Online Bible

- Reklamy -


১ থিষলনীকীয় 4 - Marma


ထာဝရဘုရားကို နှစ်သက်အောင် လုပ်ခြင်း

1 ညီအစ်ကိုမောင်နမှရို့၊ ငါ အရာလည်း ပြောမည်၊ ထာဝရဘုရားကို ဇာပိုင် နှစ်သက်အောင် လုပ်ရဖို့လည်းဆိုစာ အကြောင်းနပတ်သပ်ရို့ နင်ရို့စာ ငါရို့က သွန်သင်ချက် ရလီကတ်တေ။ အရာ နင်ရို့စာ ထိုသွန်သင်ချက် ရရေအတိုင်း လိုက်နာနီကတ်တေ။ ယေကေလည်း အသျှင်ယေရှု၏ တပည့်အနေန ငါရို့စာ နင်ရို့ကို တောင်းပန်ရေ အရာ ဩဝါဒပီးရေ၊ နင်ရို့ အရာလည်း ယင်းထက် ပိုရို့ ထိုသွန်သင်ချက်အတိုင်း လိုက်နာနီကတ်။

2 ငါရို့စာ အသျှင်ယေရှုက အခွင့်အာဏာ ရသူအနေန နင်ရို့ကို သွန်သင်ချက် ပီးလီကတ်တေ အရာ ထိုသွန်သင်ချက်ကို နင်ရို့ မှတ်ထားကတ်တေ။

3 ထာဝရဘုရားစာ နင်ရို့ကို သန့်ရှင်းစီချင်ရေ အရာ ဟိသမျ ကာမဂုဏ် လိုက်စားခြင်းက အဝီး ရှောင်ရို့ နီစီချင်ရေ။

4-5 ယင်းပိုင်ဆိုကေ ထာဝရဘုရားကို မသိကတ်စာ ယုဒမဟုတ်သူရို့ပိုင် ကာမဂုဏ် အလိုဆန္ဒအတိုင်း နင်ရို့ နီထိုင်ဖို့ မဟုတ်ပျာ။ ယင်းထက်ပင် နင်ရို့ အားကုံးသူ သန့်ရှင်းခြင်းန ရိုသေခြင်းကို ထားရို့ ကိုယ်ရို့မာ မယားရို့န ပေါင်းဖေါ်ဆက်ဆံကတ်ဖို့။

6 ဒေ ကာမဂုဏ် လိုက်စားခြင်း အကြောင်းနပတ်သပ်ရို့ နင်ရို့အထဲမာ ကျုံသူညီအစ်ကိုချင်း မတရား မလုပ်ကတ်ကေ့။ ထို ဟိသမျ မတရားလုပ်ခြင်း အကြောင်းန အသျှင် အပြစ်ဒါဏ်ပီးဖို့ဆိုစာကို ငါရို့ အယင်ကပင် နင်ရို့ကို ပြောပြပြီးဗျာ အရာ သတိပီးပြီးဗျာ၊

7 အကြောင်းကား ထာဝရဘုရားစာ ညစ်ညူးစာ ကာမဂုဏ်ကို လိုက်စားရို့ နီထိုင်ဖို့အတွက် ငါရို့ကို ခေါ်လီစာ မဟုတ်၊ ယေကေလည်း သန့်ရှင်းခြင်းမာ နီထိုင်ဖို့အတွက် ခေါ်လီစာ ဖြစ်တေ။

8 ယင်းအတွက်န ထိုသွန်သင်ချက်ကို ငြင်းပယ်သူစာ လူကို ငြင်းပယ်စာ မဟုတ်။ ယင်းထက်ပင် နင်ရို့ကို ကိုယ့်သန့်ရှင်းသောဝိညာဉ်တော် ပီးလီစာ ထာဝရဘုရားကို ငြင်းပယ်စာ ဖြစ်တေ။

9 ကျုံသူညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ ထားရဖို့စာအကြောင်းကို နင်ရို့တို့ စာရွီးသား မကျဗျာ၊ အကြောင်းကား နင်ရို့ အချင်းချင်း ချစ်ခြင်းမေတ္တာ ထားရဖို့စာအကြောင်းကို ထာဝရဘုရား ကိုယ်တိုင် နင်ရို့ကို သင်ပီးဗျာ။

10 အရာ အမှန် ပြောလိုက်ဖို့ဆိုကေ မာကေဒေါနိပြည်နယ်မာ ဟိသမျ ညီအစ်ကိုမောင်နမှရို့ကို နင်ရို့ ချစ်ကတ်တေ။ ယေကေလည်း ညီအစ်ကိုမောင်နမှရို့၊ နင်ရို့ကို ငါရို့ အရေးတကြီး တောင်းပန်ချင်စာကား နင်ရို့စာ တစ်ယောက်ကို တစ်ယောက် အရာလည်း စိတ်နှလုံးကပင် စွဲရို့ ချစ်ကတ်။

11 နင်ရို့ကို ငါရို့ ပီးလီစာ ပညှတ်ချက်အတိုင်း နင်ရို့ သသင့်တတင် နီထိုင်ကတ်၊ အခြားတစ်ယောက် အလုပ်မာ ဝင်ရို့ မနှောက်သျှက်ကေ့ အရာ ကိုယ့်အလက်န ကြိုးစားအားထုတ်ရို့ လုပ်နီကတ်။

12 ယင်းပိုင်ဆိုကေ နင်ရို့မာ ကောင်းမြတ်စာ နီထိုင်ခြင်းအကြောင်းန နင်ရို့စာ ပြင်ဖက်က လူရို့ဘားမာ ရိုသေခြင်းကို ခံရကတ်လိမည် အရာ နင်ရို့စာ အခြားလူရို့ကို အားကိုးဖို့ ကျကတ်လိမည် မဟုတ်။


ယေရှု ပြန်ရို့ ကြွလာဖို့စာ အကြောင်း

13 ညီအစ်ကိုမောင်နမှရို့၊ ကျုံသူရို့အထဲက သီလားခသူရို့ နောက်အနာဂါတ်မာ ဇာ ဖြစ်ဖို့လည်းဆိုစာ အကြောင်းကို ငါရို့ နင်ရို့ကို ပြောပြချင်ရေ၊ အကြောင်းကား ငါရို့စာ နင်ရို့ကို တစ်ခုလည်း မျှော်လင်းစရာ မဟိသူရို့ပိုင် စိတ်ဆိုးဝမ်းပါးန မနီစီချင်။

14 ယေရှုစာ အသီခံပြီးရေနောက် သီရာက ပြန်ရှင်ထမြောင့်လီရေဆိုစာကို ငါရို့ ကျုံရေ။ ယင်းအတွက်န ယေရှုကို ကျုံရို့ သီလားခသူရို့ကိုလည်း ထာဝရဘုရားစာ ယေရှု ပြန်ရို့ ကြွလာရေနိမာ သူနအတူ တင်ယူလားဖို့ဆိုစာကိုလည်း ငါရို့ ကျုံရေ။

15 အသျှင်ယေရှု၏ သွန်သင်ချက်ကို ရရေအတိုင်း ငါရို့စာ နင်ရို့ကို ပြောရေ၊ အသျှင်ယေရှု ပြန်ရို့ ကြွလာရေနိမာ အသက်အရှင် ဟိကတ်ဖို့သူရို့စာ တစ်ခုပိုင်လည်း ထိုသီလားခသူရို့ထက် အယင် ယေရှုန အတွိခံကတ်လိမည် မဟုတ်။

16 အားန အော်ရို့ အာဏာချသံ၊ အကြီးဆုံး ဂေါင်းခင်နတ်သား ခေါ်သံ အရာ ထာဝရဘုရား၏ ဘောမှုတ်သံနအတူ အသျှင်ယေရှု ကိုယ်တိုင် ဂေါင်းခင်ဘုံက ကြွလာလိမည်။ ယင်းခါ ခရစ်တော်ကို ကျုံရို့ သီလားခသူရို့စာ ပထမဆုံး ပြန်ရှင်ထမြောင့်ကတ်လိမည်။

17 ယင်းနောက် ငါရို့ အသက်အရှင် ကျန်ဟိကတ်ဖို့သူရို့လည်း ဂေါင်းခင်မာ အသျှင်ယေရှုန စုံတွိဖို့အတွက် ထိုသီသူရို့နအတူ မိုးရိပ်ကို စီးရို့ တင်ယူခြင်းကို ခံရကတ်ဖို့။ ယင်းနောက် ငါရို့စာ ထာဝရပတ်လုံး အသျှင်ယေရှုနအတူ စံစားရကတ်ဖို့။

18 ယင်းအတွက်န နင်ရို့ ထိုစကားတိကို ပြောရို့ တစ်ယောက်ကို တစ်ယောက် စိတ်အားပီးကတ်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy