Online Bible

- Reklamy -


၂ကောရိန္သု 11 - Marma


ပေါလုန အယောင်ဆောင် တမန်တော်ရို့

1 ငါ့ ပညာတုံး စကားတစ်ခွန်းသျှေကို ငါ နင်ရို့ကို သည်းခံခြင်းန နားထောင်စီချင်ရေ။ ဟုတ်တေ၊ ငါ့ ပညာတုံး စကားတိကို နင်ရို့ သည်းခံခြင်းန နားထောင်ကတ်။

2 ထာဝရဘုရား နင်ရို့ကို တွယ်တာစာပိုင် ငါလည်း နင်ရို့ကို တွယ်တာနီရေ၊ အကြောင်းကား နင်ရို့ကို စင်ကြယ်စာ မယားသျှာအဖြစ် ခရစ်တော် ဟို့ ခေါ်စာ သမက်သျှာဘားမာ ဆက်ဖို့အတွက် ငါ ဂတိခံထားဗျာ။

3 ယေကေလည်း နင်ရို့ အကြောင်းကို ယူရို့ ငါ့မာ ကြောင်းကြစရာတစ်ခု ဟိရေ၊ အကြောင်းကား တစ်ချိန်ခါ ထိုမြိန်စာ ပရိယာယ်ဆင်ရို့ ဧဝကို လိမ်လှည့်လီရေ။ ယင်းပိုင်တထန် နင်ရို့ကိုလည်း အသူမဆို နင်ရို့မာ စင်ကြယ်စာ စိတ်နှလုံးန ချစ်ခြင်းမေတ္တာကို ထားရို့ ခရစ်တော်၏ လမ်းမာ လားနီစာက မှားယွင်းစာလမ်းတို့ ဆောင်ယူလားနိုင်စရာ ဟိရေ။

4 အသူမဆိုတစ်ယောက် လာရို့ ငါရို့ ဟောပြောလီကတ်စာ ယေရှုကို ပယ်ရို့ အခြားတစ်ယောက် ယေရှု အကြောင်းကို နင်ရို့ဘားမာ ဟောပြောရေဆိုကေ၊ မဟုတ်ကေ နင်ရို့ အယင် ရလီကတ်စာ သန့်ရှင်းသောဝိညာဉ်တော်ကို ပယ်ရို့ အခြားတစ်ပါး ဝိညာဉ် အကြောင်းကို နင်ရို့ကို သွန်သင်ပီးရေဆိုကေ၊ မဟုတ်ကေ နင်ရို့ လက်ခံလီကတ်စာ သတင်းကောင်းကို ပယ်ရို့ အခြားသတင်းကောင်းကို ဟောပြောရေဆိုကေ နင်ရို့ စိတ်အပျော်န လက်ခံကတ်တေ။

5 ယေကေလည်း ထို ဟိသမျ “ကြီးမြတ်စာ တမန်တော်ရို့ထက်” ငါ ကိုယ့်ကိုကိုယ် အောက်ကျရေ ဟို့ မထင်။

6 ငါ သင်တန်း ရသူရို့ပိုင် အလှပ စကားပြောဖို့ မနိုင်ကေလည်း ငါ့မာ ပညာ အပြည့်အစုံ ဟိရေ။ အရာ ငါစာ ထိုပညာကို ဟိသမျ နည်းလမ်းဖက်က နေရာတိုင်းမာ နင်ရို့ဘားမာ ဖေါ်ပြရို့ လာဗျာ။

7 ငါ နင်ရို့ကို ချီးမြှောင့်ဖို့အတွက် ထာဝရဘုရား၏ သတင်းကောင်းကို အခမဲ့ ဟောပြောရို့ ငါ ကိုယ့်ကိုကိုယ် နှိမ့်ချလီရေ။ ထာဝရဘုရား၏ သတင်းကောင်းကို အခမဲ့ ဟောပြောရို့ ငါ အမှား လုပ်လီရေလော?

8 နင်ရို့ဘားမာ သာသနာပြုဖို့အတွက် ငါရို့ အခြားအသင်းတော်တိက အကူညီယူဖို့ ကျကတ်လီရေ။ ပြောလိုက်ဖို့ဆိုကေ ငါရို့စာ သူရို့က လုယူစာနတူလီရေ။

9 ငါ နင်ရို့နအတူ နီလီရေခါ ငါ့မာ ခေါင်းပါးခြင်း ဟိလီကေလည်းသောက် ငါ တစ်ယောက်ကလည်း အကူညီ မတောင်းလီ၊ အကြောင်းကား မာကေဒေါနိပြည်နယ်က လာကတ်စာ ညီအစ်ကိုရို့စာ ငါ့မာ ခေါင်းပါးခြင်းကို ဖြည့်ပီးကတ်လီရေ။ တစ်ခုအကြောင်းနပတ်သပ်ရို့လည်း ငါ နင်ရို့က အကူညီ မတောင်းလီ အရာ အကူညီတောင်းလည်း မတောင်း။

10 ငါ့စိတ်နှလုံးမာ ခရစ်တော်၏ မှန်ကန်ခြင်း ဟိရေအတိုင်း ငါ ပြောမည်၊ အာခါယပြည်နယ် တစ်လုံးမာ ငါ့ ဘော်ကြော့ကြင်းခြင်းကို တစ်ယောက်လည်း ပိတ်နိုင်မည် မဟုတ်။

11 ငါ ဒေ စကားတိကို ဇာဖို့ ပြောစာလည်း? ငါ နင်ရို့ကို မချစ်တေအတွက်န ပြောစာလော? နင်ရို့ကို ငါ ချစ်တေဆိုစာကို ထာဝရဘုရား ကိုယ်တိုင် သိရေ။

12 အယောင်ဆောင် တမန်တော်ရို့စာ ကိုယ်ရို့မာ ဘော်ကြော့ကြင်းစရာကို ယူရို့ ငါရို့န အရှိရှိ ဖြစ်တေ ဟို့ ပြချင်ကတ်တေ။ သူရို့ ဘော်ကြော့ကြင်းဖို့စာအခွင့်ကို မရလတ်အောင် ငါ ဒေဂု လုပ်နီစာ အလုပ်ကို အရာလည်း ဆက်ရို့ လုပ်နီဖို့။

13 အကြောင်းကား ထိုသူရို့စာ အယောင်ဆောင် တမန်တော်ရို့န ဘောရီးတတ်ရို့ ဖြစ်ကတ်တေ။ သူရို့စာ ကိုယ်ရို့ကို ခရစ်တော်၏ တမန်တော်ပိုင် ဟန်ဆောင်ရို့ ပြကတ်တေ။

14 သူရို့ အကြောင်းကို ယူရို့ အံ့ဩဖို့စာ တစ်ခုလည်း မဟိ၊ အကြောင်းကား မာရ်နတ်လည်း ကိုယ့်ကိုကိုယ် ဘုန်းရောင်ခြေတော်နပြည့်စုံစာ ဂေါင်းခင်နတ်သားပိုင် ဟန်ဆောင်ရို့ ပြနိုင်ရေ။

15 ယင်းအတွက်န မာရ်နတ်ကို ပြုဇုသူရို့စာ ကိုယ်ရို့ ကောင်းမြတ်စာ အလုပ်ကို လုပ်နီကတ်တေ ဟို့ ဟန်ဆောင်ရို့ ပြကတ်တေ။ ယေကေလည်း သူရို့ အကြောင်းကို ယူရို့ အံ့ဩဖို့စာ တစ်ခုလည်း မဟိ။ သူရို့ အလုပ်နထိုက်တန်စာ အကျိုးကို နောက်ဆုံးပြီးမာ သူရို့ ရကတ်လိမည်။


ကိုယ်ခံရစာ ဒုက္ခ အကြောင်းကို ပြောပြခြင်း

16 ငါ အရာတစ်ပြန် ပြောရေ၊ ငါ့ကို တစ်ယောက်လည်း လူဘော ဟို့ မမှတ်ကတ်ကေ့။ ယေကေလည်း နင်ရို့ ငါ့ကို လူဘော မှတ်ကတ်တေဆိုကေ ငါ့ကို လူဘောအဖြစ် လက်ခံကတ်။ ယင်းပိုင်ဆိုကေ ငါလည်း တစ်ဖဲ့သျှေ ဘော်ကြော့ကြင်းဖို့ ရဖို့။

17 ငါ ဒေဂု ပြောစာစကားတိစာ အသျှင်၏ အလိုတော်အတိုင်း ပြောစာစကား မဟုတ်။ ယေကေလည်း လူဘောပိုင် ကိုယ့်အကြောင်းကို ဘော်ကြော့ကြင်းရို့ ပြောစာစကား ဖြစ်တေ။

18 များကာလူရို့ လောက အကြောင်းကို ယူရို့ ဘော်ကြော့ကြင်းကတ်တေဆိုကေ ငါလည်း ဘော်ကြော့ကြင်းဖို့။

19 နင်ရို့ ကိုယ်ရို့ကို ပညာသျှင် ဖြစ်တေ ဟို့ မှတ်ကတ်တေ၊ ယေကေလည်း နင်ရို့ စိတ်အပျော်န လူဘောရို့ကို သည်းခံနီကတ်တေ။

20 ယင်းထက်မက အသူမဆို နင်ရို့ကို ကျွန် ဖြစ်စီရေဆိုကေ၊ ဖျက်စီးရေဆိုကေ၊ လိမ်လှည့်ရေဆိုကေ၊ အာဏာချရေဆိုကေ အရာ ပါးသတ်တေဆိုကေလည်း နင်ရို့ သည်းခံနီကတ်တေ။

21 ငါရို့စာ ထိုလူရို့ပိုင် နင်ရို့ကို အသုံးပြုဖို့ မဝံ့လီရေအတွက်န ငါရို့ ရှက်တေ။ အခြားလူရို့ ရဲဝံ့သတ္တိန ဘော်ကြော့ကြင်းစာပိုင် ငါလည်း ရဲဝံ့သတ္တိန ဘော်ကြော့ကြင်းနိုင်ရေ။ ဒေ စကားတိစာ ငါ လူဘောပိုင် ပြောစာစကား ဖြစ်တေ။

22 ဘော်ကြော့ကြင်းသူရို့စာ ဟေဗြဲလူမျိုး ဖြစ်ကတ်တေဆိုကေ ငါလည်း ဟေဗြဲလူမျိုး ဖြစ်တေ။ သူရို့စာ ဣသရေလလူမျိုး ဖြစ်ကတ်တေဆိုကေ ငါလည်း ဣသရေလလူမျိုး ဖြစ်တေ။ အရာ သူရို့စာ အာဗြဟံ၏ အမျိုးအနွယ်သား ဖြစ်ကတ်တေဆိုကေ ငါလည်း အာဗြဟံ၏ အမျိုးအနွယ်သား ဖြစ်တေ။

23 အရာ သူရို့စာ ခရစ်တော်၏ ပြုဇုသူ ဖြစ်ကတ်တေဆိုကေ ငါ အရာလည်း ပိုရို့ ခရစ်တော်၏ ပြုဇုသူ ဖြစ်တေ။ (မှတ်ထားကတ်၊ ငါ ဂေါင်းရူးတစ်ယောက်ပိုင် စကားပြောစာ ဖြစ်တေ)။ ငါ သူရို့ထက် ပိုရို့ အများကြီး အလုပ် လုပ်လီရေ။ ငါ သူရို့ထက် အခါပေါင်းများစွာ ထောင်အကျခံလီရေ၊ အခါပေါင်းများစွာ အဘုတ်ခံလီရေ အရာ အခါပေါင်းများစွာ သီခြင်းန တွိကြုံလီရေ။

24 ငါစာ သုံးဆယ်နကိုးချိန်းစီပျင်ရို့ စက်ကျာကြိုးန ငါးခေါက်တိုင်အောင် ယုဒလူရို့အလက်မာ အဘုတ်ခံလီရေ။

25 အရာ ငါစာ ရောမလူမျိုးရို့အလက်မာ ကြိမ်ဒုတ်န သုံးခေါက် အဘုတ်ခံလီရေ၊ ကျောက်လုံး ဘိုက်ရို့ တစ်ခေါက် အသတ်ခံလီရေ၊ သင်္ဘောနစ်ရာမာ သုံးခေါက် ပါလီရေ အရာ တစ်ညဥ့်န တစ်ရက် ပင်လယ်မာ မျိုးနီလီရေ။

26 အရာ ငါ ပြည်ပေါင်းများစွာကို ပတ်ဖူးလီရေ။ ငါ ရီမင်းကြီးစာမာ အရာ ဒါးမြရို့အလက်မာ ဖီးဒုက္ခကို ခံဖူးလီရေ။ ကိုယ့်လူမျိုးရို့အလက်မာ၊ အခြားလူမျိုးရို့အလက်မာ အရာ သစ္စာဖေါက် ညီအစ်ကိုရို့အလက်မာ ဖီးဒုက္ခကို ခံဖူးလီရေ။ ယင်းသျှင့်တိကိုအပယ် မြို့ထဲတိမာ၊ သဲကန္တာရတောပြင်မာ အရာ ပင်လယ်မာ ဖီးဒုက္ခကို ခံဖူးလီရေ။

27 ငါ ဖီးဒုက္ခထဲမာလည်း ကြမ်းတမ်းစာ အလုပ်တိကို လုပ်လီရေ။ ငါ ညာဉ့်ပေါင်းများစွာ မအိပ်ရဘိုင်း နီဖို့ ကျလီရေ၊ မစားမသောက်ရဘိုင်း နီဖို့ ကျလီရေ အရာ ဆောင်းရာသီမာလည်း အဝတ်အစား မဟိဘိုင်း ချမ်းရို့တုံရို့ နီဖို့ ကျလီရေ။

28 ပြင်ဖက်က ထို ဟိသမျ အကြောင်းအရာကို ပယ်ရို့လည်း ဟိသမျ အသင်းတော်တိအတွက် ငါ့မာ နိတိုင်း ကြောင်းကြစရာ ဟိရေ။

29 အသူမဆို အားနည်းရေဆိုကေ ငါလည်း အားနည်းရေ။ အရာ အခြားတစ်ယောက် အကြောင်းန အသူမဆို အပြစ်မာ ကျရေဆိုကေ ငါ သူ့အတွက် စိတ်ပူပင်ခြင်းကို ခံရရေ။

30 ငါ ဘော်ကြော့ကြင်းဖို့ ကျရေဆိုကေ ငါ့မာ အားနည်းခြင်းကို ယူရို့ရာ ဘော်ကြော့ကြင်းဖို့။

31 ငါ မုတ်သားစကား မပြောဆိုစာကို ငါရို့မာ အသျှင်ယေရှုခရစ်တော်၏ အဖထာဝရဘုရား ကိုယ်တိုင် သိရေ။ ထာဝရပတ်လုံး ထာဝရဘုရား၏ ဘုန်းကြီးပါစီ။

32 ဒမာသက်မြို့မာဟိစာ အရေတမင်း ခန့်ထားစာ အုပ်ချုပ်သူစာ ငါ့ကို ဖမ်းဖို့အတွက် ဒမာသက်မြို့တစ်ဝန်းလုံးကို စောင့်ဖို့ အာဏာချလီရေ။

33 ယေကေလည်း ငါ့တပည့်ရို့စာ ငါ့ကို တောင်းတစ်လုံးမာ ထည့်ရို့ မြို့ကို ရန်ထားစာ အုပ်ထရန်အပေါက်က ချလိုက်ကတ်လီရေ အရာ ငါစာ ယင်းပိုင် သူ့လက်တွင်းထဲက ထွက်ဗြီးလားခလီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy