တမန်တော်ဝတ္ထု 6:6 - Common Language Bible6 တပည့်တော်တို့သည်ထိုသူတို့အားတမန်တော် တို့၏ရှေ့မှောက်သို့ဝင်ရောက်စေကြ၏။ ထိုနောက် တမန်တော်တို့သည်ဆုတောင်းပြီးလျှင် ထိုသူ တို့၏ဦးခေါင်းပေါ်မှာမိမိတို့၏လက်ကို တင်ကြ၏။ Ver CapítuloGarrad Bible6 တ မန် တော် တို့ ရှေ့ သွင်း ထား ကြ သည့် အ တိုင်း ပ ဌ နာ ပြု ပြီး လျှင် ထို သူ တို့ အ ပေါ် တွင် လက် တင် ကြ၏။ Ver CapítuloJudson Bible6 တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း6 သူတို့ကို တမန်တော်တို့ရှေ့၌ရပ်စေကြ၏။ ထိုအခါ တမန်တော်တို့သည် ဆုတောင်းလျက် သူတို့အပေါ်လက်တင်ကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထိုသူတို့ကို တမန်တော်များရှေ့တွင် ရပ်စေကြ၏၊ တမန်တော်တို့သည်လည်း ဆုတောင်းပေးကာ ထိုသူတို့အပေါ် လက်တင်ကြ၏။ Ver Capítulo |
ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-
ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။-