သုတ္တံကျမ်း။ 22:3 - Common Language Bible3 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။ Ver CapítuloGarrad Bible3 လိ မ္မာ သော သူ သည်၊ ဘေး ကို မျှော် မြင်၍ ပုန်း ရှောင် တတ်၏။ မ လိ မ္မာ သော သူ တို့ မူ ကား၊ သွား မြဲ သွား၍ ဒဏ် ခံ ရ၏။ Ver CapítuloJudson Bible3 သမ္မာသတိရှိသောသူသည် အမှုကိုမျှော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း3 ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိပညာနည်းပါးသောသူမူကား ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။ Ver Capítulo |
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-