Online Bible

- Reklamy -

ဂါလာတိ 6 - Marma


တစ်ယောက်ကို တစ်ယောက် ကူညီဖို့စာ အကြောင်း

1 ညီအစ်ကိုမောင်နမှရို့၊ နင်ရို့အထဲက အသူမဆို အပြစ်မာ ကျလားခရေဆိုကေ နင်ရို့ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်ချုပ်ခြင်းအောက်မာ နီထိုင်သူရို့စာ သူ့ကို နုညံ့ခြင်းစကားန အချိုတိုက်ရို့ ကောက်တင်ကတ်။ ယေကေလည်း သူနအတူ အပြစ်မာ မကျလတ်အောင် နင်ရို့လည်း သတိထားကတ်။

2 ဆင်းရဲဒုက္ခ ကျရေခါ နင်ရို့ တစ်ယောက်ကို တစ်ယောက် ကူညီကတ်။ ယင်းပိုင်ဆိုကေ နင်ရို့ ခရစ်တော်၏ ပညှတ်တရားကို လိုက်နာရို့ နီကတ်လိမည်။

3 အသူမဆို တစ်ခုမဟုတ်ဘိုင်းန ကိုယ့်ကိုကိုယ် အကြီးအကျယ် မှတ်တေဆိုကေ သူစာ ကိုယ့်ကို လိမ်လှည့်ရေ။

4 ယေကေလည်း လူတိုင်း ကိုယ့်အလုပ်ကို စစ်ဆေးရို့ကြည့် အရာ ကိုယ့်အလုပ်ကို ယူရို့ နှစ်သက်။ ယင်းပိုင်ဆိုကေ သူစာ ကိုယ့်ကို အခြားတစ်ယောက်န နှိုင်းယှဉ်ဖို့ မလိုဗျာ။

5 အကြောင်းကား လူတိုင်း ကိုယ့်တာဝန်ကို ကိုယ်ထန်းဆောင်ဖို့ သင့်ရေ။

6 ထာဝရဘုရား၏ စကားတော်ကို သင်ယူသူစာ ကိုယ့်ကို သွန်သင်ပီးစာ ဆရာကို ကောင်းမြတ်စာ ဝန်တိကို အဝီပီးရဖို့။

7 နင်ရို့ ကိုယ့်ကိုကိုယ် မလိမ်ကတ်ကေ့။ ထာဝရဘုရားကို အားမနာလုပ်ရို့ မရ၊ အကြောင်းကား လူတိုင်း ကိုယ်ရို့ စိုက်ပျိုးစာအတိုင်း အသီးအနှံကို ရိတ်သိမ်းရဖို့။

8 ဇာတိပကတိ၏ အလိုဆန္ဒအတိုင်း မျိုးစိကို စိုက်ပျိုးရေဆိုကေ အသီးအနှံအဖြစ် သီခြင်းတရားကို ရလိမည်၊ ယေကေလည်း သန့်ရှင်းသောဝိညာဉ်တော်၏ အလိုဆန္ဒအတိုင်း မျိုးစိကို စိုက်ပျိုးရေဆိုကေ အသီးအနှံအဖြစ် ထာဝရအသက်ကို ရလိမည်။

9 ယင်းအတွက်န ငါရို့စာ စိတ်မပျက်ဘိုင်းန ကောင်းမြတ်စာ အလုပ်တိကို လုပ်နီကတ်ရဖို့၊ အကြောင်းကား ငါရို့ အားမသျှော့ဘိုင်းန လုပ်နီရေဆိုကေ အချိန်တိုင်ရေခါ အသီးအနှံကို ရိတ်သိမ်းဖို့ ရကတ်ဖို့။

10 ငါရို့ အခွင့်ရေး ရတိုင်း ဟိသမျ လူရို့ကို ကူညီကတ်ရဖို့၊ အရေးကြီးဆုံး ထာဝရဘုရား၏ မိသားစုတိကို ကူညီကတ်ရဖို့။


အဆုံးသတ်ချက် စကား

11 ငါ ကိုယ်တိုင် ကိုယ့်အလက်န ဇာလှောက် စာလုံးအကြီးသန်တိကို ရွီးရို့ နင်ရို့တို့ ပို့လိုက်တေလည်းဆိုစာကို နင်ရို့ ကြည့်ကတ်။

12 နင်ရို့ကို အရီဖျားလှီးမင်္ဂလာ လုပ်ဖို့ ကြိုးစားသူရို့စာ လူရို့က နာမည် ရချင်ကတ်တေ။ အရာ သူရို့စာ ကားတိုင်မာ ခရစ်တော်၏ အသီခံရစာ အကြောင်းကို အရာ ကယ်တင်ခြင်း၏ တရားတော်ကို ဟောပြောဖို့ မလိုကတ်၊ အကြောင်းကား ထိုတရားတော် အကြောင်းန သူရို့ ညှဉ်းဆဲခံဖို့ မလိုကတ်။

13 အရီဖျားလှီးမင်္ဂလာကို ခံယူသူရို့တိုင်အောင်ပင် ပညှတ်တရားကို မလိုက်နာကတ်။ ယေကေလည်း သူရို့စာ နင်ရို့ကို အရီဖျားလှီးမင်္ဂလာကို ခံယူစီချင်ကတ်တေ၊ အကြောင်းကား သူရို့စာ နင်ရို့ကို အရီဖျားလှီးမင်္ဂလာ လုပ်ခြင်းကနီရို့ ကိုယ်ရို့မာ တပည့် ဖြစ်စီချင်ရေ အရာ သူရို့စာ နင်ရို့ အကြောင်းကို ယူရို့ ဘော်ကြော့ကြင်းချင်ကတ်တေ။

14 ယေကေလည်း ကားတိုင်မာ အသျှင်ယေရှုခရစ်တော်၏ အသီခံရစာ တရားတော်ကို ပယ်ရို့ ငါ့မာ ဘော်ကြော့ကြင်းစရာ တစ်ခုလည်း မဟိ။ ကားတိုင်မာ ယေရှုခရစ်တော်၏ အသီခံရခြင်းကနီရို့ လောကစာ ငါ့ဘားမာ အသီပိုင် ဖြစ်လားခဗျာ၊ အကြောင်းကား လောကမာ ဟိသမျ အားကုံးကို ငါ တန်ဖိုး မပီးဗျာ။

15 အရီဖျားလှီးမင်္ဂလာကို ခံယူကေလည်း အရေးမကြီး၊ မခံယူကေလည်း အရေးမကြီး။ ယင်းထက်ပင် ယေရှုခရစ်တော်ကနီရို့ အသစ် ဖန်ဆင်းခြင်းကို ခံရစာရာ အရေးကြီးဆုံး ဖြစ်တေ။

16 ဒေ စည်းကမ်းကို လိုက်နာသူရို့စာ ထာဝရဘုရား၏ ငြိမ်းချမ်းခြင်းန သနားကြင်နာခြင်းကို ခံရစီ။ သူရို့ရာ ထာဝရဘုရား၏ လူအစစ် ဖြစ်ကတ်တေ။

17 အဆုံးမာ ငါ ပြောမည်၊ ယေရှုခရစ်တော်ကို ပြုဇုရေအတွက်န ငါ့ခန္ဓာမာ အနာဒါဏ်ရာ အများကြီး ဟိရေ။ ယင်းအတွက်န ငါ့ကို တစ်ယောက်လည်း ဒုက္ခ မပီးကတ်ကေ့။

18 ညီအစ်ကိုမောင်နမှရို့၊ ငါရို့မာ အသျှင်ယေရှုခရစ်တော်၏ ကျေးဇူးတော် နင်ရို့ ဝိညာဉ်နအတူ ဟိပါစီ။ အာမန်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy