ဂါလာတိ 5 - Marmaကျုံသူရို့အတွက် ခရစ်တော်၏ လွတ်လပ်ခြင်း 1 ခရစ်တော်စာ ငါရို့ကို ကျွန်ဘဝက လွတ်မြောင့်ခြင်း ပီးဗျာ။ ယင်းအတွက်န နင်ရို့ လွတ်လပ်သူအဖြစ် တတိုင်းမမြိုင်း နီကတ်။ နင်ရို့ အရာတစ်ပြန် ကျွန် မခံကတ်ကေ့ဖိ။ 2 နားထောင်ကတ်၊ ငါ ပေါလု နင်ရို့ကို ပြောမည်၊ နင်ရို့ အရီဖျားလှီးမင်္ဂလာကို ခံယူကတ်တေဆိုကေ ခရစ်တော်စာ နင်ရို့အတွက် တစ်ခုလည်း တန်ဖိုးမဟိဗျာ။ 3 ငါ အရာတစ်ပြန် အားကုံးသူကို သတိပီးရေ၊ အသူမဆို အရီဖျားလှီးမင်္ဂလာကို ခံယူရေဆိုကေ သူစာ ဟိသမျ ပညှတ်တရားကို လိုက်နာရဖို့။ 4 နင်ရို့စာ ပညှတ်တရားကနီရို့ ထာဝရဘုရား၏ နှစ်သက်ခြင်းကို ခံရဖို့အတွက် ကြိုးစားနီကတ်တေဆိုကေ နင်ရို့ ခရစ်တော်န ဝီးကွာလားခကတ်ပျာ အရာ နင်ရို့ ထာဝရဘုရား၏ ကျေးဇူးတော်အောက်မာလည်း မဟိကတ်ပျာ။ 5 ယေကေလည်း ငါရို့စာ သူတော်ကောင်းအဖြစ် လက်ခံခြင်းကို ရကတ်ဖို့ဆိုစာကို ကျုံခြင်းတရားန မျှော်လင်းရို့ စောင့်နီကတ်တေ အရာ ငါရို့စာ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးန မျှော်လင်းရို့ စောင့်နီကတ်စာ ဖြစ်တေ။ 6 အကြောင်းကား ခရစ်တော်ယေရှုန တစ်ကိုယ်တည်း ဖြစ်သူရို့အတွက် အရီဖျားလှီးမင်္ဂလာကို ခံယူကေလည်း အရေးမကြီး၊ မခံယူကေလည်း အရေးမကြီး။ ယင်းထက်ပင် ချစ်ခြင်းမေတ္တာကနီရို့ အလုပ်လုပ်နီစာ ကျုံခြင်းတရားရာ အရေးကြီးဆုံး ဖြစ်တေ။ 7 နင်ရို့ အယင်ခါ အကောင်းမွန်းစာ ကျုံခြင်းတရားန နီထိုင်လီကတ်တေ၊ ယေကေလည်း ဒေဂု မှန်ကန်ခြင်းလမ်းမာ လားဖို့အတွက် နင်ရို့ကို အသူ တားဆီးစာလည်း? 8 ထိုတားဆီးခြင်း နင်ရို့ကို ခေါ်လီစာ ထာဝရဘုရားက လာစာ မဟုတ်။ 9 နင်ရို့ သတိထားကတ်! သူရို့မာ မှားယွင်းစာ သွန်သင်ချက်စာ တဆီးနတူရေ။ တဆီးတစ်ဖဲ့သျှေ ဂျုံမုန့်တစ်ခဲလုံးကို ရော့တက်အောင် လုပ်နိုင်ရေ။ 10 ငါရို့န နင်ရို့စာ အသျှင်နတစ်ကိုယ်တည်း ဖြစ်ကတ်တေအတွက်န နင်ရို့ အကြောင်းကို ယူရို့ ငါ စိတ်ချရို့ ရစာကား၊ နင်ရို့ ငါ့ သွန်သင်ချက်ကို ပယ်ရို့ အခြား သွန်သင်ချက်တိကို လက်ခံကတ်ဖို့ မဟုတ်။ ယေကေလည်း နင်ရို့ကို ကယိုးကမှား ဖြစ်အောင် လုပ်သူစာ ဇာသူပင်ဖြစ်စီ သူစာ အပြစ်ဒါဏ်ကို ခံရလိမည်။ 11 ညီအစ်ကိုမောင်နမှရို့၊ လူရို့ အရီဖျားလှီးမင်္ဂလာ ခံယူဖို့ သင့်ရေ ဟို့ ငါ ဒေဂုလည်း ဟောပြောနီရေဆိုကေ ငါ ဇာဖို့ ညှဉ်းဆဲခံရနီစာလည်း? အရာ ငါ ယင်းပိုင် ဟောပြောနီရေဆိုကေ ကားတိုင်မာ ခရစ်တော်၏ အသီခံခြင်း အကြောင်းကို ဟောပြောရေအတွက်န ငါ့ကို တစ်ယောက်လည်း မန်ပါကတ်ဖို့ မဟုတ်။ 12 တစ်ချိုးလူရို့ နင်ရို့ကို စိတ်ပူအောင် လုပ်နီကတ်တေ။ ငါ သူရို့ကို ကာမဂုဏ် အားမဟိလတ်အောင် လုပ်စီချင်ရေ။ သန့်ရှင်းသောဝိညာဉ်တော်န ဇာတိပကတိ အကြောင်း 13 ညီအစ်ကိုမောင်နမှရို့၊ နင်ရို့ လွတ်လပ်ခြင်းကို ခံရဖို့အတွက် ထာဝရဘုရား နင်ရို့ကို ခေါ်လီရေ။ ယေကေလည်း နင်ရို့ သတိထားကတ်! နင်ရို့မာ ဇာတိပကတိ၏ အလိုဆန္ဒကို ဖြည့်ဖို့အတွက် နင်ရို့ ထိုလွတ်လပ်ခြင်းကို အသုံးမပြုကတ်ကေ့။ ယင်းထက်ပင် ချစ်ခြင်းမေတ္တာသဖေါကို ထားရို့ နင်ရို့ တစ်ယောက်ကို တစ်ယောက် ကူညီကတ်၊ 14 အကြောင်းကား ဟိသမျ ပညှတ်တရားကို တစ်ခွန်းတည်းန စုပေါင်းရို့ ပြောထားရေ၊ “နင့် အိမ်နားပါးသားကို ကိုယ့်ကိုပိုင် ချစ်ရဖို့။” 15 ယေကေလည်း တိရစ္ဆာန်တိ ကိုယ်ရို့အချင်းချင်း ကိုက်နီကတ်စာပိုင် နင်ရို့လည်း ကိုယ်ရို့အချင်းချင်း ရန်တွိနီကတ်တေဆိုကေ အရာ တစ်ယောက်ကို တစ်ယောက် ဖျက်စီးဖို့စာစိတ်ကို ထားကတ်တေဆိုကေ သတိထားကတ်! နင်ရို့ တစ်ယောက်ကို တစ်ယောက် ပျက်စီးအောင် လုပ်ကတ်လိမည်။ 16 ယင်းထက်ပင် နင်ရို့ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်ချုပ်ခြင်းအောက်မာ နီကတ်။ ယင်းပိုင်ဆိုကေ နင်ရို့စာ ကိုယ်ရို့မာ ဇာတိပကတိ၏ အလိုဆန္ဒကို ဖြည့်ကတ်လိမည် မဟုတ်။ 17 အကြောင်းကား ဇာတိပကတိ၏ အလိုဆန္ဒစာ သန့်ရှင်းသောဝိညာဉ်တော်၏ အလိုဆန္ဒကို ဆန့်ကျင်ရေ အရာ သန့်ရှင်းသောဝိညာဉ်တော်၏ အလိုဆန္ဒစာ ဇာတိပကတိ၏ အလိုဆန္ဒကို ဆန့်ကျင်ရေ။ ဇာတိပကတိန သန့်ရှင်းသောဝိညာဉ်တော်အထဲမာ ရန်သူ ဖြစ်ကတ်တေအတွက်န နင်ရို့ လိုအပ်စာကို လုပ်ရို့ မရနိုင်ကတ်။ 18 ယေကေလည်း နင်ရို့စာ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်ချုပ်ခြင်းကို ခံယူကတ်တေဆိုကေ ပညှတ်တရားအောက်မာ မဟိကတ်ပျာ။ 19 ဇာတိပကတိ၏ အလုပ်တိကို ပပွင့်လလင်း မြင်ရရေ။ ဇာတိပကတိ၏ အလုပ်တိစာ ကာမဂုဏ်ကို လိုက်စားခြင်း၊ ညစ်ညူးခြင်း၊ အကျင့်ပျက်ခြင်း၊ 20 ရုပ်တုကို ကိုးကွယ်ခြင်း၊ မန်းဒရားပြုခြင်း၊ အငြိုထားခြင်း၊ ရန်တွိခြင်း၊ လောဖတတ်ခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်တည်းကို ချစ်ခြင်း၊ သဖေါကွဲခြင်း၊ အသင်းခွဲခြင်း၊ 21 မနာလိုခြင်း၊ ယစ်မုန်းခြင်း အရာ အရက်သောက်ပွဲနအတူ ယင်းပိုင် အရာလည်း အများကြီး ဟိသိရေ။ ငါ အယင်တစ်ခေါက် နင်ရို့ကို သတိပီးလီစာပိုင် ငါ ဒေဂုလည်း သတိပီးရေ၊ ထိုအကျင့်သီလတိအတိုင်း လိုက်စားသူရို့စာ ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ရကတ်လိမည် မဟုတ်။ 22 ယေကေလည်း သန့်ရှင်းသောဝိညာဉ်တော်၏ အသီးတိစာ ချစ်ခြင်းမေတ္တာ၊ ဝမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာတရား၊ 23 နုညံ့ခြင်း အရာ ကိုယ့်ကို ထိန်းသိမ်းခြင်း ဖြစ်တေ။ ဒေသျှင့်တိကို အပြစ်တင်ရို့ စကားပြောဖို့စာ ဥပဒေတစ်ခုလည်း မဟိ။ 24 ခရစ်တော်ယေရှု၏ တပည့် ဖြစ်သူရို့စာ ကိုယ်ရို့မာ ဇာတိပကတိကို ဟိသမျ ကာမဂုဏ်အလိုဆန္ဒနအတူ ကားတိုင်မာ တင်ရို့ သတ်ဘိုက်လိုက်ကတ်ပျာ။ 25 ငါရို့စာ သန့်ရှင်းသောဝိညာဉ်တော်ကနီရို့ အသက်ကို ရကတ်တေဆိုကေ လာကတ်၊ ငါရို့ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်ချုပ်ခြင်းအောက်မာ နီထိုင်ကတ်မည်။ 26 ငါရို့ တစ်ခုလည်း မဟုတ်ဘိုင်းန ဘော်ကြော့မကြင်းရ၊ တစ်ယောက်ကို တစ်ယောက် စိတ်အနှောက်သျှက် မပီးရ အရာ တစ်ယောက်ကို တစ်ယောက် မနာလိုစိတ်ကို မထားရ။ |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.