Online Bible

- Reklamy -


প্রেরিত 25 - Marma


အုပ်ချုပ်သူကြီး ဖေတ္တု ပေါလုကို စစ်ဆေးခြင်း

1 အုပ်ချုပ်သူကြီး ဖေတ္တုစာ ယုဒပြည်နယ်မာဟိစာ ကဲသရိမြို့မာ ရောက်ရို့ သုံးရက် နီပြီးရေခါ ယေရုရှလင်မြို့တို့ လားခလီရေ။

2 ယင်းခါ ယဇ်ပုရောဟိတ်အကြီးရို့န ယုဒဂေါင်းဆောင်ရို့စာ ဖေတ္တုတို့ လာရို့ ပေါလုကို ဆန့်ကျင်ရို့ တိုင်ကတ်လီရေ။

3 သူရို့စာ ယေရုရှလင်မြို့တို့ လားရေလမ်းမာ ပေါလုကို အသီသတ်ဖို့ ကြံရို့ ဟိကတ်လီရေ။ ယင်းအတွက်န ဖေတ္တုဘားမာ ဒေပိုင် အညှိုးခံရို့ တောင်းဆိုကတ်လီရေ၊ “အသျှင်၊ ကိုယ်ဘင် ကျေးဇူးပြုရို့ ပေါလုကို ယေရုရှလင်မြို့တို့ ရွှတ်ပါ။”

4 ယင်းခါ ဖေတ္တုစာ ပြောလီရေ၊ “ပေါလုကို ကဲသရိမြို့အချုပ်မာ ထည့်ရို့ ဟိရေ။ အကြာမနီဘိုင်းန ငါ ကိုယ်တိုင် ကဲသရိမြို့တို့ ပြန်လားဖို့။

5 နင်ရို့မာ အာဏာဟိသူ လိုင်းကေယောက် ငါနအတူ ထိုမြို့တို့ လိုက်ကတ် အရာ ပေါလုမာ အပြစ် ဟိရေဆိုကေ ငါ့ဘားမာ တင်ပြကတ်။”

6 အုပ်ချုပ်သူကြီး ဖေတ္တုစာ ယေရုရှလင်မြို့မာ ဆယ်ရက်လှောက် နီပြီးရေခါ ကဲသရိမြို့တို့ ပြန်လာလီရေ။ နောက်တစ်ရက်နိ သူစာ တရားယုံးမာ ထိုင်ရို့ ပေါလုကို ကိုယ့်ရှိတို့ ယူခဖို့အတွက် အာဏာချလိုက်လီရေ။

7 ပေါလု တရားယုံးတို့ ရောက်တေခါ ယေရုရှလင်မြို့က လာကတ်စာ ယုဒလူရို့စာ သူ့လေးဖက်လက်စိမာ ရပ်ရို့ သူ့ကို ဆန့်ကျင်ရို့ အမျိုးမျိုးပိုင် အပြစ်တင်ရို့ စကား​ပြောကတ်လီရေ၊ ယေကေလည်း သူရို့ တင်ပြကတ်စာ အပြစ်တိ တစ်ခုလည်း အတိကျ သက်သီပြဖို့ မနိုင်ကတ်လီ။

8 ယင်းခါ ပေါလုစာ ကိုယ့်အကြောင်းကို ယူရို့ ဒေပိုင် ပြောလီရေ၊ “အကျွန် ယုဒလူမျိုးရို့ ပညှတ်တရားကို ဆန့်ကျင်ရို့ အမှားလုပ်စာ မဟိပါ၊ ဝိပဿနာကျောင်းကို မသန့်ရှင်းအောင်လုပ်စာ မဟိပါ အရာ ရောမဧကရာဇ်မင်းကိုလည်း ဆန့်ကျင်ရို့ တစ်ခုလည်း မတရားလုပ်စာ မဟိပါ။”

9 ဖေတ္တုစာ ယုဒလူမျိုးရို့ကို နှစ်သက်အောင် လုပ်ဖို့အတွက် ပေါလုကို မီးလီရေ၊ “နင် ယေရုရှလင်မြို့တို့ လားရို့ ငါ့ရှိက ဒေပိုင် အပြစ်တင်ချက်တိကို တရားအစစ်ခံနိုင်ဖို့လော?”

10 ယင်းခါ ပေါလုစာ အဖြေပီးလီရေ၊ “အကျွန် ဒေဂု ရောမတရားယုံးမာ ရပ်ရို့ ဟိပါရေ။ အကျွန့်ကို ဒေ ရောမတရားယုံးမာရာ တရားစစ်ဆေးဖို့ သင့်ပါရေ။ အကျွန် ယုဒလူမျိုးရို့ကို ဆန့်ကျင်ရို့ တစ်ခုလည်း မတရားလုပ်စာ မဟိဆိုစာကို ကိုယ်ဘင် ကိုယ်တိုင် သိပါရေ။

11 ဇာမဆိုဖြစ်ဖြစ် အကျွန် သီဒါဏ်ခံလတ်အောင် မတရားလုပ်ရို့ ဟိရေဆိုကေ သီဒါဏ်ခံဖို့စာကို အကျွန် မငြင်းပါ။ ယေကေလည်း ဒေ ယုဒလူမျိုးရို့ အပြစ်တင်စာ အားကုံး အမှန် မဟုတ်ဆိုကေ အကျွန့်ကို တစ်ယောက်လည်း သူရို့အလက်မာ အပ်ပီးနိုင်မည် မဟုတ်ပါ။ ဒေဂု အကျွန် ရောမဧကရာဇ်မင်းဘားမာ သျှောက်အပ်ပါရေ။”

12 အုပ်ချုပ်သူကြီး ဖေတ္တုစာ အကြံပီးသူရို့န တိုင်ဘင်ရို့ ပြီးရေခါ ပေါလုကို ပြောလီရေ၊ “နင် ရောမဧကရာဇ်မင်းဘားမာ သျှောက်အပ်လီရေအတွက်န နင့်ကို ရောမဧကရာဇ်မင်းတို့ ပို့မည်။”


ပေါလု အကြောင်းကို အဂြိပ္ပမင်းဘားမာ ပြောပြခြင်း

13 လိုင်းကေရက် ကြာရေခါ ယုဒလူမျိုးရို့မာ မင်းအဂြိပ္ပစာ ကိုယ့်မယား ဗေရနိတ်ကို ယူရို့ အုပ်ချုပ်သူကြီးအသစ် ဖေတ္တုန အတွိခံဖို့အတွက် ကဲသရိမြို့တို့ လာလီရေ။

14 သူရို့နှစ်ယောက် ထိုမြို့မာ ရက်ပေါင်းများစွာ နီကတ်လီရေ။ ယင်းခါ ဖေတ္တုစာ ပေါလု အကြောင်းကို အဂြိပ္ပမင်းဘားမာ ပြောပြလီရေ၊ “ဒေမြို့မာ ဖေလဇ် အချုပ်မာ ထည့်ရို့ထားခစာ လူတစ်ယောက် ဟိပါရေ။

15 အကျွန် ယေရုရှလင်မြို့တို့ လားလီရေခါ ယဇ်ပုရောဟိတ်အကြီးရို့န ယုဒဂေါင်းဆောင်ဝါကြီးရို့စာ အကျွန့်တို့ လာရို့ အချုပ်ခံသူကို ဆန့်ကျင်ရို့ အမျိုးမျိုးပိုင် တိုင်လီကတ်ပါရေ အရာ သူ့ကို တရားစစ်ဆေးရို့ ဒါဏ်ပီးဖို့အတွက် အကျွန့်ဘားမာ တောင်းဆိုလီကတ်ပါရေ။

16 “အကျွန် ယုဒလူမျိုးရို့ကို ပြောလီပါရေ၊ ‘အပြစ်အတင်ခံသူကို အပြစ်တင်သူရို့ ရှိက ကိုယ့်အကြောင်းကို ယူရို့ စကားပြောဖို့ အခွင့်ရေး မရသကြား သူ့ကို ဒါဏ်ပီးဖို့ ရောမတရားဥဗဒေမာ မဟိ။’

17 “ထိုယုဒလူမျိုးရို့စာ အကျွန်နအတူ ယေရုရှလင်မြို့ကနီရို့ ကဲသရိမြို့တို့ လာလီကတ်ပါရေ။ အရာ အကြာမနီဘိုင်းန နောက်တစ်ရက်နိမာ အကျွန် တရားစစ်ဆေးဖို့အတွက် တရားယုံးမာ ထိုင်လီပါရေ။ ယင်းနောက် အချုပ်ခံသူကို တရားယုံးတို့ ယူလာဖို့အတွက် အာဏာချလိုက်လီပါရေ

18 သူ့ကို အပြစ်တင်သူရို့စာ စကားပြောဖို့ ရပ်ကတ်လီရေခါ အကျွန့် စိတ်မာ မှတ်ရို့ ဟိစာပိုင် အပြစ်တိကို တင်ရို့ မပြလီကတ်ပါ။

19 ယေကေလည်း သူရို့စာ ဘာသာရေး ပညှတ်တရား အကြောင်းကို အရာ ယေရှုနာမည်န လူသီတစ်ယောက် အကြောင်းကို ယူရို့ သူ့ကို အပြစ်တင်လီကတ်ပါရေ။ အချုပ်ခံသူ ပေါလုစာ ထိုယေရှုကို အသက်အရှင် ဟိရေ ဟို့ ပြောနီပါရေ။

20 ထိုအကြောင်းတိကို ဇာပိုင် စုံစမ်းဖို့လည်းဆိုစာကို အကျွန် နားမလည်ပါ။ ယင်းအတွက်န အကျွန် ပေါလုကို၊ ‘နင် ယေရုရှလင်မြို့တို့ လားရို့ ငါ့ရှိက ဒေပိုင် အပြစ်တင်ချက်တိကို တရားအစစ်ခံနိုင်ဖို့လော’ ဟို့ မီးလီပါရေ။

21 ယေကေလည်း ပေါလုစာ ရောမဧကရာဇ်မင်းဘားမာ တရားဆုံးဖြတ်ချက်ကို လိုရို့ အချုပ်မာ နီဖို့အတွက် အကျွန့်ဘားမာ သျှောက်အပ်လီပါရေ။ ယင်းအတွက်န သူ့ကို ရောမဧကရာဇ်မင်းတို့ မပို့သကြား အစောင့်ထည့်ရို့ ထားဖို့အတွက် အကျွန် အာဏာချလိုက်ပါရေ။”

22 ယင်းခါ အဂြိပ္ပမင်းစာ ဖေတ္တုကို ပြောလီရေ၊ “ငါ ကိုယ်တိုင် သူ့စကားကို နားထောင်ချင်ရေ။” ဖေတ္တုစာ ပြောလီရေ၊ “နှက်ဖြန်ခါ ကိုယ်ဘင် သူ့စကားကို နားထောင်ဖို့ ရပါမည်။”


ပေါလု အကြောင်းကို အားကုံးသူရှိမာ ပြောပြခြင်း

23 နောက်တစ်ရက်နိ အဂြိပ္ပမင်းန သူ့မယား ဗေရနိတ်စာ ပွဲကြီးဆင်ရို့ တိုင်ဘင်စာ ယုံးတို့ ဝင်ကတ်လီရေ။ သူရို့နအတူ စစ်ဗိုလ်ကြီးရို့န မြို့မာဟိစာ အကြီးအကျယ်လူရို့လည်း ဝင်ကတ်လီရေ။ ယင်းခါ ဖေတ္တု အာဏာအတိုင်း ပေါလုကို ယင်းနေရာတို့ ယူလာလီရေ။

24 ယင်းခါ ဖေတ္တုစာ အဂြိပ္ပမင်းကို ပြောလီရေ၊ “အသျှင်မင်းကြီးန ဒေမာ ရောက်ရို့ ဟိကတ်စာ လူရို့၊ ကိုယ်ဘင်ရို့ ဒေသူကို ကြည့်ကတ်ပါ။ ယေရုရှလင်မြို့န ဒေ ကဲသရိမြို့မာ ဟိသမျ ယုဒလူမျိုးရို့စာ ဒေသူအကြောင်းကို ယူရို့ အကျွန့်ဘားမာ တိုင်လီကတ်ပါရေ။ အရာ ‘ဒေသူကို အရှင်ထားဖို့ မသင့်’ ဟို့ အော်ရို့ ပြောလီကတ်ပါရေ။

25 ယေကေလည်း အကျွန် သိစာဆီလှောက်မာ ဒေသူ သီဒါဏ်ခံလတ်အောင် တစ်ခုလည်း အပြစ်လုပ်စာ မဟိပါ။ အရာ ဒေသူ ကိုယ်တိုင် ရောမဧကရာဇ်မင်းဘားမာ တရားအစစ်ခံဖို့ ဆိုပြီးကေ သျှောက်အပ်လီပါရေ။ ယင်းအတွက်န အကျွန် ဒေသူကို ရောမဧကရာဇ်မင်းတို့ ပို့ဖို့အတွက် ဆုံးဖြတ်လီပါရေ။

26 ယေကေလည်း ဒေသူ အကြောင်းကို ရောမဧကရာဇ်မင်းဘားမာ အတိကျ ရွီးရို့ တင်ပြဖို့စာ အကျွန့်မာ တစ်ခုလည်း မဟိပါ။ ဒေသူကို ကိုယ်ဘင်ရို့ စစ်ဆေးရို့ ကြည့်ရေဆိုကေ အကျွန် ဇာမဆိုတစ်ခု ရွီးရို့ ရောမဧကရာဇ်မင်းဘားမာ တင်ပြဖို့ ရပါဖို့။ ယင်းအတွက်န ဒေသူကို ကိုယ်ဘင်ရို့ အားကုံးသူ ရှိတို့ ယူလာစာ ဖြစ်ပါရေ။ အရေးအကြီးဆုံး အသျှင်မင်းကြီး ရှိတို့ ယူလာစာ ဖြစ်ပါရေ။

27 အကြောင်းကား အချုပ်ခံသူ တစ်ယောက်ကို ပို့ဖို့ခါ သူ့အပြစ်တိကို ရွီးရို့ ပီးဖို့ သင့်ရေ ဟို့ အကျွန် ထင်ပါရေ။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy