Online Bible

- Reklamy -


၂ကောရိန္သု 13 - Marma


အဆုံးခေါက် သတိပီးခြင်း

1 ငါ ဒေ တတိယခေါက် နင်ရို့တို့ လာဖို့။ ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “သက်သီခံနှစ်ယောက် မဟုတ်ကေ သုံးယောက် သက်သီပီးရေဆိုကေ ဟိသမျ စစ်စွဲချက် မှန်ရေ ဆိုပြီးကေ ဆုံးဖြတ်ချက် ပီးရေ။”

2 ငါ ဒုတိယခေါက် နင်ရို့နအတူ ဟိလီရေခါ အယင် အပြစ်လုပ်လီသူရို့န အခြား ဟိသမျ အားကုံးသူကို သတိပီးခလီရေ။ ငါ ဒေဂု နင်ရို့နအတူ ရောက်ရို့ မဟိကေလည်း ငါ အရာတစ်ပြန် နင်ရို့ကို သတိပီးရေ၊ ငါ အရာတစ်ခေါက် ပြန်လာရေခါ ငါ ဒါဏ်ပီးဖို့၊

3 အကြောင်းကား ခရစ်တော် ငါ့ကနီရို့ စကား ပြောရေဆိုစာကို နင်ရို့ သက်သီ ကြည့်ချင်ကတ်တေ။ နင်ရို့ကို အပြစ်ဒါဏ် ပီးဖို့စာနပတ်သပ်ရို့ ခရစ်တော်မာ အားနည်းခြင်း မဟိ၊ သူစာ နင်ရို့အထဲမာ ကိုယ့်တန်ခိုးကို ဖေါ်ပြလိမည်။

4 သူစာ အားနည်းခြင်းန ကားတိုင်မာ အတင်ခံလီရေ၊ ယေကေလည်း ဒေဂု သူစာ ထာဝရဘုရား၏ တန်ခိုးအကြောင်းန အသက်ရှင်နီရေ။ ငါရို့ သူနတစ်ကိုယ်တည်း ဖြစ်ရို့ အားနည်းကတ်ပျာ၊ ယေကေလည်း ငါရို့စာ ထာဝရဘုရား၏ တန်ခိုးန ခရစ်တော်နအတူ အသက်ရှင်ရို့ နင်ရို့န ဆက်ဆံနီကတ်ဖို့။

5 နင်ရို့ ကိုယ့်ကိုကိုယ် စစ်ဆေးရို့ ကြည့်ကတ်၊ နင်ရို့ အမှန် ခရစ်တော်ကို ကျုံလော မကျုံလောဆိုစာကို ကိုယ့်ကိုကိုယ် စစ်ဆေးရို့ ကြည့်ကတ်။ နင်ရို့ စိတ်နှလုံးမာ ခရစ်တော်ယေရှု ကျိန်းဝပ်နီရေဆိုစာကို နင်ရို့ မသိကတ်လော? ယေကေလည်း နင်ရို့ စစ်ဆေးခြင်းကို မအောင်မြင်ဆိုကေ နင်ရို့ စိတ်နှလုံးမာ ခရစ်တော် မဟိ။

6 ယေကေလည်း ငါရို့ စစ်ဆေးခြင်းကို အောင်မြင်ကတ်ပျာဆိုစာကို နင်ရို့ ဝန်ခံကတ်မည် ဟို့ ငါရို့ ထင်ရေ။

7 နင်ရို့ အပြစ်မာ မကျလတ်အောင် နင်ရို့အတွက် ငါရို့ ထာဝရဘုရားဘားမာ ဆုတောင်းနီကတ်တေ။ ယေကေလည်း ငါရို့ စစ်ဆေးခြင်းကို အောင်မြင်ကတ်ပျာဆိုစာကို အခြားလူရို့ကို သိစီဖို့အတွက် ဆုတောင်းကတ်စာ မဟုတ်။ ယင်းထက်ပင် အခြားလူရို့စာ ငါရို့ကို ဆုံးရှုံးသူ ဟို့ မှတ်ကတ်ကေလည်း ငါရို့စာ နင်ရို့ကို ကောင်းမြတ်စာ အလုပ်တိကို လုပ်စီချင်ရေအတွက်န ဆုတောင်းနီကတ်စာ ဖြစ်တေ၊

8 အကြောင်းကား မှန်ကန်ခြင်းကို ဆန့်ကျင်ရို့ ငါရို့ တစ်ခုလည်း မလုပ်နိုင်၊ ယေကေလည်း မှန်ကန်ခြင်းဖက်ကရာ ငါရို့ လုပ်နိုင်ရေ။

9 နင်ရို့ အားခွန်နပြည့်စုံကတ်တေခါ ငါရို့ အားနည်းကေလည်း ပျော်ကတ်တေ။ ယင်းအတွက်န နင်ရို့ အပြည့်အစုံ အပြစ်နကင်းရို့ တိုးတက်ခြင်း ဟိကတ်ပတ်စီအတွက် ငါရို့ ဆုတောင်းပီးကတ်တေ။

10 အသျှင်က ရလီစာ အခွင့်အာဏာကို နင်ရို့ဘားမာ ငါ ကကြမ်းတတမ်း အသုံးမပြုချင်။ ယင်းအတွက်န ငါ ကိုယ်တိုင် ရောက်ရို့ မဟိရေအချိန်မာ ဒေ စကားတိကို နင်ရို့တို့ ရွီးလိုက်စာ ဖြစ်တေ။ နင်ရို့ကို တိုးတက်အောင် လုပ်ဖို့အတွက် ထာဝရဘုရား ငါ့ကို အခွင့်အာဏာ ပီးလီရေ၊ ယေကေလည်း နင်ရို့ကို ဖျက်စီးဖို့အတွက် မဟုတ်။


အဆုံးခေါက် နှုတ်ဆက်ခြင်း

11 ညီအစ်ကိုမောင်နမှရို့၊ နင်ရို့ ကျန်းမာစီ။ နင်ရို့ အပြည့်အစုံ အပြစ်နကင်းဖို့အတွက် ကြိုးစားကတ်။ ငါ့စကားကို စိတ်ဝင်စားရို့ နားထောင်ကတ်၊ နင်ရို့မာ စိတ်ကို တစ်ညီတစ်ညွန့်တည်း ထားကတ် အရာ သသင့်တတင် နီထိုင်ကတ်။ ယင်းပိုင်ဆိုကေ ချစ်ခြင်းမေတ္တာန ငြိမ်းချမ်းခြင်းပီးစာ ထာဝရဘုရား နင်ရို့နအတူ ဟိလိမည်။

12 ခရစ်တော်၏ ချစ်ခြင်းမေတ္တာန နင်ရို့ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လီကတ်။

13 ငါနအတူ ဟိကတ်စာ ထာဝရဘုရား၏ ဟိသမျ လူရို့ နင်ရို့ကို နှုတ်ဆက်ကတ်တေ။

14 ငါရို့မာ အသျှင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ထာဝရဘုရား၏ ချစ်ခြင်းမေတ္တာ အရာ သန့်ရှင်းသောဝိညာဉ်တော်၏ ပေါင်းဖေါ်ဆက်ဆံခြင်းစာ နင်ရို့ အားကုံးသူနအတူ ဟိပါစီ။ အာမန်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy