Online Bible

- Reklamy -

১ পিতর 4 - Marma


ကိုယ့်အသက်ကို ထာဝရဘုရားအတွက် အသုံးပြုခြင်း

1 ခရစ်တော်စာ ကိုယ်ခန္ဓာဖက်က ဒုက္ခ-ဝေဒနာကို ခံယူလီရေ။ ယင်းအတွက်န နင်ရို့လည်း ခရစ်တော်ပိုင် ဒုက္ခ-ဝေဒနာကို ခံယူဖို့အတွက် နင်ရို့ စိတ်ကို အဆင်သင့်ထားကတ်၊ အကြောင်းကား ကိုယ်ခန္ဓာဖက်က ဒုက္ခ-ဝေဒနာကို ခံရသူစာ အပြစ်နကင်းဗျာ။

2 ယင်းအတွက်န နင်ရို့စာ ဒေ လောကမာ အသက်ရှင်နီရေခါ ကာမဂုဏ်အလိုဆန္ဒအတိုင်း အရာ မနီထိုင်ကတ်ကေ့ဖိ။ ယေကေလည်း ထာဝရဘုရား၏ အလိုတော်အတိုင်း ကောင်းမြတ်စာ အလုပ်ကို လုပ်ရို့ နီထိုင်ကတ်၊

3 အကြောင်းကား အယင်ကခါ ထာဝရဘုရားကို မကျုံသူရို့ပိုင် နင်ရို့စာ ညစ်ညူးစာ ကာမဂုဏ်ကို လိုက်စားရို့၊ ကိလေသာကို မက်မောရို့၊ ယစ်မုန်းငါးပါးကို သုံးဆောင်ရို့၊ အရက်သောက်ပွဲချရို့ အရာ ရုပ်တုကို ကိုးကွယ်ရို့ အချိန် အများကြီး ဖြုန်းလီကတ်တေ။

4 ယေကေလည်း ဒေဂုကား နင်ရို့ ယင်းပိုင် ဆိုးယုတ်စာ အကျင့်တိကို စွန့်ဘိုက်လိုက်ကတ်ပျာ။ ယင်းသျှင့်ကို မြင်ရို့ နင်ရို့မာ မိတ်ဆွေအဟောင်းရို့စာ အံ့ဩကတ်တေ။ ယင်းအတွက်န သူရို့စာ နင်ရို့ကို ပုတ်ခတ်ရို့ စကား ပြောကတ်တေ။

5 ယေကေလည်း နင်ရို့ မှတ်ထားကတ်၊ သူရို့မာ ထိုလုပ်ကိုင်ခြင်းတိအတွက် သီလားခသူရို့န အရှင်ဟိသူရို့ကို တရားစစ်ဆေးဖို့သူဘားမာ စာရင်း ရှင်းပြကတ်ရဖို့။

6 ယင်းအတွက်န သီလားခသူရို့ဘားမာလည်း ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလီရေ။ အကြောင်းကား သူရို့စာ ဟိသမျ လူရို့ပိုင် သွီးသား-ခန္ဓာဖက်က သီလားခကေလည်း သူရို့ ဝိညာဉ်စာ ထာဝရဘုရားပိုင် အမြဲတိုင်း အသက်ရှင်ရို့ နီကတ်ပတ်စီအတွက် ဖြစ်တေ။

7 ဒေဂု အားကုံးစာ ကွယ်ပျောက်ဖို့စာအချိန် ရောက်လာဗျာ။ ယင်းအတွက်န နင်ရို့ ကိုယ့်ကို ထိန်းသိမ်းရို့ ထားကတ် အရာ နင်ရို့ သတိန နီကတ်။ ယင်းပိုင်ဆိုကေ နင်ရို့ အမြဲတိုင်း ဆုတောင်းဖို့ နိုင်ကတ်လိမည်။

8 အရေးကြီးဆုံး ဖြစ်တေကား၊ နင်ရို့ တစ်ယောက်ကို တစ်ယောက် အသဲကပင် စွဲရို့ ချစ်ကတ်၊ အကြောင်းကား ချစ်ခြင်းမေတ္တာစာ အပြစ် အများကြီးကို ဖုံးထားရေ။

9 နင်ရို့ စိတ်အပျော်န တစ်ယောက်ကို တစ်ယောက် အိမ်တင်ခံကတ်။

10 ထာဝရဘုရားစာ ကိုယ့်သနားကြင်နာခြင်းကို အမျိုးမျိုးပိုင် ဖေါ်ပြရေ။ ယင်းအတွက်န ထာဝရဘုရားစာ အားကုံးသူကို အခြား အခြား ပျင်ရို့ ဝိညာဉ်၏ ဆုကျေးဇူးကို ပီးရေ။ နင်ရို့ ရကတ်စာ ဆုကျေးဇူးကို အခြားတစ်ယောက်ကို ပြုဇုဖို့စာ အလုပ်မာ အသုံးပြုကတ်။

11 အသူ့မာမဆို တရားဟောပြောဖို့စာ ဆုကျေးဇူးကို ရရေဆိုကေ သူစာ ထာဝရဘုရား၏ စကားတော်ကို ဟောပြောရေ ဟို့ မှတ်ရဖို့။ အရာ အသူ့မာမဆို အခြားတစ်ယောက်ကို ပြုဇုဖို့စာ ဆုကျေးဇူးကို ရရေဆိုကေ သူစာ ထာဝရဘုရားပီးစာ အားခွန်န ပြုဇု။ ယင်းပိုင်ဆိုကေ ဟိသမျ အလုပ်အတွက်န ထာဝရဘုရားစာ ဘုန်းတန်ခိုးကို ရလိမည်။ ထာဝရဘုရားစာ ထိုဘုန်းတန်ခိုးကို ယေရှုခရစ်တော်ကနီရို့ ရလိမည်။ ထာဝရဘုရား၏ ဘုန်းတန်ခိုးန အားခွန်စာ ထာဝရပတ်လုံး ဟိပါစီ။ အာမန်။


ခရစ်ယာန်အနေန ဒုက္ခ-ဝေဒနာကို ခံရခြင်း

12 ချစ်ခင်စာ မိတ်ဆွေရို့၊ နင်ရို့ ဒေဂု ကောင်းကောင်း ခက်ခဲစာ စုံစမ်းခြင်းကို ခံရနီကတ်တေ၊ ယေကေလည်း နင်ရို့ အံ့ဩဖို့စာ တစ်ခုလည်း မဟိ၊ အကြောင်းကား ထိုစုံစမ်းခြင်းစာ နင်ရို့အတွက် ထူးဆန်းစာ အကြောင်းအရာ ဖြစ်ဖို့ မသင့်။

13 ယင်းထက်ပင် နင်ရို့ ခရစ်တော်နအတူ ဒုက္ခ-ဝေဒနာကို ခံနီရရေအတွက်န ပျော်ကတ်။ ယင်းပိုင်ဆိုကေ သူ၏ ဘုန်းတန်ခိုး ပေါ်ထွန်းရေခါ နင်ရို့စာ ပျော်ပါးခြင်းကို ရကတ်လိမည်။

14 နင်ရို့စာ ခရစ်တော်အကြောင်းန အသရေရှုတ်ချခြင်းကို ခံရရေဆိုကေ နင်ရို့မာ မင်္ဂလာဟိရေ၊ အကြောင်းကား ယင်းခါ ဘုန်းတန်ခိုးနပြည့်စုံစာ ထာဝရဘုရား၏ ဝိညာဉ်တော်စာ နင်ရို့ဘားမာ ဟိရေ။

15 နင်ရို့အထဲက တစ်ယောက်လည်း လူအသက်ကို သတ်ရို့၊ ခိုးရို့၊ မတရားလုပ်ရို့ အရာ ကိုယ်နမဆိုင်စာ အခြားတစ်ယောက် အလုပ်မာ ဆရာခံရို့ ဒုက္ခ မရစီကေ့။

16 ယေကေလည်း အသူမဆို ခရစ်ယာန် ဖြစ်တေအတွက်န ဒုက္ခကို ခံရရေဆိုကေ သူစာ မရှက်ကေ့။ ယင်းထက်ပင် သူစာ ခရစ်ယာန် ဟို့ အခေါ်ခံရရေအတွက်န ထာဝရဘုရားကို ချီမွမ်း။

17 ဒေဂု တရားစစ်ဆေးဖို့စာအချိန် ရောက်နီဗျာ။ ထိုတရားစစ်ဆေးခြင်းကို ထာဝရဘုရား၏ လူရို့ ပထမဆုံး ခံရကတ်ဖို့။ ယင်းပိုင်ဆိုကေ နင်ရို့ စဉ်းစားကြည့်ကတ်၊ ငါရို့ ကျုံသူရို့တိုင်အောင်ပင် ထိုတရားစစ်ဆေးခြင်းကို ခံရရေဆိုကေ ထာဝရဘုရား၏ သတင်းကောင်းကို ငြင်းပယ်သူရို့အတွက် ဇာလှောက် ကြောက်ဖို့ကောင်းရေလည်း!

18 ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “သူတော်ကောင်း တစ်ယောက် ကယ်တင်ခြင်း ရဖို့ ခက်ခဲရေဆိုကေ အပြစ်သေရို့န ထာဝရဘုရားကို မသိသူရို့ ဇာ ဖြစ်ကတ်ဖို့လည်း?”

19 ယင်းအတွက်န ဒုက္ခ-ဝေဒနာကို ခံရကတ်သူရို့စာ ကောင်းမြတ်စာ အလုပ်ကို လုပ်နီကတ်။ အရာ သူရို့စာ ဖန်ဆင်းသျှင် ထာဝရဘုရားကို အားကိုးကတ်၊ အကြောင်းကား ထာဝရဘုရားစာ သစ္စာဟိရေ အရာ သူစာ ကိုယ်ခံထားစာ ဂတိတော်ကို မဖျက်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy