Online Bible

- Reklamy -

প্রেরিত 8 - Marma


အသင်းတော် ကွဲကြင်းလားခြင်း

1 ယင်းနိကပင်စရို့ ယေရုရှလင်မြို့မာ ဟိသမျ အသင်းတော် လူရို့ဘားမာ ညှဉ်းဆဲခြင်း အများကြီး ကျရောက်လီရေ။ ယင်းအတွက်န သူရို့စာ ယုဒပြည်နယ်န ရှမာရိပြည်နယ်တို့ ကွဲကြင်းလားခကတ်လီရေ။ ယေကေလည်း တမန်တော်ရို့စာ ယေရုရှလင်မြို့မာ ကျန်ဟိလိုက်ကတ်လီရေ။

2 ယင်းအချိန်ခါ ထာဝရဘုရားကို ရိုသေကြောက်လန့်သူ လိုင်းကေယောက် သတေဖန်အတွက် ဝမ်းနည်းရို့ ငိုပြီးကေ သူ့အကောင်တော်ကို ယူရို့ သင်္ဂြိုဟ်ကတ်လီရေ။

3 ယေကေလည်း ရှောလုစာ အသင်းတော်ကို ဖျက်စီးဖို့ အကြံန အိမ်တိုင်း အိမ်တိုင်း လားရို့ အသင်းတော်မာ မိန်းမ-ယောက်ျား အားကုံးသူကို ဖမ်းပြီးကေ ငင်ယူခရို့ ထောင်မာ ထည့်လီရေ။


ရှမာရိပြည်နယ်မာ သတင်းကောင်း ဟောပြောခြင်း

4 ယေရုရှလင်မြို့က ကွဲကြင်းလားခကတ်စာ အသင်းတော် လူရို့စာ အမျိုးမျိုး နေရာမာ လားရို့ လူရို့ဘားမာ ခရစ်တော်၏ သတင်းကောင်းကို ဟောပြောကတ်လီရေ။

5 ထိုကွဲကြင်းလားခကတ်စာ အသင်းတော် လူရို့အထဲမာ ဖိလိပ္ပုနာမည်န လူတစ်ယောက် ဟိလီရေ။ သူစာ ယေရုရှလင်မြို့မာ ရွီးကောက်လီစာ ပြုဇုသူခုနစ်ယောက်အထဲက တစ်ယောက် ဖြစ်တေ။ သူလည်း ရှမာရိပြည်နယ်မာ မြို့တစ်မြို့တို့ လားရို့ ခရစ်တော်၏ အကြောင်းကို ဟောပြောလီရေ။

6 ယင်းမာ လူရို့ ဖိလိပ္ပု လုပ်စာ အံ့ဩဖွယ်အလုပ်တိကို မြင်ရို့ သူဟောပြောစာ တရားကို စိတ်ဝင်စားပြီးကေ နားထောင်ကတ်လီရေ။

7 ထိုမြို့မာဟိစာ လူရို့အထဲက နတ်ဆိုးတိ အော်ရို့ ထွက်လားခကတ်လီရေ အရာ အများကြီး တစ်စိတ်နာရောဂါသေရို့န အခြီသောင်ရို့ အကောင်း ဖြစ်ကတ်လီရေ။

8 ယင်းအတွက်န ထိုမြို့သားရို့စာ ကောင်းကောင်း ပျော်ကတ်လီရေ။


ရှမာရိပြည်နယ်မာ မှိုင်းဆရာ ရှိမုန်

9 ထိုမြို့မာ ရှိမုန်နာမည်န လူတစ်ယောက် အယင်ကပင် မှိုင်းပြရို့ ဟိလီရေ။ ထိုမှိုင်းပြစာကို မြင်ရို့ ဟိသမျ ရှမာရိပြည်နယ်သားရို့စာ အံ့ဩကတ်လီရေ။ ရှိမုန်စာ ကိုယ့်ကိုကိုယ် အကြီးအကျယ် လူတစ်ယောက် ဖြစ်တေ ဟို့ မှတ်နီလီရေ။

10 ဆင်းရဲသားရို့န သူဌေးရို့စာ သူ့စကားကို စိတ်ဝင်စားရို့ နားထောင်ကတ်လီရေ။ သူရို့စာ ပြောကတ်လီရေ၊ “ဒေလူစာ မဟာတန်ခိုး ဟို့ ခေါ်စာ ထာဝရဘုရား၏ တန်ခိုး ဖြစ်တေ။”

11 ထိုရှိမုန်စာ အယင်ကပင် အံ့ဩလတ်အောင် လူရို့ကို မှိုင်းပြရို့ နီလီရေ။ ယင်းအတွက်န လူရို့စာ ရှိမုန် စကားအတိုင်း လုပ်ကိုင်ရို့ နီကတ်လီရေ။

12 ယေကေလည်း ဖိလိပ္ပုစာ ထိုလူရို့ဘားမာ ထာဝရဘုရား၏ နိုင်ငံတော် အကြောင်းန ယေရှုခရစ်တော်၏ သတင်းကောင်းကို ဟောပြောလီရေ။ ယင်းခါ သူ့စကားကို ကျုံရို့ မိန်းမန ယောက်ျားရို့စာ ရီနှစ်မင်္ဂလာ ခံယူကတ်လီရေ။

13 ယင်းခါ ထိုရှိမုန်လည်း ကျုံရို့ ရီနှစ်မင်္ဂလာ ခံယူလီရေ။ ယင်းနောက် သူစာ ဖိလိပ္ပု နောက်က ဟိသမျ နေရာတို့ လိုက်လီရေ အရာ အံ့ဩဖွယ်အလုပ်န အကြီးအကျယ် နိမိတ်လက္ခဏာတိကို မြင်ရို့ အံ့မောလီရေ​။

14 ရှမာရိပြည်နယ်သားရို့ ထာဝရဘုရား၏ စကားတော်ကို ကျုံရို့ လက်ခံလီရေဆိုစာကို ယေရုရှလင်မြို့မာ ဟိသမျ တမန်တော်ရို့စာ ကြားရကတ်လီရေ။ ယင်းအတွက်န တမန်တော်ရို့စာ ပေတရုန ယောဟန်ကို ထိုရှမာရိပြည်နယ်သားရို့တို့ ရွှတ်လိုက်လီရေ။

15-16 ရှမာရိပြည်နယ်သားရို့စာ အသျှင်ယေရှုနာမည်နရာ ရီနှစ်မင်္ဂလာ ခံယူကတ်လီရေ။ ယေကေလည်း သူရို့စာ သန့်ရှင်းသောဝိညာဉ်တော်ကို မရလီကတ်သိ။ ယင်းအတွက်န ပေတရုန ယောဟန် ထိုမြို့တို့ ရောက်တေခါ ထိုလူရို့ သန့်ရှင်းသောဝိညာဉ်တော်ကို ရလတ်အောင် ဆုတောင်းပီးကတ်လီရေ။

17 ပေတရုန ယောဟန်စာ ထိုလူရို့ဘားမာ အလက် တင်ရေခါ သူရို့စာ သန့်ရှင်းသောဝိညာဉ်တော်ကို ရကတ်လီရေ။

18-19 တမန်တော်ရို့ အလက်တင်ရေ ချက်ချင်း သန့်ရှင်းသောဝိညာဉ်တော် ရလီစာကို ရှိမုန်စာ မြင်ရို့ တမန်တော်ရို့တို့ တန်းကား ယူလာရို့ တန်ခိုးကို ဝယ်ဖို့ တောင်းရို့ ပြောလီရေ၊ “အကျွန်လည်း အသူ့ဘားမာမဆို အလက် တင်ကေ သန့်ရှင်းသောဝိညာဉ်တော်ကို ရလတ်အောင် အကျွန့်ကိုလည်း ဒေ တန်ခိုးကို ပီးပါ။”

20 ယင်းခါ ပေတရုစာ ရှိမုန်ကို ပြောလီရေ၊ “နင် ထာဝရဘုရား၏ ဆုကို တန်းကားန ဝယ်ဖို့ ရဖို့ထင်စာလော? နင့်တန်းကားန နင် ပျက်စီးလီ။

21 ငါရို့ လုပ်စာအလုပ်မာ နင် တစ်ခုလည်း ပိုင်ဆိုင်ခွင့် မဟိ၊ အကြောင်းကား နင့်မာ စိတ်နှလုံး မရိုးသားစာကို ထာဝရဘုရား မြင်ရေ။

22-23 နင့်မာ စိတ်စာ လောဖကြီးရေအတွက်န နင် အပြစ်ညှဉ်းဆဲးခြင်းအောက်မာ ကျရို့ဟိစာကို ငါ မြင်ရေ။ နင် ဒေပိုင် မကောင်းစာလမ်းက စိတ်လှည့် အရာ နင့် စိတ်နှလုံးမာ မကောင်းစာ စဉ်းစားချက်အတွက် ခွင့်ရွှတ်ခြင်းကို ရလတ်အောင် အသျှင်ဘားမာ ဆုတောင်း။”

24 ယင်းခါ ရှိမုန် ပြောလီရေ၊ “ကိုယ်ဘင်ရို့ ပြောစာပိုင် အကျွန့်ဘားမာ မကျရအောင် အကျွန့်အတွက် အသျှင်ဘားမာ ဆုတောင်းပီးကတ်ပါ။”

25 ယင်းနောက် ယောဟန်န ပေတရုစာ အသျှင်ယေရှု အကြောင်းကို သက်သီပီးရို့ အရာ သူ့စကားတော်ကို ဟောပြောရို့ ယေရုရှလင်မြို့တို့ ပြန်လားခကတ်လီရေ။ သူရို့နှစ်ယောက်စာ လားရေလမ်းမာလည်း ရှမာရိလူမျိုးရို့ ရွာတိမာ သတင်းကောင်းကို ဟောပြောကတ်လီရေ။


ဖိလိပ္ပုန အဲသယောပိပြည် မင်းမမာ အလုပ်သမား

26 တစ်ရက်နိ အသျှင်၏ ဂေါင်းခင်နတ်သားတစ်ပါးစာ ဖိလိပ္ပုကို ပြောလီရေ၊ “ထ၊ နင် ယေရုရှလင်မြို့ကနီရို့ ဂါဇာမြို့တို့ လားစာလမ်းအတိုင်း တောင်ဖက်စစိုက် လားလီ။” ယင်းလမ်းစာ သဲကန္တာရတောပြင်က လားစာလမ်း ဟိလီရေ။

27 ယင်းခါ ဖိလိပ္ပုစာ ဂေါင်းခင်နတ်သား ပြောစာပိုင် ထရို့ ယင်းတို့ လားခလီရေ။ သူလားရေလမ်းမာ အဲသယောပိပြည်က မင်းမမာ အကြီးအကျယ် အလုပ်သမား တစ်ယောက်န တွိလီရေ။ ထိုအလုပ်သမားစာ အဲသယောပိပြည်မာ မင်းမ ကန္ဒက်၏ ပစ္စည်းဥစ္စာ စောင့်သျောက်သူ တစ်ယောက် ဟိလီရေ။ သူစာ သတင်းဝင်ဖို့အတွက် ယေရုရှလင်မြို့တို့ လားလီရေ။

28 သူစာ အိမ်တို့ ပြန်ရေခါ ရထားထက်မာ ထိုင်ရို့ ဘုရားသတင်းပို့သူ ဟေရှာယ ရွီးထားခစာ ကျမ်းစာကို ဖတ်လီရေ။

29 ယင်းခါ ဖိလိပ္ပုကို သန့်ရှင်းသောဝိညာဉ်တော်စာ ပြောလီရေ၊ “ထို ရထားအနားတို့ လားရို့ သူနအတူ လိုက်လီ။”

30 ယင်းနောက် ဖိလိပ္ပုစာ ရထားအနားတို့ ဗြီးလားရို့ အပါးမာ ရောက်လီရေ။ ယင်းခါ ထိုအလုပ်သမား ဘုရားသတင်းပို့သူ ဟေရှာယ ကျမ်းစာ ဖတ်နီစာအသံကို ဖိလိပ္ပုစာ ကြားရလီရေ။ ဖိလိပ္ပုစာ ထိုအလုပ်သမားကို မီးလီရေ၊ “ကိုယ်ဘင် ဖတ်နီစာ ကျမ်းစာ အဓိပ္ပါယ်ကို နားလည်ပါရေလော?”

31 ထိုအလုပ်သမားစာ ပြောလီရေ၊ “ဒေ အဓိပ္ပါယ်ကို တစ်ယောက်လည်း ဖွင့်မပြောကေ အကျွန် ဇာပိုင်ပျင်ရို့ နားလည်ပါဖို့လည်း?” ယင်းခါ ထိုအလုပ်သမားစာ ဖိလိပ္ပုကို ရထားထက်မာ တက်စီရို့ ကိုယ့်အနားမာ ထိုင်ဖို့ ပီးလီရေ။

32 ထိုအလုပ်သမား ဖတ်နီစာ လေးငါးကြောင်း ကျမ်းစာ ဖြစ်တေကား ဒေပိုင်၊ “သိုးဆိတ်ကို လှီးဖို့အတွက် ငင်ယူလားစာပိုင် သူ့ကိုလည်း ငင်ယူလားလီရေ။ အမွီးရိပ်သူ တစ်ယောက်ရှိမာ သိုးဆိတ် တိန်းရို့နီစာပိုင် သူလည်း တစ်ခုလည်း မပြောဘိုင်း တိန်းရို့ နီလီရေ။

33 သူစာ ညှဉ်းဆဲခြင်းကို ခံရလီရေ၊ သူ့ကို တရားသဖြင့် စစ်ဆေးဖို့သူ တစ်ယောက်လည်း မဟိလီ။ ဒေ လောကက သူ့အသက်ကို ယူလားခလီရေ၊ ယင်းအတွက်န သူ့အမျိုးအနွယ်သား အကြောင်းကို ဖေါ်ပြဖို့ မနိုင်။”

34 ထိုအလုပ်သမားစာ ဖိလိပ္ပုကို ပြောလီရေ၊ “ပြောပါ၊ ဘုရားသတင်းပို့သူစာ အသူ့အကြောင်းကို ပြောလီပါစာလည်း? ကိုယ့်အကြောင်းကိုလော၊ မဟုတ်ကေ အခြားတစ်ယောက် အကြောင်းကိုလော?”

35 ယင်းခါ ဖိလိပ္ပုစာ ထိုအလုပ်သမား ဖတ်နီစာ ကျမ်းစာကပင်စရို့ ယေရှု၏ သတင်းကောင်းကို ဟောပြောလီရေ။

36 သူရို့နှစ်ယောက်စာ လမ်းမာ လားရို့ လားရို့ ရီဟိစာနေရာတစ်ခုတို့ ရောက်ကတ်လီရေ။ ယင်းခါ ထိုအလုပ်သမားစာ ပြောလီရေ၊ “ကြည့်ပါ၊ ဒေမာ ရီဟိပါရေ၊ အကျွန့်မာ ရီနှစ်မင်္ဂလာ ခံယူဖို့စာ အခက်ခဲ ဟိပါရေလော?”

37 ဖိလိပ္ပုစာ အဖြေပီးလီရေ၊ “ကိုယ်ဘင် စိတ်နှလုံးကပင် ကျုံရေဆိုကေ ရီနှစ်မင်္ဂလာ ခံယူနိုင်ပါရေ။” အလုပ်သမားစာ ပြောလီရေ၊ “ယေရှုခရစ်တော်စာ ထာဝရဘုရား၏ သားတော် ဖြစ်တေဆိုစာကို အကျွန် ကျုံပါရေ။”

38 ယင်းပိုင် ပြောပြီးရေခါ ထိုအလုပ်သမားစာ ရထားကို တန့်စီလီရေ။ ယင်းနောက် ဖိလိပ္ပုန အလုပ်သမားစာ ရီတို့ ဆင်းကတ်လီရေ အရာ ဖိလိပ္ပုစာ သူ့ကို ရီနှစ်မင်္ဂလာ ပီးလီရေ။

39 သူရို့နှစ်ယောက် ရီက တက်လာကတ်တေခါ အသျှင်၏ ဝိညာဉ်တော်စာ ဗြုန်းခနိုင်းပျင်ရို့ ဖိလိပ္ပုကို ဆောင်ယူလားခလီရေ။ ယင်းခါ ထိုအလုပ်သမားစာ ဖိလိပ္ပုကို မမြင်ရလီဗျာ အရာ သူစာ ပျော်ရို့ အိမ်တို့ ပြန်လားခလီရေ။

40 ယင်းနောက် ဖိလိပ္ပုစာ အာဇုတ်မြို့တို့ ရောက်နီရေဆိုစာကို ကိုယ့်ကိုကိုယ် သိလီရေ။ သူစာ ရွာတိုင်း ရွာတိုင်း လားရို့ အသျှင်၏ သတင်းကောင်းကို ဟောပြောရို့ ကဲသရိမြို့တို့ လားခလီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy