Online Bible

- Reklamy -


ইব্রীয় 10 - Marma


ခရစ်တော် တစ်ခေါက်တည်း ယဇ်ပူဇော်ခြင်း

1 မောရှေ၏ ပညှတ်တရားစာ နောက်အနာဂါတ်မာ လာဖို့စာ ဟိသမျ ကောင်းမြတ်စာ အကြောင်းအရာ အရိပ်တိရာ ဖြစ်တေ။ ပညှတ်တရားအထဲမာ အစစ် ကောင်းမြတ်စာ အကြောင်းအရာ မဟိလီ။ ယင်းအတွက်န ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ဖို့ လာသူရို့စာ ပညှတ်တရားအတိုင်း နှစ်စဉ်မပြတ် တစ်တူတည်း ယဇ်ကိုပူဇော်ဖို့ ကျကတ်လီရေ။ ယေကေလည်း ထိုပညှတ်တရားစာ လူရို့ကို တစ်ခါလည်း အပြည့်အစုံ စင်ကြယ်အောင် မလုပ်နိုင်လီ။

2 ပညှတ်တရားစာ လူရို့ကို အမှန် အပြည့်အစုံ စင်ကြယ်အောင် လုပ်နိုင်လီဖို့ဆိုကေ အရာ ယဇ်ပူဇော်ဖို့ ကျလီဖို့ မဟုတ်၊ အကြောင်းကား ဝတ်ပြုကိုးကွယ်သူရို့စာ တစ်ခါတည်းန စင်ကြယ်လီဖို့ဆိုကေ သူရို့စာ ကိုယ်ရို့အပြစ် အကြောင်းန အရာတစ်ခါလည်း ကိုယ်ရို့ကို အပြစ်သေ ဟို့ မှတ်လီဖို့ မဟုတ်။

3 ယင်းထက်ပင် ထိုယဇ်ပူဇော်ခြင်းတိစာ သူရို့မာ အပြစ်တိကို နှစ်တိုင်း အတွက်ဖေါ်ပီးရေ၊

4 အကြောင်းကား နွားတွီးသွီးန ဆိတ်သွီးတိစာ လူရို့အပြစ်ကို တစ်ခါလည်း ဆီးဘိုက်လိုက်ဖို့ မနိုင်။

5 ယင်းအတွက်န ခရစ်တော်စာ ဒေ လောကတို့ ကြွလာရို့ ပြောလီရေ၊ “အိုး အသျှင်၊ ကိုယ်တော် တိရစ္ဆာန်ကို ယဇ်ပူဇော်ခြင်းန အခြားဝန်တိ ပူဇော်ခြင်းကို မလိုပါ၊ ယေကေလည်း ယဇ်ပူဇော်ဖို့အတွက် ကိုယ်တော် အကျွန့်ကို ဒေ ခန္ဓာကို ပီးလီပါရေ။

6 တိရစ္ဆာန်ကို ဖုတ်ရို့ ယဇ်ပူဇော်ခြင်းကို ကိုယ်တော် မနှစ်သက်ပါ၊ အရာ အပြစ်အတွက် ယဇ်ပူဇော်ခြင်းကိုလည်း ကိုယ်တော် မနှစ်သက်ပါ။

7 ယင်းနောက် အကျွန်စာ ပြောလီရေ၊ ‘အိုး အသျှင်၊ အကျွန် ဒေမာ ဟိပါရေ။ ကျမ်းစာမာ ရွီးရို့ ဟိရေအတိုင်း ကိုယ်တော်၏ အလိုတော်ကို လိုက်နာဖို့အတွက် အကျွန် ရောက်ပါဗျာ။’”

8 ပထမဆုံး ခရစ်တော်စာ ပြောလီရေ၊ “အိုး အသျှင်၊ ကိုယ်တော် အခြားဝန်တိန တိရစ္ဆာန်တိကို ယဇ်ပူဇော်ခြင်း၊ တိရစ္ဆာန်တိကို ဖုတ်ရို့ ယဇ်ပူဇော်ခြင်း၊ အရာ အပြစ်အတွက် ယဇ်ပူဇော်ခြင်းကို မလိုပါ အရာ မနှစ်သက်ပါ။” ထိုယဇ်ပူဇော်ခြင်းတိစာ ပညှတ်တရားအတိုင်း ပူဇော်လီကေလည်းသောက် ခရစ်တော်စာ ထိုစကားတိကို ပြောလီရေ။

9 ယင်းနောက် ခရစ်တော်စာ ပြောလီရေ၊ “အိုး အသျှင် ကြည့်ပါ၊ အကျွန်စာ ကိုယ်တော်၏ အလိုတော်ကို လိုက်နာဖို့အတွက် ရောက်လာပါဗျာ။” ခရစ်တော်စာ ပထမ စာချုပ်ကို ပယ်ဘိုက်ရို့ ဒုတိယ စာချုပ်ကို ထိုးလီရေ။

10 ယေရှုခရစ်တော်စာ ထာဝရဘုရား၏ အလိုတော်အတိုင်း ကိုယ့်ခန္ဓာကို တစ်ခေါက်တည်းန ထာဝရပတ်လုံးအတွက် ယဇ်ပူဇော်ရို့ ငါရို့ကို သန့်ရှင်းအောင် လုပ်လီရေ။

11 စာချုပ်အဟောင်းအတိုင်း ယဇ်ပုရောဟိတ် တစ်ယောက်မကျန် နိတိုင်း ထာဝရဘုရားကို ဝတ်ပြုကတ်တေ။ အရာ သူရို့စာ တစ်တူတည်း ယဇ်ကို အပြန်ပြန် ပူဇော်ကတ်တေ၊ ယေကေလည်း ထိုယဇ်ပူဇော်ခြင်းတိစာ တစ်ခါလည်း သူရို့အပြစ်ကို ခွင့်မရွှတ်နိုင်။

12 ယေကေလည်း ယေရှုခရစ်တော်စာ လူရို့အပြစ်တိကို ခွင့်ရွှတ်ဖို့အတွက် တစ်ခေါက်တည်း ယဇ်ပူဇော်ရို့ ထာဝရဘုရား၏ ညာဖက်က ထိုင်လီရေ။ ခရစ်တော်၏ ယဇ်ပူဇော်ခြင်းစာ ထာဝရပတ်လုံးအတွက် ဖြစ်တေ။

13 ထာဝရဘုရားစာ တစ်ရက်နိ ယေရှု ရန်သူရို့ကို ယေရှု၏ တန်ခိုးအောက်မာ ထားလိမည်။ ယင်းအချိန် မတိုင်သကြား ယေရှုစာ စောင့်ရို့နီရေ၊

14 အကြောင်းကား ယေရှုစာ ကိုယ့်ခန္ဓာကို တစ်ခေါက်တည်း ယဇ်ပူဇော်ရို့ ကိုယ့်လူရို့ကို ထာဝရပတ်လုံးအတွက် အပြည့်အစုံ စင်ကြယ်အောင် လုပ်လီရေ။ အရာ ထာဝရဘုရားစာ ယေရှု၏ ယဇ်ပူဇော်ခြင်းကနီရို့ ထိုလူရို့ကို သန့်ရှင်းအောင် လုပ်လီရေ။

15 သန့်ရှင်းသောဝိညာဉ်တော်လည်း ထိုအကြောင်းကို ငါရို့ဘားမာ သက်သီ ပီးလီရေ။ အသျှင် ပထမဆုံး ပြောလီစာ စကားကို သန့်ရှင်းသောဝိညာဉ်တော်စာ ပြောလီရေ၊

16 “‘နောက်အနာဂါတ်မာ ကိုယ့်လူရို့အတွက် ငါ ဒေပိုင် စာချုပ်အသစ် တစ်ခု ထိုးဖို့။ ငါ သူရို့ နှလုံးသားမာ ကိုယ့်ပညှတ်တရားကို သွင်းထားဖို့၊ အရာ သူရို့ စိတ်မာ ငါ ကိုယ့်ပညှတ်တရားကို ရွီးထားဖို့။’”

17 သန့်ရှင်းသောဝိညာဉ်တော်စာ အရာလည်း ပြောလီရေ၊ “သူရို့မာ အပြစ်တိကို ငါ မှတ်ရို့ မထားဗျာ၊ သူရို့မာ မတရားအလုပ်တိကိုလည်း ငါ တစ်ခါလည်း မှတ်ရို့ မထားဗျာ။”

18 ယင်းအတွက်န ဟိသမျ အပြစ်ကို ထာဝရဘုရား ခွင့်ရွှတ်တေခါ အပြစ်အတွက် အရာတစ်ခုလည်း ယဇ်ပူဇော်ဖို့ မလိုဗျာ။


ထာဝရဘုရားတို့ လာကတ်

19 ယင်းအတွက်န ငါ့ ညီအစ်ကိုမောင်နမှရို့၊ ငါရို့စာ ယေရှုခရစ်တော်၏ သွီးအကြောင်းန စိတ်ချရို့ မဟာသန့်ရှင်းစာနေရာတို့ ဝင်နိုင်ရေ။

20 ယေရှုစာ ငါရို့အတွက် ထာဝရဘုရား၏ မဟာသန့်ရှင်းစာနေရာတို့ ဝင်ဖို့စာ လမ်းအသစ်တစ်ခု ဖွင့်ပီးလီရေ။ သူစာ ကိုယ့်အသက်ကို အသီခံခြင်းကနီရို့ ထိုလမ်းကို ဖွင့်ပီးလီရေ။ ထိုလမ်းစာ ငါရို့ကို အသက် ပီးရေ။

21 အရာ ငါရို့မာ မဟာယဇ်ပုရောဟိတ်တစ်ပါး ဟိရေ။ သူစာ ဂေါင်းခင်ဘုံမာဟိစာ ထာဝရဘုရား၏ အိမ်တော်ကို အုပ်ချုပ်နီရေ။

22 ယင်းအတွက်န လာကတ်၊ ငါရို့စာ စင်ကြယ်စာ စိတ်နှလုံးန ကျုံရို့ စိတ်ချပြီးကေ ထာဝရဘုရားတို့ လားကတ်မည်။ အကြောင်းကား ငါရို့မာ စိတ်နှလုံးစာ အပြစ် ညှဉ်းဆဲခြင်းက လွတ်မြောင့်ဗျာ အရာ ငါရို့ ခန္ဓာကို စင်ကြယ်စာ ရီန ဆီးရို့ ပြီးဗျာ။

23 လာကတ်၊ ငါရို့မာဟိစာ မျှော်လင်းချက်ကို နနောင်းတည်းရို့ ထားကတ်မည်။ ငါရို့ ထိုမျှော်လင်းချက်ကို အခြားလူရို့ဘားမာ ဝန်ခံကတ်ပျာ၊ အကြောင်းကား ဂတိတော်ကို ခံထားစာ ထာဝရဘုရားစာ သစ္စာန ပြည့်စုံရေ။

24 လာကတ်၊ ငါရို့ တစ်ယောက်ကို တစ်ယောက် စဉ်းစားကတ်မည် အရာ ချစ်ခြင်းမေတ္တာ ထားဖို့အတွက်န ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့အတွက် ငါရို့ တစ်ယောက်ကို တစ်ယောက် အားပီးကတ်မည်။

25 တစ်ချိုးလူရို့စာ ကျုံသူရို့အထဲမာ တစ်စုတည်းစုဖို့စာက ရှောင်ရို့ နီကတ်တေ၊ ယေကေလည်း ငါရို့စာ သူရို့ပိုင် မဖြစ်စီရ။ ခရစ်တော် ကြွလာဖို့စာနိ ပါးနီဗျာ။ ယင်းအတွက်န လာကတ်၊ ငါရို့ တစ်ယောက်ကို တစ်ယောက် အရာလည်း အများကြီး အားပီးကူညီရို့ နီကတ်မည်။


ထာဝရဘုရား၏ လမ်းက ပြန်မလားကေ့

26 ငါရို့စာ မှန်ကန်ခြင်းကို သိပြီးရေနောက် ဆက်ရို့ အပြစ် လုပ်နီရေဆိုကေ ငါရို့ အပြစ်အတွက် အရာတစ်ပြန် ယဇ်ပူဇော်ဖို့စာ တစ်ခုလည်း မဟိဗျာ။

27 ငါရို့ အပြစ် လုပ်နီရေဆိုကေ ထာဝရဘုရား၏ တရားစစ်ဆေးခြင်းကို ခံရဖို့အတွက် ကြောက်လန့်ခြင်းစိတ်န စောင့်နီကတ်ရဖို့စာဗျာ အရာ ထာဝရဘုရား၏ ရန်သူရို့ကို ဖျက်စီးဖို့စာ အငြိုဒေါသမီးခဲကို ကြောက်လန့်ခြင်းစိတ်န စောင့်နီကတ်ရဖို့စာဗျာ။

28 အသူမဆို မောရှေ၏ ပညှတ်တရားကို ငြင်းပယ်ရေဆိုကေ သူစာ တစ်ခုလည်း သနားခြင်းကို မခံရဘိုင်းန သက်သီနှစ်ယောက် မဟုတ်ကေ သုံးယောက် ပြောစာစကားအတိုင်း သီဒါဏ်ကို ခံရလီရေ။

29 ယင်းပိုင်ဆိုကေ ထာဝရဘုရား၏ သားတော်ကို အခြီန နင်းသူစာ၊ သူ့ကို စင်ကြယ်အောင် လုပ်စာ စာချုပ်အသစ် သွီးကို အားမနာ လုပ်သူစာ အရာ သူ့ကို သနားကြင်နာစာ သန့်ရှင်းသောဝိညာဉ်တော်ကို အသရေရှုတ်ချသူစာ ဇာလှောက် ကြောက်လန့်ဖို့ကောင်းစာ အပြစ်ဒါဏ်ကို ခံသင့်ရေလည်းဆိုစာကို နင်ရို့ စဉ်းစားကြည့်ကတ်။

30 ဒေ စကားကို အသူ ပြောလီရေလည်းဆိုစာကို ငါရို့ သိရေ။ ထာဝရဘုရားစာ ပြောလီရေ၊ “မတရားလုပ်သူကို လက်စားဆပ်ဖို့စာ အခွင့်အာဏာ ငါ့မာ ဟိရေ။ သူ့အပြစ်န ထိုက်တန်စာ ဒါဏ်ကို ငါ သူ့ကို ပီးဖို့။” သူစာ အရာလည်း ပြောလီရေ၊ “အသျှင်စာ ကိုယ့်လူရို့ကို တရားစစ်ဆေးဖို့။”

31 အပြစ်သေရို့ အသက်သျှင် ထာဝရဘုရား၏ အလက်တော်ထဲတို့ ကျရောက်ဖို့စာ ဇာလှောက် ကြောက်လန့်ဖို့ ကောင်းရေလည်း!

32 နင်ရို့စာ မှန်ကန်ခြင်းကို လက်ခံယူလီစာ ပထမ ရက်တိကို စဉ်းစားကြည့်ကတ်။ ယင်းခါ နင်ရို့စာ ကောင်းကောင်း ဒုက္ခ-ဝေဒနာကို ခံရလီကတ်တေ၊ ယေကေလည်း နင်ရို့စာ တတိုင်းမမြိုင်း နီလီကတ်တေ။

33 လူရို့စာ တစ်ခါတစ်ရီ နင်ရို့ကို လူအများကြီး ရှိမာ အသရေရှုတ်ချကတ်လီရေ အရာ ညှဉ်းဆဲကတ်လီရေ။ အရာ တစ်ခါတစ်ရီ အခြားလူရို့ ညှဉ်းဆဲခြင်းကို ခံရကတ်တေခါ နင်ရို့လည်း သူရို့နအတူ ညှဉ်းဆဲခြင်းကို ခံယူဖို့စာကို သဖေါတူလီကတ်တေ။

34 အရာ နင်ရို့စာ ထောင်ကျသူရို့ကို အကူညီပီးရို့ သူရို့နအတူ ဒုက္ခကို ခံယူလီကတ်တေ။ နင်ရို့က ပစ္စဉ်းဝန်ဆန်တိကို လုယူလီရေခါ နင်ရို့စာ ပျော်ပါးခြင်းန သည်းခံလီကတ်တေ၊ အကြောင်းကား ထိုပစ္စဉ်းဝန်ဆန်တိထက် နင်ရို့အတွက် အရာလည်း ကောင်းမြတ်စာန ထာဝရတည်မြဲစာ အမွီတိ ဟိရေဆိုစာကို နင်ရို့ သိကတ်တေ။

35 ယင်းအတွက်န နင်ရို့မာ ရဲဝံ့သတ္တိကို မစွန့်ကတ်ကေ့၊ အကြောင်းကား ထို ရဲဝံ့သတ္တိအတွက် ထာဝရဘုရားစာ နင်ရို့ကို ကောင်းကောင်း ကြီးမြတ်စာ ဆုကို ပီးလိမည်။

36 ထာဝရဘုရား၏ အလိုတော်ကို လိုက်နာဖို့အတွက် နင်ရို့ စိတ်ရှည်သည်းခံခြင်းန နီထိုင်ကတ်ရဖို့။ ယင်းပိုင်ဆိုကေ ထာဝရဘုရား ပီးဖို့ခံထားစာ ဂတိတော်ကို နင်ရို့ ခံရကတ်လိမည်။

37 အကြောင်းကား ထာဝရဘုရားစာ ပြောလီရေ၊ “ကြွလာဖို့ စကားဟိသူစာ မကြာခင် ကြွလာလိမည်။

38 အရာ ငါ့ မျက်စိမာ အပြစ်နကင်းသူစာ ငါ့ကို ကျုံခြင်းကနီရို့ အသက်ကို ရလိမည်၊ ယေကေလည်း နောက်တို့ ပြန်လားခသူရို့ကို ငါ နှစ်သက်မည် မဟုတ်။”

39 ငါရို့စာ နောက်တို့ ပြန်လားခပြီးကေ ပျက်စီးခြင်းတို့ ရောက်သူရို့ မဟုတ်၊ ယေကေလည်း ငါရို့စာ ကျုံရေအတွက်န ကယ်တင်ခြင်းကို ရသူရို့ ဖြစ်ကတ်တေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy