တမန်တော်ဝတ္ထု 15:7 - Common Language Bible7 အတော်ပင်အချေအတင်ဆွေးနွေးကြပြီး သောအခါ ပေတရုသည်နေရာမှထ၍ ``ညီ အစ်ကိုတို့၊ လူမျိုးခြားတို့သည်သတင်းကောင်း ကိုကြား၍ယုံကြည်နိုင်စေရန် ဘုရားသခင် သည်လွန်ခဲ့သည့်ကာလအတန်ကြာက သတင်း ကောင်းကိုကြေညာရန်အတွက် ငါ့အားသင်တို့ အထဲမှရွေးချယ်ခန့်ထားတော်မူခဲ့ကြောင်း သင်တို့သိကြ၏။- Ver CapítuloGarrad Bible7 များ စွာ ဆွေး နွေး ကြ ပြီး နောက် ပေ တ ရု ထ၍ ပြော ဆို သည် မှာ ညီ အစ် ကို တို့၊ သ တင်း တော် မြတ် ဆိုင် ရာ တ ရား တော် ကို ငါ့ နှုတ် ဖြင့် လူ မျိုး ခြား တို့ ကြား နာ၍ ယုံ ကြည် ကြ စေ ရန် ဘု ရား သ ခင် သည် သင် တို့ အ နက် ငါ့ ကို အ ထက် ကာ လ ရွေး ကောက် တော် မူ ကြောင်း သင် တို့ သိ ကြ၏။ Ver CapítuloJudson Bible7 များစွာသောဆွေးနွေးငြင်းခုံခြင်း ရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း7 များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည် ထ၍ “ညီအစ်ကိုတို့၊ လူမျိုးခြားတို့သည် ငါ၏နှုတ်အားဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်တရားစကားကိုကြားနာ၍ ယုံကြည်ကြစေရန် ဘုရားသခင်သည် လွန်ခဲ့သည့်အချိန်က သင်တို့အထဲမှ ငါ့ကို ရွေးကောက်တော်မူကြောင်း သင်တို့သိကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည်ထ၍ “ညီအစ်ကိုတို့… ကျွန်ုပ်ဟောပြောသော သတင်းကောင်းကို လူမျိုးခြားတို့ကြား၍ ယုံကြည်နိုင်ရန် ဘုရားသခင်သည် အစောပိုင်းကာလတွင် သင်တို့အထဲမှ ကျွန်ုပ်ကို ရွေးချယ်တော်မူကြောင်း သင်တို့သိကြ၏။ Ver Capítulo |
ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''