Online Bible

- Reklamy -


၂တိမောသေ 4 - Marma


ထာဝရဘုရား၏ စကားတော်ကို ဟောပြောဖို့ ခိုင်းခြင်း

1 ယေရှုခရစ်တော်စာ မင်းအဖြစ် အုပ်ချုပ်ဖို့အတွက် အရာတစ်ခေါက် ပြန်ရို့ ကြွလာရေခါ အရှင်ဟိသူရို့န သီလားခသူရို့ကို တရားစစ်ဆေးလိမည်။ ယင်းအတွက်န ငါ နင့်ကို ထာဝရဘုရားန ယေရှုခရစ်တော် ရှိမာ ပညှတ်ချက် ပီးရေ။

2 ထာဝရဘုရား၏ စကားတော်ကို လူရို့ဘားမာ ဟောပြောရို့ နီလီ။ အချိန်မရွီး စကားတော်ကို ဟောပြောဖို့အတွက် ဝါသနာကို ထားလီ။ လူရို့ အပြစ်တိကို ဖေါ်ပြလီ အရာ သူရို့ကို သတိပီးလီ၊ ယေကေလည်း ကောင်းမြတ်စာ အလုပ်တိကို လုပ်ဖို့အတွက် သူရို့ကို သွန်သင်ပီးရို့ အားပီးကူညီလီ။ နင် ထို ဟိသမျ အလုပ်ကို သည်းခံခြင်းန လုပ်နီလီ။

3 အချိန် ရောက်လာလိမည်၊ ယင်းခါ လူရို့စာ မှန်ကန်စာ သွန်သင်ချက်ကို လက်ခံနိုင်ကတ်လိမည် မဟုတ်။ ယင်းထက်ပင် သူရို့စာ ကိုယ်ရို့အလိုကို ဖြည့်ကတ်လိမည် အရာ သူရို့စာ ကိုယ်ရို့ သဖေါကျစာပိုင် သွန်သင်ပီးနိုင်ဖို့စာ ဆရာရို့ကို ရှာကတ်လိမည်။

4 သူရို့စာ ထာဝရဘုရား၏ မှန်ကန်ခြင်း အကြောင်းကို နားမထောင်ဘိုင်းန စီစာ ဝတ္ထုတိကို နားထောင်ကတ်လိမည်။

5 ယေကေလည်း နင် အမြဲတိုင်း ကိုယ့်ကို ထိန်းသိမ်းရို့ ထားလီ၊ ဒုက္ခ ခံကေလည်းသောက် သည်းခံရို့ နီလီ အရာ သတင်းကောင်းကို ဟောပြောရို့ နီလီ။ ထာဝရဘုရားပီးစာ အလုပ်တိကို နင် အပြည့်အစုံ လုပ်လီ။


ပေါလု သီဖို့အတွက် အဆင်သင့် ဖြစ်ခြင်း

6 အကြောင်းကား ငါ ဒေ လောကကို စွန့်ရို့ လားဖို့စာအချိန် ရောက်နီဗျာ။ ငါ့ အသက်စာ ထာဝရဘုရားဘားမာ ပူဇော်စာ ဝန်နတူရေ။ ဒေဂု ငါ့အသက်ကို စွန့်ဖို့စာအချိန် ရောက်နီဗျာ။

7 ခရစ်တော်အတွက်မာ ငါ ကြိုးစားအားထုတ်ရို့ စစ်တိုက်ရို့ လာဗျာ။ ငါစာ အဗြီးပြိုင်ပွဲမာ ဝင်ရို့ အဆုံးတိုင်အောင် ဗြီးရို့ ရောက်ပျာ။ ငါစာ ကိုယ့်ကျုံခြင်းတရားကိုလည်း နနောင်းတည်းရို့ ထားဗျာ။

8 ဒေဂု ငါ့အတွက် အောင်ဆုသရဖူကို အဆင်သင့် လုပ်ထားဗျာ၊ အကြောင်းကား ငါစာ ထာဝရဘုရားန ရိုးရိုးသားသား ဆက်ဆံရို့ လာဗျာ။ အသျှင်စာ တရားသဖြင့် စစ်ဆေးရေ။ သူစာ တရားစစ်ဖို့စာနိမာ ထိုသရဖူကို ငါ့ကို ပီးဖို့။ ယေကေလည်း အသျှင်စာ ထိုသရဖူကို သက်သက် ငါ တစ်ယောက်တည်းကို ပီးဖို့စာ မဟုတ်သိ၊ သူ ပြန်လာဖို့အတွက်မာ အောက်မိခြင်းစိတ်န စောင့်မျှော်နီသူရို့ အားကုံးသူကိုလည်း ပီးဖို့။


အဆုံး ညွှန်ပြချက်

9 နင် ငါ့တို့ အယင်အမြန် လာဖို့စာကို ကြိုးစား၊

10 အကြောင်းကား ကရက္ကေစာ ဂါလာတိပြည်နယ်တို့ လားခဗျာ အရာ တိတုစာ ဒါလမာတိပြည်နယ်တို့ လားခဗျာ၊ ယေကေလည်း ဒီမာစာ ဒေ လောကကို ချစ်တေအတွက်န ငါ့ကို စွန့်ရို့ သက်သာလောနိတ်မြို့တို့ လားခဗျာ။

11 ဒေဂု လုကာ တစ်ယောက်တည်းရာ ငါနအတူ ဟိရေ။ နင် လာရေခါ မာကုကိုလည်း နင်နအတူ ခေါ်ယူခ၊ အကြောင်းကား ယင်းသူကို ငါ့အလုပ်မာ အရေးတကြီး အလိုဟိရေ။

12 ငါ တုခိတ်ကို ဧဖက်မြို့တို့ ရွှတ်လိုက်တေ။

13 ငါ တရောမြို့မာ ဟိလီရေခါ ကာပုလက်ဘားမာ ငါ့ ကိုယ်ရုံ ထားဘိုက်ခလီရေ။ ယင်းအတွက်န နင် ငါ့တို့ လာရေခါ ထိုကိုယ်ရုံကို ယူခ။ ယင်းသျှင့်ကိုအပယ် ငါ့ စာအုပ်တိကိုလည်း ယူခ၊ အရေးကြီးဆုံး ဖြစ်တေကား အရီမာ ရွီးထားစာ စာလိပ်တိကို မဖြစ်ဖြစ်အောင် ယူခ။

14 ကြီးပန်းထိမ် အာလေဇန္ဒြုစာ ငါ့ကို ဘေးအန္တရာယ် အများကြီး ပီးလီရေ။ သူစာ ထိုအလုပ်ကို လုပ်တေအတွက်န ထာဝရဘုရားစာ သူ့ကို အပြစ်ဒါဏ် ပီးလိမည်။

15 နင်လည်း ယင်းသူကို သတိထား၊ အကြောင်းကား ငါရို့ ဟောပြောစာ တရားကို သူစာ ကောင်းကောင်း ဆန့်ကျင်ဖက် လုပ်လီရေ။

16 ငါ ပထမတစ်ခေါက် တရားယုံးမာ တရားစစ်ဆေးခံလီရေခါ ငါ့ကို ကူညီဖို့သူ တစ်ယောက်လည်း မဟိလီ။ အားကုံးသူ ငါ့ကို စွန့်ရို့ လားခကတ်လီရေ။ ထာဝရဘုရား သူရို့ကို အပြစ်ဒါဏ် မပီးရအောင် ငါ သူရို့အတွက် ဆုတောင်းပီးရေ။

17 ယေကေလည်း ထာဝရဘုရားစာ ငါနအတူ နီရို့ ငါ့ကို အားခွန် ပီးလီရေ။ ယင်းအတွက်န ငါစာ ယုဒမဟုတ်သူရို့ အားကုံးသူဘားမာ သတင်းကောင်းကို အပြည့်အစုံ ဟောပြောဖို့ ရလီရေ။ ထာဝရဘုရားစာ ငါ့ကို ခြင်္သေ့ပစက ကယ်ဆယ်လီရေ။

18 အသျှင်စာ ငါ့ကို ဟိသမျ ဆိုးယုတ်စာက ကယ်ဆယ်လိမည်။ အရာ သူစာ ကိုယ့်ဂေါင်းခင်နိုင်ငံတော်တို့ ငါ့ကို ကာကွယ်စောင့်သျှောက်ရို့ ယူလားလိမည်။ ကမ္ဘာအဆက်ဆက် ထာဝရဘုရား၏ ဘုန်းကြီးပါစီ။ အာမန်။


နောက်ဆုံး နှုတ်ဆက်ခြင်း

19 ပြစ်ကိလန အာကုလကို အရာ ဩနေသိဖော်ရို့ မိသားစုကို ငါ နှုတ်ဆက်တေ ဟို့ ပြောလီ။

20 ဧရတ္တုစာ ကောရိန္သုမြို့မာ ဟိလိုက်လီရေ အရာ တရောဖိမ်စာ ခန္ဓာ မကျန်းမာရေအတွက်န ငါ ယင်းသူကို မိလက်မြို့မာ ထားဘိုက်ခရေ။

21 နင် ဆောင်းရာသီ မကျခင် ငါ့တို့ လာဖို့စာကို မဖြစ်ဖြစ်အောင် ကြိုးစား။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိန ဒေမာ ဟိကတ်စာ ကျုံသူညီအစ်ကိုမောင်နမှရို့ အားကုံးသူ နင့်ကို နှုတ်ဆက်ကတ်တေ။

22 အသျှင်စာ နင်နအတူ ဟိပါစီ။ အရာ ထာဝရဘုရား၏ ကျေးဇူးတော် နင်ရို့နအတူ ဟိပါစီ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy