Online Bible

- Reklamy -

প্রেরিত 3 - Marma


အခြီသောင်တစ်ယောက် အကောင်း ဖြစ်ခြင်း

1 တစ်ရက်နိ နီကျသုံးနာရီမာ ပေတရုန ယောဟန် ဆုတောင်းဖို့အတွက် ဝိပဿနာကျောင်းတို့ လားကတ်လီရေ​။

2 သူရို့စာ ဝိပဿနာကျောင်းမာ အခြီသောင်တစ်ယောက်ကို တွိကတ်လီရေ။ ယင်းသူစာ မွီးခါကပင် အခြီအသောင် ဟိလီရေ။ ယင်းအတွက်န လူရို့စာ နိတိုင်း ထိုအခြီသောင်ကို ယူခရို့ ဝိပဿနာကျောင်းမာ “အလှပ” ဟို့ ခေါ်စာ လမ်းခဝအနားမာ ချထားကတ်လီရေ၊ အကြောင်းကား ဝိပဿနာကျောင်းတို့ လာသူရို့က တစ်ချပ်တစ်ပြား အလှူရဖို့အတွက် ဖြစ်တေ။

3 ပေတရုန ယောဟန် ဝိပဿနာကျောင်းတို့ ဝင်စာကို မြင်ရို့ ထိုအခြီသောင်စာ သူရို့က အလှူတောင်းလီရေ။

4 ပေတရုန ယောဟန်စာ သူ့တို့ စစိတ်ကြည့်ကတ်လီရေ။ ယင်းနောက် ပေတရုစာ ပြောလီရေ၊ “ငါရို့တို့ ကြည့်။”

5 ယင်းခါ ထိုအခြီသောင်စာ ပေတရုန ယောဟန်က တစ်ခုမသာ ရဖို့အထင်န ကြည့်လီရေ။

6 ယင်းခါ ပေတရုစာ ပြောလီရေ၊ “ငါ့မာ ရွှေ-ငွေ တစ်ခုလည်း မဟိ၊ ယေကေလည်း ငါ့မာ ဟိစာကို နင့်ကို ငါ ပီးဖို့။ နာဇရက်မြို့သျှေသား ယေရှုခရစ်တော်နာမည်န ထရို့လား။”

7 ယင်းနောက် ပေတရုစာ ထိုအခြီသောင် ညာဖက်အလက်ကို ကိုင်ရို့ ထူလီရေ။ ယင်းခါ ချက်ချင်း သူ့မာ ဖနောက်စာ အကောင်း ဖြစ်လီရေ။

8 အရာ သူစာ ခုန်ရို့ ထလီရေ။ ယင်းနောက် သူစာ ခုန်ရို့ ခုန်ရို့ လားပြီးကေ ထာဝရဘုရားကို ချီမွမ်းရို့ ပေတရုရို့နအတူ ဝိပဿနာကျောင်းတို့ ဝင်လီရေ။

9 လူရို့စာ အခြီသောင် ထာဝရဘုရားကို ချီမွမ်းရို့ လားနီစာကို မြင်ရကတ်လီရေ။

10 ထိုအခြီသောင်စာ ဝိပဿနာကျောင်းမာ “အလှပ” ဟို့ ခေါ်စာ လမ်းခဝအနားမာ ထိုင်ရို့ အလှူခံနီသူတစ်ယောက် ဖြစ်တေဆိုစာကို လူရို့စာ တွက်ရကတ်လီရေ။ ယင်းအတွက်န သူရို့စာ ထိုအခြီသောင် အကောင်း ဖြစ်စာကို မြင်ရို့ ကောင်းကောင်း အံ့ဩကတ်လီရေ။


ဝိပဿနာကျောင်းမာ ပေတရု တရားဟောပြောခြင်း

11 ထိုအခြီသောင်စာ ပေတရုန ယောဟန်အဝတ်ကို ကိုင်ရို့ နီလီရေ။ လူရို့စာ ပေတရု လုပ်စာအလုပ်ကို မြင်ရို့ အံ့ဩပြီးကေ သူရို့တို့ ဗြီးရို့ လာကတ်လီရေ။ ယင်းခါ သူရို့စာ ရှောလမုန်နာမည်န ဒန်ခြံတစ်ခုမာ ဟိကတ်လီရေ။

12 ယင်းသျှင့်ကို မြင်ရို့ ပေတရုစာ လူရို့ကို ပြောလီရေ၊ “ဣသရေလလူမျိုးရို့၊ ဒေ အလုပ်ကို မြင်ရို့ ဇာဖို့ အံ့ဩကတ်စာလည်း? ကိုယ်ဘင်ရို့ ဇာဖို့ အကျွန်ရို့ကို ကြည့်နီကတ်စာလည်း? အကျွန်ရို့ တန်ခိုးန မဟုတ်ကေ အကျွန်ရို့ အကျင့်သီလအကြောင်းန ဒေ အခြီသောင် အကောင်း ဖြစ်လီစာ မဟုတ်။

13-14 အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ ဘုရား အရာ ယာကုပ်၏ ဘုရားဆိုစာ အကျွန်ရို့ အဖိုးအဖီးအစိုင်လာရို့မာ ထာဝရဘုရားစာ ဒေ အလုပ်ကို လုပ်ရို့ ကိုယ့်ကျွန် ယေရှု၏ ဘုန်းတန်ခိုးကို လူရို့ဘားမာ ဖေါ်ပြလီရေ။ ကိုယ်ဘင်ရို့ ထိုအသျှင်ကို အသီသတ်ဖို့အတွက် ရန်သူရို့အလက်မာ ဖမ်းရို့ ပီးလီကတ်တေ။ ယင်းခါ အုပ်ချုပ်သူကြီးပိလတ်စာ သူ့ကို ရွှတ်လိုက်ဖို့ ကြည့်လီရေ၊ ယေကေလည်း ပိလတ် ရှိက ကိုယ်ဘင်ရို့ ထိုသန့်ရှင်းစာ သူတော်ကောင်း ယေရှုကို ငြင်းပယ်ကတ်လီရေ။ အရာ လူသတ်သမား တစ်ယောက်ကို ကိုယ်ဘင်ရို့တို့ ရွှတ်ပီးဖို့အတွက် တောင်းဆိုလီကတ်တေ။

15 လူရို့ကို အသက်ပီးနိုင်သူ ယေရှုကို ကိုယ်ဘင်ရို့ အသီသတ်ဘိုက်လိုက်ကတ်လီရေ။ ယေကေလည်း ထာဝရဘုရားစာ သူ့ကို သီရာက ပြန်ရှင်ထမြောင့်စီလီရေ။ ထို ဟိသမျ အကြောင်းအရာမာ အကျွန်ရို့ သက်သီခံ ဖြစ်ကတ်တေ။

16 အသျှင်ယေရှု၏ တန်ခိုးန ဒေ အခြီသောင် အကောင်း ဖြစ်လီရေ။ ထိုအသျှင်နာမည်ကို ကျုံရေအတွက်န ဒေသူမာ အားခွန် ရလီရေ။ ဒေပိုင် ကျုံရေအတွက်န ကိုယ်ဘင်ရို့ အားကုံးသူ ရှိက ဒေသူကို အပြည့်အစုံ ကောင်းအောင် လုပ်လီရေဆိုစာကို ကိုယ်ဘင်ရို့ မြင်ရကတ်တေ။

17 ညီအစ်ကိုမောင်နမှရို့၊ အကျွန် သိပါရေ၊ ကိုယ်ဘင်ရို့မာ ဂေါင်းဆောင်ရို့ပိုင် ကိုယ်ဘင်ရို့လည်း နားမလည်ဘိုင်းန ယေရှုကို ကားတိုင်မာ တင်ရို့ အသီသတ်ဘိုက်လိုက်ကတ်လီရေ။

18 ယေကေလည်း ထာဝရဘုရားစာ အယင်ကပင် ဟိသမျ ဘုရားသတင်းပို့သူရို့ကနီရို့ ပြောလီရေ၊ သူ၏ ခရစ်တော်စာ ဒုက္ခ-ဝေဒနာ ခံရဖို့၊ ထိုစကားကို ထာဝရဘုရား ဒေပိုင် ပြည့်စုံအောင် လုပ်လီရေ။

19 ယင်းအတွက်န ကိုယ်ဘင်ရို့ အပြစ်က စိတ်လှည့်ရို့ ထာဝရဘုရားတို့ လာကတ်။ ယင်းပိုင်ဆိုကေ ကိုယ်ဘင်ရို့ အပြစ် ခွင့်ရွှတ်ခြင်းကို ရကတ်လိမည်။

20 ကိုယ်ဘင်ရို့ ဝိညာဉ်ကို နားနီဖို့အတွက် ထာဝရဘုရား အချိန်ပီးလိမည်။ ကိုယ်ဘင်ရို့အတွက် ခရစ်တော်ကို ပြန်ရို့ ရွှတ်လိုက်လိမည်။ ထာဝရဘုရားစာ ခရစ်တော်အဖြစ် ယေရှုတစ်ပါးတည်းကို ရွီးကောက်လီရေ။

21 ထာဝရဘုရားစာ ဟိသမျ အားကုံးကို အရာတစ်ပြန် အယင်ပိုင် လုပ်ပီးဖို့။ ထာဝရဘုရား ဒေပိုင် မလုပ်သကြား ယေရှု ဂေါင်းခင်ဘုံမာ နီရဖို့။ ထိုအကြောင်းကို ထာဝရဘုရား နှစ်ပေါင်းများစွာ အယင်ကပင် သန့်ရှင်းစာ ဘုရားသတင်းပို့သူရို့ကနီရို့ ပြောလီရေ။

22 အရာ ခရစ်တော် အကြောင်းကို ဘုရားသတင်းပို့သူ မောရှေ ပြောလီရေ၊ ‘နင်ရို့မာ အသျှင်ထာဝရဘုရားစာ နင်ရို့ ဣသရေလလူမျိုးအထဲက နင်ရို့အတွက် ငါ့ပိုင် ဘုရားသတင်းပို့သူတစ်ပါး ရွှတ်လိုက်လိမည်။ သူ၏ စကားကို နင်ရို့ နားထောင်ရဖို့။

23 သူ့စကားကို နားမထောင်သူကို ငါ့ လူရို့အထဲက တစ်ခါတည်းန ဖျက်ဘိုက်လိုက်ဖို့။’

24 “အရာ ဘုရားသတင်းပို့သူ ရှမွေလကပင်စရို့ အခြားဘုရားသတင်းပို့သူရို့လည်း အားကုံးသူ ဒေခိုက်ကာလ အကြောင်းကို ဟောပြောခလီရေ။

25 ကိုယ်ဘင်ရို့ကား ဘုရားသတင်းပို့သူရို့ အမျိုးအနွယ်သား ဖြစ်ကတ်တေ။ ထာဝရဘုရားစာ အာဗြဟံဘားမာ ဒေပိုင် ဂတိခံလီရေ၊ ‘နင့် အမျိုးအနွယ်သား တစ်ယောက်ကနီရို့ ကမ္ဘာမာ ဟိသမျ လူမျိုးရို့စာ ပဿိကို ရကတ်လိမည်။’ ကိုယ်ဘင်ရို့ အဖိုးအဖီးအစိုင်လာရို့ဘားမာ ထာဝရဘုရား ခံထားလီစာ ထိုဂတိတော်ကို ကိုယ်ဘင်ရို့ ပိုင်ဆိုင်ကတ်တေ။

26 ထာဝရဘုရားစာ ကိုယ်ဘင်ရို့ အားကုံးသူကို မကောင်းစာလမ်းက ပြန်ယူခရို့ ကိုယ်ဘင်ရို့ကို ပဿိ ပီးချင်လီရေ။ ယင်းအတွက်န ထာဝရဘုရားစာ ကိုယ့်ကျွန် ယေရှုကို ပထမဆုံး ကိုယ်ဘင်ရို့တို့ ရွှတ်လိုက်လီရေ။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy