မြည်တမ်းစကား 4:19 - Common Language Bible19 သူတို့သည်မိုးကောင်းကင်မှထိုးဆင်းလာသည့် လင်းယုန်ငှက်များကဲ့သို့ငါတို့ကိုလိုက်လံ ဖမ်းဆီးကြပါ၏။ တောင်ကုန်းများတွင်ငါတို့ကိုလိုက်၍ရှာဖွေ ကြပါ၏။ သဲကန္တာရတွင်အမှတ်မထင်ဖမ်းဆီးကြပါ၏။ Ver CapítuloGarrad Bible19 လမ်း သို့ မ သွား ဝံ့ သည့် တိုင် အောင်၊ ငါ တို့ ကို ထက် ကြပ် လိုက် လံ သူ တို့ သည်၊ ကောင်း ကင်၌ ပျံ သော လင်း ယုန် ထက် လျင် မြန် သည့် အ တိုင်း၊ တောင် တန်း ပေါ် တွင် လိုက် ရှာ ခြင်း၊ တော တွင် တပ် ပုန်း ချ ခြင်း ပြု လျက်၊ Ver CapítuloJudson Bible19 ငါတို့ကိုလိုက်၍ ရှာသောသူတို့သည် မိုးကောင်းကင်ရွှေလင်းတထက် သာ၍ လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာ လိုက်ရှာကြ၏။ တော၌လည်း ချောင်းမြောင်းကြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း19 ငါတို့ကို လိုက်သောသူတို့သည် ကောင်းကင်လင်းယုန်ငှက်ထက် သာ၍လျင်မြန်ကြ၏။ တောင်များပေါ်တွင် ငါတို့ကို အပြင်းအထန်လိုက်ကြ၏။ တောကန္တာရတွင်လည်း ငါတို့ကို ချောင်းမြောင်းကြ၏။ Ver Capítulo |
``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။