Online Bible

- Reklamy -

ইফিষীয় 5 - Marma


အလင်းမာ နီထိုင်ဖို့စာ အကြောင်း

1 နင်ရို့စာ ထာဝရဘုရား၏ ချစ်ခင်စာ သားသမီး ဖြစ်ကတ်တေ။ ယင်းအတွက်န နင်ရို့ ထာဝရဘုရားပိုင် နီထိုင်ကတ်။

2 ခရစ်တော်စာ ငါရို့ကို ချစ်လီရေ အရာ ထာဝရဘုရား၏ ရှိက မွှီးကြိုင်စာ ယဇ်ကောင်အဖြစ် ငါရို့အတွက် ကိုယ့်အသက်ကို ပူဇော်လီရေ။ ယင်းပိုင်တထန် နင်ရို့လည်း တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာ ထားကတ်။

3 နင်ရို့အထဲမာ ဟိသမျ ဆိုယုတ်စာ ကာမဂုဏ်မျိုးစုံကို လိုက်စားခြင်း၊ ညစ်ညူးခြင်း အရာ လောဖတတ်ခြင်း မဟိစီကေ့၊ အကြောင်းကား ထိုအပြစ်တိကို ထာဝရဘုရား၏ လူရို့ ပစမာပင် တင်ပြောဖို့ မသင့်။

4 အရာ ရှက်ကောင်းဖွယ်ရာ စကား၊ ဆိုးယုတ်စာ စကား၊ ညစ်ညူး-ရိုင်းစိုင်းစာ စကားတိကို နင်ရို့ ရှောင်ကတ်၊ အကြောင်းကား နင်ရို့စာ ထာဝရဘုရား၏ လူဖြစ်ကတ်တေအတွက်န ထိုစကားတိ နင်ရို့န မတင့်။ ယင်းထက်ပင် နင်ရို့စာ ထာဝရဘုရားကို ကျေးဇူးတင်စကား ပြောဖို့ သင့်ကတ်တေ။

5 နင်ရို့ အလှပ သိကတ်တေ၊ ကာမဂုဏ် လိုက်စားသူရို့၊ ညစ်ညူးသူရို့ အရာ လောဖတတ်သူရို့စာ ခရစ်တော်န ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ရကတ်လိမည် မဟုတ်။ (လောဖတတ်သူရို့စာ ရုပ်တုကို ကိုးကွယ်သူရို့နတူကတ်တေ)။

6 မဟုတ်မမှန်စာ စကားန နင်ရို့ကို တစ်ယောက်လည်း မှားယွင်းစာလမ်းတို့ ဆောင်ယူလားဖို့ မရစီကတ်ကေ့၊ အကြောင်းကား နာခံမှု မဟိဘိုင်းန ထို ဟိသမျ ဆိုးယုတ်စာ အလုပ်တိကို လုပ်သူရို့ဘားမာ ထာဝရဘုရား၏ အငြို​ဒေါသ ကျလိမည်။

7 ယင်းအတွက်န နင်ရို့ ယင်းပိုင်ဇာတ် လူရို့န အသျှင်းလည်း မပေါင်းဖေါ်လီကတ်ကေ့၊

8 အကြောင်းကား နင်ရို့ တစ်ချိန်ခါ အမိုက်မှောင်မာ နီထိုင်လီကတ်ကေလည်း ဒေဂု အသျှင်န တွိရို့ အလင်းတို့ ရောက်လာကတ်ပျာ။ ယင်းအတွက်န နင်ရို့ အလင်း၏ သားသမီးရို့ပိုင် နီထိုင်ကတ်၊

9 အကြောင်းကား ကောင်းမြတ်ခြင်း၊ ရိုးသားခြင်း အရာ သစ္စာဟိခြင်းစာ အလင်း၏ အကျိုး ဖြစ်တေ။

10 ဇာ အလုပ်ကို အသျှင် နှစ်သက်တေလည်းဆိုစာကို နင်ရို့ စစ်ဆေးရို့ ကြည့်ကတ်။

11 အမိုက်မှောင်မာ နီထိုင်သူရို့ လုပ်ကတ်စာ အလုပ်တိမာ ဝင်ရို့ မလုပ်ကတ်ကေ့၊ အကြောင်းကား ထိုအလုပ်တိက ကောင်းမြတ်စာ အကျိုး တစ်ခုလည်း မရ။ ယင်းထက်ပင် အမိုက်မှောင်မာ လုပ်ကတ်စာ အလုပ်တိ မကောင်းဆိုစာကို နင်ရို့ ဖေါ်ပြလီကတ်၊

12 အကြောင်းကား လူရို့အထဲမာအထဲ လုပ်ကတ်စာ ဟိသမျ အလုပ်အကြောင်းတိကို ပြောဖို့တိုင်အောင်ပင် ရှက်ဖို့ ကောင်းရေ။

13 ဟိသမျ ဆိုးယုတ်စာ အလုပ်ကို အလင်းရောင်တို့ ဖေါ်ထုတ်ယူခရေခါ ကကြင်းလလင်း ပေါ်ထွန်းလာရေ၊

14 အကြောင်းကား အလင်းစာ ဟိသမျ အားကုံးကို ဖေါ်ထုတ်တေ။ ယင်းအတွက်န ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “အိုး အိပ်မောကျနီသူ၊ ထဖိ၊ သီရာက ပြန်ရှင်ထမြောင့်ဖိ။ ယင်းပိုင်ဆိုကေ ခရစ်တော် နင့်ကို အလင်း ပီးလိမည်။”


ထာဝရဘုရား၏ ဝိညာဉ်တော်အောက်မာ နီထိုင်ခြင်း

15 ယင်းအတွက်န နင်ရို့ ဇာပိုင် နီထိုင်ကတ်တေလည်းဆိုစာကို အလှပ စဉ်းစားကြည့်ကတ်။ လူဘောရို့ပိုင် မနီထိုင်ဘိုင်းန ပညာသျှင်ရို့ပိုင် နီထိုင်ကတ်။

16 ဒေခိုက်ကာလစာ ကောင်းကောင်း ဆိုးရေ။ ယင်းအတွက်န ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့အတွက် နင်ရို့ ရထားကတ်စာ အခွင့်ရေးကို အပြည့်အစုံ အသုံးပြုကတ်။

17 ယင်းအတွက်န ငါ ပြောမည်၊ နင်ရို့ လူဘောပိုင် မဖြစ်စီကတ်ကေ့။ ယင်းထက်ပင် အသျှင် နင်ရို့က ဇာ လိုရေလည်းဆိုစာကို နင်ရို့ နားလည်ဖို့ ကြိုးစားကတ်။

18 အရက်သောက်ရို့ မယစ်ကတ်ကေ့၊ ယင်းပိုင် ယစ်တေဆိုကေ နင်ရို့မာ ဘဝ ပျက်လိမည်။ ယင်းထက်ပင် သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်ချုပ်ခြင်းအောက်မာ နီကတ်။

19 အရာ ဆာလံတေးခြင်း၊ ချီမွမ်းစာ တေးခြင်း၊ ဓမ္မတေးခြင်းကို ဆိုပြီးကေ နင်ရို့ တစ်ယောက်န တစ်ယောက် စကားပြောကတ်။ နင်ရို့ စိတ်နှလုံးမာ အသျှင်ကို ရွယ်မှတ်ရို့ တေးခြင်း ဆိုကတ်။

20 နင်ရို့ အမြဲတိုင်း ဟိသမျ အားကုံးအတွက် ငါရို့မာ အသျှင်ယေရှုခရစ်တော်၏ နာမည်န အဖထာဝရဘုရားကို ကျေးဇူးတင်ကတ်။


လင်န မယားကို ဩဝါဒပီးခြင်း

21 နင်ရို့ ခရစ်တော်ကို ရိုသေကြောက်လန့်ခြင်းကနီရို့ ကိုယ်ရို့အချင်းချင်း တစ်ယောက်လက်အောက်က တစ်ယောက် နီကတ်။

22 မိန်းမရို့၊ နင်ရို့စာ အသျှင်၏ အုပ်ချုပ်ခြင်းကို ခံယူကတ်စာပိုင် နင်ရို့မာ လင်ရို့ အုပ်ချုပ်ခြင်းကို ခံယူကတ်၊

23 အကြောင်းကား ခရစ်တော် အသင်းတော်၏ အဂေါင်း ဖြစ်စာပိုင် လင်လည်း ကိုယ့်မယား၏ အဂေါင်း ဖြစ်တေ။ အရာ ခရစ်တော်စာ ကိုယ့်ခန္ဓာကို ကယ်တင်သူလည်း ဖြစ်တေ။ ယင်းအဓိပ္ပါယ်ကား သူစာ အသင်းတော်ကို ကယ်တင်သူ ဖြစ်တေ။

24 အရာ အသင်းတော် ခရစ်တော်၏ အုပ်ချုပ်ခြင်းကို ခံယူစာပိုင် မယားလည်း ဟိသမျ အကြောင်းအရာမာ ကိုယ့်လင်၏ အုပ်ချုပ်ခြင်းကို ခံယူဖို့ သင့်ရေ။

25 ယောက်ျားရို့၊ ခရစ်တော်စာ အသင်းတော်ကို ချစ်ရို့ အသင်းတော်အတွက် ကိုယ့်အသက်ကို စွန့်လီရေ။ ယင်းပိုင်တထန် နင်ရို့လည်း တစ်ယောက်မကျန် ကိုယ်ရို့မာ မယားရို့ကို ချစ်ကတ်။

26 ခရစ်တော်စာ အသင်းတော်ကို သန့်ရှင်းအောင် လုပ်ဖို့အတွက် ကိုယ့်အသက်ကို စွန့်လီရေ။ ယေကေလည်း ယင်းအယင်က သူစာ အသင်းတော်ကို ရီန ဆီးလီရေ အရာ ကိုယ့်စကားတော်ကို ဟောပြောလီရေ။

27 ခရစ်တော်စာ အသင်းတော်ကို ဘုန်းသိက္ခာန ပြည့်စုံစာ မယားသျှာအဖြစ် ကိုယ့်ဘားမာ ဆက်ကပ်နိုင်ဖို့အတွက် ကိုယ့်အသက်ကို စွန့်လီရေ။ အကြောင်းကား သူစာ အသင်းတော်ကို မှားယွင်းခြင်း၊ ညစ်ညူးခြင်း အရာ ဆိုးယုတ်ခြင်းနကင်းစီချင်လီရေ။ အရာ သူစာ သန့်ရှင်းစာန အပြစ်နကင်းစာ အသင်းတော်အဖြစ် လက်ခံချင်လီရေ။

28 လင်စာ ကိုယ့်ခန္ဓာကို ချစ်စာပိုင် ကိုယ့်မယားကိုလည်း ချစ်ရဖို့။ ကိုယ့်မယားကို ချစ်သူစာ ကိုယ့်ကို ချစ်တေ။

29 ကိုယ့်ခန္ဓာကို မုန်းသူ တစ်ယောက်လည်း မဟိ။ ယင်းထက်ပင် ကိုယ့်ခန္ဓာကို ပြုဇုသုတ်သင်ရို့ထားသူရာ ဟိကတ်တေ။ ယင်းပိုင်တထန် ခရစ်တော်လည်း ကိုယ့်အသင်းတော်ကို ပြုဇုသုတ်သင်ရို့ ထားရေ၊

30 အကြောင်းကား ငါရို့စာ ခရစ်တော်၏ ကိုယ်ခန္ဓာမာ အင်္ဂါတိ ဖြစ်ကတ်တေ။

31 ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “ယင်းအတွက်န ယောက်ျားစာ ကိုယ့်အမိအဖကို စွန့်ရို့ ကိုယ့်မယားန ပေါင်းရို့ နီလိမည် အရာ သူရို့နှစ်ယောက် တစ်ကိုယ်တည်း ဖြစ်ကတ်လိမည်။”

32 ဒေ အကြောင်းစာ မဟာဖုံးရွှက်စာ မှန်ကန်ခြင်း တစ်ခု ဖြစ်တေ။ ခရစ်တော်န သူ၏ အသင်းတော် အကြောင်းကို ငါ ပြောစာ ဖြစ်တေ။

33 ယေကေလည်း နင်ရို့ အားကုံးသူ ကိုယ့်ကိုပိုင်တထန် ကိုယ်ရို့မာ မယားရို့ကို ချစ်ကတ်ရဖို့ အရာ မယားရို့လည်း ကိုယ်ရို့မာ လင်ရို့ကို ရိုသေကတ်ရဖို့။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy