ဖိလိပ္ပိ 3:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 အသင်းတော်ကို စိတ်အားထက်သန်စွာ ညှဉ်းဆဲခဲ့သောသူ ဖြစ်၏။ ပညတ်တရားကို လိုက်နာ၍ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်ဆိုလျှင် ကျွန်ုပ်သည် အပြစ်ဆိုဖွယ်မရှိသူ ဖြစ်၏။ Ver CapítuloCommon Language Bible6 ဘာသာရေးစိတ်အားထက်သန်မှုဘက်၌ဆိုသော် အသင်းတော်ကိုညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်၏။ ပညတ်တရားကိုလိုက်နာကျင့်သုံးမှုအရ ဆိုသော်ငါသည်အပြစ်ဆိုဖွယ်မရှိသူဖြစ်သည်။- Ver CapítuloGarrad Bible6 စိတ် စေ တ နာ ထက် သန် ခြင်း ကို ဆို သော် အ သင်း တော် အား ညှဉ်း ပန်း သူ၊ ပ ညတ် တ ရား အ လိုက် ဖြောင့် မတ် ခြင်း ကို ဆို သော် အ ပြစ် မဲ့ ရာ ရောက် သူ ငါ သည် သာ၍ အ ခွင့် ရှိ ၏။ Ver CapítuloJudson Bible6 စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညှဥ်းဆဲသောသူဖြစ်၏။ ပညတ်တရားအားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း6 စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။ Ver Capítulo |
ယဇ်ပုရောဟိတ်မင်းနှင့် တရားလွှတ်တော်အကြီးအကဲအားလုံးက ဤအကြောင်းအရာများ မှန်ကန်ကြောင်း သက်သေခံပေးနိုင်ကြ၏။ ကျွန်ုပ်သည် ဒမတ်စကပ်မြို့တွင် ရှိသောဂျူးညီအစ်ကိုများထံသို့ ရေးပေးလိုက်သောစာများကိုလည်း သူတို့ထံမှ ရယူ၏။ ထိုမြို့၌ ရှိသောသူတို့ကိုလည်း ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ အပြစ်ဒဏ်ပေးရန်အတွက် ဒမတ်စကပ်မြို့သို့ ထွက်သွားခဲ့၏။
ကျွန်ုပ်သည် လူများစွာ ကယ်တင်ခံရစေလိုသောကြောင့် ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုသာ ရှာလျက် လုပ်ဆောင်လေရာရာတွင် လူတိုင်း၏ ကျေနပ်နှစ်သက်မှုကို ရစေရန် ကြိုးစား၏။ သင်တို့သည်လည်း ကျွန်ုပ်ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်၏အသင်းတော် စသည်တို့ကို ထိမိ၍ လဲစရာ မဖြစ်စေရန် ကြိုးစားကြလော့။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။