သုတ္တံကျမ်း။ 11:4 - Common Language Bible4 အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။ Ver CapítuloGarrad Bible4 အ မျက် ဒဏ် ခံ ရ သော ကာ လ ၌၊ ဥ စ္စာ စည်း စိမ် သည် အ ကျိုး မဲ့ ဖြစ်၏။ ဖြောင့် မတ် ခြင်း မူ ကား၊ သေ ဘေး မှ ကယ် လွှတ် တတ် ၏။ Ver CapítuloJudson Bible4 အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း4 အမျက်တော်ထင်ရှားရာနေ့၌ စည်းစိမ်ဥစ္စာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှကယ်နုတ်တတ်၏။ Ver Capítulo |
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
သူတို့သည်မိမိတို့၏ရွှေ၊ ငွေများကိုအမှိုက် သရိုက်သဖွယ် လမ်းများပေါ်သို့လွှင့်ပစ်လိုက် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားအမျက်ထွက်တော်မူရာကာလ၌ သူတို့၏ ရွှေ၊ ငွေ၊ များသည်သူတို့အားမကယ် နိုင်သောကြောင့်ဖြစ်၏။ သူတို့သည်မိမိတို့ အဆာပြေစေရန်အတွက်သော်လည်းကောင်း၊ မိမိတို့ဝမ်းကိုဖြည့်တင်းမှုအတွက်သော် လည်းကောင်း ရွှေ၊ ငွေ၊ များကိုအသုံးမပြု နိုင်ကြ။ ရွှေငွေတို့သည်သူတို့အားအပြစ် ဒုစရိုက်ကိုပြုစေ၏။-
တစ်ဦးကူးသည့်အပြစ်သည်သေခြင်းတရား စိုးမိုးမှုကိုဖြစ်ပေါ်စေပါက အခြားသူတစ်ဦး ဖြစ်သူယေရှုခရစ်ပြုသည့်အမှုတော်၏အကျိုး ဆက်ကားအဘယ်မျှပိုမိုကြီးမားလိမ့်မည်နည်း။ ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်ကို ခံစား၍ကိုယ်တော်နှင့်လွတ်လပ်မှန်ကန်စွာဆက် သွယ်ရသူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်လျက်စိုးစံရကြလတ္တံ့။