Online Bible

- Reklamy -


၂ကောရိန္သု 9 - Marma


အလှူထည့်ဖို့စာ အကြောင်းကို အတွက်ဖေါ်ပီးခြင်း

1 ထာဝရဘုရား၏ လူရို့ကို ကူညီဖို့စာ အကြောင်းနပတ်သပ်ရို့ ငါ နင်ရို့တို့ စာရွီးဖို့ အလိုမဟိ၊

2 အကြောင်းကား ထိုအလုပ်နပတ်သပ်ရို့ နင်ရို့မာ ဝါသနာ ဟိရေဆိုစာကို ငါ သိရေ။ နင်ရို့ အကြောင်းကို ယူရို့ မာကေဒေါနိပြည်နယ်မာ ဟိကတ်စာ ကျုံသူရို့ဘားမာ ငါ ဘော်ကြော့ကြင်းရို့ ပြောလီရေ။ ငါ ပြောလီစာကား၊ နင်ရို့ အာခါယပြည်နယ်မာ ဟိကတ်သူရို့စာ ကုန်ခရေနှစ်ကပင် ထိုအလှူတန်းကားကို ကောက်ရို့ အဆင်သင့် လုပ်ထားကတ်ပျာ။ နင်ရို့မာ အားပါခြင်း အကြောင်းန မာကေဒေါနိပြည်နယ်မာ ဟိကတ်စာ လူအများကြီး အလှူတန်းကား ပီးဖို့ အားပါကတ်ပျာ။

3 ယေကေလည်း နင်ရို့ အကြောင်းကို ယူရို့ ငါရို့ ဘော်ကြော့ကြင်းခြင်း မှန်ရေဆိုစာကို သိရပတ်စီအတွက် အရာ ငါ ပြောလီစာ စကားအတိုင်း နင်ရို့ အမှန် အဆင်သင့် လုပ်ထားကတ်ပတ်စီအတွက် ဒေဂု ငါ ဒေ ညီအစ်ကိုရို့ကို နင်ရို့တို့ ရွှတ်လိုက်တေ။

4 ယင်းပိုင်မဟုတ်ကေ မာကေဒေါနိပြည်နယ်သားရို့ ငါနအတူ လာရေခါ နင်ရို့မာ အဆင်သင့် မဟိစာကို မြင်ရေဆိုကေ နင်ရို့ကို ကျုံရို့ စိတ်ချရေအတွက်န ငါရို့ အရှက်ကျကတ်ဖို့ အရာ နင်ရို့လည်း အရှက်ကျကတ်ဖို့။

5 ယင်းအတွက်န ဒေ ညီအစ်ကိုရို့စာ နင်ရို့တို့ ငါ့ထက် အယင် လားကတ်ပတ်စီအတွက် ငါ သူရို့ကို တောင်းပန်ဖို့ အလိုဟိရေ ဟို့ မှတ်လီရေ။ ယင်းပိုင်ဆိုကေ နင်ရို့ ထည့်ဖို့ ဟို့ ခံထားလီကတ်စာ အလှူတန်းကားကို ကောက်ရို့ အဆင်သင့်ထားဖို့ ရကတ်ဖို့။ အရာ ငါရို့စာ နင်ရို့က အားဒမ အလှူတန်းကား ကောက်ဖို့ ကျဖို့ မဟုတ်ပျာ။ ယင်းထက်ပင် နင်ရို့ ထည့်ကတ်ဖို့စာ အလှူတန်းကားတိကို စေတနာစိတ်န ထည့်ဖို့ ရကတ်ဖို့။


အလှူထည့်ဖို့စာ အကြောင်းကို သွန်သင်ခြင်း

6 နင်ရို့ မှတ်ထားကတ်၊ မျိုးစိ အနည်းစိုက်ပျိုးသူစာ အသီးအနှံလည်း အနည်း ရလိမည် အရာ မျိုးစိ အများစိုက်ပျိုးသူစာ အသီးအနှံလည်း အများ ရလိမည်။

7 လူတိုင်း ကိုယ့်စိတ်မာ ဆုံးဖြတ်ထားရေအတိုင်း ပီးလှူကတ်။ တစ်ယောက်လည်း ဝေဒနာစိတ်န မလှူကတ်ကေ့ အရာ ဖြစ်အောင် လှူရဖို့ ဆိုပြီးကေ စိတ်မာ မှတ်ရို့ မလှူကတ်ကေ့၊ အကြောင်းကား စိတ်အပျော်န လှူသူကို ထာဝရဘုရား နှစ်သက်တေ။

8 ထာဝရဘုရားစာ နင်ရို့ လိုအပ်စာ ဟိသမျ ပဿိကို ပီးနိုင်ရေ။ ယင်းပိုင်ဆိုကေ အမြဲတိုင်း နင်ရို့မာ ဟိသမျ လိုအပ်ချက် အပြည့်အစုံ ဟိလိမည် အရာ ဟိသမျ ကောင်းမြတ်စာ အလုပ်တိမာ နင်ရို့ စေတနာစိတ်န ပီးလှူဖို့ နိုင်ကတ်လိမည်။

9 ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “သူစာ ဆင်းရဲသားရို့ကို စေတနာစိတ်န ပီးလှူရေ၊ သူ့မာ ကောင်းမြတ်စာ အလုပ်တိစာ ထာဝရပတ်လုံး တည်မြဲရေ။”

10 ထာဝရဘုရားစာ တောင်လယ်သမားရို့ကို စိုက်ပျိုးဖို့အတွက် မျိုးစိတိကို ပီးရေ အရာ စားဖို့အတွက် စားစရာကို ပီးရေ။ ယင်းပိုင်တထန် သူစာ နင်ရို့ကို ပစ္စည်း-ဥစ္စာကို ပီးလိမည် အရာ ပစ္စည်း-ဥစ္စာကို အများကြီး ပွါးအောင် လုပ်လိမည်၊ အကြောင်းကား နင်ရို့စာ အရာလည်း အများကြီး ပီးဖို့ နိုင်လတ်အောင်အတွက် ဖြစ်တေ။

11 ယင်းပိုင် နင်ရို့မာ ဟိသမျ ဖက်က အပြည့်အစုံ ဟိကတ်လိမည် အရာ နင်ရို့စာ စေတနာစိတ်န ပီးလှူဖို့ နိုင်ကတ်လိမည်။ ယင်းပိုင်ဆိုကေ ငါရို့က အကူညီ ရသူရို့စာ ထာဝရဘုရားကို ကျေးဇူးတင်ကတ်လိမည်။

12 နင်ရို့ ပီးလှူခြင်း အကြောင်းန သက်သက် ထာဝရဘုရား၏ လူရို့မာ ခေါင်းပါးခြင်းတိ အပြည့်အစုံ ဟိဖို့စာ မဟုတ်သိ။ ယင်းထက်ပင် ထာဝရဘုရားစာ အများကြီး ကျေးဇူးတင်ခြင်းကိုလည်း ခံရလိမည်။

13 နင်ရို့ သစ္စာနပြည့်စုံကတ်တေဆိုစာကို နင်ရို့ ပီးလှူခြင်းကနီရို့ သက်သီ ဖြစ်လိမည်၊ အရာ ယင်းသျှင့်ကို မြင်ရို့ လူရို့စာ ထာဝရဘုရားကို ချီမွမ်းကတ်လိမည်၊ အကြောင်းကား နင်ရို့စာ ခရစ်တော်၏ သတင်းကောင်းကို ကျုံရို့ နာခံကတ်ပျာ အရာ နင်ရို့စာ စေတနာစိတ်န သူရို့န အခြား ဟိသမျ လူရို့ကို ပီးလှူကတ်ပျာ။

14 နင်ရို့စာ ထာဝရဘုရား၏ မဟာကျေးဇူးတော်ကို ခံရကတ်ပျာ။ ယင်းအတွက်န သူရို့စာ နင်ရို့အတွက် ဟိသမျ စိတ်နှလုံးန ထာဝရဘုရားဘားမာ ဆုတောင်းနီကတ်တေ။

15 ထာဝရဘုရားစာ ကိုယ့်မာ တန်ဖိုးမဖြတ်နိုင်စာ ဆုကျေးဇူးအတွက် ကျေးဇူးတင်ခြင်းကို ခံရပါစီ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy