ရှင်ယောဟန် 1:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း31 ထိုအရှင်သည် ခရစ်တော်ဖြစ်ကြောင်း ယခင်က ငါမသိခဲ့။ သို့သော်လည်း ထိုအရှင်ကို အစ္စရေးလူမျိုးများသိရှိလာစေရန် ငါသည် ရေဖြင့် နှစ်ခြင်းမင်္ဂလာကို ပေးရခြင်းဖြစ်သည်” ဟု ဆို၏။ Ver CapítuloCommon Language Bible31 ကိုယ်တော်သည်မည်သူဖြစ်သည်ကိုယခင် အခါကငါမသိ။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သူ့ကိုသိရှိနိုင်ကြစေရန် ငါ သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေးခြင်းဖြစ်၏'' ဟုဆို၏။ Ver CapítuloGarrad Bible31 ကိုယ်တော်မှန်းငါမသိရာတွင် ဣသရေလလူမျိုးအားထင်ရှားစေခြင်းငှါသာ ရေနှင့် ဗတ္တိဇံမင်္ဂလာပေးလျက်၊ ငါရောက်လာသည်ဟုဆို၏။ Ver CapítuloJudson Bible31 အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း31 ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် အစ္စရေးလူမျိုးရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေ၌ဗတ္တိဇံပေးလျက်နေသည်”ဟု ဆို၏။ Ver Capítuloမြန်မာ31 အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။- Ver Capítulo |
သူသည် ဖခင်တို့နှင့် သားသမီးတို့ကို ပြန်လည်သင့်မြတ်စေရန်လည်းကောင်း၊ မနာခံသောသူတို့အား ဖြောင့်မတ်သောသူတို့၏ အသိဉာဏ်ကို ရရှိစေရန်လည်းကောင်း ဧလိယ၏ဝိညာဉ်နှင့် တန်ခိုးတို့ဖြင့် ပြည့်စုံလျက် ကိုယ်တော်၏ ရှေ့တော်ပြေးအဖြစ် သွားလိမ့်မည်။ ဤသည်မှာ ထာဝရဘုရားအတွက် ပြင်ဆင်ထားသောလူတို့ကို အသင့်ဖြစ်စေရန်ပင် ဖြစ်၏” ဟု ဆို၏။