ইফিষীয় 6 - Marmaသားသမီးရို့န အမိအဖရို့ကို ဩဝါဒပီးခြင်း 1 သားသမီးရို့၊ အသျှင်၏ အလိုတော်အတိုင်း နင်ရို့မာ အမိအဖ စကားကို နာခံကတ်၊ အကြောင်းကား ယင်းသျှင့်စာ မှန်ရေ။ 2 ကျမ်းစာမာ ဂတိတော်နဆိုင်စာ ပထမ ပညှတ်ချက်ကို ပီးလီရေ၊ “နင့် အမိအဖကို ရိုသေလေးစားရဖို့။ 3 ယင်းပိုင်ဆိုကေ နင့်မာ ဟိသမျ အားကုံးဖက်က ပဿိကို ရလိမည် အရာ ဒေ ကမ္ဘာမာ အသက်ရှည်လိမည်။” 4 အမိအဖရို့၊ နင်ရို့မာ သားသမီးရို့ကို မန်မမြှောင့်ကတ်ကေ့။ ယင်းထက်ပင် အသျှင်၏ အလိုတော်အတိုင်း သူရို့ကို ဆုံးမကတ် အရာ သွန်သင်ပီးကတ်။ ကျွန်ရို့န အပိုင်သျှင်ရို့ကို ဩဝါဒပီးခြင်း 5 ကျွန်ရို့၊ နင်ရို့စာ ဒေ လောကမာ နင်ရို့မာ အပိုင်သျှင်ရို့ကို ရိုသေကြောက်လန့်ခြင်းန လက်ခံကတ် အရာ ခရစ်တော်၏ စကားတော်ကို နာခံကတ်စာပိုင် နင်ရို့မာ အပိုင်သျှင်ရို့ စကားကိုလည်း စိတ်ထည့်ရို့ နာခံကတ်။ 6 နင်ရို့စာ ကိုယ်ရို့ အပိုင်သျှင်ရို့က နှစ်သက်ခြင်းကို ရဖို့အတွက် သက်သက် သူရို့ ရှိထက်က နာခံရို့ မပြကတ်ကေ့။ ယင်းထက်ပင် ခရစ်တော်၏ ကျွန်အဖြစ် စိတ်ပါ-ကိုယ်ပါ နင်ရို့မာ အပိုင်သျှင်ရို့ စကားကို နာခံကတ်။ ဒေပိုင် နာခံခြင်းစာ ထာဝရဘုရား၏ အလိုတော် ဖြစ်တေ။ 7 နင်ရို့စာ လူကို ပြုဇုသူအဖြစ် မဟုတ်ဘိုင်းန အသျှင်ကို ပြုဇုသူအဖြစ် စိတ်အပျော်န နင်ရို့မာ အပိုင်သျှင်ရို့ကို ပြုဇုကတ်။ 8 နင်ရို့ မှတ်ထားကတ်၊ နင်ရို့ ကျွန်ဖြစ်စီ၊ လွတ်လပ်သူဖြစ်စီ၊ နင်ရို့မာ ဟိသမျ ကောင်းမြတ်စာ အလုပ်အတွက် အသျှင်စာ နင်ရို့ကို ဆုပီးလိမည်။ 9 အပိုင်သျှင်ရို့၊ ယင်းပိုင်တထန် နင်ရို့လည်း ကိုယ်ရို့မာ ကျွန်ရို့ကို နုညံ့ခြင်းစကားန ဆက်ဆံကတ်။ နင်ရို့ သူရို့ကို အရာ မခြိမ်းမခြောက်ကတ်ကေ့။ မှတ်ထားကတ်၊ နင်ရို့န သူရို့မာ အသျှင်ဆိုစာ တစ်ပါးတည်း ဖြစ်တေ။ သူစာ ဂေါင်းခင်ဘုံမာ ကျိန်းဝပ်နီရေ အရာ သူစာ အားကုံးသူကို တစ်ညီတည်း မျက်စိန ကြည့်ရေ။ မာရ်နတ်န စစ်တိုက်ဖို့စာ အကြောင်း 10 အဆုံးမာ ငါ ပြောမည်၊ နင်ရို့စာ အသျှင်န တစ်ကိုယ်တည်း ဖြစ်ရို့ သူ၏ မဟာတန်ခိုးအဟိန်န အားခွန်ပြည့်စုံကတ်။ 11 ထာဝရဘုရား၏ ဟိသမျ စစ်ဝတ်တန်းဆာကို နင်ရို့ ဝတ်ကတ်။ ယင်းပိုင်ဆိုကေ နင်ရို့စာ မာရ်နတ်၏ ဟိသမျ ပရိယာယ်တိကို ရင်ဆိုင်ဖို့ နိုင်ကတ်လိမည်။ 12 ငါရို့စာ သွီးသားဟိစာ လူ့သားရို့န စစ်တိုက်နီကတ်စာ မဟုတ်။ ယေကေလည်း အမိုက်မှောင်နိုင်ငံမာ ဟိသမျ အုပ်ချုပ်သူရို့၊ အာဏာသျှင်ရို့၊ ဒေ အမိုက်မှောင် ခိုက်မာ တန်ခိုးနပြည့်စုံစာ ဝိညာဉ်တိ အရာ ဂေါင်းခင်မာ ဟိသမျ နတ်ဆိုးရို့န စစ်တိုက်နီကတ်စာ ဖြစ်တေ။ 13 ယင်းအတွက်န နင်ရို့ စစ်တိုက်ဖို့အတွက် ထာဝရဘုရား၏ ဟိသမျ စစ်ဝတ်တန်းဆာကို ဝတ်ကတ်။ ယင်းပိုင်ဆိုကေ မာရ်နတ် စစ်တိုက်ဖို့ လာရေနိမာ နင်ရို့ စစ်တိုက်ဖို့ နိုင်ကတ်လိမည် အရာ ဟိသမျ အားကုံးကို စစ်တိုက်ရို့ ပြီးရေခါလည်း နင်ရို့ တတိုင်းမမြိုင်း ရပ်ရို့ နီနိုင်ကတ်လိမည်။ 14 ယင်းအတွက်န မှန်ကန်ခြင်း၏ ခါးပန်းကို ပန်းကတ်၊ ရိုးသားခြင်း၏ ရင်ပတ်ကို ဝတ်ကတ်၊ 15 အရာ ငြိမ်းချမ်းခြင်း၏ သတင်းကောင်းကို ဟောပြောဖို့အတွက် ဖနပ်စီးရို့ အဆင်သင့် ရပ်နီကတ်။ 16 ယင်းသျှင့်ကိုအပယ် ကျုံခြင်းတရား၏ ဒိုင်းရွှားကို ကိုင်ထားကတ်။ နင်ရို့စာ ယင်းဒိုင်းရွှားန မာရ်နတ် ဘိုက်စာ ဟိသမျ မီးမြှားစူးတိကို ကာကွယ်ဖို့ နိုင်ကတ်လိမည်။ 17 အဂေါင်းကို ကာကွယ်ဖို့အတွက် ထာဝရဘုရားပီးစာ ကယ်တင်ခြင်း၏ သံခမောက်ကို အဂေါင်းမာ ဆောင်းကတ် အရာ သန့်ရှင်းသောဝိညာဉ်တော်၏ ဒါးသျှေဆိုစာ ထာဝရဘုရား၏ စကားတော်ကို လက်ခံကတ်။ 18 ထို ဟိသမျ အားကုံးကို ဆုတောင်းခြင်းကနီရို့ ဝတ်ကတ်။ သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီခြင်းန အမြဲတိုင်း ဆုတောင်းနီကတ်။ ယင်းအတွက်န အနိုးနီရို့ ထာဝရဘုရား၏ ဟိသမျ လူရို့အတွက် အမြဲတိုင်း ဆုတောင်းနီကတ်။ 19 သတင်းကောင်း၏ ဖုံးရွှက်စာ မှန်ကန်ခြင်းကို ငါ ရဲဝံ့သတ္တိအပြည့်န အလှပ ဟောပြောဖို့ နိုင်လတ်အောင် ငါ့အတွက်လည်း ဆုတောင်းပီးကတ်။ 20 ဒေ သတင်းကောင်းကို ဟောပြောရေအတွက်န ငါ သံကြိုးန အချိုင်ခံရကေလည်း ခရစ်တော်၏ တမန်အဖြစ် ငါ သာသနာပြုနီရေ။ ထောင်ထဲမာ နီရို့လည်း ငါ ဟောပြောဖို့ သင့်စာပိုင် ထိုသတင်းကောင်းကို မကြောက်မလန့်ဘိုင်းန ဟောပြောဖို့ နိုင်လတ်အောင် ငါ့အတွက် ဆုတောင်းပီးကတ်။ အဆုံးသတ်ချက် စကား 21 ငါ ဇာပိုင် ဟိရေလည်း အရာ ငါ ဇာ လုပ်နီရေလည်းဆိုစာကို ငါ့မာ ချစ်ခင်စာ ညီအစ်ကို တုခိတ် နင်ရို့ကို ပြောပြလိမည်။ သူစာ အသျှင်၏ အလုပ်မာ သစ္စာဟိသူတစ်ယောက် ဖြစ်တေ။ 22 ငါရို့ အခြေအနေကို ငါ နင်ရို့ကို သိစီချင်ရေ အရာ သူ့ကို နင်ရို့ဘားမာ အားပီးချက်စကား ပြောစီချင်ရေ။ ယင်းအတွက်န ငါ သူ့ကို နင်ရို့တို့ ရွှတ်လိုက်လီစာ ဖြစ်တေ။ 23 ကျုံသူညီအစ်ကိုမောင်နမှရို့၊ နင်ရို့ ငြိမ်းချမ်းစီ။ နင်ရို့ တစ်ယောက်ကို တစ်ယောက် ချစ်ဖို့စာန အသျှင်ယေရှုခရစ်တော်ကို ကျုံဖို့စာ ထာဝရဘုရား နင်ရို့ကို ကူညီပါစီ။ 24 ငါရို့မာ အသျှင်ယေရှုခရစ်တော်ကို အဆုံးအတုံးမဟိ ချစ်သူရို့ အားကုံးသူနအတူ ထာဝရဘုရား၏ ကျေးဇူးတော် ဟိပါစီ။ အာမန်။ |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.