ဖိလိပ္ပိ 3:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ကျွန်ုပ်သည် ရှစ်ရက်မြောက်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူခဲ့၏။ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်၊ ဟေဗြဲလူမျိုးမှ ပေါက်ဖွားသော ဟေဗြဲလူမျိုးအစစ် ဖြစ်၏။ ပညတ်တရားကို လိုက်နာသော ဖာရိရှဲတစ်ဦး ဖြစ်ခဲ့၏။ Ver CapítuloCommon Language Bible5 ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။- Ver CapítuloGarrad Bible5 ရှစ် ရက် မြောက် သော နေ့၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ၊ ဣ သ ရေ လ အ မျိုး၊ ဗင်္ယာ မိန် အ နွယ်၊ ဟေ ဗြဲ လူ စစ် ဖြစ် သူ၊ ပ ညတ် တ ရား ကို ဆို သော် ဖာ ရိ ရှဲ ဂိုဏ်း သား၊ Ver CapítuloJudson Bible5 ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို ခံရ၏။ ဣသရေလအမျိုး၊ ဗင်္ယာမိန်အနွယ် ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ် ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲဖြစ်၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း5 ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးထားသောသူ၊ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲလူမျိုးမှဟေဗြဲလူမျိုးအစစ်၊ ပညတ်တရားအရဆိုလျှင် ဖာရိရှဲတစ်ဦး၊ Ver Capítulo |
ပေါလုက “ကျွန်ုပ်သည် ဆီလီဆီးယားပြည်ရှိ တာရှုမြို့၌ မွေးဖွားသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ သို့သော် ကျွန်ုပ်သည် ဤဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့၏ပညတ်တရားအတိုင်း ဂါမလျေလထံ၌ တင်းကျပ်စွာ သင်ယူခဲ့ရသူဖြစ်၏။ ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ ကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။
လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။