ရှင်ယောဟန် 1:51 - ခေတ်သစ်မြန်မာ သမ္မာကျမ်း51 ထို့နောက် “သင်တို့အား ငါအမှန်ဆို၏။ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအကြား လှေကားသဖွယ်ဖြစ်သောလူသားအပေါ်တွင် ဆင်းလျက်တက်လျက် နေကြသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible51 အမှန်အကန်သင်တို့အားငါဆိုသည်ကား ကောင်းကင်ပွင့်လျက် လူသားအပေါ်တွင်ဘုရား သခင်၏ကောင်းကင်တမန်များဆင်းလျက် တက်လျက်နေကြသည်ကိုသင်တို့မြင်ရ ကြလတ္တံ့' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible51 ကောင်းကင်ပွင့်၍ ဘုရားသခင်၏စေတမန်တော်များသည် လူ့သားအပေါ်သို့ဆင်းလျက် တက်လျက်နေသည်ကို သင်တို့မြင်ရကြလတ္တံ့၊ ငါအမှန်ဆိုသည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။ Ver CapítuloJudson Bible51 သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကိုလည်းကောင်း၊ သင်တို့သည် မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း51 “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်သည်ပွင့်လျက် ဘုရားသခင်၏ကောင်းကင်တမန်တို့သည် လူ့သား၏အပေါ်တွင် တက်လျက်ဆင်းလျက်နေကြသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ51 သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကိုလည်းကောင်း၊ သင်တို့သည် မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။ Ver Capítulo |
သင့်အား ငါအမှန်ဆို၏။ သင်သည် ငယ်ရွယ်စဉ် အချိန်တွင် သင်အလိုရှိသည့်အတိုင်း လုပ်နိုင်၏။ ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်၍ သင်သွားလိုရာ အရပ်သို့ သွားတတ်၏။ သို့သော် သင်သည် အိုမင်းလာချိန်တွင် သင်၏လက်တို့ကို ဆန့်၍ အခြားသူက သင့်ကို ဝတ်ဆင်ပေးကာ သင်မသွားလိုသည့် အရပ်သို့ သင့်ကို ခေါ်ဆောင်သွားမည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။