Online Bible

- Reklamy -


১ থিষলনীকীয় 5 - Marma

1 ညီအစ်ကိုမောင်နမှရို့၊ ယေရှုနအတူ တင်ယူခြင်းကို ခံရဖို့စာ ဇာ အချိန် ဇာ ကာလမာ ဖြစ်ဖို့လည်းဆိုစာ အကြောင်းကို နင်ရို့တို့ စာရွီးစရာ မလို၊

2 အကြောင်းကား ညဉ့်သိုင်ခေါင်မာ သူခိုးလာစာပိုင် အသျှင်ယေရှု ကြွလာဖို့စာ နိရက်လည်း ဗြုန်းခနိုင်းပျင်ရို့ ရောက်လာဖို့ဆိုစာကို နင်ရို့ ကိုယ်တိုင် သိကတ်တေ။

3 လူရို့စာ၊ “ကြောက်ဖို့ မဟိဗျာ၊ ငြိမ်းချမ်းဗျာ” ဟို့ ပြောကတ်တေခါ ကိုယ်ဝန်သေမတစ်ယောက် ဗြုန်းခနိုင်းပျင်ရို့ သားမွီးဖွားဖို့ အဝမ်းနာစာပိုင် ထိုလူရို့ ပျက်စီးကတ်လိမည်။ သူရို့စာ တစ်ခုပိုင်လည်း ပျက်စီးခြင်းက ရွတ်ကတ်လိမည် မဟုတ်။

4 ယေကေလည်း ညီအစ်ကိုမောင်နမှရို့၊ နင်ရို့စာ အမိုက်မှောင်မာ နီထိုင်ကတ်သူရို့ပိုင် ထိုအကြောင်းကို မသိဘိုင်းန နီထိုင်ကတ်စာ မဟုတ်။ ယင်းအတွက်န အသျှင်ယေရှု ကြွလာဖို့စာ နိရက်စာ ညဉ့်မာ သူခိုး လာစာပိုင် နင်ရို့ဘားမာ ကျရောက်လိမည် မဟုတ်။

5 နင်ရို့ကား အားကုံးသူ အလင်းန နိခင်းမာ နီထိုင်သူရို့ ဖြစ်ကတ်တေ အရာ ငါရို့စာ ညဉ့်န အမိုက်မှောင်မာ နီထိုင်သူရို့ မဟုတ်။

6 ယင်းအတွက်န ငါရို့စာ အခြားလူရို့ပိုင် အိပ်ရို့ မနီရ။ ယင်းထက်ပင် မအိပ်ဘိုင်း သတိန စောင့်နီကတ်ရဖို့။

7 အကြောင်းကား အိပ်သူရို့စာ ညဉ့်မာရာ အိပ်ကတ်တေ အရာ အရက်သောက်ရို့ မုန်းသူရို့စာ ညဉ့်မာရာ မုန်းကတ်တေ။

8 ယေကေလည်း ငါရို့ကား နိခင်းမာ နီထိုင်သူရို့ ဖြစ်ကတ်တေ။ ယင်းအတွက်န လာကတ်၊ ငါရို့စာ ကိုယ်ရို့ကို ထိန်းသိမ်းရို့ ထားကတ်မည်၊ ကျုံခြင်းတရားန ချစ်ခြင်းမေတ္တာကို ရင်အုပ်တန်းဆာအဖြစ် ရင်ဖတ်မာ ဖုံးထားကတ်မည် အရာ ကယ်တင်ခြင်း၏ မျှော်လင်းချက်ကို သံခမောက်အဖြစ် အဂေါင်းမာ ဆောင်းထားကတ်မည်။

9 ထာဝရဘုရားစာ ကိုယ့်အငြိုဒေါသ၏ ဒါဏ်ကို ခံရဖို့အတွက် ငါရို့ကို ရွီးကောက်ယူလီစာ မဟုတ်။ ယင်းထက်ပင် ငါရို့မာ အသျှင်ယေရှုခရစ်တော်ကနီရို့ ကယ်တင်ခြင်းကို ရဖို့အတွက် ရွီးကောက်ယူလီစာ ဖြစ်တေ။

10 ယေရှုခရစ်တော် ပြန်ရို့ ကြွလာရေခါ ငါရို့ အသီ ဟိရေပင် ဖြစ်စီ၊ အရှင် ဟိရေပင် ဖြစ်စီ ထာဝရဘုရားစာ ငါရို့ကို ခရစ်တော်နအတူ အသက်အရှင် နီစီချင်ရေ။ ယင်းအတွက်န ခရစ်တော်စာ ငါရို့အတွက် ကိုယ့်အသက်ကို စွန့်လီရေ။

11 ယင်းအတွက်န နင်ရို့ ဒေဂု တစ်ယောက်ကို တစ်ယောက် အားပီးနီကတ်စာပိုင် နင်ရို့ အရာလည်း အများကြီး တစ်ယောက်ကို တစ်ယောက် အားပီးနီကတ်။


အမှာစကား

12 ညီအစ်ကိုမောင်နမှရို့၊ နင်ရို့ကို ငါရို့ တောင်းပန်ချင်စာကား၊ နင်ရို့အထဲမာ အပင်ပန်းခံရို့ လုပ်နီသူရို့ကို၊ အသျှင်၏ လူအနေန နင်ရို့ကို အုပ်ချုပ်သူရို့ကို အရာ နင်ရို့ကို ဆုံးမဩဝါဒ ပီးနီသူရို့ကို နင်ရို့ ရိုသေကတ်။

13 သူရို့ လုပ်နီကတ်စာ အလုပ်အတွက် သူရို့ကို ရိုသေကတ် အရာ စိတ်နှလုံးကပင် စွဲရို့ ချစ်ခင်ကတ်။ နင်ရို့ တစ်ယောက်န တစ်ယောက် သသင့်တတင် နီထိုင်ကတ်။

14 ညီအစ်ကိုမောင်နမှရို့၊ ငါရို့စာ နင်ရို့ကို တောင်းပန်ရေ၊ နင်ရို့အထဲမာ ပျင်းသူရို့ကို သတိပီးကတ်၊ ရဲဝံ့သတ္တိ မဟိသူရို့ကို ရဲဝံ့သတ္တိ ပီးကတ်၊ အားနည်းသူရို့ကို ကူညီကတ် အရာ အားကုံးသူကို စိတ်ရှည်ခြင်းန သည်းခံကတ်။

15 သတိထားကတ်၊ မတရားလုပ်သူကို ပြန်ရို့ လက်စား မဆပ်ကတ်ကေ့။ ယေကေလည်း နင်ရို့ အမြဲတိုင်း တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုဖို့စာကို ကြိုးစားအားထုတ်ကတ်၊ ယင်းထက်မက အခြား အားကုံးသူကို ကျေးဇူးပြုဖို့စာကို ကြိုးစားအားထုတ်ကတ်။

16 အမြဲတိုင်း ပျော်နီကတ်၊

17 အမြဲတိုင်း ဆုတောင်းနီကတ်၊

18 အရာ ဟိသမျ အခြေအနေမာ နင်ရို့ ထာဝရဘုရားကို ကျေးဇူးတင်ကတ်၊ အကြောင်းကား ထာဝရဘုရားစာ နင်ရို့ကို ခရစ်တော်ယေရှု၏ လူအနေန ယင်းပိုင် လုပ်စီချင်ရေ။

19 သန့်ရှင်းသောဝိညာဉ်တော်ကို မတားဆီးကတ်ကေ့။

20 ထာဝရဘုရား၏ တရားတော်ကို ကျော်ညာသူရို့ စကားကို အားမနာ မလုပ်ကတ်ကေ့။ ယင်းထက်ပင် ဟိသမျ အားကုံးကို စစ်ဆေးရို့ ကြည့်ကတ်။

21 ကောင်းမြတ်စာတိကို နနောင်းတည်းရို့ ထားကတ်။

22 အရာ ဟိသမျ ဆိုးယုတ်စာတိကို ရှောင်ကတ်။


အဆုံးခေါက် နှုတ်ဆက်ခြင်း

23 ငြိမ်းချမ်းခြင်း၏ ထာဝရဘုရား ကိုယ်တိုင် နင်ရို့ကို အပြည့်အစုံ သန့်ရှင်းအောင် လုပ်ပါစီ။ အရာ ငါရို့မာ အသျှင်ယေရှုခရစ်တော် ကြွလာရေနိမာ နင်ရို့ အပြစ်နကင်းလတ်အောင် ထာဝရဘုရားစာ နင်ရို့မာ ကိုယ်ခန္ဓာ၊ စိတ် အရာ ဝိညာဉ်ကို စောင့်သျှောက်ထားပါစီ။

24 နင်ရို့ မှတ်ထားကတ်၊ နင်ရို့ကို ခေါ်စာအသျှင်စာ သစ္စာနပြည့်စုံရေ။ ယင်းအတွက်န သူစာ ကိုယ်ခံထားစာ ဂတိတော်အတိုင်း ထို ဟိသမျ အားကုံးကို အမှန် လုပ်လိမည်။

25 ညီအစ်ကိုမောင်နမှရို့၊ ငါရို့အတွက် ဆုတောင်းပီးကတ်။

26 ဟိသမျ ညီအစ်ကိုမောင်နမှရို့ကို ချစ်ခြင်းမေတ္တာစိတ်န နှုတ်ဆက်လီကတ်။

27 အသျှင်၏ နာမည်န ငါ နင်ရို့ကို အာဏာပီးရေ၊ ဒေ စာစောင်ကို ဟိသမျ ညီအစ်ကိုမောင်နမှရို့ဘားမာ ဖတ်ပြလီကတ်။

28 ငါရို့မာ အသျှင်ယေရှုခရစ်တော်၏ ကျေးဇူးတော် နင်ရို့နအတူ ဟိပါစီ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy