တမန်တော်ဝတ္ထု 17:34 - Common Language Bible34 အချို့သောသူတို့သည်ပေါလုနှင့်ပေါင်းဖော် ပြီးလျှင် ယုံကြည်သူများဖြစ်လာကြ၏။ ထို သူတို့တွင်ဒယောနုသိနာမည်ရှိသောအာရေ တောင်တရားရုံးတော်အဖွဲ့ဝင်တစ်ဦး၊ ဒမာရိ နာမည်ရှိသောအမျိုးသမီးတစ်ဦးနှင့်အခြား သူအချို့တို့ပါဝင်ကြ၏။ Ver CapítuloJudson Bible34 လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတို့အဝင် ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတစ်ယောက်၊ ဒမာရိ အမည်ရှိသော မိန်းမတစ်ယောက်မှစ၍ အခြားသောသူရှိကြ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း34 သို့သော် လူအချို့တို့သည် ပေါလုနှင့်ပေါင်းဖော်၍ ယုံကြည်ကြ၏။ သူတို့ထဲတွင် အာရေပါဂုရုံးတော်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိအမျိုးသမီးတို့အပြင် သူတို့နှင့်အတူရှိသော အခြားသူများပါကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း34 သို့ရာတွင် လူတချို့သည် ပေါလုနှင့် ပေါင်းဖော်၍ ယုံကြည်သက်ဝင်သူများ ဖြစ်လာကြ၏။ ထိုသူတို့အထဲတွင် အာရေပါဂုတရားလွှတ်တော်အဖွဲ့ဝင် ဒယောနုသိနှင့် ဒမာရိအမည်ရှိသူ အမျိုးသမီးမှစ၍ အခြားသူများလည်း ပါဝင်ကြ၏။ Ver Capítulo |