ဗျာဒိတ် 17:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထိုအမျိုးသမီးသည် ခရမ်းရောင်နှင့် အနီရောင်အဝတ်အစားများကို ဝတ်ဆင်ထား၏။ ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို ဆင်မြန်းထား၏။ သူ၏ လက်၌ စက်ဆုပ်ရွံရှာဖွယ်ရာများ၊ တရားနှင့်မညီသောမေထုန်မှု၏ညစ်ညမ်းဖွယ်ရာများနှင့် ပြည့်နေသောရွှေခွက်ကို ကိုင်ဆောင်ထား၏။ Ver CapítuloCommon Language Bible4 အမျိုးသမီးသည်အနီနှင့်မရမ်းစေ့ရောင် အဝတ်များကိုဝတ်လျက်ရွှေတန်ဆာ၊ ငွေတန် ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲတန် ဆာများကိုဆင်ယင်ထား၏။ သူသည်ကာမ ဂုဏ်လိုက်စားမှုဆိုင်ရာစက်ဆုပ်ရွံရှာဖွယ် ကောင်းသောညစ်ညမ်းမှုများနှင့်ပြည့်နေ သည့်ရွှေဖလားကိုကိုင်ထား၏။- Ver CapítuloGarrad Bible4 ထို မိန်း မ သည် အ မောင်း ထည်၊ အ နီ ထည် ဝတ် ခြုံ လျက်၊ ရွှေ၊ ကျောက်၊ ပု လဲ တန် ဆာ များ ကို ဆင် ယင် လျက်၊ ကိုယ့် မ တ ရား သော မေ ထုံ ဆိုင် ရာ ညစ် ညူး စက် ဆုပ် ဖွယ် များ နှင့် ပြည့် သော ရွှေ ဖ လား ကို ကိုင် ထား ၏။ Ver CapítuloJudson Bible4 ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်လည်းကောင်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း4 ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။ Ver Capítulo |