တမန်တော်ဝတ္ထု 1:11 - Common Language Bible11 ထိုသူတို့က ``ဂါလိလဲပြည်သားတို့၊ သင်တို့ သည်အဘယ်ကြောင့်ရပ်၍မိုးကောင်းကင်သို့ မျှော်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ယူဆောင်ခြင်းကိုခံတော် မူသောသခင်ယေရှုသည် အဘယ်သို့ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည်ကို သင်တို့မြင်ရကြ၏။ ဤနည်းအတိုင်းပင်ထို အရှင်သည်ပြန်လည်ကြွလာတော်မူလတ္တံ့'' ဟုဆိုကြ၏။ Ver CapítuloGarrad Bible11 အ ချင်း ဂါ လိ လဲ နယ် သား တို့၊ အ ဘယ် ကြောင့် ကောင်း ကင် သို့ ကြည့် လျက် နေ ကြ သ နည်း။ သင် တို့ ထံ မှ ကောင်း ကင် သို့ ချီ ဆောင် ခြင်း ကို ခံ တော် မူ သော ထို ယေ ရှု သည် တက် ကြွ တော် မူ ရာ သင် တို့ မြင် ရ သည့် နည်း တူ ပင် ဆင်း ကြွ တော် မူ လိမ့် မည် ဟု ပြော ဆို ကြ ၏။ Ver CapítuloJudson Bible11 အို ဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့ ဟုပြောဆို၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း11 “ဂါလိလဲနယ်သားတို့၊ အဘယ်ကြောင့်ရပ်လျက် ကောင်းကင်ကို စူးစိုက်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် ကောင်းကင်သို့တက်သွားတော်မူသည်ကို သင်တို့မြင်ရသည့်အတိုင်းပင် တစ်ဖန်ကြွလာတော်မူလိမ့်မည်”ဟု မြွက်ဆိုကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုသူတို့က “အို ဂါလိလဲပြည်သားတို့… သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသော ထိုယေရှုသည် ကောင်းကင်ဘုံသို့ ကြွမြန်းတော်မူသည်ကို သင်တို့မြင်ကြရသည့်နည်းတူ ပြန်၍ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။ Ver Capítulo |
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။