တမန်တော်ဝတ္ထု 16:7 - Common Language Bible7 သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်ကခွင့် ပြုတော်မမူသဖြင့်၊- Ver CapítuloGarrad Bible7 မု သိ နယ် အ နီး သို့ ရောက် သည့် ကာ လ ဗိ သု နိ ပြည် ရောက် သွား မည် ပြု ကြ သော် ယေ ရှု၏ ဝိ ညာဉ် တော် ခွင့် ပြု တော် မ မူ သော ကြောင့်၊ Ver CapítuloJudson Bible7 မုသိပြည်သို့ရောက်၍၊ ဗိသုနိပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း7 တစ်ဖန် မုသိပြည်နယ်စပ်သို့ရောက်၍ ဗိသုနိပြည်သို့သွားရန် ကြိုးစားကြရာ သခင်ယေရှု၏ဝိညာဉ်တော်သည် သူတို့ကို ခွင့်မပြုခဲ့ပေ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 သူတို့သည် မုသိပြည်သို့ ရောက်လာသောအခါ ဗိသုနိပြည်သို့ သွားရန်ကြိုးစားကြ၏။ သို့သော် ယေရှု၏ဝိညာဉ်တော်သည် ခွင့်မပြုသောကြောင့် Ver Capítulo |
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။
ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-