Online Bible

- Reklamy -

৩ যোহন 1 - Marma


နှုတ်ဆက်ခြင်း

1 ငါ အသင်းတော် ဂေါင်းဆောင်အကြီး တစ်ယောက် ဖြစ်တေ။ ထာဝရဘုရား၏ မှန်ကန်ခြင်း အကြောင်းန နင်စာ ငါ့မာ ချစ်ခင်စာ မိတ်ဆွေ ဖြစ်တေ။ ငါ ဒေ စာစောင်ကို နင့်တို့ ရွီးလိုက်တေ။


ဆုတောင်းခြင်း

2 ချစ်ခင်စာ မိတ်ဆွေ၊ နင့်မာ ဝိညာဉ်၏ ဘဝ တိုးတက်ခြင်း ဟိရေဆိုစာကို ငါ သိရေ။ ယင်းပိုင်တထန် နင့် ခန္ဓာ ကျန်းမာရေး ကောင်းဖို့အတွက် အရာ နင့်ဘဝမာ ဟိသမျ ဖက်က ကောင်းစားဖို့အတွက် ငါ ဆုတောင်းပီးရေ။

3 နင် ထာဝရဘုရား၏ မှန်ကန်ခြင်းကို နနောင်းတည်းရို့ ထားနီရေ အရာ နင်စာ ယင်းမှန်ကန်ခြင်းမာ သစ္စာတရားန နီထိုင်ရေ။ ထိုအကြောင်းကို ငါရို့မာ ကျုံသူညီအစ်ကို လိုင်းကေယောက် ငါ့တို့ လာရို့ ပြောပြလီကတ်တေ။ ငါစာ ထိုအကြောင်းကို ကြားရေခါ ကောင်းကောင်း ပျော်လီရေ။

4 ငါ့ သားသမီးရို့စာ ထာဝရဘုရား၏ မှန်ကန်ခြင်းမာ သစ္စာတရားန နီထိုင်ရေဆိုစာ သတင်းကို ကြားရစာထက် ပိုရို့ ပျော်ပါးဖို့ကောင်းစာ ငါ့မာ အရာ တစ်ခုလည်း မဟိဗျာ။


အားပီးချက်စကား ပြောခြင်း

5 ချစ်ခင်စာ မိတ်ဆွေ၊ နင်စာ ငါရို့မာ ကျုံသူညီအစ်ကိုရို့ကို အသိအကျွမ်း မဟိဘိုင်းနလည်း အကူညီပီးရေခါ ထာဝရဘုရားဘားမာ နင် ကိုယ့်သစ္စာတရားကို ဖေါ်ပြရေ။

6 နင် ချစ်ခြင်းမေတ္တာ အပြည့်န သူရို့ကို ကူညီလိုက်စာ အကြောင်းကို သူရို့စာ အသင်းတော်မာ ဟိသမျ ကျုံသူရို့ ရှိက ပြောပြလီကတ်တေ။ သူရို့စာ အရာလည်း ဆက်ရို့ ခရီးထွက်ဖို့ ရလတ်အောင် ထာဝရဘုရား နှစ်သက်ဖို့စာပိုင် နင် သူရို့ကို အကူညီပီးလီ၊

7 အကြောင်းကား ထိုကျုံသူညီအစ်ကိုရို့စာ ခရစ်တော်၏ သာသနာအလုပ်ကို ထန်းဆောင်ဖို့အတွက် ခရီးထွက်ကတ်စာ ဖြစ်တေ။ အရာ သူရို့စာ မကျုံသူရို့က ကူညီမှုတစ်ခုကိုလည်း လက်မခံလီကတ်။

8 ယင်းအတွက်န ယင်းပိုင်ဇတ် လူရို့ကို ငါရို့ ကူညီဖို့ သင့်ကတ်တေ။ ယင်းပိုင်ဆိုကေ ငါရို့လည်းသောက် ထာဝရဘုရား၏ မှန်ကန်ခြင်း အလုပ်မာ သူရို့နအတူ ပါဝင်ကတ်ဖို့။

9 ငါစာ ယင်းအကြောင်းကို ယူရို့ အသင်းတော်တို့ စာတစ်ရွက် ရွီးရို့ ပို့လိုက်လီရေ။ ယေကေလည်း ဒယောတရပ်နာမည်န လူတစ်ယောက်စာ ငါရို့ စကားကို လက်မခံလီ၊ အကြောင်းကား သူကိုယ်တိုင် အသင်းတော် ဂေါင်းဆောင်အကြီး ဖြစ်ချင်ရေ။

10 သူစာ ငါရို့ကို ဆန့်ကျင်ရို့ အမျိုးမျိုးပိုင် ပုတ်ခတ်ရို့ စကား ပြောလီရေ။ ယေကေလည်း သူစာ ယင်းလှောက်န မနှစ်သက်သိ၊ သူကိုယ်တိုင်လည်း ကျုံသူညီအစ်ကိုရို့ကို အိမ်တင် မခံ။ ယင်းထက်မက အိမ်တင်ခံဖို့လိုသူရို့ကို တိုင်အောင်ပင် သူစာ အိမ်တင်မခံစီ အရာ သူရို့ကို အသင်းတော်က ပယ်ဘိုက်လိုက်တေ။ ငါ နင်ရို့တို့ လာရေခါ သူလုပ်စာအလုပ် အကြောင်းတိကို ငါ နင်ရို့ကို ပြောပြမည်။


ဒေမေတရိ နာမည်ကျော်ခြင်း

11 ချစ်ခင်စာ မိတ်ဆွေ၊ နင် ဆိုးယုတ်စာ အလုပ်ကို မလုပ်ဘိုင်းန ကောင်းမြတ်စာ အလုပ်ကို လုပ်နီ။ ကောင်းမြတ်စာ အလုပ်ကို လုပ်သူစာ ထာဝရဘုရား၏ သားသမီး ဖြစ်တေ။ ယေကေလည်း ဆိုးယုတ်စာ အလုပ်ကို လုပ်သူစာ သူကိုယ်တိုင် ထာဝရဘုရားကို မသိ ဟို့ သက်သီပြရေ။

12 ဒေမေတရိကို အားကုံးသူ ချီမွမ်းနီကတ်တေ၊ ယင်းထက်မက ထာဝရဘုရား၏ မှန်ကန်ခြင်း တိုင်အောင်ပင် သူ့အကြောင်းကို သက်သီ ပီးနီရေ။ အရာ ငါရို့လည်း သူ့အကြောင်းကို သက်သီ ပီးနီရေ။ ငါရို့ပီးစာ သက်သီတိ မှန်ရေဆိုစာကို နင် သိရေ။


နောက်ဆုံး နှုတ်ဆက်ခြင်း

13 ငါ့မာ နင့်ကို စကားပြောစရာ အရာလည်း အများကြီး ဟိသိရေ၊ ယေကေလည်း ငါ ဒေ မှင်တံန မှင်ဆီကို အသုံးမပြုချင်၊

14 အကြောင်းကား ငါ အယင်အမြန် နင်န တွိရဖို့ ဆိုပြီးကေ မျှော်လင်းရို့ ဟိရေ။ ယင်းခါရာ ငါရို့ နှစ်ယောက် ရှိဆိုင်ထိုင်ရို့ စကား ပြောကတ်ဖို့။

15 နင့် မိတ်ဆွေရို့ အားကုံးသူ နင့်ကို နှုတ်ဆက်ကတ်တေ။ ယင်းနေရာမာ ဟိကတ်စာ ငါရို့မာ ဟိသမျ မိတ်ဆွေရို့တို့ လားရို့ နင် ငါရို့ နှုတ်ဆက်ကတ်တေဆိုစာကို ပြောပြလီ။ နင့်ဘားမာ ငြိမ်းချမ်းခြင်း ကျရောက်ပါစီ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy