ဗျာဒိတ် 4:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ရာဇပလ္လင်တော်ရှေ့၌ ကျောက်သလင်းကဲ့သို့ကြည်လင်၍ ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ထိုပလ္လင်တော်အနီးနှင့် ပတ်လည်၌ သတ္တဝါလေးပါးရှိ၏။ သူတို့၏ခန္ဓာရှေ့နောက်တွင် မျက်စိများအပြည့်ရှိ၏။ Ver CapítuloCommon Language Bible6 ပလ္လင်တော်၏ရှေ့တွင်ကျောက်သလင်းနှင့်တူ၍ ဖန်ရေကန်ဟုထင်ရသောရေကန်ရှိ၏။ ထို့ပြင်ပလ္လင်တော်၏ပတ်လည်တစ်ဖက်တစ်ချက် တွင် သက်ရှိသတ္တဝါလေးပါးရှိ၏။ သူတို့ကိုယ် ခန္ဓာရှေ့ပိုင်းနှင့်နောက်ပိုင်းတို့တွင်မျက်စိများ ဖြင့်ပြည့်နှက်လျက်ရှိ၏။- Ver CapítuloGarrad Bible6 ရေ ခဲ ရောင် ဖန် သ မု ဒ္ဒ ရာ ကဲ့ သို့ ရှိ၏။ ပ လ္လင် တော် လေး မျက် နှာ ဗ ဟို များ တွင် ရှေ့ နောက် မျက် စိ နှင့် စုံ လင် သော သ တ္တ ဝါ လေး ပါး ရှိ ရာ၊ Ver CapítuloJudson Bible6 ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း၌လည်းကောင်း၊ ပတ်ဝန်းကျင်၌လည်းကောင်း၊ မျက်စိနှင့် တစ်ကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း6 ထို့ပြင် ပလ္လင်တော်ရှေ့၌ ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ပလ္လင်တော်၏အလယ်နှင့် ပလ္လင်တော်ပတ်လည်၌ကား ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများဖြင့်ပြည့်နေသောသတ္တဝါလေးပါးရှိ၏။ Ver Capítulo |
ထို့နောက် အသေသတ်ခံရပြီးသကဲ့သို့ဖြစ်သော သိုးသငယ်တော်ကို ကျွန်ုပ်မြင်ရ၏။ ထိုသိုးသငယ်သည် ရာဇပလ္လင်တော်နှင့် သတ္တဝါလေးပါးတို့၏အလယ်၌ ရှိပြီး အကြီးအကဲတို့က ဝန်းရံထား၏။ ထိုသိုးသငယ်တော်၌ ချိုခုနစ်ချောင်းနှင့် မျက်လုံးခုနစ်လုံးရှိ၏။ ထိုမျက်လုံးတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ စေလွှတ်ခံရသော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးဖြစ်၏။
သိုးသငယ်တော်သည် စာလိပ်ကို ယူသောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် သိုးသငယ်တော်ရှေ့၌ ဝပ်တွားခယကြ၏။ သူတို့တစ်ဦးစီသည် စောင်းကိုလည်းကောင်း၊ အမွှေးနံ့သာနှင့်ပြည့်သော ရွှေဖလားကိုလည်းကောင်း ကိုင်ဆောင်ထားကြ၏။ ထိုရွှေဖလား၌ရှိသော အမွှေးနံ့သာများသည် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များကို ကိုယ်စားပြု၏။