Online Bible

- Reklamy -


၂ကောရိန္သု 8 - Marma


အလှူထည့်ဖို့အတွက် အားပီးခြင်း

1 ညီအစ်ကိုမောင်နမှရို့၊ မာကေဒေါနိပြည်နယ်မာဟိစာ အသင်းတော်တိမာ ထာဝရဘုရား၏ ကျေးဇူးတော် အကြောင်းန ဇာ ဖြစ်လီရေလည်းဆိုစာကို ငါရို့ နင်ရို့ကို ပြောပြမည်။

2 သူရို့စာ အများကြီး ဒုက္ခ-ဝေဒနာကို ခံရခြင်းကနီရို့ စုံစမ်းခြင်းကို ခံရကတ်လီရေ။ သူရို့စာ ကောင်းကောင်း ဆင်းရဲကတ်ကေလည်း သူရို့ စိတ်နှလုံးမာ အပျော်အားကြီးရို့ အများကြီး လှူကတ်လီရေ။

3 သူရို့စာ ကိုယ်ရို့ နိုင်အားသလှောက်ကို စေတနာစိတ်န လှူကတ်လီရေ၊ ယင်းထက်မက သူရို့စာ ကိုယ်ရို့ နိုင်အားစာထက် အရာလည်း ပိုရို့ လှူကတ်လီရေဆိုစာကို ငါ သက်သီပီးရေ။

4 ထာဝရဘုရား၏ လူရို့အထဲမာ ဆင်းရဲသားရို့ကို ကူညီဖို့စာအလုပ်မာ ပါဝင်ဖို့အခွင့်ကို ရဖို့အတွက် သူရို့စာ ငါရို့ကို စိတ်ပါကိုယ်ပါ တောင်းပန်ကတ်လီရေ။

5 သူရို့စာ ငါရို့ မျှော်လင်းစာထက် ပိုရို့ လှူကတ်လီရေ။ အရာ သူရို့စာ ကိုယ်ရို့ကို ပထမဆုံး အသျှင်ဘားမာ တင်အပ်ကတ်လီရေ၊ ယင်းနောက် ထာဝရဘုရား၏ အလိုတော်အတိုင်း ငါရို့ဘားမာ တင်အပ်ကတ်လီရေ။

6 ယင်းအတွက်န နင်ရို့ အလှူတန်းကား ထည့်ဖို့စာအလုပ်ကို အဆုံးသတ်စီချင်ရေ။ ယင်းအတွက်န နင်ရို့ကို ကူညီပတ်စီအတွက် ငါရို့ တိတုကို တောင်းပန်လီကတ်တေ။ သူစာ ယင်းအယင်က အလှူတန်းကား ထည့်ဖို့အတွက် နင်ရို့ကို နှိုးဆော်ဖို့ စလီရေ။

7 နင်ရို့မာ ကျုံခြင်းတရား၊ ဟောပြောဖို့စာ တန်ခိုး၊ ညာဏ်ပညာ၊ ဝါသနာ၊ ငါရို့ကို ချစ်ခြင်း ထို ဟိသမျ အားကုံး အပြည့်အစုံ ဟိကတ်တေ။ ယင်းပိုင်တထန် နင်ရို့မာ အလှူပီးဖို့စာ ပါရမီလည်း အပြည့်အစုံ ဟိစီချင်ရေ။

8 ပညှတ်ချက်အဖြစ် ငါ ထိုစကားတိကို ပြောစာ မဟုတ်၊ ယေကေလည်း နင်ရို့မာ ချစ်ခြင်းမေတ္တာ စင်ကြယ်လော မစင်ကြယ်လောဆိုစာကို ငါ စုံစမ်းရို့ ကြည့်ချင်ရေအတွက်န အခြားလူရို့ စေတနာစိတ်ကို ပုံဥပမာ တင်ပြစာ ဖြစ်တေ။

9 နင်ရို့ကား ငါရို့မာ အသျှင်ယေရှုခရစ်တော်၏ ကျေးဇူးတော် အကြောင်းကို သိကတ်တေ။ အသျှင်ယေရှုစာ ချမ်းသာသူ ဖြစ်ရို့ပင်လည်း နင်ရို့အတွက် ဆင်းရဲခြင်းကို ခံယူလီရေ၊ အကြောင်းကား သူစာ ကိုယ်ဆင်းရဲခြင်းကနီရို့ နင်ရို့ကို ချမ်းသာစီချင်ရေ။

10-11 နင်ရို့ စလီကတ်စာ အလုပ်ကို ဒေဂု အဆုံးသတ်တေဆိုကေ ကောင်းဖို့ ဟို့ ငါ ထင်ရေ၊ အကြောင်းကား နင်ရို့စာ ကုန်ခရေနှစ်က အလှူတန်းကား ကောက်ဖို့စာအလုပ်ကို စကတ်လီရေ။ ယင်းထက်မက နင်ရို့စာ ကိုယ်ရို့ စေတနာစိတ်န အခြားအသင်းတော်တိထက် ပထမဆုံး အလှူတန်းကား ထည့်ကတ်လီရေ။ နင်ရို့ ထိုအလုပ်ကို ဝါသနာစိတ်န စလီကတ်စာပိုင် ဝါသနာစိတ်န အဆုံးသတ်ကတ်။ နင်ရို့ နိုင်အားသလှောက်ကို လှူကတ်။

12 အသူမဆို လှူဖို့ ဝါသနာဟိရေဆိုကေ သူစာ ကိုယ့်မာ နိုင်အားသလှောက်ကို ပီးလှူ။ ယင်းပိုင်ဆိုကေ ထာဝရဘုရားစာ ထိုပီးလှူခြင်းကို လက်ခံရေ။ ယင်းအတွက်န နင်ရို့ မနိုင်တနိုင် လှူဖို့ အလိုမဟိ။

13 အကြောင်းကား နင်ရို့ အလှူတန်းကားကို ရရို့ အခြားလူရို့ ချမ်းသာစီ အရာ နင်ရို့ ဆင်းရဲစီ၊ ယင်းသျှင့်ကို ငါ မလို။ ယင်းထက်ပင် နင်ရို့အထဲမာ တစ်ဖဲ့ဆိုကေလည်း မျှတခြင်း ဟိဖို့ သင့်ရေ။

14 ဒေဂု နင်ရို့မာ ပြည့်စုံခြင်းန သူရို့မာ ခေါင်းပါးခြင်းကို ဖြည့်ပီးကတ်၊ အရာ သူရို့မာ ပြည့်စုံရေခါ နင်ရို့မာ ခေါင်းပါးခြင်းကို ဖြည့်ပီးကတ်လိမည်။ ယင်းပိုင် နင်ရို့အထဲမာ မျှတခြင်း ဟိလိမည်။

15 ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “အများ ကောက်လီသူရို့မာ အပို မရကတ်လီ၊ အရာ အနည်း ကောက်လီသူရို့မာ မလုံမလောက် မဖြစ်ကတ်လီ။”


တိတုန သူ့အဖက်သားရို့ကို ကောရိန္သုမြို့တို့ ရွှတ်ခြင်း

16 နင်ရို့အတွက် ငါ့စိတ်နှလုံးမာ ဝါသနာ ဟိစာပိုင် ထာဝရဘုရားစာ တိတု စိတ်နှလုံးမာလည်း သွင်းပီးလီရေ။ ယင်းအတွက်န ငါ ထာဝရဘုရားကို ကျေးဇူးတင်ရေ။

17 တိတုစာ ငါရို့ တောင်းပန်ချက်ကို လက်ခံယူလီရေ၊ ယေကေလည်း ယင်းထက် အရေးကြီးဆုံး စကား ဖြစ်တေကား၊ သူစာ နင်ရို့တို့ လားဖို့အတွက် ကိုယ့်စေတနာစိတ်န ဆုံးဖြတ်လီရေ။

18 တိတုနအတူ အခြားကျုံသူညီအစ်ကို တစ်ယောက်ကိုလည်း ငါရို့ ရွှတ်လိုက်ဖို့။ ဟိသမျ အသင်းတော်တိစာ ယေရှုခရစ်တော်၏ သတင်းကောင်းကို ဟောပြောခြင်း အကြောင်းနပတ်သပ်ရို့ သူ့ကို ချီမွမ်းနီကတ်တေ။

19 ထိုအသင်းတော်တိ သူ့ကို သက်သက် ချီမွမ်းကတ်စာ မဟုတ်သိ၊ ငါရို့နအတူ ဒေ အလှူတန်းကားကို ယေရုရှလင်မြို့တို့ ယူလားဖို့အတွက် သူ့ကို ရွီးကောက်ရို့လည်း ယူကတ်လီရေ။ အသျှင်၏ ဘုန်းတန်ခိုးကို ဖေါ်ပြဖို့အတွက် အရာ အခြားလူရို့ကို ကူညီခြင်းကနီရို့ ကိုယ်ရို့ ဝါသနာကို ဖေါ်ပြဖို့အတွက် ငါရို့ ဒေ အလှူတန်းကား ကောက်ဖို့စာတာဝန်ကို ထန်းဆောင်နီကတ်စာ ဖြစ်တေ။

20 ဒေ အများကြီး အလှူတန်းကား အကြောင်းနပတ်သပ်ရို့ တစ်ယောက်လည်း ငါရို့ကို အပြစ်တင်ဖို့ မရလတ်အောင် ငါရို့ ကျုံသူညီအစ်ကိုနအတူ လားကတ်စာ ဖြစ်တေ၊

21 အကြောင်းကား ငါရို့ သက်သက် အသျှင်၏ ရှိက မဟုတ်သိ၊ ယင်းထက်ပင် လူရို့ ရှိကလည်း မှန်ကန်စာ အကျင့်သီလန နီထိုင်ဖို့စာကို စိတ်ဝင်စားကတ်မည်။

22 အရာ သူရို့နအတူ ငါရို့မာ အခြားကျုံသူညီအစ်ကို တစ်ယောက်ကိုလည်း နင်ရို့တို့ ရွှတ်လိုက်ဖို့။ ထိုအလုပ်တိကို လုပ်ဖို့အတွက် သူ့မာ ဝါသနာဟိရေဆိုစာကို အများကြီး အကြောင်းအရာမာ အခါပေါင်းများစွာ စစ်ဆေးခြင်းကနီရို့ သိရဗျာ။ ဒေဂု နင်ရို့ကို အများကြီး ကျုံရေအတွက်န သူစာ အလုပ်လုပ်ဖို့အတွက် အရာလည်း ပိုရို့ အားပါရေ။

23 တိတုစာ ငါ့လုပ်ဖေါ်ကိုင်ဖက် တစ်ယောက် ဖြစ်တေ အရာ သူစာ ငါနအတူ နင်ရို့အတွက် အလုပ်လုပ်နီရေ။ တိတုနအတူ ပါကတ်စာ ကျုံသူညီအစ်ကိုရို့ကို အသင်းတော်တိ ရွီးကောက်ရို့ ရွှတ်လိုက်ကတ်တေ အရာ သူရို့စာ ခရစ်တော်၏ ဘုန်းတန်ခိုးကို ဖေါ်ပြကတ်တေ။

24 ယင်းအတွက်န နင်ရို့မာ ချစ်ခြင်းမေတ္တာ ဟိရေဆိုစာကို သူရို့ဘားမာ ပပွင့်လလင်း သက်သီပြလီကတ် အရာ နင်ရို့ အကြောင်းကို ယူရို့ ငါရို့ ဘော်ကြော့ကြင်းစာတိ မှန်ရေဆိုစာကိုလည်း နင်ရို့ သက်သီပြလီကတ်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy