကျန်းလိမည် မဟုတ်၊

14 အကြောင်းကား ငါရို့မာ ပထမဆုံး ဟိလီစာ ကျုံခြင်းတရားကို ငါရို့ အဆုံးတိုင်အောင် နနောင်းတည်းရို့ ထားရေဆိုကေ ငါရို့စာ ခရစ်တော်၏ လုပ်ဖေါ်ကိုင်ဖက် ဖြစ်ကတ်ပျာဆိုစာကို လူရို့ သိရကတ်လိမည်။

15 ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “ဒေနိ နင်ရို့ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကတ်တေဆိုကေ နင်ရို့မာ အဖိုးအဖီးအစိုင်လာရို့ပိုင် နင်ရို့ စိတ်နှလုံးကို မကျန်းစီကေ့!”

16 ပြောကြည့်န၊ ထာဝရဘုရား၏ စကားတော်ကို ကြားရို့ပင်လည်း ဆန့်ကျင်ဖက်လုပ်သူရို့စာ အသူရို့လည်း? အီဂျစ်ပြည်က မောရှေ ထုတ်ယူခသူရို့ မဟုတ်လော?

17 အရာ နှစ်ပေါင်းလေးဆယ်ပတ်လုံး ထာဝရဘုရား အသူရို့ကို ဒေါသထွက်လီစာလည်း? အပြစ်အကြောင်းန သဲကန္တာရတောပြင်မာ လဲရို့ သီလားခသူရို့ကို မဟုတ်လော?

18 “သူရို့ တစ်ခါလည်း ငါ့အနားယူစာနေရာတို့ ဝင်ရကတ်လိမည် မဟုတ်” ဟို့ ထာဝရဘုရား အသူရို့ကို အကျိန်ကိုင်ရို့ ပြောလီစာလည်း? ထာဝရဘုရား၏ စကားတော်ကို မလိုက်နာသူရို့ကို မဟုတ်လော?

19 ယင်းအတွက်န ငါရို့ မြင်ရစာကား၊ သူရို့စာ ထာဝရဘုရားကို မကျုံလီရေအတွက်န သူရို့ အနားယူစာနေရာတို့ မဝင်ရကတ်လီ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy