ဗျာဒိတ် 15:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထိုသူတို့သည် ဘုရားသခင်၏ အစေခံမောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏ သီချင်းကို သီဆိုနေကြ၏။ ထိုသီချင်းမှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ လုပ်ဆောင်မှုတို့သည် ကြီးမြတ်၍ အံ့ဖွယ်ဖြစ်ပါ၏။ အို လူမျိုးအပေါင်းတို့၏ ဘုရင်… ကိုယ်တော်၏ နည်းလမ်းတို့သည် တရားမျှတ၍ မှန်ကန်ပါ၏။ Ver CapítuloCommon Language Bible3 သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။ Ver CapítuloGarrad Bible3 ထို သူ တို့ သည် ဘု ရား သ ခင့် ကျွန် တော် ရင်း မော ရှေ၏ ဧ ချင်း ကို လည်း ကောင်း၊ သိုး ငယ် တော်၏ ဧ ချင်း ကို လည်း ကောင်း၊ သီ ဆို လျက် အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ မှု တော် များ သည် ထူး ဆန်း ကြီး မြတ် လှ ပါ၏။ အို လူ အ မျိုး မျိုး တို့၏ ဘု ရင် မင်း မြတ်၊ နည်း လမ်း တော် များ သည် ဖြောင့် မတ် မှန် ကန် လှ ပေ ၏။ Ver CapítuloJudson Bible3 ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့် သိုးသငယ်၏သီချင်းကို သီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း3 သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။ Ver Capítulo |